Saturday, April 30, 2011

စစ်အစိုးရနှင့် သဘောတူညီချက်များကို ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး ထုတ်ဖော်ပြောကြား

၂၀၀၃ မေလ ၃၀ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး၊ အဲဒီအရေးအခင်း နောက်ပိုင်း၊ ၂၀၀၄ ခုနှစ် မေလ အမျိုးသားညီလာခံ ပြန်မစမီကာလအတွင်း စစ်အစိုးရအာဏာပိုင်တွေနဲ့ ညှိနှိုင်း ဆွေးနွေးရရှိခဲ့တဲ့ သဘောတူညီချက်တွေ ကို မြန်မာ့ဒီမိုကရေစီခေါင်းေ ဆာင် ဒေါ်အောင်ဆန်းစုကြည်က ပထမ ဦးဆုံးအကြိမ်အဖြစ် RFA ကနေ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ဒီပဲယင်းအဖြစ်အပျက် အပြီး စစ်အစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ NLD ခေါင်းဆောင်တွေအကြား လျှို့ဝှက် ဆွေးနွေးပွဲတွေ အကြိမ် တော်တော်များများ ရှိခဲ့ပါတယ်။ ထိခိုက်နစ်နာသူတွေကို ထိုက်သင့်တဲ့ နစ်နာကြေးပေးရေး အပါအဝင် အချက် ၄ ချက်ကို အာဏာပိုင်တွေက သဘောတူညီခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

Sunday, April 24, 2011

နာရေးကူညီမှုအသင်း ၁ဝ နှစ်ပြည့် အခမ်းအနား ကျင်းပ

ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူ
ဦးဆောင်သည့် နာရေးကူညီမှုအသင်း
ဆယ်နှစ်ပြည့်အခမ်းအနားကို  ၂ဝ၁၁ ခုနှစ်
ဧပြီလ ၂၃ ရက်နေ့တွင် မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့ပြီး၊ အသင်း၏ 
လူမှုရေးလုပ်ငန်းများ အတွက်
အမေရိကန်ဒေါ်လာ တသောင်းငါးထောင် 
လှူဒါန်းခဲ့ပါသည်။
(Photo: demowaiyen)
ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှုအသင်း ဆယ်နှစ်ပြည့် အခမ်းအနားကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားကို မနက် ၉ နာရီမှာ စတင်ခဲ့ပြီး လူမှုရေးအသင်း ဖြစ်ပေါ်လာအောင် တိုက်တွန်းခဲ့တဲ့ ရုပ်ရှင်အနုပညာရှင်၊ ကွယ်လွန်သူ ဦးသုခ ရဲ့ ရုပ်တုဖွင့်ပွဲကိုလည်း တပါတည်း ကျင်းပခဲ့ပါတယ်။

ဒီကနေ့ ခမ်းအနားကို မြန်မာ့ဒီမိုကရေစီခါင်းဆောင် ဒ်ါအောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့ပြီး၊ ကိုကျော်သူတို့ရဲ့ လူမှု ကူညီထောက်ပံ့ရေး လုပ်ငန်းတွေအတွက် အလှူငွေ အမေရိကန် ဒေါ်လာ တသောင်းငါးထောင် ကို လည်း ဒေါ်အောင်ဆန်းစုကြည်က လှူဒါန်းသွားခဲ့တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုကျော်သူက အခုလို ပြောပါတယ်။

Saturday, April 23, 2011

ကြံ့ဖွံ့က အလောင်းလုမှု ကြုံရဟု ဦးကျော်သူ ပြော

နာရေးကူညီမှု လုပ်ရာတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးက လာရောက် အလောင်းလုမှုများကို ကြုံတွေ့ခဲ့ရကြောင်း အသင်း တည်ဆောက်မှု သက်တမ်း ၁ဝ နှစ် ရှိပြီဖြစ်သော နာရေး ကူညီမှုအသင်း (ရန်ကုန်) မှ ဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။

“သူတို့က အတင်းလာပြီးတော့ သယ်ပေးမယ် လို့ ပြောတယ်ပေါ့လေ။ ဒါပေမဲ့ ကာယကံရှင်က သူတို့ အကူအညီကို လက်မခံဘဲနဲ့ ကျနော်တို့ အကူအညီကိုပဲ လက်ခံလိုက်တယ်။ အလောင်းတောင် လုတယ်ဆိုတော့ လူကြားလို့တောင် မကောင်းဘူးလေ” ဟု ဦးကျော်သူက မဇ္ဈိမကို ပြောသည်။

Friday, April 22, 2011

အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းသာယာရေးကို ရှေးရှုသည့် လုပ်ဆောင်ချက်များကို အကောင်အထည်ဖော်ပေးပါရန် မေတ္တာာရပ်ခံပန်ကြားခြင်း

မိတ်ဆွေများခင်ဗျား
ယခုပို့လိုက်သောစာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပနှင့် လူငယ် ကွန်ယက်မှပူးပေါင်းဆောင်ရက်ချက်ဖြစ်ပါသည်။ ဒ်ါအောင်ဆန်းစုကြည် ကိုယ်တိုင် လက်မှတ်ရေးထိုးထားပါသည်။ ပြည်တွင်းတွင်လည်း ကျယ်ပြန့်စွာ ဆောင်ရွက်နေပါသည်။ မိတ်ဆွေများ အနေဖြင့် မိမိတို့၏ သက်ဆိုင်ရာ ဒေသများတွင် ဆက်လက်ပြီး ကျယ်ကျယ်ပြန့်ပြန့်ဆာင်ရွက်ပေးစေလိုပါသည်။

မြန်မာကို အာဆီယံ ဥက္ကဋ္ဌရာထူးအတွက် လက်မခံလိုဟု အမေရိကန် ပြော

၂၀၀၉ ခုနှစ်က စင်ကာပူနိုင်ငံတွင် ကျင်းပသော
အာဆီယံ-အမေရိကန် ခေါင်းဆောင်များစည်းဝေးပွဲတွင်
အမေရိကန်သမ္မတ အိုဘားမား၊ ထိုစဉ်က
စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့်
တခြားနိုင်ငံ ခေါင်းဆောင်များကို တွေ့ရစဉ် (ဓာတ်ပုံ - AP)
လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးတို့တွင် နာမည်ဆိုးရှိ သည့် မြန်မာနိုင်ငံသည် လာမည့် ၂၀၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဆိုပါက အတူတကွ အလုပ်မလုပ်လိုကြောင်း အမေရိကန်အစိုးရက ပြောဆိုလိုက်သည်

မန်မာနိုင်ငံက အာဆီယံ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခွင့်ရရန် အထူးကြိုးပမ်းနေစဉ်တွင်ပင် အမေရိကန်အစိုးရသည် တခြား အာဆီယံ အဖွဲ့ဝင်နိုင်ငံများသို့ မြန်မာအစိုးရသစ်နှင့် ပတ်သက်၍ ၎င်းတို့၏ သဘောထားကို ထုတ်ဖော် ပြောဆိုထားပြီးဖြစ်ကြောင်းလည်း သိရသည်။

Monday, April 18, 2011

ကိုမင်းကိုနိုင် ကျန်းမာရေး မိသားစုဝင်တွေ စိုးရိမ်

၈၈ မျိုးဆက် ကျောင်းသား ကိုမင်းကိုနိုင်
၂ဝဝ၇ ခုနှစ် ဇန်နဝါရီလက နှစ်ရှည်ထောင်ဒဏ်မှ
လွတ်မြောက်ခဲ့ပြီးနောက် မိသားစုနေအိမ်တွင်
တွေ့ရသည့်မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)
ရှမ်းပြည်နယ် ကျိုင်းတုံထောင်ကို ပို့ခံ ထားရတဲ့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ကျန်းမာရေး ချို့တဲ့နေတယ်လို့ သတင်းရရှိပါတယ်။
ကိုမင်းကိုနိုင်ဟာ မကြာခဏ ခေါင်းမူးတဲ့ဝေဒနာ ခံစားနေရသလို၊ နှလုံးအားနည်းတဲ့ ရောဂါပါ ခံစားနေရပြီလို့ သိရပါတယ်။ သင်္ကြန်မတိုင်ခင်က ကိုမင်းကိုနိုင်ကို ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ အမဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က RFA ကို အခုလို ပြောပါတယ်။

"ဆေးဝယ်ခိုင်းလို့ ဆေးဝယ်ပေးခဲ့ရတယ်။ ငလျင်လှုပ်ပြီးကတည်းက နည်းနည်း အားနည်းနေတယ်။ အခုတော့ ဆေးသောက်ရင်တော့ သက်သာမယ်လို့ ပြောတာပဲ"

ယာယီနိုင်ငံကူး လက်မှတ် ထိုင်းလေယာဉ်စီးခွင့်ရ

မဲဆောက် လေဆိပ် (ဓာတ်ပုံ - ဧရာဝတီ)
ထိုင်းပည်တွင်းလေကြောင်းလိုင်း (၄)လိုင်းက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ ဘန်ကောက်မြို့နှင့် ချင်းမိုင်မြို့များသို့နေ့စဉ်ပြေးဆွဲလျှက်ရှိ ရာမြန်မာအလုပ်သမား များလည်း ယာယီနိုင်ငံကူးလက်မှတ် သုံး၍ လေယာဉ် ဖြင့်ခရီးသွားလာလျက်ရှိသည်။

အထူးသဖြင့်အတာသင်္ကြန်ကာလမတိုင်မီနှင့်  သင်္ကြန်အပြီးတွင် မြန်မာအလုပ်သမား အများဆုံးသွားကြသည်ဟု ဘန်ကောက်ရှိ ခရီးသွားလုပ်ငန်း ကုမ္ပဏီတခုတွင် လုပ်ကိုင်နေသူတဦးက ပြောသည်။

Sunday, April 17, 2011

သင်္ကြန်နှစ်ကူးမှာ ဒေါ်စု လူထုကိုနှုတ်ဆက်

မနေ့ကမဟာသင်္ကြန်အတတ်နေ့မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ထူးထူးခြားခြား နေအိမ်ရှေ့ထွက်ပြီး၊ လမ်းသွားလမ်းလာတွေနဲ့ သင်္ကြန်ရေကစားသူတွေ ကို နှစ်သစ်ကူး နှုတ်ဆက်ခဲ့ပါတယ်။ စနေနေ့ ညနေပိုင်း ၄ နာရီလောက်မှာ သူ့ရဲ့ အနီးကပ် လုံခြုံရေးဆောင်ရွက်ပေးသူတွေ ၀န်းရံပြီး နေအိမ်ခြံဝန်းထိပ်ကို ထွက်လာ နှုတ်ဆက်တာပါ။  

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းကျန်းမာမာရှိတာကြောင့် သင်္ကြန်တွင်း အခုလိုကိုယ်တိုင်ခြံပြင် ထွက်ပြီး မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်နိုင်တာလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်း က ပြောပါတယ်။ 

လမ်းသွားလမ်းလာအချို့ကတော့ ရုတ်တရက် မမျှော်လင့်ပဲ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို တွေ့လိုက်ရလို့ ၀မ်းသာဝမ်းနည်း ဖြစ်ရတယ်လို့   ပြောကြပါတယ်။ တပြိုင်တည်း အဲဒီ ညနေပိုင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံရှေ့မှာ သင်္ကြန်စတုဒီသာအလှူပွဲကိုလည်း ပြုလုပ်ခဲ့ပါတယ်

Thursday, April 14, 2011

ထိုင်းက ဒုက္ခသည် တသိန်းကျော် ပြန်ပို့မည်

မယ်လ ဒုက္ခသည်စခန်း (ဓာတ်ပုံ - Getty Images)
ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်း ၉ ခုတွင် နေထိုင်လျက်ရှိသော ဒုက္ခသည် တသိန်းကျော်ကို ထိုင်းအစိုးရက မြန်မာနိုင်ငံ သို့ ပြန်ပို့နိုင်ရန် စီစဉ်နေသည်။

ထိုင်းအစိုးရ အနေဖြင့် မြန်မာနိုင်ငံတွင် အစိုးရသစ် ပေါ်ထွန်လာသည့် အတွက် ဒုက္ခသည်များကို ပြန်ပို့ရန် ယခုကဲ့သို့ စီစဉ်နေ ခြင်း ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် အနှစ်၂၀ ခန့်မှ စတင်၍ မြန်မာ အစိုးရတပ်များက ကရင်ပြည်နယ်နှင့် တခြားသော ဒေသများတွင် ထိုးစစ်ဆင်မှုကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည်များကို နေရပ်သို့ ပြန်ပို့ရန် ထိုင်းအစိုးရအနေဖြင့် စီစဉ်နေခြင်း ဖြစ် သည်။

Saturday, April 2, 2011

ပိတ်ဆို့မှု တိုးမြှင့်ရေး အမေရိကန်အမတ်များ တောင်းဆို

Photo: Courtesy of Sen. Mitch McConnell's Office
အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလီကန် အမတ်များ၏
ခေါင်းဆောင် မစ်ခ်ျ မက်ကောနယ်လ်ဖေဖော်ဝါရီ ၁၅ ရက်နေ့က
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် 
တယ်လီဖုန်း ဆက်ကာ စကားပြောဆိုနေပုံ ဖြစ်ပါသည်။ 
(Photo: Courtesy of Sen. Mitch McConnell's Office)
အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်ခတ်မှု ပိတ်ဆို့ အရေးယူမှုတွေကို တိုးမြှင့်ဖို့ လိုအပ်ကြောင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် တယောက် ခန့်အပ်ဖို့ ထင်ရှားတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ၄ ဦးက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ထံ စာရေးပြီး မတ်လ ၃၁ ရက် မနေ့က တောင်းဆိုလိုက်ပါတယ်။

ဒါ့ပြင် အထက်လွှတ်တော်အမတ်တွေက မြန်မာအစိုးရအပေါ် ဘဏ်လုပ်ငန်းဆိုင်ရာ ပိတ်ဆို့မှုတွေ တိုးမြှင့်ဖို့ တောင်းဆိုထားပြီး မြန်မာအစိုးရအနေနဲ့ သိသာထင်ရှားတဲ့ ဒီမိုကရေစီဆိုင်ရာ ပြောင်းလဲမှုတွေ ပြုလုပ်လာတဲ့ အထိ ပိတ်ဆို့မှုတွေကို ဆက်လက်ထားရှိဖို့ မိမိတို့ ဆန္ဒရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးထံ လက်မှတ်ရေးထိုး ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။