Sunday, October 21, 2012

တိုင်းပြည်ကို ဇောက်ထိုးလှန်မယ့် ကြံ့ဖွတ်များ

ဓါတ်ပုံ - ကိုလှိုင်ဘွား
မြန်မာနိုင်ငံတော်အလံကို ဇောက်ထိုး ပြောင်းပြန်ထူထားကြောင်းသတင်းစာတစောင်က ဓါတ်ပုံနဲ့တကွဖ်ာပြထားပါတယ်။ "နိုင် ငံတော်အလံ ကို ဇောက်ထိုးထားတယ်ဆိုတာ ကောင်းတဲ့အလုပ်တော့မဟုတ်ပါဘူးဘယ်လိုအကြောင်းတွေရှိနေပါစေ နိုင်ငံကိုယ် စားပြုအမှတ်တံဆိပ် တစ်ခုကိုတော့ ပြောင်းပြန်မထားသင်ဘူး မသိလို့ လုပ်တာလား? သိသိကြီးနဲ့လုပ်တာလား?" စတဲ့မေးခွန်းတွေ ကိုလည်း ဖေ့စ်ဘုတ် စာမျက်နှာတွေမှာ အများကြီးတွေ့ရပါတယ်။

Thursday, October 18, 2012

ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်က ငြိမ်းချမ်းရေးဆု ချီးမြှင့်

၁၉၈၅ ခုနှစ် အမေစု ဂျပန်မှာ ပညာ သင်ကြားနေတုန်းက ရိုက်ထားတဲ့ ဓါတ်ပုံလေးပါ။ ဒေါ်အောင်ဆန်းစုကြည်ဘေးနားက Colonel Suzuki's ၏ ဇနီး။ (၂၉.၄.၁၉၈၆)

အောက်တိုဘာ ၂၅ ရက်နေ့မှာ Sakai မြို့တော်မှာ ချီးမြှင့်ပေးအပ်မယ့် တတိယ အကြိမ်မြောက် Sakai ငြိမ်းချမ်းရေးဆုကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်မယ့်အကြောင်း ဂျပန်နိုင်ငံက ကြေညာလိုက်ပါတယ်။

ဒီဆုဟာ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေ အနေနဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေး တိုးတက် ထွန်းကားစေဖို့ ဆောင်ရွက်သူများကို ချီးမြှင့်တဲ့ ဂျပန်နိုင်ငံ Osaca ပြည်နယ် Sakai မြို့အုပ်ချုပ်ရေးအဖွဲ့ က (၂) နှစ် တစ်ကြိမ် ချီးမြှင့်တဲ့ဆု ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု သမ္မတ မစ္စတာ အိုဘားမား၏ အထူးလက်ထောက် Ms. Samantha Powerနှင့်အဖွဲ့ ဒေါ်အောင်ဆန်းစု ကြည်အား လာရောက်တွေ့ ဆုံ

အမေရိကန်ပြည်ထောင်စု သမ္မတ မစ္စတာ အိုဘားမား၏ အထူးလက်ထောက် Ms. Samantha Powerနှင့် အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်အား ယနေ့နံနက် 10:00 မှ 10:40 အထိ နေပြည်တော်ရှိ Auriun Palace Hotel တွင် လာရောက်တွေ့ ဆုံ နှုတ်ဆက် ဆွေးနွေးခဲ့စဉ်။  (17-10-2012) Photo-Sunny

Tuesday, October 16, 2012

မြန်မာနိုင်ငံမှာ OIC ရုံးဖွင့်ခွင့်ပြုမည်မဟုတ်

ရန်ကုန်မြို့ မြို့တော်ခမ်းမရှေ့တွင် OIC ရုံးဖွင့်ခွင့်မပြုရေး သံဃာတော်များ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေစဉ် (အောက်တိုဘာ ၁၅၊ ၂၀၁၂)
 
 မြန်မာနိုင်ငံအတွင်းမှာ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) ရုံး တွေ ဖွင့်ခွင့်ပေးမှာ မဟုတ်ဘူးလို့ အစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။  ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးတွေနဲ့ မူဆလင်တွေကြား ပဋိပက္ခတွေဖြစ်ခဲ့ပြီးတဲ့နောက် (OIC) ရုံးဖွင့်မဲ့ကိစ္စကို ကန့်ကွက်တဲ့ အနေနဲ့ ရန်ကုန်မြို့အပြင် တခြားမြို့တွေမှာ ဆန္ဒ ထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့ ကြပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ရန်ကုန်မြို့မှာ သံဃာတော်တွေ စီတန်းလှည့်လည်ခဲ့တဲ့ တောက်လျောက်မှာ သတင်းလိုက်လံယူခဲ့တဲ့ ရန်ကုန်အခြေစိုက် VOA သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) ရုံး တွေ လုံးဝ ဖွင့်မှာ မဟုတ်ဘူးလို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး က VOA မြန်မာပိုင်းကို ခုလို အတည်ပြု ပြောပါတယ်။


“ပြည်သူလူထုကြားမှာ ပြန့်နှံ့ဖြစ်ပေါ်လျက်ရှိတဲ့ မြန်မာနိုင်ငံမှာ OIC ရုံးဖွင့်လှစ်မယ့် သတင်းနဲ့ စပ်လျဉ်းပြီး ရုံးဖွင့်မယ့်ကိစ္စဟာ ပြည်သူ့ဆန္ဒနဲ့ မကိုက်ညီသဖြင့် ခွင့်ပြုမည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သိရှိပါသည်။ ဒါဟာ ကျနော်တို့ထုတ်ပြန်ထားတာ။ အဲ့တာ ဒီညသတင်းမှာလည်း ထုတ်မယ်။ မနက်ဖြန်သတင်းစာမှာလည်း ပါမှာပါ။”

Monday, October 15, 2012

OIC မည်သည့်ပုံစံဖြင့်လာလာ ဆန့်ကျင်မည် ဟု စစ်တွေခေါင်းဆောင်များက ဦးထွေးလှအား ပြောကြား


OIC နှင့် နားလည်မှုစာချွန်လွှာရေးထိုးခဲ့သူ နယ်စပ်/စည်ပင် ညွှန်ကြားရေးမှူးချုပ် ဦးထွေးလှ နှင့် စစ်တွေမြို့မှ ဦးဆောင်ဦးရွက်ပြုသူ အချို့တို့ ယမန်နေ့ညနေခုနစ်နာရီခန့်တွင် အလွတ်သဘောတွေ့ဆုံကြရာတွင်၊ OIC က အသွင်တစ်မျိုးမျိုးဖြင့်ဝင်လာမှုကို ဆက်လက် ဆန့်ကျင်သွားကြမည် ဖြစ်ကြောင်း တွေ့ဆုံခဲ့သူများကပြောကြားခဲ့သည်ဟု ယင်းအစည်းအဝေးပြုလုပ်ရာနေရာတွင် ရှိနေခဲ့သူတစ်ဦးကCoral Arakan အားပြောကြား သည်။

OIC စစ်တွေမြို့တွင် ရုံးဖွင့်မည်ဆိုသည်မှာ မဟုတ်ကြောင်း နောက်ဆုံးထုတ် Voiceဂျာနယ်ရှေ့ဖုံးပါ ၄င်းနှင့်အင်တာဗျူးကို ပြသရင်း ဦးထွေးလှက ဒီက ဒေသခံများ၏ စကားသံကို ကြားချင်သောကြောင့် ယခုလိုတွေ့ဆုံရသည်ဟု ရှင်းလင်းပြောကြား ပြီးနောက်၊ ဒေါက်တာအေးမောင် (ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကဌ) ၊ဦးထွန်းကျော် (အင်းပေါက်ဝကုမ္ပဏီ)၊ ဦးကျော်ဇောဦး (၀ံလက်ဖောင်ဒေးရှင်း) ၊ဦးအောင်မြကျော် (ပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) နှင့် ဒေသခံလုပ်ငန်းရှင် တစ်ဦးတို့ ၀င်ရောက်ဆွေးနွေးခဲ့ကြသည် ဟု အဆိုပါ အမည်မဖော်လိုသူက ပြောကြားသည်။

Sunday, October 14, 2012

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌရာထူး ဦးရွှေမန်း ယူဖွယ်ရှိ

ပြည်ခိုင်ဖြိုးပါတီ အထွေထွေညီလာခံသို့ တက်ရောက်လာသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်
ဓာတ်ပုံ-အိဖြူလွင်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုတက်ရေးပါတီတွင် ဥက္ကဌ ရာထူးကို ပထမဆုံးအကြိမ် ရွေးချယ်တော့မည်ဖြစ်ပြီး ဥက္ကဌ နေရာကို သူရဦးရွှေမန်း ယူနိုင်ဖွယ်ရှိကြောင်း ယင်းပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးကပြောကြားသည်။

"လုပ်မယ့်သူမရှိတော့ အကြီးဆုံးဖြစ်တဲ့သူက ပါတီကို ဦးဆောင်ရမှာပဲ"ဟု ဦးဌေးဦးကဆိုသည်။ (The Voice Weekly)

အောင်လအန်ဆောင် အနိုင်ရရှိ

 
ဆုကြေးငွေများအား ကချင်ဒုက္ခသည်များကို လှူဒါန်းမည်ပာု ကြေငြာ ထားသော MMA လက်ဝှေ့သမား ကချင်တိုင်းရင်း သား အောင်လအန်ဆောင် အမေရိကန်နိုင်ငံ တွင်ယနေ့ ကျင်းပသည့် MMA ၀ယ်သာဝိတ်တန်း ပြိုင်ပွဲ၌ အနိုင်ရရှိ........(ပုညဆွေ)

လူ့အခွင့်အရေး လမ်းလျှောက်ပွဲမှာ ကိုကိုကြီး မိန့်ခွန်းပြောကြား

နိုင်ငံတကာ လွတ်လပ်ခြင်းနဲ့ လူ့အခွင့်အရေး လမ်းလျှောက်ပွဲမှာ ပါဝင် ဆင်နွှဲနေတဲ့ ပြင်သစ်ရောက် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး (ယာ)။( အောက်တိုဘာလ ၁၃ ရက်၊ ၂၀၁၂)။ (ဓာတ်ပုံ - ကိုထင်ကျော်၊ ပဲရစ်)။
လူ့အခွင့်အရေး ဆိုတာ နယ်နိမိတ် အကန့်အသတ် မရှိတဲ့အတွက် နိုင်ငံတကာနဲ့ လက်တွဲ ဆောင်ရွက်ရင် မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့  လူ့အခွင့်အရေး ဆိုင်ရာ ခြေလှမ်းတွေ ပိုပြီး မြန်ဆန် လာနိုင်တယ်လို့ ဥရောပနိုင်ငံ ၅ နိုင်ငံ စုပေါင်း ကျင်းပတဲ့ နိုင်ငံတကာ လွတ်လပ်ခြင်းနဲ့ လူ့အခွင့်အရေး လမ်းလျှောက်ပွဲမှာ  ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက မိန့်ခွန်း ပြောကြားခဲ့သလို  မြန်မာနိုင်ငံနဲ့ လက်တွဲ ဆောင်ရွက်ကြဖို့ပါ ပန်ကြားခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ ကို ရောက်နေတဲ့ ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကို ဒေါ်ခင်မျိုးသက်က ဆက်သွယ် မေးမြန်းတဲ့ အခါ အခုလို စပြောပါတယ်။

“ပြင်သစ်နိုင်ငံရောက်နေတဲ့ မြန်မာလူငယ်တွေ၊ သူတို့ကလည်း ကျနော်နဲ့ သီးခြားတွေ့ဖို့အတွက် စီစဉ်ထားတဲ့ တချိန်တည်းမှာ ရောက်ရောက်ချင်း နိုင်ငံတကာ လွတ်လပ်ခြင်းနဲ့ လူ့အခွင့်အရေး လမ်းလျှောက်ပွဲပေါ့လေ။ ၅ နိုင်ငံ စုပေါင်းလုပ်တယ်။ အဲဒီမှာ ကျနော့်ကို ဖိတ်တာနဲ့ အီဖယ် မျှော်စင်ရဲ့ရှေ့၊ လူ့အခွင့်အရေး ရင်ပြင်ကို လမ်းလျှောက်ပြီးတော့၊ စတာကတော့ လစ်ဘာတီ ရုပ်ထုရှေ့ကနေ စတာပေါ့။ စပြီးတော့ အဲဒီ အီဖယ် မျှော်စင်ရှေ့ လူ့အခွင့်အရေး ရင်ပြင်မှာ ကျနော်တို့ အလှည့်ကျပေါ့လေ၊ နိုင်ငံအလိုက် စကားပြောကြတဲ့ အစီအစဉ်ပါ။ အဲဒီမှာ ကျနော် ၀င်ပြီးတော့ ပါဝင်ခဲ့တာ။”

မြန်မာ့ရုပ်ရှင်နေ့ ဂုဏ်ပြု အခမ်းအနား

မြန်မာ့ရုပ်ရှင်နေ့ ဂုဏ်ပြုအခမ်းအနားသို့ တက်ရောက်လာသော ကိုမင်းကိုနိုင် နှင် ဦးဇာဂနာ

မြန်မာ့ရုပ်ရှင်နေ့ ဂုဏ်ပြု အခမ်းအနား သို့ ဒေါ်အောင်ဆန်းစုကြည်မှ ပေး ပို့  သော သ၀ဏ်လွှာတွင် "ရုပ်ရှင်ဆိုတဲ့ စကား စုရဲ့ အဓိပ္ပယ်က ရှင်းရှင်းလေး ဘဲ ရှင်သန်လှုပ်ရှားနေတဲ့ ရုပ်ပုံလွှာဘဲ ။ ရုပ်ရှင်ကို ရုပ်သေ နဲ့ နှိုင်းပြီး စဉ်းစား လိုက်ရင် ရုပ်ရှင် အနုပညာရှင်များ ရဲ့ အရေးပါမှု ကို နားလည် လာစေနိုင်ပါ တယ်။ ရုပ်သေရဲ့ ဆွဲဆောင်မှုထက် ရုပ်ရှင်ရဲ့ ဆွဲဆောင် မှု၊ ဆွဲဆောင်မှု ရှိစေတာက ပိတ်ကား၊ ဖန်သားပေါ်မှာ ထင်လာစေတဲ့ လှုပ်ရှားမှုတွေပါ။ ပရိသတ်ရဲ့ ဦးနှောက်နဲ့ နှလုံးသားကိုပါ လှုပ်ရှားနေသလိုပါဘဲ ဒါကြောင့် ရုပ်ရှင် အနုပညာရှင်များက မိမိရဲ့ အနုပညာ ကို မှန်မှန်ကန်ကန် အသုံး ချဖို့ လိုအပ်ပါတယ်။ မြန်မာ့ရုပ်ရှင်နေ့ မှာ ရုပ်ရှင်လောက သားများ လောက ကြီး အကျိုးဆထက်ပိုး သယ်ပိုးနိုင် ပါကြောင်း ဆုတောင်မေတ္တာ ပို့ သလိုက်ပါတယ်။" ဟု အကယ်ဒမီ လူမင်းမှ ဖတ်ကြားခဲ့ကြောင်း သိရသည်။ Popular

Friday, October 12, 2012

2012 နိုဗယ်ငြိမ်းချမ်းရေးဆု



2012 နိုဗယ်ငြိမ်းချမ်းရေးဆု ကို European Union ရရှိ သွားပါသည်။

OIC ရုံးခွဲတွေ ဖွင့်လစ်ဖို့ စီစဉ်တာကို ကန့်ကွက်ဆန္ဒပြ


မြန်မာနိုင်ငံမှာ OIC ရုံးခွဲတွေ လာရောက်ဖွင့်လစ်ဖို့ စီစဉ်တာတွေနဲ့ပတ်သက်ပြီး မန္တလေးမြို့မှာ ယနေ့ နေ့လည် ၁နာရီခန့် ရဟန်းသံဃာအပါး ၁၀၀၀ ခန့်က ကန့်ကွက်တဲ့အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြပါတယ်။

နိုဘယ်လ် စာပေဆု တရုတ်စာရေးဆရာရရှိ

တရုတ်ခေတ်သစ်စာရေးဆရာ Mo Yan
ဒီနှစ် နိုဘယ်လ် စာပေဆုကို တရုတ် စာရေးဆရာ Mo Yan ရရှိသွားပါတယ်။ ဂုဏ်သတင်းကြီးလှတဲ့ ဒီနိုဘဲလ် ဆုကို မိုယန် ရလိုက်တဲ့အကြောင်းကို တော်ဝင် ဆွီဒင် အကယ်ဒမီ အဖွဲ့က ဒီကနေ့ပဲ ကြေညာသွားတာပါ။ သူ့ရဲ့ ရိုးရာပုံပြင်၊ သမိုင်းစာပေနဲ့ ခေတ်သစ်စာပေ အရေးအသားတွေ က လူတွေကို တွေးခေါ်မှု ပုံစံ အမျိုးမျိုး ပေးခဲ့တာကြောင် အခုလို ဒီဆုကို မိုယန် ရရှိသွားတာပါ။ တရုတ်နိုင်ငံရဲ့ ခေတ်သစ်စာရေး ဆရာတွေထဲမှာ သူဟာ ထင်ရှားသူတဦး ဖြစ်ပါတယ်။

Thursday, October 11, 2012

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကွယ်လွန်


လက်ရှိမြန်မာ့တပ်မတော်ကို စတင်တည်ထောင်ရာမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူပါဝင်ခဲ့တဲ့ ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောဟာ ဒီကနေ့ မနက်မှာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ကွယ်လွန် သွားပြီ ဖြစ်ပါတယ်။ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောနဲ့ ရင်းနှီးသူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နာယက၊ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးကတော့ သူကွယ်လွန်တာဟာ နိုင်ငံသားကောင်း တယောက်၊ သူရဲကောင်းတယောက် ဆုံးရှုံးသွားတာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။ ဒီကနေ့ ကွယ်လွန် သွားတဲ့ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောရဲ့ နာရေးသတင်း ကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော်ဟာ မြန်မာလွတ်လပ်ရေးတိုက်ပွဲနဲ့ ဖက်ဆစ်တော်လှန်ရေးမှာ ဦးဆောင် ပါဝင်ခဲ့သူ ဖြစ်သလို တရုတ်ဖြူစစ်ပွဲတွေမှာ ထင်ရှားခဲ့သူတယောက်ဖြစ်ပြီး ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီဝင် တယောက်အဖြစ် တရုတ်နိုင်ငံမှာ ခိုလှုံနေစဉ် အသက် ၉၃ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

Wednesday, October 10, 2012

မြန်မာနဲ့ တောင်ကိုရီးယားသမ္မတတို့ ၂ နိုင်ငံဆက်ဆံရေးတိုးမြှင့်ဖို့ ဆွေးနွေး

သမ္မတဦးသိန်းစိန်နှင့် တောင်ကိုရီးယားသမ္မတ အီမြောင်ဘတ်
မြန်မာသမ္မတ ဦးသိန်းစိန်ဟာ သူ့ရဲ့ တောင်ကိုရီးယားခရီးစဉ် ဒုတိယနေ့ ဒီကနေ့ ညနေစောင်းက သမ္မတ အီမြောင်ဘတ်နဲ့ တွေ့ဆုံပြီး ရင်းနှီးမြှုပ်နှံမှုတွေကို အာမခံမယ့် သဘောတူညီမှု ရ ရှိအောင် နှစ်နိုင်ငံအကြား ဆွေးနွေး ညှိနှိုင်းသွားကြမယ် လို့ တောင်ကိုရီးယား သမ္မတရုံးက သတင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီကနေ့ အစောပိုင်းတုန်းကတော့ သမ္မတ ဦးသိန်းစိန်ဟာ တောင်ကိုရီးယားနိုင်ငံက အလတ်စားနဲ့ အသေးစား စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့တာပါ။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

တောင်ကိုရီးယားနိုင်ငံကို သုံးရက်ကြာ တရားဝင် အလည်အပတ် ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန် ကို တောင်ကိုရီးယားနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော် အခမ်းအနားနဲ့ ကြိုဆိုတဲ့အသံတွေကို ကြားခဲ့ရတာပါ။


သမ္မတဦးသိန်းစိန်ကို ဒီကနေ့ ညနေစောင်းမှာ တောင်ကိုရီးယားသမ္မတ အီမြောင်ဘတ်နဲ့ ဆိုးလ်မြို့တော်မှာရှိတဲ့ Cheong Wa Dae သမ္မတ အိမ်တော်မှာ လက်ခံတွေ့ဆုံခဲ့တာပါ။

Tuesday, October 9, 2012

တရုတ်ကုမ္မဏီ ၂ ခုနဲ့ စီးပွားရေးမလုပ်ဖို့ အမေရိကန်ကွန်ဂရက် သတိပေး

အမေရိကန်ကွန်ဂရက်ရဲ့ အောက်လွှတ်တော်ထောက်လှမ်းရေး ကော်မတီ အမေရိကန်အမတ်များ

တရုတ်နိုင်ငံက ဆက်သွယ်ရေးပစ္စည်းတွေထုတ်လုပ်တဲ့ လုပ်ငန်းကြီးနှစ်ခုဖြစ်တဲ့ ဟွာဝေ (Huawei) နဲ့ ZTE ကုမ္ပဏီကြီးတွေဟာ၊ အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့အတွက်၊ ဒီ ကုမ္ပဏီကြီးနှစ်ခုနဲ့ စီးပွားရေးမလုပ်ကြဖို့ အမေရိကန် ကွန်ဂရက်ရဲ့ အောက်လွှတ်တော်ထောက်လှမ်းရေးကော်မတီ က နောက်ဆုံးထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာ သတိပေးထားပါ တယ်။

တရုတ်ရဲ့တယ်လီဖုန်းအစိတ်အပိုင်းတွေကိုထုတ်လုပ်တဲ့ အကြီးဆုံးသော ဒီကုမ္ပဏီ ကြီးနှစ်ခုက ပစ္စည်းတွေကို၊ အမေရိကန်အစိုးရဲ့ ကွန်ပျူတာစနစ်တွေမှာ အသုံးမပြုကြဖို့ ကိုလည်း၊ ထောက်လှမ်းရေးကော်မတီရဲ့ အစီရင်ခံစာထဲမှာ တိုက်တွန်း ထားပါတယ်။ ဒီကုမ္ပဏီကြီးနှစ်ခုကို ထုတ်လုပ်တဲ့ တယ်လီဖုန်းအစိပ်အပိုင်းတွေထဲက တဆင့် အဆင့်မြင့် ဆက်သွယ်ရေးတွေကို ကြားဖြတ်ဖမ်းယူ ဖို့၊ ထောက် လှမ်းရေးသတင်းတွေကို စုစည်းဖို့နဲ့ နိုင်ငံရဲ့အရေးပေါ်ကာလတွေမှာ ဆက်သွယ်ရေးကွန်ယက်တွေကို
ဖျက်ဆီးပစ်ဖို့တွေ ကို လုပ်ကိုင်နိုင်ဖို့၊ တရုတ်အစိုးရက ခွင့်ပြုထား တယ်လို့၊ အောက်လွှတ်တော်ထောက်လှမ်းရေးကော်မတီဝင်  အမေရိကန် အမတ်တွေ က ဆိုကြပါတယ်။

Monday, October 8, 2012

ဘယ်မြေဘယ်နေရာရောက်ရောက် မျိုးချစ်စိတ်မပျောက်တဲ့ အောင်လ ထိုးသတ်ကြေးရသမျှ စစ်ဘေးဒုက္ခသည်များကို လှူမည်


အမေရိကန်နိုင်ငံတွင်ကျင်းပသည့် အားကစားနည်းတစ်မျိုးဖြစ်သောMixed Martial Artist MMA ဘက်စုံသုံးကိုယ်ခံပညာပြိုင်ပွဲဝင် တစ်ဦးဖြစ်သူ ကချင်တိုင်းရင်းသား အောင်လအန်ဆောင်က လာမည့်အောက်တိုဘာလ ၁၃ ရက်နေ့တွင်ထိုးသတ်ရမည့်ပွဲစဉ်မှ ရရှိသော ငွေများအား ကချင်ဒုက္ခသည်များအား ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။ ကချင်ပြည်နယ်မြစ်ကြီးနားဇာတိဖြစ် သူအောင်လအန်ဆောင်သည် အမေရိကန်နိုင်ငံ မစ်ချီကန်ပြည်နယ်၊ အင်ဒရူးတက္ကသိုလ်မှစီးပွားရေးနှင့် မွေးမြူရေး သိပ္ပံဘွဲ့ရရှိခဲ့သူ တစ်ဦးဖြစ်ပြီး Mixed Martial Artist ပညာကို ၂၀၀၄ ခုနှစ်မှ စတင်သင်ကြားခဲ့သူတစ်ဦးဖြစ်သည်။

အမေရိကန်နိုင်ငံတွင်ကျင်းပသည့် အားကစားနည်းတစ်မျိုးဖြစ်သောMixed Martial Artist MMA ဘက်စုံသုံးကိုယ်ခံပညာပြိုင်ပွဲဝင် တစ်ဦးဖြစ်သူ ကချင်တိုင်းရင်းသား အောင်လအန်ဆောင်က လာမည့်အောက်တိုဘာလ ၁၃ ရက်နေ့တွင်ထိုးသတ်ရမည့်ပွဲစဉ်မှ ရရှိသော ငွေများအား ကချင်ဒုက္ခသည်များအား
The Burmese Pythonဟုအမည်ပြောင်ခေါ်ကြသော အောင်လ အန်ဆောင်သည် ၂၀၀၇ ခုနှစ်မှစတင်ကာပရော်ဖက်ရှင်နယ်ပြိုင်ပွဲများ သို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ လက်ရှိအချိန်အထိ ၂၃ ပွဲယှဉ်ပြိုင်ကစားအပြီးတွင် ၁၅ ပွဲနိုင်၊ ၈ပွဲ ရှုံး၊ သရေပွဲမရှိ စံချိန်ရရှိထားသူဖြစ်ပြီး လာမည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် အမေရိကန်နိုင်ငံRollins Center တွင် မိုက်ဝယ်ကော့ခ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။

သမ္မတဦးသိန်းစိန် တောင်ကိုရီးယားခရီး စတင်

မန်မာသမ္မတ ဦးသိန်းစိန် တောင်ကိုရီးယား နိုင်ငံကို မထွက်ခွာမီ တွေ့ရစဉ်။ ဓာတ်ပုံ - သမ္မတရုံး။ (အောက်တိုဘာလ ၇ ရက်၊ ၂၀၁၂ ခုနှစ်)
မြန်မာသမ္မတ ဦးသိန်းစိန် ဟာ ၃ ရက်ကြာ တောင်ကိုရီးယားနိုင်ငံ ခရီးစဉ်ကို ဒီကနေ့ စတင်လိုက်ပါပြီ။ နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ သွားရောက်တဲ့  ဒီခရီးစဉ်အတွင်း စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေအပြင် ဖွံ့ဖြိုးရေး အကူအညီတွေကိစ္စလည်း ထည့်သွင်း ဆွေးနွေးဖို့ ရှိတယ်လို့ သမ္မတရုံးက ပြောပါတယ်။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ အခုလို တောင်ကိုရီးယား နဲ့ မြန်မာနိုင်ငံအကြား ဆက်ဆံရေး တိုးတက်လာတဲ့အပေါ် မြန်မာ့နိုင်ငံရေး အကဲခတ်တွေက ဘယ်လို သုံးသပ်ကြပါသလဲ။ အပြည့်အစုံကို မနန္ဒာချမ်း က တင်ပြထားပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ၃ ရက်ကြာမယ့် တောင်ကိုရီးယားနိုင်ငံ ခရီးစဉ်ကို အောက်တိုဘာလ ၇ ရက် တနင်္ဂနွေနေ့ မနက်က စတင်ထွက်ခွာ သွားပါပြီ။ တောင်ကိုရီးယား သမ္မတ အီမြောင်ဘတ်ရဲ့ ဖိတ်ကြားချက်နဲ့ သွားရောက်တဲ့ ဒီခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်မှု အပါအ၀င် ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုလို စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေရော၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်နေတဲ့ အကူအညီတွေကိစ္စပါ ထည့်သွင်း ဆွေးနွေးဖို့ရှိတယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး က ပြောပါတယ်။

Miss International Beauty Pageant 2012 ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ်အဖြစ် ပါဝင် ယှဉ်ပြိုင်


လာမည့် အောင်တိုဘာလ ၂၁ ရက်နေ့တွင် ဂျပန်နိုင်ငံ အိုကီနာဝါ၌ ကျင်းပမည့် Miss International Beauty Pageant 2012 ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် အဖြစ်ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံမှအလှမယ် တောင်   ကြီးသူ နန်းခင်ဇေယျာမှ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

ယခု Miss International Beauty Pageant 2012 ပြိုင်ပွဲကြီးမှာ ၅၂ ကြိမ်မြောက် ပွဲဖြစ်ပြီး မြန်မာအလှမယ် နန်းခင်ဇေယျာသည် Miss Myanmar International ဆုရှင်ဖြစ်သည်ဟုလည်း သိရသည်။
မြန်မာနိုင်ငံမှ ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် International Cultural Association မှ ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ယခုပြိုင်ပွဲတွင် နိုင်ငံပေါင်း ၅၀ ကျော်မှ အလှမယ်များ ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်သည်။




“ကြိုတင်ပြင်ဆင်မှုမှာတော့ အားရမှု လုံးဝမရှိဘူး။ ဘာဖြစ်လို့လဲ ဆို တော့ ဒီပွဲ အတွက် စက်တင်ဘာလ ၂ ရက်နေ့ကမှ စကမ်း လှမ်းတယ်။ ကျွန်မက စက်တင် ဘာလ ၁၀ ရက်ကနေ ၁၅ ရက်နေ့ထိ ဗီယက်နမ် မှာကျင်းပတဲ့ International Travel Expo ကို သွားရတော့ ပြင်ဆင်ချိန် သိပ်မကျန်တော့ဘူး”ဟု နန်းခင်ဇေယျာမှ ပြောေ ကြာင်း Myanmar Times သတင်းတွင် ဖော်ပြ ထားသည်။


Sunday, October 7, 2012

မြန်မာနိုင်ငံဆိုင်ရာ ဘဏ္ဍာရေး ဥပဒေတရပ် သမ္မတအိုဘားမား အတည်ပြု

U.S. President Barack Obama tapes the weekly address, October 5, 2012
 မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အားပေးဖို့ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းကြီးတွေကို အမေရိ ကန် ပြည်ထောင်စုက အထောက်အကူ ပေးတဲ့နေရာမှာ လွယ်ကူ ချောမွေ့စေမယ့် ဥပဒေတရပ် ပြဌာန်းဖို့အတွက် အမေရိကန် သမ္မတ ဘရက်အိုဘားမားက အောက်တိုဘာလ ၅ ရက်နေ့က လက်မှတ် ရေးထိုးလိုက်ပါတယ်။

နှစ် ၅၀ ကျော်ကြာ အာဏာ ချုပ်ကိုင်ခဲ့တဲ့ စစ်အစိုးရကနေ အရပ်သား အစိုးရ ပြောင်းလဲ ဖွဲ့စည်းပြီးတဲ့နောက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ ပိုပြီးတော့ ခိုင်မာလာစေဖို့ အားပေးတဲ့ မြန်မာနိုင်ငံအပေါ် အမေရိကန် အစိုးရက အရင်ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးခဲ့ပါတယ်။

ဘင်္ဂလာဒေခ်ျ့မှ ရခိုင် မိသားစုများ မြန်မာဘက်သို့ ပြောင်းရွေ့

ဘင်္ဂလာဒေခ်ျ့ တွင် တည်ရှိသော ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်း
ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဘင်ဒရာဘင် (ရွာတော်) ခရိုင် နတ်ကျောက်ဆိုးရီမြို့နယ်မှ ရခိုင်မိသားစု ၄ စု သည်  ယခု ရက်ပိုင်း အတွင်း မြန်မာဘက်သို့ ပြောင်းရွေ့သွားကြောင်း သတင်း ရရှိသည်။

ပြောင်းရွေ့သွားသူများမှာ အခင်း ဖြစ်ပွားရာ ရာမူး (ပန်းဝါ) အရှေ့ဘက်တွင် တည်ရှိသော မရှက်ချောင်း ခေါ် ချောနာဆရီ ဒေ သ ကျောင်းနားရွာမှ ဖြစ်ကြောင်း  ကျေးရွာသားတဦးက နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

“ သူတို့ပြောင်းသွားတာက ဒီဘက်မှာ ဆူဆူပူပူဖြစ်နေတယ်။ ခုလို အခြေအနေကြောင့် စိုးရိမ်သလို လုပ်ကိုင် စားသောက်ဖို့လည်း အခက်အခဲရှိ လာတဲ့ အတွက် မြန်မာဘက်ကို ပြောင်းသွားခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

Saturday, October 6, 2012

ရန်ကုန်မြို့ ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့မှာ သံဃာအပါး ၁ ရာကျော် ဆန္ဒပြ

ဘင်္ဂလားဒေ့ရှ် နိုင်ငံ ပန်းဝါ ခေါ် ရာမူးမြို့တွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ မီးရှို့ ဖျက်ဆီးခံရမှုကို ကန့်ကွက်သည့် အနေဖြင့် ၂ဝ၁၂ အောက်တိုဘာလ ၅ ရက်နေ့က ရန်ကုန်မြို့ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် သံဃာတော်များ ဆန္ဒပြနေစဉ်။ RFA
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင် ပန်းဝါခေါ် ရာမူးမြို့က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေ မီးရှို့ ဖျက်ဆီးခံရတာကို ဆန့်ကျင်တဲ့ အနေနဲ့ ရန်ကုန်မြို့၊ အင်းလျားလမ်းမှာ ရှိတဲ့ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့မှာ ဗုဒ္ဓဘာသာ သံဃာတော်အပါး ၁ ရာကျော်လောက် ဒီကနေ့ နေ့လည်ပိုင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ ပန်းဝါ ခေါ် ရာမူးမြို့တွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ မီးရှို့ ဖျက်ဆီးခံရမှုကို ကန့်ကွက်သည့် အနေဖြင့် ၂ဝ၁၂ အောက်တိုဘာလ ၅ ရက်နေ့က ရန်ကုန်မြို့ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် သံဃာတော်များ ဆန္ဒပြနေစဉ်။
ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်တဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့က အောင်မြေဗောဓိ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးမဏိသာရက အခုလို တောင်းဆိုခဲ့ပါတယ်။

Friday, October 5, 2012

ဒေါ်အောင်ဆန်းစုကြည်အပြန်ခရီး လူထုကြိုဆို

အမေရိကန်ပြည်ထောင်စုက ပြန်လာတဲ့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကို ထောင်ချီတဲ့ပြည်သူတွေ လေဆိပ်မှာ ကြိုဆိုခဲ့ကြပါတယ်။
 
အမေရိကန် ပြည်ထောင်စုကို  ၁၇ရက်ခရီး လာရောက် ခဲ့တဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ အောက် တိုဘာလ ၄ရက် ကြာသပတေးနေ့ ည  ၉နာရီ  ၄၅ မိနစ်မှာ  ကိုရီးယားလေကြောင်းလိုင်းနဲ့  ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် ကို ပြန်လည် ရောက်ရှိလာပြီဖြစ်ပါတယ်။

လေဆိပ်မှာ ထောင်နဲ့ချီတဲ့ လူအုပ်က သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသလို  တက္ကသိုလ် ရိပ်သာလမ်း နေအိမ်ရှေ့မှာလည်း  လူအုပ်ကြီးက လာရောက် ကြိုဆိုခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ အမေရိကန် နိုင်ငံ အနောက်ခြမ်း Los Angeles မြို့မှာ  သူ့ခရီးစဉ်ရဲ့ နောက်ဆုံး အစီအစဉ် အဖြစ်  မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့ပြီး  သူ့ရဲ့ အမေရိကန် ခရီးစဉ်ကို ကျေနပ်ကြောင်း ပြော ကြားခဲ့ပါတယ်။ 

Wednesday, October 3, 2012

ကျောက်ဆည်မြို့သို့ မင်းကိုနိုင်ဦးဆောင်သည့် ၈၈ မျိုး ဆက်ကျောင်းသားများအဖွဲ့ရောက်ရှိ

ဓါတ်ပုံ-အောင်နေမျိုး
၈၈ မျိုး ဆက်ကျောင်းသား ခေါင်းဆောင်ကိုမင်းကိုနိုင်
ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ဆောင်ရေးခရီးစဉ်အဖြစ် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ဦးဆောင် သည့်အဖွဲ့သည် အောက်တိုဘာလ၊(၂)ရက် ညနေ(၃)နာရီတွင် မလှိုင်မြို့ရွှေမုဋ္ဌောဘုရားစေတီတန်ဆောင်း၌ ကျင်းပသည့် ၈၈မျိုး ဆက်ကျောင်းသားများနှင့်မလှိုင်မြို့ဒေသခံပြည်သူများ၏ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ အစည်းဖော်ဆောင်ရေး တွေ့ဆုံဆွေးနွေး ပွဲသို့တက်ရောက်ခဲ့ကြသည်။ 
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ လယ်သမားရေးရာတာဝန်ခံ ကိုထွန်းမြင့်အောင်မှ တက်ရောက် လာသည့်ဒေသခံပြည်သူများနှင့် ၈၈မျိုးဆက်ကျောင်းသားများအားတစ်ဦးချင်းမိတ်ဆက်ပေး၍ မင်းကိုနိုင်၊ ကိုမြအေး၊ မနီလာသိန်း၊ မမီးမီးနှင့်မနုနုအောင်တို့ကဒေသခံပြည်သူ များအားငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဒေသခံပြည်သူများ၏သိရှိလိုသည့်မေးမြန်းချက်များကိုပွင့်လင်းစွာရှင်းလင်းဖြေကြားခဲ့ကြသည်။ (သတင်း - 88 Generation Students)

ဒေါ်အောင်ဆန်းစုကြည် LA ရောက် မြန်မာများနဲ့တွေ့ဆုံ

 
ဒေါ်အာင်ဆန်းစုကြည် လော့စ်အိန်ဂျလိစ်မြို့ မြန်မာမိသားစုများရဲ့မေးခွန်းများကို ဖြေကြားပေးနေစဉ်။ (အောက်တိုဘာ ၂ ရက်၊ ၂၀၁၂။)
မြန်မာနိုင်ငံအခြေအနေကို သတိနဲ့ ကြည့်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ သူ့ရဲ့ အမေရိကန်ပြည်ထောင်စုခရီးစဉ် ထဲက နောက်ဆုံးမြို့ဖြစ်တဲ့ Los Angeles မြို့မှာ မြန်မာ မိသား စုတွေနဲ့ တွေ့ဆုံစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က ခုလိုပြောလိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကို Federal ပြည်ထောင်စု နိုင်ငံ အဖြစ် ဖော်ဆောင်နိုင်မယ့်အလားအလာ၊ လာဘ်ပေးလာဘ်ယူ အကျင့်ပျောက်ရေး၊ မြန်မာနိုင်ငံ အတွက် ပေးသင့်တဲ့အကူအညီတွေအကြောင်း စတဲ့ ကဏ္ဍမျိုးစုံနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါ တယ်။ Los Angeles မြို့၊ Convention Center မှာ ပြုလုပ်ခဲ့တဲ့ မြန်မာမိသားစုနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပွဲအကြောင်း မစုမြတ်မွန်က ဆက်ပြောပြပါမယ်ရှင်။

အမေရိကန်ပြည်ထောင်စုခရီးစဉ်ရဲ့ နောက်ဆုံးခရီးဖြစ်တဲ့ Los Angeles မြို့မှာ မြန်မာမိသားစုတွေ နဲ့ တွေ့ဆုံတဲ့ ဒေါ်အောင်ဆန်း စုကြည်က သူ့ရဲ့ အမေရိကန်ခရီးစဉ်မှာ နွေးနွေးထွေးထွေး ကြိုဆိုကြတဲ့ အတွက် စိတ်ခွန်အားတွေဖြစ်စေခဲ့တယ်လို့ ပြောသွားခဲ့ ပါတယ်။

Monday, October 1, 2012

လက်ပံတောင်းတောင် နှီးနှောဖလှယ်ပွဲ မှ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ပြောကြားချက်

 
-- ''စစ်အစိုးရလက်ထက်က နှစ်ဦးသဘောတူ ကြိတ်ပြီးတော့ ရေးခဲ့တဲ့ စာရွတ်ပေါ်က သဘောတူညီချက်တွေကို ကျွန်တော်ကို တိုင်းသူပြည်သားများက မျက်စိမှိတ်ပြီးတော့ သဘောတူလက်ခံမှာ မဟုတ်ဘူးဆိုတာ အားလုံးကိုရှင်း ရှင်းလင်းလင်း ပြောထားခဲ့ပါ မယ်။ ဖွံ့ဖြိုးမှုကို မငြင်းပယ်ပါဘူး။ သို့သော် အဲဒီဖွံ့ဖြိုးဖို့အတွက် ကျွန်တော်တို့ ဘာတွေ ပေးဆပ်ရမှာလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိရင် အကြောင်းအရာ တစ်ခုချင်းစီအလိုက် စီမံကိန်း တစ်ခုချင်းစီအလိုက် ရွေးချယ်ခွင့် ရှိရပါမယ်။ အဲဒီဒေသခံပြည်သူတွေရဲ့ သဘောထားတွေ သူတို့ဆန္ဒတွေ၊ ဘ၀တွေကို မထိခိုက်အောင် ကာကွယ်ပေးနိုင်တဲ့ စီမံကိန်းမျိုးတွေ ဖြစ်ရပါမယ်။ ပြည်သူ့အတွက် ဘယ်လောက်ရမှာလဲဆိုတာကအစ သဘာဝပတ်ဝန်း ကျင်ဘယ်လောက် ထိခိုက်မှာလဲ နောက်မျိုးဆက်တွေအတွက် ဘယ်လောက် ထိခိုက်နိုင်သလဲဆိုတာကို အားလုံးကို ပွင့်ပွင့်လင်းလင်း သိဖို့ စပြီးတော့ နားထောင်ရတော့မယ်။ တစ်ဘက်ကလဲ ဒီအကြောင်းအရာ နဲ့ ပတ်သတ်ပြီး ချေပချင်တာ ရှင်းလင်းချင်တာရှိရင် ရှင်း။ ကျွန်တော်တို့ လိုချင်တာက ပွင့်လင်းမြင်သာမှုကို လိုချင်တာ။ အဲဒီကျမှ အထုပ်တွေပြေသွားပြီးတော့ ကိုယ့်ဟာကိုယ် မရှင်းနိုင်ရင်တော့ ခင်ဗျားတို့ ကိစ္စပေါ့ဗျာ။ အရင်က လုပ် ထားကိုင်ထားတာတွေ သိရတော့ ကျွန်တော်တို့ အမြတ်ထွက်တာပေါ့။ ဒါကြောင့် ဒီလက်ပံတောင်းတောင် စီမံကိန်းနဲ့ ပတ်သတ်ပြီးတော့ စိုးရိမ်ပူပန်သူတွေ အားလုံးရဲ့အသံတွေ၊ အရုပ်တွေကို စပြီးထုတ်ပေးလိုက်ပြီ..........။ ဒါကြောင့် ချေပချင်တဲ့သူတွေ ဒီစီမံကိန်းကြီး ဘယ်လောက်အကျိုး ရှိကြောင်း ပြောချင်တဲ့သူတွေပြောပါ။ အားလုံးကလည်း နားထောင်လိုက်ပါ။ ဒါမှလည်းမျှတမယ်'' COPY FROM-ငရဲ သား ယနေ့ အကြိုက်ဆုံး စကား....။ (၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်) လက်ပံတောင်းတောင် နှီးနှောဖလှယ်ပွဲ မှ

နိုင်ငံတော်သမ္မတကြီး လေဆိပ်တွင် စောင့်ကြိုနေသူများကို နှုတ်ဆက်

၆၇ကြိမ်မြောက်ကမ္ဘာကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က နိုဗယ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလ သမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဟောင်း ဦးသန့်တို့၏ လုပ်ဆောင်ချက်များကို မြန်မာနိုင်ငံသား တစ်ဦးအနေဖြင့် ဂုဏ်ယူမိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။






 

၆၇ကြိမ်မြောက်ကမ္ဘာကုလသမဂ္ဂအထွေထွေညီလာခံတွင်မိန့်ခွန်းပြောကြားခဲ့ သည့် ပြည်ထောင် စုမြန်မာနိုင်ငံတော်သမ္မတကြီး ဦး သိန်းစိန်သည် အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၉နာရီကရန်ကုန်မြို့ အပြည်ပြည်ဆိုင် ရာလေဆိပ်လမ်းသို့ပြန်လည်ေ ရာက်ရှိလာ ရာ ဂုဏ်ပြုကြိုဆိုရန်စောင့်ဆိုင်းနေသူများ ကို တွေ့ရစဉ်။

ဘင်္ဂလာဒေ့ရှ် Cox's Bazaar မှာ ဘုန်းကြီးကျောင်းအချို့ တိုက်ခိုက်ခံရ

 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းက Cox’s Bazaar မှာ အခု တနင်္ဂနွေနေ့ အစောပိုင်း ဒေါသဖြစ်နေကြတဲ့ ရာနဲ့ချီတဲ့ မူစလင် လူအုပ်က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း အနည်းဆုံး ငါးကျောင်းနဲ့ အိမ်အချို့ကို မီးတင်ရှို့ခဲ့ကြပါတယ်။ Facebook လူမှုကွန်ယက်မှာ အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး ဓာတ်ပုံတပုံကို ဗုဒ္ဓဘာသာဝင်တဦးက ဖော်ပြခဲ့တာမို့ မူစလင်တွေဘက်က ဒေါသဖြစ်ခဲ့ကြတာပါ။

မြန်မာနိုင်ငံနဲ့ နယ်ချင်းစပ် အဲဒီ Cox’s Bazaar မှာရှိတဲ့ ဒေသခံ ဗုဒ္ဓဘာသာဝင် တဦးဟာ မူစလင်တွေ အထွဋ်အမြတ် ထားတဲ့ ကိုရမ်ကျမ်းစာကို မထေမဲ့မြင်လုပ်တဲ့ ဓာတ်ပုံ ဖော်ပြခဲ့တယ်လို့ အကြမ်းဖက်မှုမှာ ပါဝင်နေတဲ့ ဒေါသထွက်နေတဲ့ မူစလင်တဦးက ပြောပါတယ်။

စနေနေ့ ညနေပိုင်းကတည်းက ဒီအတွက် မူစလင်တွေ အဲဒီမှာ ဆန္ဒပြခဲ့ကြတာပါ။ အခု တနင်္ဂနွေနေ့မှာပဲ အခြေအနေတွေကို တည်ငြိမ်အောင် ထိန်းထားနိုင်ပြီလို့ ရဲတပ်ဖွဲ့ကတော့ ပြောပါတယ်။ အဖမ်းအဆီးနဲ့ အထိအခိုက် သတင်းတွေတော့ မရသေးပါဘူး။
ဗွီအိုအေ (မြန်မာဌာန)