Thursday, June 23, 2011

ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ဖွဲ့ရန် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့ကုလ သမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ်စ်အိုဟေးကင်တာနာ ၂၀၁၀ မတ်လက တောင်းဆို ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ စုံစမ်းရေးကော် မရှင် (CoI) ဖွဲ့စည်းရေးကို ထောက်ခံကြောင်း ယမန်နေ့က အမေရိကန် အောက်လွှတ်တော်တွင် ပြောကြားလိုက်သည်။

အမေရိကန် အောက်လွှတ်တော်၏ အာရှနှင့် ပစိဖိတ်ရေးရာ ကော်မတီ၏ မြန်မာ့အရေး ကြားနာပွဲ သို့ ပေးပို့သော ကြိုတင်အသံသွင်းထားသည့် ဗီဒီယိုမိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

Tuesday, June 21, 2011

နယူးဇီလန်နိုင်ငံ အော့က်လန်တွင် ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ်ပြည့်မွေးနေ့ အခမ်းအနား

ရာဇ၀င် (နယူးဇီလန်) 19 June 2011

မန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒ်ါအောင်ဆန်းစုကြည် ရဲ့ (၆၆)နှစ်မြောက်မွးနေ့ ပွဲအခမ်းအနားကို နယူးဇီလန်နိုင်ငံ ၊အာ့က်က လန်မြို့တွင် ၂၀၁၁၊ ဇွန်လ ၁၉ ရက် (တနင်္ဂနွေနေ့) နယူးဇီလန် စံတော်ချိန် ညနေ ၃ နာရီမှ ၅ နာရီအထိ ကျင်းပခဲ့ပါတယ်။

အခမ်းအနားတွင် ဗုဒ္ဓဘာသာ ရဟန်းတော်များက ဒေါ်အောင်ဆန်းစုကြည်အတွက် ပရိတ်တရားတော်ကို ရွတ်ဖတ်ကာ မွေးနေ့ဆုတောင်း မတ္တာပို့သပေးခဲ့ပါတယ်။ ထို အခမ်းအနားကို နယူးဇီလန် လွှတ်တော်အမတ်များ ဖြစ်ကြတဲ့ ဂရင်းပါတီ (Green Party) ပါလီမန်အမတ် မစ္စတာ ကိသ်လော့ (Keith Lock) နဲ့ လေဘာပါတီ (Labor Party) အမတ် ကာရို ဗျူးမောက် (Carol Beaumont) တို့ ဧည့်သည်တော်အဖြစ် တက်ရောက် ကာ၊ မွးနေ့ နှုတ်ခွန်းဆက် စကား ပြောကြားခဲ့ကြပြီး၊ ဒ်ါအောင်ဆန်းစုကြည် မွေးနေ့ကိတ်ကိုခွဲ၍မွးနေ့ဆုတောင်းပေးခဲ့ကြပါတယ်။

Tuesday, June 14, 2011

မြန်မာကို ဦးတည်သည့် မြောက်ကိုရီးယားသင်္ဘော တားမြစ်ခံရ

မြန်မာနိုင်ငံသို့ ဒုံးကျည်လက်နက်နှင့် ဆက်စပ်ပစ္စည်များ သယ်ဆောင်လာသည်ဟု ယူဆရသော မြောက်ကိုရီးယား ကုန်တင်သဘောင်္ တစီးသည် အမေရိကန် ရေတပ်က တားမြစ်သောကြောင့် မိခင်နိုင်ငံသို့ လွန်ခဲ့သည့် ၂ ပတ်ခန့်က လှည့်ပြန် သွားခဲ့ရကြောင်း သိရသည်။ 

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တောင်ဘက် ပင်လယ်ပြင်တွင် M/V Light အမည်ရှိ မြောက်ကိုရီးယားသင်္ဘောကို တာဝေး မိုင် ၃၅၀ ခန့်အထိ ပစ်ခတ်နိုင်သည့် ဝေဟင်ပစ် ဒုံးကျည်များနှင့် ဆက်စပ်ပစ္စည်းများ၊ နည်းပညာများကို သယ်ဆောင်လာခဲ့ သည်ဟု သံသယရှိ၍ အမေရိကန် ရေတပ် ဖျက်သင်္ဘော McCompbell က တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း New York Times ၏ ယမန်နေ့က သတင်းတပုဒ်တွင် ဖော်ပြထားသည်။

Sunday, June 12, 2011

နေပြည်တော် မြို့မဈေးတွင် ဗုံးကွဲ

နေပြည်တော် မြို့မဈေးတွင် ယမန်နေ့ညက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း သတင်း ရရှိသည်။

“ည ၈ နာရီကျော်ကျော်လောက်မှာ အုံးကနဲ အသံကြားလိုက်တယ်။ အဲဒါနဲ့ ပြေးသွားကြည့်တော့ ဗုံးကွဲတာတဲ့။ ဈေးအတွင်းထဲက သန့်စင်ခန်းမှာ ဖြစ်တာ။ ဒဏ်ရာရတဲ့ သူတွေက ဗုံးစထိတာမဟုတ်ပါဘူး။ ဗုံးကွဲတဲ့ အရှိန်ကြောင့် လွင့်လာတဲ့ အုတ်ခဲကျိုးတွေထိပြီး ဒဏ်ရာရတာပါ။ သိပ်မပြင်းထန်ပါဘူး” ဟု နေပြည်တော် မြို့မဈေး ပွဲရုံတန်းတွင်နေထိုင်သူတဦးက ဧရာဝတီသို့ ပြောသည်။