Wednesday, September 29, 2010

DVB နိုဗဲလ်ဆု အမည်စာရင်း တင်သွင်းခံရ

ပြည်ပအခြေစိုက် မြန်မာ သတင်းဌာန တခုဖြစ်သော ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သည် ၂၀၁၀ နိုဗဲလ် ငြိမ်းချမ်းရေး ဆုအတွက် အမည်စာရင်း တင်သွင်းခံရကြောင်း သိရှိရသည်။

DVB သတင်းဌာန ထိုင်းနိုင်ငံ ဌာနခွဲ တာဝန်ခံဖြစ်သူ ဦးတိုးဇော်လတ်က ယခုကဲ့သို့ အမည်စာရင်းတင်သွင်းခံရခြင်းသည် မြန်မာ့နိုင်ငံရေး၊ မြန်မာနိုင်ငံမှ သတင်းလွတ်လပ်ခွင့်၊ မြန်မာ့ မီဒီယာအခန်းကဏ္ဍတို့အပေါ် ကမ္ဘာက အာရုံစိုက်လာခြင်း တမျိုး ဖြစ်သည်ဟု ဧရာဝတီသို့ပြောသည်။

Monday, September 27, 2010

မြန်မာ့ဒီမိုကရေစီ တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်အား အမေရိကန်ပြည်ထောင်စုတွင်တရားဝင် လွှင့်ထူခွင့်ရရှိ

စစ်အာဏာရှင်တိုက်ပွဲတွင် ဒီမိုကရေစီအင်အားစုများ ကိုင်စွဲလွှင့်ထူခဲ့သော တိုက်ပွဲဝင် ခွပ်ဒေါင်းအလံအား အမေရိကံပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့တွင် သက်ဆိုင်ရာအာဏာပိုင်များ၏ တရားဝင်ခွင့်ပြူချက်ဖြင့် စက်တင်ဘာလ (၂၅)နေ့ နံနက် ၁၁နာရီအချိန် ဘတ်ဖဲလိုးမြို့ မြို့တော်ခန်းမရှေ့ ပန်းခြံရှိ အမေရိကန်ပြည်ထောင်စု နိုင်ငံတော်အလံလွှင့်ထူရာ အလံတိုင်တွင် လွှင့်ထူခွင့်ရခဲ့ပါသည်။

Sunday, September 26, 2010

အမျိုးသား ရင်ကြားစေ့ရေးဖော်ဆောင်ရန် အိုဘားမား တိုက်တွန်း

အမေရိကန် သမ္မတ ဘားရက် အိုဘားမားက မြန်မာ စစ်အစိုးရကို အမျိုးသား ရင်ကြားစေ့ရေး အကောင်အထည် ဖော်ရန် အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန် ထပ်မံတိုက်တွန်းလိုက် ကြောင်း သိရှိရသည်။

တိုင်းရင်းသားခေါင်းဆောင်တွေ ထိုင်းနိုင်ငံမှာ လျှို့ဝှက် တွေ့ဆုံ

မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ၊ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေဟာ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ နောက်ထပ်တကြိမ် လျှို့ဝှက်တွေ့ဆုံ ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။

Saturday, September 25, 2010

ဒေါ်အောင်ဆန်းစုကြည် မဲပေးခွင့်ရပြီ

ဒေါ်အောင်ဆန်းစုကြည်ကို လာမည့် ရွေးကောက်ပွဲတွင် မဲပေးခွင့်ပြုသည့် စာရင်းကို ဗဟန်းမြို့နယ် အရှေ့ ရွှေတောင်ကြား ရပ်ကွက် ကော်မရှင် ရုံးတွင် ဖော်ပြထားကြောင်း သိရသည်။ ကော်မရှင်ရုံးရှိ မဲပေးပိုင်ခွင့်ရှိသူများ စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ နေအိမ် အကျယ်ချုပ်ကျခံနေရသည့် ဒေါ်ခင်ခင်ဝင်းနှင့် သမီးဖြစ်သူ မ၀င်းမမ တို့လည်း ပါဝင်ကြောင်း ရပ်ကွက်ကော မရှင်ရုံးသို့ သွားရောက် ကြည့်ခဲ့ သူတဦးက ဧရာဝတီသို့ ပြောသည်။

Friday, September 24, 2010

စစ်အစိုးရ ရာဇ၀တ်မှုများ စုံစမ်းစစ်ဆေးမှုကော်မရှင်ဖွဲ့ရန် ထောက်ခံမှုများလာ

မြန်မာ စစ်အစိုးရ၏ စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးရေး ကော်မရှင် (CoI)ဖွဲ့စည်းရန် ပြင်သစ်နိုင်ငံက ထောက်ခံလိုက်ခြင်းဖြင့် ထောက်ခံသည့် နိုင်ငံ ၁၀ နိုင်ငံ ရှိသွားပြီဖြစ်သည်။

Wednesday, September 22, 2010

နအဖစစ်အစိုးရရဲ့ ရာဇ၀တ်မှုတွေကို စုံစမ်းဘို့ ကုလသမဂ္ဂမှာ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ဘို့ နယူးဇီလန်အစိုးရ ထောက်ခံ

နယူးဇီလန်ပါလီမန်အမတ် မာရီယန်စရီ (လေဘာပါတီ) နှင့် ကိုနိုင်ကိုကို (ဗားမားကင်ပိန် - နယူးဇီလန်) တို့အား နယူးဇီလန်ပါလီမန်တွင်ပြုလုပ်သော ဓါတ်ပုံပြပွဲတွင် တွေ့ရစဉ်

ဗားမားကင်ပိန်းနယူးဇီလန်မှ ပြောရေးဆိုခွင့်ရှိသူ ကိုနိုင်ကိုကို နှင့် ဆက်သွယ်မေးမြန်းချက်

Tuesday, September 21, 2010

ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို CALD ချီးမြှင့်


ဒေါ်အောင်ဆန်းစုကြည်အား အာရှ လစ်ဘရယ်နှင့် ဒီမိုကရက် ကောင်စီ (CALD) ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ဆုအပ်နှင်းပွဲကို ဗြိတိန် နိုင်ငံ၊ လီဗာပူးလ်မြို့တွင် စက်တင်ဘာ ၂၀ ရက်က ကျင်းပစဉ် မဇိုယာဖန်း (ယာမှ တတိယ) က ကိုယ်စား လက်ခံနေပုံ ဖြစ်ပါသည်။ (Photo: Burma Campaign UK)
ဖိလစ်ပိုင်နိုင်ငံအခြေစိုက် အာရှ လစ်ဘရယ်နဲ့ ဒီမိုကရက် ကောင်စီ CALDအဖွဲ့ က မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တသီးပုဂ္ဂလ ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ဒီကနေ့ စက်တင်ဘာ ၂၀ ရက်မှာ ဆုတံဆိပ် ပေးအပ်တယ်လို့ သိရပါတယ် ။
ဆုပေးပွဲ အခမ်းအနားကိုတော့ ဗြိတိန်နိုင်ငံ လီဗာပူလ်မြို့မှာ ကျင်းပတာ ဖြစ်ပြီး ဆုကို ဗြိတိန်နိုင်ငံ အခြေစိုက် Burma Campaign UK အဖွဲ့က မဇိုရာဖန်းကနေ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား လက်ခံမယ်လို့ CALD အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ် ။

Monday, September 20, 2010

နယူးဇီလန်ကမ်းလွန်တွင် မြန်မာသင်္ဘောသားတဦး ရေထဲ ပြုတ်ကျ

တောင်ကိုးရီယာနိုင်ငံပိုင် ကုန်တင်သဘောင်္ တီပီစီနက်ပီးယ(TPCNapier)တွင် လုပ်ကိုင်နေသာ အသက် (၄၀)အရွယ်ရှိ မြန်မာသင်္ဘောသား တဦးသည် နယူးဇီလန်ကမ်းလွန်ပင်လယ်ပြင်တွင် စက်တင်ဘာလ (၁၆)ရက်ေ န့က ရေထဲပြုတ်ကျသွားခဲ့ပါသည်၊ သူပျောက်ဆုံးကြောင်း စက်တင်ဘာလ (၁၆)ရက်နေ့ ညနေ ၅ နာရီခွဲအချိန်က သိရှိလိုက်ရပြီး ရေထြဲ ပုတ်မကျခင်က သူသည် ပြုပြင်ထိမ်းသိန်းရေး လုပ်ငန်းများ လုပ် ကိုင်ရန် အ၀တ်အစား လဲထားကြောင်း၊ သို့သော်လည်း အသက်ကယ်အကျီဝတ်မထားကြောင်း သိရပါသည်။
ဗားမားတူဒေးမှ

စစ်အာဏာသိမ်း ၂၂ နှစ်မြောက်နေ့ နိုင်ငံတကာမှာ ဆန္ဒပြ

၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်သည့် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအဖြစ် ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူများ ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က တိုကျိုမြို့တွင် လှည့်လည် ဆန္ဒပြနေပုံ ဖြစ်ပါသည်။ (Photo: Palaung National Society-Japan)


စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအဖြစ် ဂျပန်နိုင်ငံရောက် မြန်မာ နိုင်ငံသားတွေနဲ့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက စစ်တပ် အာဏာသိမ်းခြင်း ၂၂ နှစ် မြောက်နေ့မှာ တိုကျိုမြို့ကို လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြရာမှာ ဦးဆောင် ပါဝင်သူ ဦးသန်းဆွေက တိုကျို ဆန္ဒပြပွဲနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

“နအဖ စစ်အုပ်စုက လုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်တဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ ဖွဲ့စည်းပြီး ပါဝင်တဲ့ မြန်မာနိုင်ငံသား အားလုံးက တိုကျိုက လူစည်ကားတဲ့ အရပ်တွေမှာ စီတန်းလှည့်လည်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်တယ်ဆိုတာကို ဂျပန်လူထုကို တင်ပြရင်း၊ ဂျပန်လူထုက တဆင့် ဂျပန်အစိုးရကို နအဖ စစ်အုပ်စုရဲ့ ၂၀၁၀ ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ် မပြုဖို့ ဝိုင်းဝန်း ဖိအားပေးဖို့အတွက် ပြုလုပ်တာ ဖြစ်ပါတယ်”

Saturday, September 18, 2010

လူချစ်လူခင်များသော နိုင်ငံရေးသမား သတင်းစာဆရာ သခင်အုန်းမြင့် ကွယ်လွန်


အနှစ် ၈ဝ ခန့် နောက်ကွယ်မှ နိုင်ငံရေးလှုပ်ရှားခဲ့သူ၊ ဗိုလ်ချုပ်အောင်ဆန်း-ဒေါ်ခင်ကြည်မှ ဒေါ်အောင်ဆန်း စုကြည်ထိ အောင်ဆန်းမိသားစု၏ လူယုံ၊ လွတ်လပ်ရေး တိုက်ပွဲဝင် လက်ဝဲနိုင်ငံရေးသမား သခင်အုန်းမြင့် (၉၃ နှစ်) ယနေ့ နံနက် ၄ နာရီခွဲက ရန်ကင်း ဆူနီယံပတ် နေအိမ်တွင် ကွယ်လွန်သွားပြီ ဖြစ်သည်။

လူငယ်တယောက်လို အစဉ်သွက်လက် ပေါ့ပါးနေသော သခင်အုန်းမြင့်သည် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ ကို ကွယ်လွန်ခါနီးထိ အမြဲတွေ့ဆုံကူညီနေခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူမှုအထောက်အကူပြုအဖွဲ့ ဒုဥက္ကဋ္ဌအဖြစ်လည်း ကာလရှည်ကြာဆောင်ရွက်ပေးခဲ့သည်။

လာမည့်အစိုးရသစ်နှင့်လည်း တိုက်ရိုက်ညှိနှိုင်းဆောင်ရွက်ရေးမူဝါဒ အမေရိကန် ဆက်လက်ကျင့်သုံးမည်

၂၀၁၀ မေလအတွင်းက ရန်ကုန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (ယာစွန်)၊ အမေရိကန် သံရုံး ယာယီ တာဝန်ခံ လာရီ ဒင်းဂါးတို့ တွေ့ဆုံ ဆွေးနွေးစဉ် (ဓာတ်ပုံ - Reuters)
အမေရိကန် အစိုးရသည် ရွေးကောက်ပွဲ အပြီး တက်လာမည့် အစိုးရသစ်နှင့်လည်း တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေး မူဝါဒကို ဆက်လက် ကျင့်သုံးမည်ဟု သိရသည်။

စစ်အစိုးရနှင့် တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေး ၂ ကြိမ်စလုံး မအောင်မြင်ခဲ့သည့်တိုင် ရွေးကောက်ပွဲအပြီး တက်လာမည့် နိုင်ငံတကာက အသိအမှတ်ပြုမည် မဟုတ်သော မြန်မာအစိုးရသစ် အတွက်လည်း ယင်းမူဝါဒကို ဆက်လက်ကိုင်စွဲသွားခြင်း သာ အသင့်လျော်ဆုံးဖြစ်ကြောင်း အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိတဦးက ယမန်နေ့က ပြောကြားသည်။

Friday, September 17, 2010

မြန်မာ့အရေး ဒေလီဆွေးနွေးပွဲ ချက်သံအမတ် ဖွင့်လှစ်မည်

၂ဝ၁ဝ ရွေးကောက်ပွဲ အဖြစ်မှန်နှင့် မြန်မာ ဒုက္ခသည်အရေး အိန္ဒိယပြည်သူများ ပိုမိုသိရှိရန် နယူးဒေလီမြို့၌ ယခုလ ၂၇ ရက်တွင် ကျင်းပမည့် မီဒီယာ အလုပ်ရုံ ဆွေးနွေးပွဲနှင့် သတင်းစာ ရှင်းလင်းပွဲကို အိန္ဒိယနိုင်ငံဆိုင်ရာ ချက်သံအမတ်ကြီး Miloslav Stasek က ဖွင့်လှစ်မည် ဖြစ်သည်။ချက်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ အထောက်အပံ့ဖြင့် ရပ်တည်သည့် ပရဂ်မြို့ မြန်မာ့ရေးရာဌာန (Burma Centre Prague) နှင့် ဒေလီမြို့ မြန်မာ့ရေးရာဌာန (Burma Centre Delhi) က ဦးဆောင်၍ နယူးဒေလီမြို့ ရှိ Press Club of India ၌ ကျင်းပမည်။

“ရွေးကောက်ပွဲ၊ မြန်မာဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ ဒုက္ခသည်ဖြစ်ရတဲ့ အကြောင်းတွေကို ဆွေးနွေးကြမယ်။ ပြီးရင် သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲကို အိန္ဒိယပြည်သားတွေ မသိကြဘူး။ မြန်မာဒီမိုကရေစီ လှုပ်ရှားသူတွေရဲ့ အသံ၊ ခံစားချက်တွေကို သိအောင် ရည်ရွယ်တယ်။ ရွေးကောက်ပွဲကျရင် အိန္ဒိယသတင်းဌာနတွေက အဖြစ်မှန်ကို ပြည့်ပြည့်စုံစုံဖော်ပြနိုင်မယ် မျှော်လင့်တယ်” ဟု BCD မှ စီမံကိန်း ညွှန်ကြားရေးမှူး Alana Golmei က မဇ္ဈိမကို ပြောသည်။“ချက်သံအမတ်ကြီးကိုယ်တိုင် အလုပ်ရုံဆွေးနွေးပွဲကို ဖွင့်လှစ်ပေးတယ်ဆိုတော့ ကျေနပ်အားရပါတယ်။ ဒီပွဲကို ချက်သံရုံးက ဧည့်သည်အနေနဲ့ပဲ တက်ရောက်မယ်။ ချက်အစိုးရ အထောက်အပံ့၊ ကျနော်တို့ ကြီးကြပ်ကွပ်ကဲမှုနဲ့ မြန်မာ့ဒီမိုကရေစီအရေး စီမံကိန်းရဲ့ အစိတ်အပိုင်းတခုအဖြစ် မီဒီယာအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပမယ်” ဟု BCP စတင်တည်ထောင်သူ တဦးဖြစ်သည့် စီမံချက်ရေးရာ ခေါင်းဆောင် Christoph Amthor က မဇ္ဈိမကို ပြောသည်။

မြန်မာစစ်အစိုးရ ကျင်းပမည့် ၂ဝ၁ဝ ရွေးကောက်ပွဲကို တရားမျှတပြီး လွတ်လပ်မှု မရှိနိုင်သဖြင့် ပရဂ်မြို့ မြန်မာ့ရေးရာဌာန အနေဖြင့် လုံးဝလက်မခံကြောင်း Christoph Amthor က ဆိုသည်။ဆွေးနွေးပွဲသို့ Christoph Amthor အပြင် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB ဝန်ကြီး ဒေါက်တာတင့်ဆွေ၊ BJP ပါတီ နိုင်ငံခြားရေးရာဌာန တာဝန်ခံ Vijay Jolly ၊ မဇ္ဈိမသတင်းဌာန အယ်ဒီတာချုပ် ဦးစိုးမြင့်၊ Indian Express သတင်းစာမှ ဝါရင့်အယ်ဒီတာဟောင်း Jyoti Malhotra အပါအဝင် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ ဦးရေ ၃ဝ ကျော် တက်ရောက်မည်ဖြစ်သည်။
(မဇ္ဈိမသတင်းဌာန မှ ကောက်နှုတ်ဖော်ပြသည်။)

Wednesday, September 15, 2010

ရွှေဝါရောင် နှစ်ပါတ်လည်ကာလ သံဃာ့အခမ်းအနားများ တိတ်ဆိတ်စွာကျင်းပရ

၂၀၁၀ မတ်လအတွင်းက ရွေးကောက်ပွဲဥပဒေများ ကြေညာပြီးနောက် ရန်ကုန် မြို့တော်ခန်းမရှေ့ရှိ လုံခြုံရေးများ ချထားသည့်အနီး သံဃာတပါး လမ်းဖြတ်ကူးနေစဉ် (ဓာတ်ပုံ - AP)

၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် စက်တင်ဘာလတွင် သာသနာဆိုင်ရာ အခမ်းအနားများ ပြုလုပ်ရာ၌ သာသနာ့ အလံများ ထောင်ခြင်း၊ သံဃာတော်များ စုရုံးခြင်း၊ အသံချဲ့စက် အသုံးပြုခြင်း၊ ဆိုင်းဘုတ်များ တင်ခြင်း မပြုလုပ်ရန် စစ်အစိုးရက ပိတ်ပင် ထားကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့ အဘိဓမ္မာ ပြန့်ပွားရေး အသင်းကြီးက ပြုလုပ်သော ၄၃ ကြိမ်မြောက် အဘိဓမ္မာ စာတော်ပြန်ပွဲကြီးကို ရွှေတိဂုံ ခြေတော်ရင်းရှိ အဘိဓမ္မာ ရတနာဃရ ဓမ္မာ ဗိမာန်တော်ကြီးတွင် ယခုလ ၁၁ ရက်မှ ၁၉ ရက်နေ့ အထိ ပြုလုပ်လျက်ရှိရာ အဆိုပါစာပြန်ပွဲကို အခမ်းအနား ပုံစံဖြင့် စည်စည် ကားကား ကျင်းပခွင့်မပြုဘဲ တိတ်ဆိတ်စွာ ကျင်းပခဲ့ ရကြောင်း သိရှိရသည်။

ရွေးကောက်ပွဲကော်မရှင်က NLD နှင့် ပါတီကြီး ၄ ခုကို ပယ်ဖျက်


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဌာနချုပ်ရုံးတွင် ကျင်းပသည့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ နှစ်ပတ်လည် အခမ်းအနားတွင် ပါတီ၏ သင်္ကေတတခု ဖြစ်သော ခမောက်ကိုယ်စီ ဆောင်းထားသည့် အဖွဲ့ဝင်များကို ၂၀ဝ၈ မေလ ၂၇ ရက်က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီဟာ စစ်အစိုးရ ရွေး ကောက်ပွဲ ဥပဒေသစ်အရ နိုင်ငံရေးပါတီ အဖြစ် ပြန်လည်မှ တ်ပုံတင် သက်တမ်း မတိုးခဲ့တဲ့အတွက် ပယ်ဖျက်ကြောင်း စစ်အစိုးရ ရွေးကောက်ပွဲ ကော်မရှင် အသစ်က စက်တင်ဘာ ၁၄ ရက် ဒီကနေ့ညနေ ၆ နာရီက ကြေညာလိုက်ပါတယ်။


ဒီအထဲမှာ NLDအပါအဝင် ပြည်ထောင်စု ပအိုးဝ်အမျိုးသားပါတီ (UPNO)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ ဝ အမျိုးသား တိုးတက်ရေးပါတီတို့ ဖြစ်ပါတယ်။ (RFA)

Monday, September 13, 2010

ဖမ်းထားတဲ့ ဆရာတော်ကို ဥပဒေမဲ့ စီရင်ခဲ့ရင် စစ်တွေသံဃာထု သည်းခံမည်မဟုတ်

မဟာမုနိ ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက် (စစ်တွေမြို့) ဆရာတော် အသျှင် ပညာစာရ။


ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ စစ်တွေမြို့ မဟာမုနိ ဗုဒ္ဓဝိဟာရ ကျောင်းတိုက်က သမိုင်းသုတေသီ ဆရာတော် ဦးပညာစာရကို ဆက်လ က် ရုံးထုတ်စစ်ဆေးနေရာမှာ အစိုးရသက်သေတွေ ဘက်က အထောက်အထား အခိုင်အလုံ မတင်ပြနိုင်သေးတဲ့အတွက် ဆရာတော် လွတ်မြောက်ဖို့ အလားအလာ ကောင်းမွန်တယ်လို့ တရားခွင်နဲ့ နီးစပ်သူ မြို့ ခံတွေက ပြောပါတယ်။

Sunday, September 12, 2010

ရွေးကောက်ပွဲသပိတ်မှောက်ရေး NLD ခေါင်းဆောင်တွေ မန္တလေးမှာ ရှင်းပြ

ဦးအုန်းကြိုင် ဦးဆောင်တဲ့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဟာ မနလေးတိုင်း (၁၅) မြို့နယ်က NLD  ခေါင်းဆောင်တွေ၊ ပါတီဝင်တွေနဲ့ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

Saturday, September 11, 2010

လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်း နောက်ဆုံး စိစစ်

၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ပြိုင်မဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းေ တွကို ကော်မရှင်က ၆ ရက်နေ့ကစပြီး စိစစ်နေတာ ဒီကနေ့မှာ နောက်ဆုံး စိစစ်ခဲ့ပါတယ်။

လက်ရှိဝန်ကြီးချုပ်ဦးဆောင်ပြီး အစိုးရ၀န်ကြီးတွေနဲ့ဖွဲ့ စည်းထားတဲ့ ကြံ့ ခိုင်ဖွံ့ဖြိုးရေးပါတီက ပြည်နယ်နဲ့တိုင်း အားလုံးမှာ ကိုယ်စားလှယ်လောင်း တထောင့်တရာကျော် ၀င်ပြို င် ဖို့ အမည် စာရင်းတင်သွင်းထားရာမှာ အပယ်ခံရသူတ ဦးမှမရှိဘူးဘို့ သိရပါတယ်။

အစိုးရအဖွဲ့ဝင်တွေအနေနဲ့ အထူး အခွင့်အရေးတွေရနေတဲ့အတွက် အခုလို အပါယ်မခံရတာဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကိုယ်စားလှယ်လောင်းတွေအားလုံးဟာ သတ်မှတ်ထားတဲ့ စည်းကမ်းစည်းမျဉ်းတွေနဲ့ ညီညွတ်တဲ့ အတွက် အပယ်မခံရတာလို့ ဘီဘီစီကိုပြောပါတယ်။

ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မဲ့ လွှတ်တော်ကိုယ်စား လှယ်လောင်းအရေးအတွက် ဒုတိယအများဆုံးဖြစ်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကလည်း တိုင်းနဲ့ပြည်နယ်မှာ ၀င်ပြိုင်မဲ့ လွှတ်တော်ကိုယစားလှယ်တွေဆီက မကြားရသေးပေမဲ့ လောလောဆယ် သိ၇သလောက်တော့ အပယ်ခံရတဲ့ ကိုယ်စားလှယ်လောင်း တယောက်မှ မရှိသေးဘူးလို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဟန်ေ ရွှက ပြောပါတယ်။

ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)ကတော့ လောလောဆယ်မှာ သူတို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတဦး အခွန်ကိစနဲ့ အပယ်ခ့ရတ ယ်လို့ ပြောပါတယ်။ ပါတီအထွေထွေအတွင်းရေးမှူး ဒေါ်သန်းသန်းနု နဲ့ ခင်ပွန်းကိုတော့ ပြည်ပမှာနေစဉ် အခွန်ငွေထန်းဆောင် ခဲ့တဲ့ ကိစနဲ့ပတ်သက်လို့ ခရိုင်အဆင့်အနေနဲ့ လက်ခံလိုက်ပြီဖြစ်ပေမဲ့ နောက်ထပ်စိစစ်မှုတွေ ဆက်လုပ်နေဆဲဖြစ် တယ်လို့ ဘီဘီစီကိုပြာပါတယ်။ ရွေးကောက်ပွဲမှာ ယဉ်ပြိုင်မဲ့ လွှတ်ေ တ်ာကိုယ်စားလှယ်အမည်စာရင်းကို လာမဲ့ တရက်နှစ်ရက်အတွင်း ထုတ်ဖော်ကြေညာလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ (ဘီဘီစီ)

Friday, September 10, 2010

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဂျွန်လင်နန်၏ ဇနီး ကြိုးပမ်းလျက်ရှိ

ကွယ်လွန်သူ ကမြာကျော် ဘီးတဲလ်စ်တေးဂီတအဖွဲ့ စွယ်စုံ ပညာရှင် ဂျွန်လင်နန်ရဲ့ ဇနီးသည် ယိုကို အိုနိုက ခင်ပွန်းသည်ရဲ့ အနှစ် ၇၀ မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး (Amnesty International) နဲ့အတူ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးရဲ့ လုပ်ငန်းတွေမှာ ပါဝင်နိုင်ဖို့ လှူဒါန်းကြတဲ့ငွေတွေကို သူမအနေနဲ့ တကျပ်ကို တကျပ်ချင်း လိုက်ပါ ထည့်ဝင်ဖို့ ဒေါ်လာငွေ တသိန်းသုံးသောင်း လျာထားတယ်လို့လည်း ဆိုပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့ဟာ ဂျွန်လင်နန်ရဲ့ မွေးနေ့ဖြစ်ကြောင်း၊ သူမ အနေနဲ့ ဂျွန်လင်နန်အတွက် မွေးနေ့လက်ဆောင်အဖြစ် အမြဲတမ်း ဆန္ဒရှိတာကတော့ ငြိမ်းချမ်းရေးပဲ ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလို့ ဆိုရာမှာ အများအကျိုးအတွက် သတ္တိရှိရှိ ဆောင်ရွက်တဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးရဲ့ အခြေခံ လူ့အခွင့်အရေးတွေကို အကာအကွယ်ပေးတာပဲ ဖြစ်ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့ အင်တာနက်စာမျက်နှာမှာ ရေးသား ဖော်ပြထားပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးအနေနဲ့ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ၊ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော် လွတ်မြောက်ရေးအတွက် အားကြိုးမာန်တက် ကြိုးပမ်းနေတဲ့ အဖွဲ့ကြီး ဖြစ်တာကြောင့် ဒီအဖွဲ့ကြီးနဲ့ လက်တွဲပြီး မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကို ဝိုင်းဝန်းဆောင်ရွက်ကြပါလို့ သူမက တိုက်တွန်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာ ၁၄ နှစ်လောက် တရားမဝင် ချုပ်နှောင်ခံခဲ့ရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတ္တိနဲ့ လုပ်ရပ်တွေကြောင့် သူမအနေနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ရေးကို စိတ်ဝင်စားလာကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ မေတ္တာတရား၊ သူ့ရဲ့ လွတ်လပ်မှုနဲ့ ငြိမ်းချမ်းရေး သင်္ကေတတွေနဲ့ မြန်မာပြည်သူတွေကို ဆက်လက် တိုက်ပွဲဝင်ဖို့ တွန်းအားပေးနေသူ ဖြစ်ကြောင်း မစ္စ ယိုကို အိုနိုက ပြောကြားထားပါတယ်။ (RFA)

Thursday, September 9, 2010

စစ်တပ်က လူငယ်နှစ်ဦးကို သတ်ဖြတ်မှု ကုလသမဂ္ဂသို့ ကင်တားနားအစီရင်ခံမည်

ပဲခူးမြို့မှာ အရပ်သားလူငယ်နှစ်ဦးကို စစ်တပ်က ပစ်ခတ် သတ်ဖြတ်လိုက်တဲ့ လုပ်ရပ်ဟာ မြန်မာစစ်တပ်ရဲ့ လူ့ အခွင့်အရေး ထပ်မံ ချိုးဖောက်မှုတခုပဲလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွ င့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် ကင်တားနားက ဒီကနေ့ စက်တင်ဘာ ၇ ရက်မှာ RFA ကို ပြောကြားပါတယ်။

မြန်မာစစ်တပ်က အခုလို အင်အားသုံးပြီး ပစ်ခတ် သတ်ဖြတ်ခဲ့တာ မှန်ကန်တယ်ဆိုရင် လူ့အခွင့်အရေး ချိုးဖောက် ကျုးလွန်မှု တခု ဖြစ်တယ်လို့ ပြောသွားပါတယ်။ ဒါ့ပြ င် မစ္စတာ ကင်တားနားက သူ့အနေနဲ့ ပဲခူးမြို့က လူငယ်နှစ်ဦး ပစ်သတ်ခံရမှုကို အသေး စိတ် အချက်အလက် စုဆောင်း ရယူနေဆဲ ဖြစ်ြ ပီး၊ ဒီကိစ္စကို နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်မှာ လာမဲ့ အောက်တိုဘာအတွင်း ကျင်းပမဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မလွဲမသွေ အစီရင်ခံ တင်ပြဖို့ရှိတယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် ကင်တားနားဟာ ပြီးခဲ့တဲ့ သြဂုတ်လက မြန်မာနိုင်ငံကို သွားရောက်ဖို့ တောင်းဆိုခဲ့ပေမဲ့ စစ်အစိုးရက ခုချိန်ထိ ခွင့်မပြုသေးဘူးလို့ သိရပါတယ်။ သူဟာ မြန်မာစစ်အစိုးရ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေး ဆောင်ရွက်သင့်ကြောင်း အစီရင်ခံစာ ထုတ်ပြန် အဆိုပြုထားပါတယ်။ မစ္စတာ ကင်တားနားရဲ့ အဆိုပြုချက်ကို အမေရိကန်၊ သြစတြေးလျား၊ ချက်ပြည်သူ့သမတနိုင်ငံ စတဲ့ နိုင်ငံတွေက ထောက်ခံထားပါတယ်။

ပဲခုးမြို့မှာ စစ်တပ်က ပစ်ခတ်ခဲ့လို အရပ်သားလူငယ်နှစ်ဦး သေဆုံးရမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ တရားဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သင့်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးဝင်းတင်က ပြောပါတယ်။ ဒီလို မတရားမှုတွေကနေ လူထုအုံကြွမှုတွေ ဖြစ်ပေါ်လာနိုင်တယ် ဆိုတာကို တိုင်းပြည်ကို အုပ်ချုပ်နေတဲ့သူတွေ စစ်ခေါင်းဆောင်တွေ သိဖို့ လိုအပ်တယ်လို့ ဦးဝင်းတင်က ဆိုပါတယ်။

အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းကလည်း တိုင်းပြည်ကို ကာကွယ် စောင့်ရှောက်ဖို့ တာဝန်ရှိတဲ့ တပ်မတော်သားတွေအနေနဲ့ အခုလို အပြစ်မဲ့ ပြည်သူနှစ်ဦးကို ရက်ရက်စက်စက် ကျူးလွန်ခဲ့တဲ့ လုပ်ရပ်အပေါ် ဥပဒေကြောင်းအရ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ဒီမိုကရက်တစ်ပါတီ မြန်မာပြည်ရဲ့ ဥက္ကဋ္ဌ ဦးသုဝေက ဒီဖြစ်ရပ်အပေါ် သက်ဆိုင်ရာက ထိုက်သင့်သလို အရေးယူ ဆောင်ရွက်စေလိုကြောင်းနဲ့ ဒီကိစ္စကြောင့် စစ်အစိုးရ ကျင်းပမဲ့ ရွေးကောက်ပွဲကို ထိခိုက်လာနိုင်ကြောင်း ပြောဆိုပါတယ်။

ပြည်သုတွေ ရှေ့မှောက်မှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ဟာ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေကို ခြောက်လှန့်သလို ဖြစ်နေတယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ BLC ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးက ပြောပါတယ်။

ပြစ်မှုကျူးလွန်သူတဲ့ စစ်ဗိုလ်စစ်သားတွေကို အရေးယူအပြစ်ပေးဖို့ ကာကွယ်ရေးဦးစီးချုပ်မှာ အဓိက တာဝန်ရှိကြောင်းနဲ့ ပြစ်မှု ကျူးလွန်သူတွေကို ပြစ်ဒဏ်စီရင်ရာမှာလည်း နစ်နာသူ မိသားစုတွေရဲ့ ရှေ့မှောက်မှာ ပြစ်ဒဏ်စီရင်ခြင်းမျိုး ဖြစ်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ က သုံးသပ်ချက် ထုတ်ပြန်ပါတယ်။

မှုခင်းဖြစ်ပွားတဲ့ ပဲခူးမြို့နယ်ဟာ ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) က ပါတီဥက္ကဋ္ဌ ဖြစ်သူ ဦးသိန်းဌေး ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ ယှဉ်ပြိုင်မဲ့ မဲဆန္ဒနယ်ဖြစ်လို့ ဒီဖြစ်ရပ်အပေါ် တာဝန်ရှိသူတွေက စုံစမ်းဖော်ထုတ်ပေးဖို့၊ တရားဥပဒေ စိုးမိုးရေးနဲ့ နယ်မြေ အေးချမ်းရေးအတွက် လက်ရှိ အာဏာယူထားတဲ့ ကြံ့ခိုင်ရေးပါတီက ခေါင်းဆောင်ပိုင်းအနေနဲ့ ပူးပေါင်း ဖြေရှင်းပေးဖို့ ယူဒီပီ ပါတီ အလုပ်အမှုဆောင်အဖွဲ့ကလည်း မနေ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုပါတယ်။ Source:RFA

အမေရိကန်သမ္မတနဲ့ အာစီယံဆွေးနွေးပွဲ မြန်မာ့အရေး ထိပ်ဆုံးက ပါဖို့ရှိ

လာမယ့် စက်တင်ဘာလ ၂၄ ရက်နေ့ အမေရိကန်သမ္မတ အိုဘားမားနဲ့ အာစီယံခေါင်းဆောင်တွေ နယူးယောက်မြို့မှာ တွေ့ဆုံ တဲ့အခါ အဓိကဆွေးနွေးကြမယ့် အကြောင်း အရာတွေထဲမှာ မြန်မာနိုင်ငံ အရေးကိစ္စလ ည်း ပါဝင်နိုင်တယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ နှစ်ပတ်လည် အထွေထွေညီလာခံ ကျင်းပနေချိန် အတောအတွင်း ပြုလုပ်မယ့် အခု ဆွေးနွေးပွဲဟာ အာစီယံဒေသနဲ့ ပတ်သက်လို့ သမ္မတ အိုဘားမားရဲ့ မူဝါဒရေးရာ သွေးသစ်လောင်းဖို့ ကြိုးပမ်းချက်တရပ် ဖြစ်ပါတယ်။ အမေရိကန် သမ္မတနဲ့ အာစီယံခေါင်းဆောင်တွေ ပြီးခဲ့တဲ့နှစ်က စင်္ကာပူမှာ ပထမအကြိမ် တွေ့ဆုံခဲ့ ပြီးတဲ့နောက် ဒါဟာ ဒုတိယအကြိမ် တွေ့ဆုံကြတာလည်း ဖြစ်ပါတယ်။

အခုတကြိမ် ဆွေးနွေးပွဲမှာလည်း မြန်မာနိုင်ငံရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ကိစ္စက အဓိက လွှမ်းမိုးနေမယ့် အလားအလာ ရှိတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးဌာနရဲ့ အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူ Ernie Bower က-အခု ဆွေးနွေးပွဲဟာ အာစီယံအပေါ် အမေရိကန်ရဲ့ ထောက်ခံမှုကို ပိုမိုခိုင်မာစေမယ့် ဆွေးနွေး ပွဲဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့ပြင် အမေရိကန်အနေနဲ့ အာစီယံ ဒေသအတွင်း ထိထိရောက်ရောက် စွမ်းဆောင်နိုင်ဖို့ဆိုရင် တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား စတဲ့ နိုင်ငံကြီးတွေနဲ့ အပြိုင် ဟန်ချက်ညီတဲ့ ဆက်ဆံရေးရှိဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

အမေရိကန်သမ္မတ အိုဘားမားဟာ ပြီးခဲ့တဲ့နှစ်က အာစီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အပါအ ဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့အတွက် စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းကို တိုက်တွ န်း ပြောကြားခဲ့ပါသေးတယ်။ မြန်မာ့ဒီမိုကရေစီ ပြုပြင် ပြော င်းလဲရေးအတွက် စစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒ ချမှတ် ပြီး ဆောင်ရွက်ခဲ့ပေမယ့် တိုးတက်မှု တစုံတရာ မတွေ့ရတဲ့အပေါ် အမေရိကန်ဘက်က စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့အချိန်မှာပဲ အခု အမေရိကန် သမ္မတနဲ့ အာစီယံခေါင်းဆောင်တွေ ဒုတိယအကြိမ် တွေ့ဆုံဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ (RFA)

Sunday, September 5, 2010

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အရေး ဒေါ်အောင်ဆန်းစုကြည်ပြော

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၏ ရန်ကုန်မြို့ရှိ ပါ တီ ဌာနချုပ်ရုံးတွင် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆ န်းစုကြည်အား ၁၉၉၉ခုနှစ် မေလ ၁၄ရက် သတင်းစာရှင်းလင်းပွဲ တွင် တွေ့ရသော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အပါအ၀င် ရွေးကောက်ပွဲဆို င်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့  စစ်အစိုးရအကြား တင်းမာနေတဲ့ အခြေအနေကို စိုးရိမ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ အကျိုးဆောင်ရှေ့နေ ဦးဥာဏ်ဝင်းနဲ့ တွေ့ဆုံရာမှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
“တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့တွေ မပြေမလည် ဖြစ်နေ တဲ့ သတင်းတွေကြားတာ စိတ်မကောင်းဘူးတဲ့။ ဒါပေမယ့် ဒီကိစ္စေ တွဟာ ညှိနှိုင်းဆောင်ရွက်မှသာ အဆင်ပြေမယ်၊ နိုင်ငံရေးနည်းအရ ဆောင်ရွက်မှသာ ရေရှည် အကျိုးခံစားခွင့် ရှိမယ်လို့ သူ ယုံကြည်တဲ့အကြောင်း ပြောပါတယ်”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကိစ္စတွေနဲ့ ပတ်သက်လို့ အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

“အစိုးရအပေါ် ရွေးကောက်ပွဲဥပဒေတွေ ပြဌာန်းတဲ့အပေါ်မှာ ကျနော်တို့က တရားစွဲဖို့ကိစ္စကို ဆွေးနွေးကြတာပေါ့။ ဆွေးနွေး တော့ ဆိုလိုတာက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရပ်တည်မှု အတွက်၊ တမှုက ၉ဝ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ အတွက်၊ အဲဒီလို နှစ်မှုခွဲပြီး စွဲဖို့ ကျေ န်ာတို့ ဆွေးနွေးကြပါတယ်”

လက်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နယ်လှည့်စ ည်းရုံးရေး ခရီးစဉ်တွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် အနေ နဲ့ ကျေနပ်အားရမှု ရှိတယ်လို့လည်း ဆိုပါတယ်။

နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံနေရတဲ့ အမျိုးသား ဒီမိုက ရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျိုးဆောင်ရှေ့နေတွေ ဖြစ်တဲ့ ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်းနဲ့ ဒေါ် ခင်ဌေးကြွယ်တို့ ဒီကနေ့ နေ့လည်ပိုင်းမှာ သွားရောက် တွေ့ဆုံခွင့် ရခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပြဌာန်းချက်တွေဟာ တရားဥပဒေနဲ့ ကိုက်ညီမှု ရှိမရှိဆိုတာ အများပြည်သူ သိအောင် ဝိုင်းဝန်း ရှင်းပြကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတ ယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ဒီကနေ့ တွေ့ဆုံခွင့် ရခဲ့တဲ့ ရှေ့နေဦးဥာဏ်ဝင်းကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။ (RFA)

Saturday, September 4, 2010

နယူးဇီလန်နိုင်ငံတွင် ၇.၄ မဂ္ဂနီကျူ့ရှိ မြေငလျှင်တခု လှူပ်ခတ်သွား

မြေငလျှင်လှူပ်ခတ်သွားပြီးနောက် တွေ့ရသော ခရိုက်ချတ်ခ်ျမြို့လည်က အဆောက်အဦးတခု

နယူးဇီလန်နိုင်ငံ၊ တောင်ကျွန်းမှာရှိတဲ့ ခရိုက်ချတ်ခ်ျ (Christchurck) မြို့လည်မှာ အင်အား ၇.၄ မဂ္ဂနီကျူ့ ရှိတဲ့ မြေငလျှင်တခု စနေနေ့မနက် ၄ နာရီ ၃၅ မိနစ်အချိန်က လှူပ်ခတ်သွားပါတယ်။ ခရိုက်ချတ်ခ်ျ (Christchurck) မြို့လည်မှာရှိတဲ့ အိမ်၊ လမ်း နဲ့ ကားတွေအတော်များများပျက်ဆီးသွားပြီး။ လူအသေအပျော က်ရှိမရှိကိုတော့ အခုထိ တရားဝင် ထုတ်ပြန်တာမရှိသေးပါဘူး။
“ဆူနားမီး သတိပေးချက်တွေ ဘာတွေလည်းကြားဘူး။ လူတွေဘယ်လောက် ထိခိုက် ဒါဏ်ရာရတယ်ဆိုတာလည်း မသိရသေးပါဘူး။”လို့ မြို့ခံတဦးရဲ့ပြောပြချက်အရသိရပါတယ်။

မြို့ရှိ လမ်းမတွေအတော်များများ ပျက်ဆီးသွားပြီး၊ အဓိက ရေပေးတဲ့နေရာတွေလည်း ပျက်ဆီးသွားပါတယ်။ ပင်လယ်ကမ်းေ ခြတွေမှာ ရှိတဲ့ အိမ်တွေမှာနေတဲ့သူတွေကတော့ ဆူနားမီး လာမှာကိုကြောက်ပီးတော့ ပင်လယ်နဲ့ဝေးတဲ့နေရာတွေကို အလျှင်အမြန်ပြောင်းရွှေ့ကြောင်း သိရပါတယ်။ (ရာဇ၀င်)

Friday, September 3, 2010

ရုပ်ရှင်ဗီဒီယို သရုပ်ဆောင် ၄ ဦးကို အနုပညာလုပ်ငန်းပိတ်ပင်

လူမှုရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ အကယ်ဒမီဆုရှင် ရုပ်ရှင်သရုပ်ဆောင် ဦး ကျော်သူ ဦးဆောင်ဖွင့်လှစ်တဲ့ သရုပ်ဆော င်သင်တန်းမှာ သွားရောက် အကူအညီ ပေးခဲ့တဲ့ အတွက် ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ၄ ဦးကို မြန်မာစစ်အစိုးရ လက်အောက်ခံ ရုပ် ရှင် အစည်းအရုံးက ရုပ်ရှင် အနုပညာလုပ်ငန်းများ လုပ်ကိုင်ခွင့် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။
အပိတ်ခံရတဲ့ အနုပညာရှင် ၄ ဦးကတော့ ဟာသသရုပ်ဆောင် ညီဂျော်၊ အမျိုးသမီး သရုပ်ဆောင် သန်းသန်းစိုး၊ ဂွမ်းပုံနဲ့ ဆုရွှန်းလဲ့တို့ ဖြစ်တယ်လို့ ရန်ကုန် အနုပညာ အသိုင်းအဝို င်းက ပြောပါတယ်။

ဒါပေမဲ့ တားမြစ်ပိတ်ပင်တဲ့ အချိန်ကာလ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
အခမဲ့ သရုပ်ဆောင်သင်တန်း ဖွင့်လှစ်ထားတဲ့ ရန်ကုန် နာရေး ကူညီမှုအသင်းက ဦးကျော်သူကတော့ အခုလို လူမှုရေးလုပ်တဲ့ အနုပ ညာရှင်တွေကို လုပ်ကိုင်စားသောက်ခွင့် ပိတ်တာဟာ အနုပညာရှ င်တွေရဲ့ လူမှုရေးစိတ်ဓာတ်ကို ဖျက်ဆီးရာရောက်သလို လက်ရှိ မြန်မာနိုင်ငံက အနုပညာရှင်တွေရဲ့ ဘဝဟာ အစိုးရအကြိုက် လို က်နိုင်မှ လုပ်ကိုင်စားလို့ ရမဲ့ အနေအထား ဖြစ်နေတယ်လို့ ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တရုတ်နိုင်ငံသို့ ၄ ရက်ကြာ သွားရောက်မည်

မကြာခင်က စစ်တပ်အတွင်း ရာထူးအပြောင်းအလဲမှာ ကာကွယ်ရေး ဦးစီးချုပ် ရာထူးက နုတ်ထွက်သွားပြီလို့ ကောလာဟလ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ လာမဲ့ အပတ်အတွင်း တရုတ်ပြည်ကို သွာရောက်ဖို့ ရှိ တယ်လို့ တရုတ်အာဏာပိုင်တွေက ဒီကနေ့ စက်တင်ဘာ ၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ရဲ့ အဆိုအရ လေးရက်ကြာ တရုတ်ပြည်ကို လာရောက်မဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ခရီးစဉ်ဟာ ဘီဂျင်းမြို့ကို လာရောက် ဖို့ ရှိသလို ရှန်ဟိုင်းမှာ ဖွင့်လှစ် ပြသနေတဲ့ ကုန်စည် ပြပွဲကိုလည်း လာရောက်ကြည့်ရှုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်ဟာ ပြီးခဲ့တဲ့ ဇွန်လအတွ င်းက မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီးနောက် အပြန်အလှန်အေ နနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တရုတ်ပြည် ချစ်ကြည်ရေး ခရီးထွက်ဖို့ ပေါ်ထွက် လာတာပါ။
ဒီခရီးစဉ်နဲ့ပတ်သက်ပြီး တရုတ်မြန်မာနယ်စပ် အခြေစိုက် စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောကတော့ ပြည်တွင်းမှာ လက်ရှိ ဆောင်ရွက်နေတဲ့ အပြောင်းအလဲတွေကို တရုတ်ခေါင်းဆောင်တွေကို ရှင်းပြဖို့ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနဲ့ စီးပွားရေးအပြင် နိုင်ငံရေးအရ အပြန်အလှန် ရင်းရင်းနှီးနှီး ဆက်ဆံနေတဲ့ နိုင်ငံဖြစ် ပေမဲ့ အနောက်နိုင်ငံတွေကတော့ မြန်မာနိုင်ငံက ညံ့ဖျင်းတဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေကြောင့် ဝေဖန်နေတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ တတိယအများဆုံး ရင်းနှီး မြှုပ်နှံသူဖြစ်ပြီး ၂၀၀၉ခုနှစ်က အပြန်အလှန် ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၃ ဘီလျံနီးပါး ရှိပါတယ်။ ၂၀၁၀ ဇန်နဝါရီလအထိ တရုတ် ရင်းနှီးမြှုပ်နှံမှုဟာ ၂ ဘီလျံဒေါ်လာ နီးပါး ရှိပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုရဲ့ ၁၂ ရာခိုင်နှုန်းနီးပါး ဖြစ်ပါတယ်။
(RFA)