Tuesday, November 30, 2010

နိုင်ငံရေးအကျဉ်းသား မိသားစုများကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ ကတိပြု


(Photo: AFP)
 နိုင်ငံရေးအကျဉ်းသမားတွေရဲ့ မိသားစု ဝင်တွေကို ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၂၉ ရက် ဒီိကနေ့ တွေ့ဆုံပြီး အားပေးစကား ပြောကြားခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေသာ မကပဲ အကျဉ်းသား မိသားစုတွေရဲ့ သာရေးနာရေး ကိစ္စတွေကိုပါ ကူညီ ဆောင်ရွက်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ကတိပေး ပြောဆိုသွားတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့၊ ရွှေတောင်ကုန်း ကျောင်းတိုက်တွင် နိုဝင်ဘာ ၂၉ ရက်က နိုင်ငံရေး အကျဉ်းသားများ၏ မိသားစု ဆွေမျိုးသားချင်းများကို ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (အလယ်) တွေ့ဆုံနှုတ်ဆက်ပြီး အားပေးစကား ပြောကြားနေပုံ ဖြစ်ပါသည်။ 

Wednesday, November 24, 2010

နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ကျော် လွတ်မြောက်ရေး မမေ့ဖို့ AAPP တိုက်တွန်း

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသား ၂ ထောင်ကျော်ကို လွှတ်ပေးဖို့ (AAPP)နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအဖွဲ့ က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

တချိန်ထဲမှာလည်း သူတို့ လွတ်မြောက်ရေးကို သတိမေ့မထားဖို့ နိုင်ငံတကာအသိုင်းဝိုင်းကို ပန်ကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာရုံ နဲ့ မလုံလောက်သေးကြောင်း ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော်ကိုလည်း လွှတ်ပေးဖို့  လိုကြောင်း အေအေပီပီရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် တွေ့ဆုံခွင့်ရ

 

ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်ကို မင်္ဂလာဒုံလေဆိပ်၌ တွေ့ရစဉ်။ 
ဒေါ်အောင်ဆန်းစုကြည်က ၁ဝ နှစ်ကျော် ကွဲကွာခဲ့သော သားငယ် ကိုထိန်လင်း ခေါ် ကင်မ် အဲရစ်ကို ရန်ကုန်မြို့ မင်္ဂလာဒုံ လေဆိပ်၌ ယနေ့ နံနက် သွားရောက်ကြိုဆိုခဲ့သည်။

၃၃ နှစ်အရွယ် ကိုထိန်လင်းသည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ ယခုလ ၈ ရက်နေ့တွင် ပြည်ဝင်ခွင့် ဗီဇာ တောင်းဆိုခဲ့ပြီးနောက် ယမန်နေ့က မြန်မာနိုင်ငံ ပြည်ဝင်ခွင့် ဗီဇာရရှိခဲ့ခြင်း ဖြစ်သည်။

သားနှင့် တွေ့ဆုံခွင့်ရသည့်အပေါ် မည်သို့ ခံစားရပါသလဲဟု သတင်းထောက် တဦး၏ အမေးကို ဒေါ်အောင်ဆန်းစုကြည်က “ပျော်ပါတယ်” ဟု ပြန်လည် ဖြေကြားခဲ့သည်။

Monday, November 22, 2010

နယူးဇီလန်တွင် အခြေချနေထိုင်သော နိုင်ငံတကာမှ ဒုက္ခသည်များရဲ့ အတွေ့အကြုံနှီးနှောဖလှယ်ပွဲ

ကရင်အမျိုးသမီးတဦးမှ ၄င်းဖြတ်သန်းခဲ့ရaသာ
ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်ဘ၀အခြေအနေများကို
တင်ပြဆွေးနွေးစဉ်။ (ရာဇ၀င်)

နိုဝင်ဘာလ ၂၁ ရက်နေ့က နယူးဇီလန်နိုင်ငံ ၊ အော်ကလန်မြို့ရှိ အော်ကလန် တက္ကသိုလ်မှာ နယူးဇီလန်နိုင်ငံတွင် လာရောက်အခြေချ နေထိုင်ကြသော ကမ္ဘာအနှံ့အပြားမှ ဒုက္ခသည်များက မိမိတို့ဖြတ်သန်းခဲ့ရသော ပြည်တွင်းပြည်ပ အတွေ့အကြုံများကို ရှင်းလင်းတင်ပြတဲ့ ( Refugee Stories Symposium Program) နှီးနှောဖလှယ်ပွဲတခု ပြုလုပ်ခဲ့ပါတယ်။

ထိုပွဲကို နယူးဇီလန်နိုင်ငံတွင် လာရောက်အခြေချနေထိုင်သူများအတွက် ဖွင့်လှစ်ပေးသော လူမှုရေး၊ ဘာသာစကားနှင့် ပညာရေး အထောက်အကူ ပေးနေသာ (AUT Center for Refugee Education, School of Languages and Social Sciences, Applied Humanities) အဖွဲ့၊ ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးအဖွဲ့ (Refugee Manangemant Service) တို့က ကြီးမှူး ကျင်းပခဲ့တာ ဖြစ်ပါတယ်။

NLD လူငယ်အစည်းအဝေးတက်ဖို့ ပြည်နယ်နဲ့တိုင်း လူငယ်များ ရန်ကုန်ရောက်

‘ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ...’ ဟူသော စာတမ်းပါ
တီရှပ်ဆင်တူ ဝတ်ဆင်၍ နိုဝင်ဘာ ၁၂ ရက်က
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့တွင်
ဒေါ်အောင်ဆန်းစုကြည် လွတ်လာမည်ဟု
မျှော်လင့်စောင့်ဆိုင်းနေသူများ ဖြစ်ပါသည်။ (Photo: AFP)


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မနက်ဖြန် ကျင်းပ မယ့် လူငယ်အစည်းအဝေး တက်ရောက်ဖို့အတွက် ပြည်နယ်နဲ့တိုင်း အသီးသီးက လူငယ် ၁ ရာကျော် ဒီကနေ့ ရန်ကုန်ကို ရောက်လာတယ်လို့ သိရပါတယ်။

ဒီ အစည်းအဝေးဟာ ခါတိုင်း သုံးလပတ် လူငယ် အစည်းအဝေးတွေနဲ့ မတူဘဲ ဒေါ်အောင်ဆန်းစုကြည် ၇ နှစ်တာ နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာအပြီး ပထမဦးဆုံးအကြိမ် ကျင်းပတာဖြစ်တဲ့အတွက် ပြည်နယ်နဲ့တိုင်း အဆင့်သာမကဘဲ မြို့နယ်အဆင့်တွေပါ တက်ရောက်ကြမယ်လို့ ပါတီ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။ 

Sunday, November 21, 2010

၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်ပေးအပ်

အမျိုးသား ပြန်လည်သင့်မြတ်ရေး လိုလားသူများနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ဒီမိုကရေစီ အင်အားစုတွေက ခေတ်အဆက်ဆက် နိုင်ငံရေးမှာ ပါဝင်ခဲ့တဲ့ သက်ကြီးဝါကြီး မျိုးချစ်ပုဂ္ဂိုလ်တွေကို ကန်တော့တဲ့ပွဲ ဒီကနေ့ ကျင်းပခဲ့ကြသလို၊ ၂၁ ရာစု ပင်လုံညီလာခံနဲ့ တိုင်းရင်းသားအရေး ဆောင်ရွက်ဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ခေါင်းဆောင်အဖြစ် တာဝန် ပေးအပ်လိုက်ကြပါတယ်။

ဒီပွဲကို ရန်ကုန်မြို့က ဝါရင့် နိုင်ငံရေးသမားကြီး သခင်သိန်းဖေရဲ့ နေအိမ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့တာပါ။ ဒီပွဲနဲ့ ပတ်သက်လို့ NLD ပြန်ကြားရေး တာဝန်ခံတဦး ဖြစ်တဲ့ ဗဟို အလုပ်အမှုဆောင် ဦးအုန်းကြိုင်က အခုလို ပြောပါတယ်။
 
တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေး အင်အားစုများကနေပြီး ဒုတိယအကြိမ် ပင်လုံသဘောတူညီချက် အောင်မြင်စွာ ပေါ်ထွက်လာတဲ့အထိ တိုင်းရင်းသားအားလုံးကို စည်းရုံးပြီးတော့ တတိုင်းပြည်လုံး၊ ဒီမိုကရေစီ အင်အားစုများ အားလုံးကို စည်းရုံးပြီးတော့ ဆောင်ရွက်ပေးဖို့ တာဝန်လွှဲအပ်ပါရစေလို့ မေတ္တာရပ်ခံတယ်။ အဲဒီလို မေတ္တာရပ်ခံပြီးတော့ ဇိုမီးအမျိုးသား ခေါင်းဆောင်ဖြစ်တဲ့ ဦးပူကျင်ရှင်းထန်က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်နဲ့ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် လက်ကို အမျိုးသား ပြန်လည်သ့င့်မြတ်ရေး လိုလားတဲ့ ဒီမိုကရေစီ အင်အားစုများ စုပေါင်း လက်မှတ်ရေးထိုးထားတဲ့ အဲဒီ မူရင်း ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပရေးစာတမ်းကို ပေးအပ်ပါတယ်။
 
မျိုးဆက်အသီးသီးက ဝိုင်းဝန်း တာဝန်ပေးတာကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံပြီး၊ ဒီကိစ္စတွေ အကောင်အထည်ဖော်ဖို့ သူတယောက်တည်း စွမ်းဆောင်နိုင်မှာ မဟုတ်တဲ့အတွက် အားလုံးက ဝိုင်းဝန်းပါဝင် ကူညီဖို့ ပြန်လည် မေတ္တာရပ်ခံ ခဲ့ပါတယ်။ သက်ကြီးဝါကြီးတွေကို ကန်တော့ပြီး နောက်ပိုင်းမှာ မျိုးဆက်သစ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ကန်တော့ခဲ့ကြပါတယ်။
 
ဒီနေ့ပွဲမှာ ၆၂ မျိုးဆက်၊ ၇၄ မျိုးဆက်နဲ့ ၈၈ မျိုးဆက်တွေ ပါဝင်ခဲ့ကြပါတယ်။ ကန်တော့ခံပုဂ္ဂိုလ် အယောက် ၂၀ ကျော်ရှိပြီး တက်ရောက်ကြတဲ့ အင်အား ၂ ရာကျော် ရှိတယ်လို့ သိရပါတယ်။ (RFA)

Tuesday, November 16, 2010

ပါတီလုပ်ငန်းတာဝန်များ ဒေါ်အောင်ဆန်းစုကြည် စတင်ထမ်းဆောင်

နေအိမ်အကျယ်ချုပ်မှ လွတ်လာပြီးနောက်
ပါတီ တာဝန်များကို ပြန်လည် ထမ်းဆောင်ရန်
ပထမဆုံးနေ့အဖြစ် နိုဝင်ဘာ ၁၅ ရက်က
ဒေါ်အောင်ဆန်းစုကြည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဌာနချုပ်ရုံးသို့ ရောက်ရှိလာစဉ် လူထု ပရိသတ်က
ဝိုင်းဝန်း ဆီးကြို နှုတ်ဆက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၁၅ ရက် ဒီကနေ့ ဗဟန်း ရွှေဂုံတိုင်လမ်းမှာရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရုံးချုပ်မှာ ပထမဆုံးနေ့ အဖြစ် ပါတီ လုပ်ငန်းတာဝန်တွေကို စတင် ထမ်းဆောင်တယ်လို့ သိရပါတယ်။

ဒီကနေ့ မနက်ပိုင်း ၁၀ နာရီမှာ အရင်ဆုံး ဥပဒေ အထောက်အကူပြု အဖွဲ့နဲ့ တွေ့ဆုံပြီး ပါတီ ရင်ဆိုင်နေရတဲ့ အခြေအနေအရပ်ရပ်နဲ့ ဥပဒေရေးရာ ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် မနေ့က မေးမြန်းခွင့်မရခဲ့တဲ့ နိုင်ငံခြား သတင်းထောက်တွေရဲ့ ပန်ကြားချက်အရ ဒီကနေ့မှာ သတင်းထောက်တွေနဲ့ ထပ်မံ တွေ့ဆုံခဲ့တယ်လို့ ပါတီပြောခွင့်ရသူတွေက ပြောပါတယ်။

Monday, November 15, 2010

ဒီမိုကရေစီဖြစ်ပေါ်ရေး ပြည်သူတွေ ပါဝင်ဖို့ လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ဖြစ်ထွန်းလာဖို့ ပြည်သူတွေ ပိုပြီးပါဝင်ဖို့ လိုတယ်လို့ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ RFA ကို ပြောကြားပါတယ်။

“ကျမ အဓိက စိတ်ထဲမှာ ရှိတာကတော့ ကျမတို့ ဒီမိုကရေစီ ရရှိဖို့ ဆိုတာဟာ ပြည်သူတွေ ပိုပိုပြီးတော့ ပါဝင်ဖို့ လိုတယ်။ ပြည်သူတွေဆိုတာ ကျမတို့နိုင်ငံက ပြည်သူတွေတင် မကဘူး၊ ကမ္ဘာ့ပြည်သူတွေပါ ပေါ့နော်။ အဲဒီတော့ ကျမ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာလည်း ပြောခဲ့ပါတယ်။

Sunday, November 14, 2010

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အထိန်းခံမှ ပြန်လွတ်ပြီ

ပြည်သူလူထုရှေ့ ပြုံးရွှင်နေသော ဒေါ်အောင်ဆန်းစုကြည်
(ဓါတ်ပုံ မဇျွိမ)
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလ ၁၃ ရက် ၂ဝ၁ဝ ပြည့်နှစ်၊ ယနေ့ ညနေပိုင်းတွင် လွတ်မြောက်အပြီး နေအိမ်ခြံဝင်းရှေ့၌ စောင့်ကြိုနေသည့် ပြည်သူများကို နှုတ်ခွန်းဆက်သနေစဉ် (ဓာတ်ပုံ - မဇ္ဈိမ) ။ လွတ်မြောက်လာချိန်တွင် ပြည်သူ ၄ ထောင်ကျော်က နေအိမ်အနီး စောင့်မျှော်နေခဲ့ပြီး၊ သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရုံးချုပ်ဘက်တွင်လည်း လူဦးရေ တသောင်းကျော် စောင့်ဆိုင်းနေခဲ့သည်။

"တက်ညီလက်ညီ ရှိရမယ်" ဆိုတဲ့ စကားကို ဒေါ်အောင်ဆန်းစုကြည် က ပြည်သူတွေနဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့ပါတယ်။

Wednesday, November 10, 2010

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အမေရိကန်သမတ တောင်းဆို

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အမေရိကန် သမတ ဘာရက် အိုဘားမားက အင်ဒိုနီးရှားနိုင်ငံမှာ ရောက်ရှိစဉ် တောင်းဆိုလိုက်ပါတယ်။ အင်ဒိုနီးရှား ပြည်သူတွေထံ တိုက်ရိုက် အသံလွှင့်တဲ့ မိန့်ခွန်းတခုမှာ နိုဝင်ဘာ ၉ ရက် ဒီကနေ့ ညဦးပိုင်းက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရ ရွေးကောက်ပွဲ တရားမျှတ လွတ်လပ်မှု မရှိကြောင်း၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ထွန်းကားလာတဲ့အထိ အမေရိကန်နိုင်ငံအနေနဲ့ ဆက်ကြိုးပမ်းသွားမဲ့အကြောင်း မစ္စတာ အိုဘားမားက ပြောပါတယ်။

Saturday, November 6, 2010

နယူးဇီလန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများက ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် ဆန္ဒပြပွဲပြုလုပ်

မြန်မာစစ်အစိုးရကပြုလုပ်မဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့်၊ နိုဝင်ဘာလ (၆)ရက်နေ့ နံနက် (၁၀)နာရီမှ စတင်ကာ နယူးဇီလန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများက ဆန္ဒပြပွဲတရပ်ပြုလုပ်ခဲ့ပါတယ်။

ထိုဆန္ဒပြပွဲကို အော်ကလန်မြို့လယ်ရှိ (Aotea square) ရင်ပြင်မှာ ပြုလုပ်ခဲ့ပါတယ်။ ဆန္ဒပြပွဲသို့ နယူးဇီလန်နိုင်ငံရေးပါတီများဖြစ်သည့် လေဘာပါတီ၊ ဂရင်းပါတီ မှ အမတ်များ၊ နယူးဇီလန်အလုပ်သမားသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ နယူးဇီလန်နိုင်ငံသားများလည်း ပူးပေါင်းပါဝင် ဆန္ဒပြကြပြီး ဆန့်ကျင်ဆန္ဒပြပွဲကို ထောက်ခံအားပေးစကားများ ပြောကြားပေးခဲ့ ကြပါတယ်။  

Friday, November 5, 2010

နယူးဇီလန်တွင် ရွေးကောက်ပွဲကိုဆန့်ကျင်သည့် ဆန္ဒပြပွဲပြုလုပ်မည်

နအဖက ပြုလုပ်သော ၂၀၁၀ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင် ကန့်ကွက်သည့် အနေဖြင့် နယူးဇီလန်နိုင်ငံ၊ အော်ကလန်မြို့လယ်တွင် နယူးဇီလန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစိအင်အားစုများက နိုဝင်ဘာလလ (၆)ရက် စနေနေ့ (၁၀)နာရီအချိန်တွင် ဆန္ဒပြပွဲတရပ်ပြုလုပ်မည်ဟု သိရသည်။

We Burmese Democratic Exiles cordially invite all the people who support Democracy and Human Rights for Burma to join the protest.
To condemn for the upcoming Military Junta pre-arranged Fake Burma’s Election 2010.

(Yazawin)

Thursday, November 4, 2010

အိန္ဒိယရောက် မြန်မာပြည်သူများက စစ်အစိုးရရွေးကောက်ပွဲကို ဆန္ဒပြ

 
India-based Burmese pro-democratic forces organized
a protest rally at Jantar Mantar on 3 November 2010
against the upcoming Burma’s 2010 election
on 7 November 2010
၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမယ့် မြန်မာ စစ်အာဏာပိုင်များရဲ့ ရွေးကောက်ပွဲအား ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို အိန္ဒိယရောက် မြန်မာပြည်သူများက နိုဝင်ဘာ ၃ ရက်နေ့ နေ့လည်ပိုင်းတွင် ပြုလုပ်ခဲ့ကြ ပါတယ်။ အဲဒီ ဆန္ဒပြပွဲကို ဂျန်တာမန်တန်းပန်းခြံအနီး ပြုလုပ်ခဲ့ရာ အင်အား ၇၀၀ ခန့် တက်ရောက်ခဲ့ပြီး အိန္ဒိယ၀န်ကြီးချုပ်ထံ အိတ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့ပါ တယ်။ အဲဒီ အိတ်ဖွင့်ပေးစာကို အိန္ဒိယရှိ အဖွဲ့ပေါင်း ၁၄ ဖွဲ့က စုပေါင်း လက်မှတ်ရေးထိုးထားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ ပြန်လည် သုံးသပ်ရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ရေးအတွက် တောင်းဆိုထားကြောင်း သတင်းရရှိပါတယ်။
(Yazawin)