Sunday, October 31, 2010

စစ်မှန်တဲ့ရွေးကောက်ပွဲ မြင်တွေ့လိုကြောင်း နယူးဇီလန်နဲ့ ဖိလစ်ပိုင် ပြောကြား


၂၀၁၀ ၃၀ ။ ၁၀၊ ရက်နေ့က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင်
ပြုလုပ်သည့် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်လာသည့်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton နှင့်
နယူးဇီလန် ဝန်ကြီးချုပ် John Key ဖြစ်ပါသည်။ (Photo: AFP)


မြန်မာစစ်အစိုးရ ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတလိမ့်မယ်လို့ မယုံကြည်ကြောင်း ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပပြီးစီးသွားတဲ့ အရှေ့အာရှထိပ်သီးဆွေးနွေးပွဲကိုတက်ရောက်ခဲ့တဲ့ နယူးဇီလန် ဝန်ကြီးချုပ် JohnKeyက ဒီကနေ့ပြောလိုက်ပါတယ်။
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားပြီး ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းလမ်းကျတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။ မနေ့ည က ပြုလုပ်တဲ့ညစာစားပွဲမှာ နိုင်ငံအမည်အလိုက် နေရာချထားရာမှာ နယူးဇီလန် ဝန်ကြီးချုပ် John Key ဟာ စစ်အစိုးရဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့ ဘေးချင်းကပ်ပြီး ထိုင်ခဲ့ရတာပါ။ Mr. John Keyက ရွေးကောက်ပွဲအခြေအနေ တွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တာကို မြန်မာဝန်ကြီးချုပ်က ရှင်းပြခဲ့တာ တွေဟာ အမှန်တကယ် ဖြစ်ပျက်နေတာနဲ့ ကိုက်ညီမှုရှိတယ်လို့ မထင်ကြောင်း ပြောပါတယ်။

Saturday, October 30, 2010

ကိုဇာဂနာအကြောင်းရိုက်ကူးထားတဲ့ (This prison where I live) မှတ်တမ်းရုပ်ရှင် နယူးဇီလန်မှာ ပြသ

(This prison where I live) ကျနော်နေတဲ့ဟောဒီ့အကျဉ်းထောင် အမည်နဲ့ လူရွှင်တော် ကိုဇာဂနာ အကြောင်းရိုက်းထားတဲ့ မှတ်တမ်းရုပ်ရှင်ကို (၂၉)ရက်နေ့ ညနေ (၆း၃၀)က နယူးဇီလန်နိုင်ငံ အော်ကလန် တက္ကသိုလ်မှာ ပြသခဲ့ပါတယ်။

ဒီဇာတ်လမ်းကို ဗြိတိသျှ ဒါရိုက်တာ မစတာ ရက်စ်ဘလွန်းစတိန်း (Rex Bloomstein) က ၂၀၀၇ ခုနှစ် အစပိုင်းလောက်မှာ ရန်ကုန်ကိုသွားပြီး လူရွှင်တော် ကိုဇာကို တွေ့ဆုံမေးမြန်ရင်း ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဒါရိုက်တာ မစတာ ရက်ဘလွန်းစတိန်း (Rex Bloomstein)ဟာ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ဇာတ်ကား တွေကို ရိုက်ကူးရာမှာ ထင်ရှားတဲ့ပုဂ္ဂိုလ်တဦးလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်လိမ့်မည်ဟု မျှော်လင့်နေ

ရွေးကောာက်ပွဲမတိုင်မီ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်လိမ့်မည်ဟု မျှော်လင့်ကြောင်း သူမ၏ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမတိုင်မီ လွတ်မြောက်မယ်လို့ ယုံကြည်ပါတယ်။ ဒီနေ့ တင်တဲ့ လျှောက်လဲချက်အပေါ် မူတည်ပြီးတော့ ဥပဒေအကြောင်းအရ တရားဥပေဒ စိုးမိုးရေးအတွက်ဆိုရင် လွတ်မြောက်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားပြုသော ရှေ့နေ ၃ ဦးအနက် တဦးဖြစ်သော ဦးဥာဏ်ဝင်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးကလည်း ’’ဒါနောက်ဆုံးလျှောက်လဲချက်မှာ ဘယ်လိုပဲဖြစ်ဖြစ် မိမိတို့ရဲ့ လျှောက်လဲချက်က မှန်ကန်တဲ့အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်က လွတ်ကို လွတ်ရမယ်ဆိုတဲ့ အဖြေ ထွက်ကို ထွက်ရမယ်။ ယုံကြည်တာပေါ့၊ လွတ်ကို လွတ်ရမယ်ပေါ့။ သူတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖော်ပြချက်တွေက အကုန်ပျက်ပြီးသား။ အဲဒီလို သူတို့က ဖြစ်နေတာ။ အဲဒီတော့ ဒါနဲ့ပတ်သက်တဲ့ အရာအားလုံးကို ကျနော်တို့က ယုံကြည်ချက် အပြည့်ရှိတယ်’’ ဟု မဇ္ဈိမကို ပြောသည်။ 

Wednesday, October 27, 2010

အားလုံးပါဝင်သည့် ရွေးကောက်ပွဲ အချိန်မနှောင်းဟု ဘန်ကီမွန်းပြော

မြန်မာ့အရေးတွင် ကုလသမဂ္ဂ၏ ဆောင်ရွက်ချက်များ
ထိရောက်မှုမရှိခြင်းအပေါ် ဘန်ကောက်မြို့ကုလသမဂ္ဂ ရုံးရှေ့၌
ယနေ့ ဆန္ဒပြနေကြသည့် မြန်မာ့အရေး လှုပ်ရှားသူများ
(ဓာတ်ပုံ - Getty Image)




မစ္စတာ ဘန်ကီမွန်းက“မြန်မာ့ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတဖို့အတွက် ကျနော်တို့ မျှော်လင့်နေပါတယ်။ ဒီရွေးကောက်ပွဲက စစ်အစိုးရအတွက် စာမေးပွဲ တခုလို ဖြစ်နေပါတယ်၊ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ မျှော်မှန်းချက်အတိုင်း စစ်အစိုးရအနေနဲ့ လုပ်ဆောင်နိုင်ပါ့မလား ဆိုတာကိုတော့ စောင့်ကြည့် ရမယ်”ဟု ပြောဆိုကြောင်း အေပီ သတင်းတွင် ဖော်ပြထားသည်။

မစ္စတာ ဘန်ကီမွန်းက စစ်အစိုးရ အနေဖြင့် ရွေးကောက်ပွဲကို အများက လက်ခံနိုင်စေရန် မည်သို့လုပ်ဆောင်သင့်သည်ကို အသေးစိတ် ပြောဆိုခြင်း မရှိသကဲ့သို့၊ ဒေါ်အောင်ဆန်းစုကြည် ၏ အရေးကိစ္စများကို ပြောဆိုသွားခြင်း မရှိကြောင်းလည်း သိရှိရသည်။

Friday, October 22, 2010

အဆိုတော် မျိုးကြီး ရွေးကောက်ပွဲကို ထောက်ခံတဲ့ ပေါ်လစီသီချင်း ဆိုပြီ

 
Myanmar Celebrity.com မှ ပြန်လည်ကူးယူဖော်ပြသည်

နိုင်ငံတော်အလံသစ်တင်ပြီး အလံဟောင်းကို မီးရှို့ဖျက်ဆီးမည်

ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံဟောင်း
မြန်မာနိုင်ငံတော်အလံသစ်လွှင့်တင်အပြီး
 ရန်ကုန်မြို့ရှိ မြို့တော်ခန်းမတွင် တွေရစဉ်
လက်ရှိ အသုံးပြုနေသော နိုင်ငံတော်အလံကို ယနေ့ မီးရှို့ဖျက်ဆီးမည် ဖြစ်ပြီး ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါရှိသော နိုင်ငံတော် အလံသစ်ဖြင့် ယတြာ သဘောအရ စတင် အစားထိုးပြောင်းလဲ အသုံးပြုမည်ဖြစ်ကြောင်း နေပြည်တော် စစ်အရာရှိ အသိုင်းအဝန်းက ဆိုသည်။

အဆိုပါ နိုင်ငံတော်အလံသစ်တွင် အ၀ါရောင်၊ အစိမ်းရင့်ရောင်၊ အနီရောင်ခြယ်ထားပြီး အလယ်တွင် အဖြူရောင် ကြယ်ကြီး တလုံးပါရှိသည်။ 

Thursday, October 21, 2010

အော်ကလန်တက္ကသိုလ်တွင် လက်ရှိမြန်မာ့အရေး ရှင်းလင်းတင်ပြပွဲတခုပြုလုပ်ခဲ့


အောက်တိုဘာလ ၁၉ ရက်နေ့ ညနေ (၇)နာရီက နယူးဇီလန်နိုင်ငံ၊ အော်ကလန်မြို့ရှိ Lecture Theatre Library, Auckland University မှာနိုင်ငံရေးအကျဉ်းသားဟောင်း ကိုအောင်ခိုင်မင်း (AAPP)က ပြည်သူများ၊ တက္ကသိုလ် ကျောင်းသားများအား လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ နအဖက ဦးဆောင်ကျင်းပမဲ့ ရွေးကောက်ပွဲ အကြောင်းနဲ့ပတ်သက်ပြီး ရှင်းလင်းတင်ပြပွဲတခုပြုလုပ်ခဲ့ပါတယ်။ ထိုပွဲကို Amnesty International – New Zealand က ဦးဆောင် ကျင်းပခဲ့တာ ဖြစ်ပြီး၊ ကိုအောင်ခိုင်မင်း ရဲ့ နယူးဇီလန်ခရီးစဉ်အတွက် နောက်ဆုံး အခမ်းအနားတခုလည်းဖြစ်ပါတယ်။

Tuesday, October 19, 2010

မင်းကိုနိုင် ကျန်းမာရေး မကောင်း

“ရာသီဥတု အေးတော့ လက်တွေ ခြေထောက်တွေ ကိုက်တယ်၊ ကျီးပေါင်း အတက်ရှိတယ်၊ ခြေထောက် အတက်ထွက်တယ်၊ ခြေထောက်က နာတယ်၊ အတက်ကျီးပေါင်းကတော့ တော်တော်ဆိုးတယ်၊ ဆေးတွေလည်း ပို့နေရတယ်၊ အကိုက်အခဲ ပျောက် ဆေးတွေလည်း သောက်နေရတယ်”ဟု ကိုမင်းကိုနိုင်၏ အစ်မဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က ဧရာဝတီသို့ ပြောသည်။
ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်ရသည့် အခြေအနေ မရှိသော်လည်း အတက် ကျီးပေါင်း ဝေဒနာ ခံစားနေရ· သည့်အတွက် လေ့ကျင့်ခန်းများလုပ်ရပြီး ဆေးလိမ်းနေရကြောင်း ၎င်းက ဆက်ပြောသည်။

Monday, October 18, 2010

နိုင်ငံရေးအကျဉ်သားများ ရံပုံငွေအတွက် မဝေနှင်းပွင့်သုန် အမြင့်ပေ ၁၆၀က ခုန်ချ

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အမြင့်ပေ ၁၆၀ ကနေ ခြေထောက်ကြိုးချည်ပြီး ခုန်ချပြတဲ့ လှုပ်ရှားမှု့ကို တက္ကသိုလ်ကျောင်းသူ မဝေနှင်းပွင့်သုန်က အောက်တိုဘာလ (၁၆)ရက်နေ့ ညနေက လန်ဒန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ မဝေနှင်းပွင့်သုန်ရဲ့ ခါးနဲ့ခြေထောက်ကိုကြိုးချည်ပြီး အမြင့်ပေ ၁၆၀ မှာရှိတဲ့ ကရိန်းပေါ်ကနေ စောက်ထိုးခုန်ချခဲ့တာဖြစ်တယ်လို့ အမြင့်ခုန်ပွဲမှာ ရောက်နေ တဲ့ ဒီဗွီဘီသတင်းထောက် မရွှေစင်က ကိုယ်တိုင်မြင်တွေ့ရတာကိုပြောပြပါတယ်။

(အပြည့်အစုံသို့)

မဝေနှင်းပွင့်သုန် အမြင့်ပေ (၁၆၀)မှ ခုန်ချနေစဉ်။ (၀ဲပုံ)

Saturday, October 16, 2010

လူ့အခွင့်အရေး ညီလာခံတွင် နိုင်ငံရေး အကျဉ်းသားအရေး အဓိက ဆွေးနွေး

Cross Parties Parliamentary Group on Burma အဖွဲ့မှ
အမတ်များနှင့် AAPP အဖွဲ့မှ နိုင်ငံရေးအကျဉ်းသာဟောင်း
 ဦးအောင်ခိုင်မ်း (ဘယ်အစွန်)အား နယူးဇီလန်ပါလီမန်တွင
 တွေ့ရစဉ်။ (ဓါတ်ပုံ - ရာဇ၀င်)


ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ကျင်းပသော လူ့အခွင့်အရေးညီလာခံတွင် မြန်မာနိုင်ငံ မှ နိုင်ငံရေးအကျဉ်းသားများ၏ အခွင့်အရေးဆုံးရှုံးမှုများကိုလည်း အဓိကဆွေးနွေး ကြကြောင်း သိရသည်။
“အခမ်းအနားမှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်ပြီး စာတမ်းတစောင်တင်ခဲ့ပါ တယ်။ အဓိကတင်ပြထားတာက မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ စနစ်တကျ နှိပ်စက်ခံနေရတာ၊ တရားစီရင်ရေးစနစ် မမျှတတာတွေ ပါတယ်”ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကိုဘိုကြည်က ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများသည် ၁၉၉၀ ခုနှစ်မှ ၂၀၁၀ နှစ် ကာလအတွင်း စစ်အစိုးရ၏ စနစ်တကျ ညှဉ်းပမ်းနှိပ်စက်မှုများအပြင် မြန်မာနိုင်ငံ၏ အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြောင်းလည်း ဦးဘိုကြည်က ဆိုသည်။

Friday, October 15, 2010

နယူးဇီလန်ပါလီမန်တွင် မြန်မာ့အရေးကြားနာပွဲ

နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအောင်ခိုင်မင်း (AAPP)က
နယူးဇီလန်ပါလီမန်တွင် မြန်မာ့အရေးထွက်ဆိုနေစဉ်။
(ဓါတ်ပုံ - ရာဇ၀င်)
 (၁၃)ရက်နေ့ညနေ (၆)နာရီက မြန်မာနိုင်ငံမှာ နယူးဇီလန်နိုင်ငံ ၀ယ်လင်တန်မြို့ရှိ နယူးဇီလန်ပါလီမန်မှာ မြန်မာစစ်အစိုးရကျင်းပမဲ့ ရွေးကောက်ပွဲနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း နယူးဇီလန်ပါလီမန်ရဲ့ နိုင်ငံခြားရေးရာ သီးသန့် ကော်မတီမှာ ကြားနာခဲ့ပါတယ်။
ဒီကြားနာပွဲမှာ ထိုင်းအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)က အကျဉ်းသားဟောင်း ကိုအောင်ခိုင်မင်းကိုယ်တိုင် တက်ရောက်ထွက်ဆိုခဲ့ ပါတယ်။ ကိုအောင်ခိုင်မင်းဟာ နယူးဇီလန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ (Amnesty International)က အစီအစဉ်နဲ့ နယူးဇီလန်ကို ရောက်ရှိနေ တာဖြစ်ပါတယ်။

Tuesday, October 12, 2010

စင်ကာပူရောက်မြန်မာများ သူရဦးတင်ဦးထံမှ သြ၀ါဒခံယူ

စင်ကာပူနိုင်ငံတွင် မျက်စိခွဲစိတ်ကုသပြီး၍ လိုအပ်သော ဆေးဝါးစောင့်ရှောက်မှု ဆက်လက်ခံယူနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ သူရဦးတင်ဦးထံမှ သြ၀ါဒစကားများခံယူသည့် ဂါရ၀ပြုပွဲတရပ်ကို စင်ကာပူရောက် မြန်မာလူငယ်များက ဦးစီးကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါသြဝါဒခံယူပွဲကို စင်ကာပူမြို့ရှိ တိုးပါးရိုးမြန်မာဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ နေ့လယ်ပိုင်း၌ စုပေါင်းပြုလုပ်ကြခြင်းဖြစ်ပြီး အခမ်းအနားသို့ စင်ကာပူရောက် အသက် (၂၀) အရွယ်မှ (၆၀-၇၀) တန်းအထိ မြန်မာနိုင်ငံသား (၃၀၀) ခန့် တက်ရောက်ကြသည်။

ထိုင်း ၀န်ကြီးချုပ် မြန်မာနိုင်ငံသို့ ရောက်ရှိ

ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝသည် နယ်စပ် တံတားပိတ်ခြင်း အပါအ၀င် နှစ်နိုင်ငံဆိုင်ရာ ပြဿနာများ ဆွေးနွေး ရန် နေပြည်တော်သို့ ယနေ့ ရောက်ရှိနေကြောင်း သိရသည်။
“နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန်နှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး၊ ချစ်ကြည်ရေး တံတား ပိတ်ထားမှု အပါအ၀င် တခြားသော နယ်စပ်ပြဿနာများ အရေး၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု တိုက်ဖျက်ရေး စသည်တို့ကို ဆွေးနွေးရန် ယခု ခရီးစဉ် ကို ရည်ရွယ်သည်”ဟု အဖိဆစ် က မြန်မာနိုင်ငံသို့ မထွက်ခွာမီ သတင်းထောက်များကို ပြောကြားခဲ့သည်။

Monday, October 11, 2010

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ ကိုအောင်ခိုင်မင်းဧ။်နယူးဇီလန်ခရီးစဉ်


နိုင်ငံရေးအကျဉ်းသားဟောင် ကိုအောင်ခိုင်မင်း (AAPP)

အောက်တိုဘာလ (၁၀)ရက်နေ့ညနေက ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသား များကူညီစောင့်ရှောက်ရေးအဖွဲ(မြန်မာနိုင်ငံ) မှကိုအောင်ခိုင်မင်းသည် နယူးဇီလန်နိုင်ငံသို့ ရောက်ရှိလာပြီး၊ နယူးဇီလန်ရောက် မြန်မာ့ ဒီမိုကရေစီအင်အားစုများနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို အော်ကလန်မြို့ရှိ ရိပ်သာခန်း မတခုမှာ ပြုလုပ်ခဲ့ပါတယ်။
 

Saturday, October 9, 2010

ဒီချုပ် ဖျက်သိမ်းခဲ့သည့်အတွက် စွဲဆိုထားမှု ကြားနာရန် ရက်သတ်မှတ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖျက်သိမ်းခဲ့သည့်အပေါ် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာစစ်အစိုးရကို တရားစွဲဆိုထားခဲ့ရာ ယင်းအမှုကိုကြားနာရန် အောက်တိုဘာ ၁၈ ရက်နေ့ကို ချိန်းဆိုခဲ့သည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။
ဤအမှု ပထမဆုံး ကြားနာသည့်နေ့တွင် ဒီချုပ်ကို ကိုယ်စားပြုရန် ရှေ့နေကြီး ဦးကြည်ဝင်းတဦး တည်းကိုသာ ခွင့်ပြုထားသည်။
ဤအမှုအတွက် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ထိန်းသိမ်းခံ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီကိုယ်စားလှယ်များကို နောက်အပတ်တွင် တွေ့ဆုံဆွေးနွေး ခွင့်ပြုပါရန် ဒီချုပ်က အာဏာပိုင်များကို မေတ္တာရပ်ခံထားသည်။  

တရုတ် လူ့အခွင့်အရေးသမားကို နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်

၂ဝ၁ဝ နိုဘယ်ငြိမ်းချမ်းရေးဆုကို တရုတ်လူ့အခွင့်အရေး လှုပ်ရှားသူ အကျဉ်းစံ Lui Xiaoboကို ချီးမြှင့် ကြောင်း နော်ဝေနိုင်ငံ နိုဘယ်ဆု ချီးမြှင့်ရေးအဖွဲ့က ယနေ့ ကြေညာသည်။
နောက်ဆုံး ဆန်ကာတင် လူ ၂ ဦးနှင့် အဖွဲ့အစည်း ၃ ဖွဲ့ထဲက မစ္စတာ Lui Xiaoboကို ရွေးချယ်ကြောင်း ယနေ့ နော်ဝေ စံတော်ချိန် မနက် ၁၁ နာရီ တွင် ကြေညာသည်။
“တရုတ်နိုင်ငံမှာ အခြေခံ လူ့အခွင့်အရေးတွေ တရုတ်လူ့အခွင့်အရေး နိုဘယ်ငြိမ်းချမ်းရေးဆုရှင် Lui Xiaobo (Photo: Wikidemia Commons)ပြန်လည်ထွန်းကားရေးအတွက် အကြမ်းမဖက်နည်းနဲ့ အကြာကြီး တိုက်ပွဲဝင်နေသူကို ရွေးလိုက်တာပါ”ဟု နော်ဝေအခြေစိုက် ဆုရွေးချယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ 
နောက်ဆုံး ဆန်ကာတင်စာရင်း တစ်ပေးခံရသူများမှာ အသက် ၅၅ နှစ်အရွယ် Lui Xiaobo အပြင် အာဖဂန်နစ္စတန်မှ လွတ်လပ်သော လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ Sima Sama ၊ အင်တာနက် ၊ နော်ဝေအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းဌာန၊ စစ်ရာဇဝတ်မှုနှင့် လူမဆန်သည့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးနေသည့် ဆီးရီးယား အထူးတရားရုံးတို့ ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး ကုလအတွင်းရေးမှူးချုပ်ထပ်မံ ပြောဆို

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီးမွန်းက မြန်မာစစ်အစိုးရကို နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးဖို့နဲ့ လာမဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲကို ပွင့်လင်းမျှတမှု ရှိပြီး သက်ဆိုင်ရာ နိုင်ငံရေး အဖွဲ့အစည်း အားလုံး ပါဝင် နိုင်အောင် အာမခံချက်ပေးဖို့ မိမိ ဆက်လက် တိုက်တွန်းနေကြောင်း အောက်တိုဘာ ၆ ရက် မနေ့က ပြောဆိုလိုက်ပါတယ်။မိမိရဲ့အဲဒီတိုက်တွန်းချက်ကို ပြီးခဲ့တဲ့လက မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့တွေ့ဆုံစဉ်မှာပြော ကြားခဲ့တာဖြစ်ကြောင်း မစ္စတာဘန်ကီးမွန်းက ကုလသမဂ္ဂဌာနချုပ်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

Friday, October 8, 2010

ရခိုင်လူငယ်များ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှား

၂၀ဝ၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင် သပိတ်မှောက်ကြလို့ ရေးသားထားတဲ့ စာရွက်တွေ လိုက်လံကပ်တဲ့ လှုပ်ရှားမှုကို ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ အောက်တိုဘာလ ၆ရက် ဒီကနေ့မနက် လင်းအားကြီး အချိန်မှာ လူငယ်တစုက ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒီလှုပ်ရှားမှုကို ဦးဆောင်ခဲ့သူတဦးဖြစ်တဲ့ ကိုအောင်သာလှက သူတို့ ဘာတွေဘယ်လို လုပ်ခဲ့တယ်ဆိုတာကို အခုလို ပြန်ပြောပြပါတယ်။ 

Wednesday, October 6, 2010

ရွှေဝါရောင် သုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အော်ကလန် တက္ကသိုလ်တွင် ဗားမားဗီဂျေ မှတ်တမ်းတင်ရုပ်ရှင် ပြသ

နယူးဇီလန်နိုင်ငံ။ အော်ကလန်မြို့ရှိ University of Auckland တွင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ - နယူးဇီလန် မှ ကြီးမှုးကျင်းပသည့် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကို အခြေခံသည့် ဗားမားဗီဂျေ မှတ်တမ်းတင် ရုပ်ရှင်ပြပွဲကို အောက်တိုဘာလ ၄ ရက်နေ့က ပြုလုပ်ခဲ့ပါသည်။ ရုပ်ရှင်ပြသပြီးချိန်တွင် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ဧ။် တာဝန်ခံ မာဂရက်တေလာမှ ယနေ့ပြုလုပ်ရသည့် ရည်ရွယ်ချက်ကိုပြောကြားပါသည်။

Saturday, October 2, 2010

ရှစ်ဆယ့်ရှစ်ကျောင်းသားခေါင်းဆောင် ကိုမြအေးရဲ့သမီး (သို့မဟုတ်) ဒီမိုကရေစီမျိုးဆက်သစ် မဝေနှင်းပွင့်သုန် ရဲ့ မိန့်ခွန်း

"ကျမရဲ့အဖေကို ကျမ ပထမဦးဆုံးမြင်တွေ့ဖူးတာကတော့ သံတိုင်တွေကြားကတဆင့်မြင်တွေ့ရတဲ့ အကျဉ်းထောင် ထဲက အခန်းကျဉ်းကလေးထဲမှာဖြစ်ပါတယ်။ အဲဒီတုန်းက ကျမအသက် (၄)နှစ်ပဲရှိပါသေးတယ်။
"သူဟာ ၁၉၈၈ ခုနှစ်မှာ စစ်အာဏာရှင်စံနစ် ဆန့်ကျင်တဲ့အရေးတော်ပုံမှာ ပါဝင်လှုပ်ရှားခဲ့တာကြောင့် အကျဉ်းကျခံခဲ့ရပါတယ်။ အခု နောက်ထပ်တခါ ၂၀၀၇ ခုနှစ်မှာ ငြိမ်းချမ်းစွာလှုပ်ရှားခဲ့တဲ့ အရေးအခင်းမှာပါခဲ့လို့ ထောင်ဒါဏ် (၆၅)နှစ်နဲ့ (၆)လ အကျဉ်းကျခံထားရပါတယ်။ သူရဲ့ကျန်းမာရေးဟာ တော်တော်ဆိုးနေပါတယ်။ သူ့မှာ နှလုံးရောဂါလည်းရှိပါတယ်။ ဒါပေမဲ့ သူ့အသက်ဆက်ရှင်ဘို့အတွက် လိုအပ်နေတဲ့ ဆေးဝါးကုသခွင့်ကို ငြင်းပယ်ခြင်းခံနေရပါတယ်။ ဒါပေမဲ့ ကျမရဲ့အဖေဟာ နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ကျော်ထဲကမှ တဦးသာဖြစ်ပါတယ်။ များစွာသော အကျဉ်းသားတွေဟာ နှိပ်စက်ညှင်းပမ်းခြင်းကို ခံနေရပါတယ်။ သူတို့တတွေဟာ စိုးရိမ်ရတဲ့အခြေအနေအောက်မှာ ရှိနေကြပြီးတော့ သာမန် ဆေးကုသခွင့်ကိုတောင် မရကြပါဘူး။"

Friday, October 1, 2010

အော်ကလန်တက္ကသိုလ်တွင် ဗားမားဗီဂျေ (Burma VJ ) ရုပ်ရှင်ပြမည်

အောက်တိုဘာလ (၄)ရက် တနင်္လာနေ့တွင် နယူးဇီလန်နိုင်ငံ အော်ကလန်မြို့ရှိ အော်ကလန်တက္ကသိုလ်တွင် နအဖ စစ်အစိုးရမှကြီးမှုးကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကိုဆန့်ကျင်သည့်လှုပ်ရှားမှုတရပ်အနေဖြင့် မြန်မာဒီမိုကရေစီရေးလှုပ်ရှားမှုများနှင့် နအဖ စစ်အစိုးရဧ။် ဖိနှိပ်ရက်စက်မှုများနှင့် ယင်းအဖြစ်အပျက်အမှန်များကို ကမ္ဘာကသိအောင် မှတ်တမ်းတင်ရိုက်ကူး ဖော်ထုတ်ခဲ့ကြသည့် ပြည်တွင်း သတင်းထောက်များဧ။် ကြိုပမ်းမှုများကို ပေါ်လွင်အောင်ရိုက်ကူးထားသည့် ဗားမားဗီဂျေ (Burma VJ ) ရုပ်ရှင်ကားကို ပြသမည်ဖြစ်ကြောင်း  သိရသည်။  
မှတ်တမ်းတင် ရုပ်ရှင်ပြပွဲမတိုင်မှီတွင် အရှင် သြဘာသ (မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂ - နယူးဇီလန်) နှင့် Margaret Taylor မာဂရက်တေလာ Amnesty International Aotearoa - New Zealand (အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ -နယူးဇီလန်) အဖွဲ့တို့က လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေနှင့် နအဖဧ။် ၂၀၁၀ ရွေးကောက်ပွဲသည် တရားမ၀င်ကြောင်း လှုံ့ဆော်ဟောပြောမည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရုံဖြင့် ရွေးကောက်ပွဲ တရားမျှတမည်မဟုတ်

 နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြီး လွှတ်ပေးရုံနဲ့ မြန်မာနိုင်ငံမှာ လွတ်လပ် တရားမျှတပြီး အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲတရပ် ဖြစ်မလာနိုင်ကြောင်း ပြည်ပအခြေစိုက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) က ထောက်ပြ ဝေဖန်လိုက်ပါတယ်။ 
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကာလအတွင်း ပြီးခဲ့တဲ့ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး မိတ်ဆွေနိုင်ငံများ အစည်းအဝေး အပြီး ထုတ်ပြန်ခဲ့တဲ့ သဘောထားကြေညာချက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပြီး၊ လွတ်လပ်တရားမျှတပြီး သက်ဆိုင်သူအားလုံး ပါဝင်ခွင့်ရှိတဲ့ ရွေးကောက်ပွဲတရပ် ကျင်းပရေး မြန်မာစစ်အစိုးရကို တောင်းဆိုခဲ့ပါတယ်။
ဒီတောင်းဆိုချက်နဲ့ ပတ်သက်ပြီး NCUB က အခုလို ဝေဖန်လိုက်တာဖြစ်ပါတယ်။