Monday, May 6, 2013

NLD ကိုယ်စားလှယ်အဖွဲ့ တရုတ်ချစ်ကြည်ရေး ခရီးသွားရောက်မည်

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ။ (မတ်လ ၁၀၊ ၂၀၁၃)။
အာဏာရ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်နဲ့ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်အချို့ လာမယ့် ရှေ့သီတင်းပတ် ထဲမှာ တရုတ်နိုင်ငံကို သွားရောက်ဖို့ရှိနေပါတယ်။ ပါတီနှစ်ရပ်အကြား ချစ်ကြည်ရေးအနေနဲ့ သွားရောက်မယ့် ခရီးစဉ်ဖြစ်ပါလိမ့်မယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

တရုတ်အစိုးရပိုင်းရော အာဏာရ တရုတ်ကွန်မြူနစ်ပါတီကပါ မြန်မာဘက်က အစိုးရနဲ့ အာဏာရပါတီတွေအပြင်၊ အခြား နိုင်ငံရေး ပါတီတွေနဲ့ ထိစပ် ဆက်ဆံမှုလုပ်လာတဲ့ အခြေအနေ တစိတ်တပိုင်းလို့ ပြောရမှာပါ။ မကြာသေးခင်ကပဲ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးသစ်နဲ့ အန်အယ်ဒီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံးအကြိမ် တွေ့ဆုံပြီးတဲ့နောက်ပိုင်း၊ အတိုက်အခံပါတီကြီးလို့ ပြောရမယ့် အန်အယ်ဒီနဲ့ တရုတ်နိုင်ငံအကြား ဆက်ဆံရေး အခုလို တိုးမြင့်လာတာဖြစ်ပါတယ်။

Wednesday, April 24, 2013

မြန်မာနိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမှု အမေရိကန်ကြိုဆို

အမေရိကန် နိုင်ငံခြားရေးဌာန ယာယီ လက်ထောက် ပြော ခွင့်ရသူ Patrick Ventrell (၁ မတ် ၂၀၁၃)

မြန်မာအာဏာပိုင်တွေကနေ နိုင်ငံရေး အကျဉ်းသား ၅၀ ကျော် ပြန်လွှတ်ပေးလိုက်တဲ့ အပေါ် အမေရိကန် ပြည်ထောင်စုက ကြိုဆိုလိုက်ပြီး၊ ကျန်နိုင်ငံရေး အကျဉ်းသားတွေ ကိုပါ ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား တချို့ ပြန်လွတ်လာတာနဲ့ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုနဲ့ ဗြိတိန်တို့ရဲ့ တုံ့ပြန်မှုတွေကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

မနေ့တုန်းက မြန်မာနိုင်ငံတွင်း အကျဉ်းသားတွေ ပြန်လွှတ်ပေးတဲ့အထဲ နိုင်ငံရေး အကျဉ်းသား ၅၉ ဦး ပါဝင်တယ်လို့ သိရပါတယ်။ ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်ဖို့အတွက် အစိုးရကိုယ်တိုင်က နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီ ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း၊ ဒါ ပထမဆုံးအကြိမ် အသုတ်လိုက် လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်ပါတယ်။

Saturday, April 20, 2013

မြန်မာ့လူ့အခွင့်အရေး အမေရိကန်ချီးကျူး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ လူ့အခွင့်အရေး ဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာ ထုတ်ပြန်စဉ်။ (၀၄-၁၉-၁၃)။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေ တိုးတက်လာခဲ့ပြီး ပြုပြင်ပြောင်း လဲရေး ဆက်ပြီး လုပ်သွားမဲ့ပုံရပေမဲ့ စိန်ခေါ် မှုတွေ အများကြီး ရှိနေသေးတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး John Kerry က ပြောလိုက်ပါ တယ်။ သောကြာနေ့က အမေရိကန်နိုင်ငံခြားရေး ဌာနမှာ ပြုလုပ်တဲ့ နှစ်ပတ်လည် လူ့အခွင့် အရေး အစီရင်ခံစာထုတ်ပြန်ပွဲမှာ ဝန်ကြီး Kerry ကခုလို ပြောကြားခဲ့ တာဖြစ်ပါတယ်။ အထီးကျန် နိုင်ငံတခု ဖြစ်နေခဲ့တဲ့ မြန်မာနိုင်ငံဟာ တိုးတက်မှုတွေ ရှိလာပေမဲ့ အမေရိန်ကန်က ဖြစ်စေချင်တဲ့ အခြေအနေ မရောက်သေးဘူးလို့လည်း သူက ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာနက နိုင်ငံအလိုက်လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာကို နှစ်စဉ် ထုတ်ပြန်တာမှာ ၂၀၁၂ ခုနှစ်အတွက် လူ့အခွင့်အရေး အစီရင်ခံစာကို သောကြာနေ့က ထုတ်ပြန်ခဲ့ တာဖြစ်ပါတယ်။ လူ့အခွင့်အရေး ကို လေးစားလိုက်နာတဲ့ နိုင်ငံတွေမှာ အခြေအနေတွေ တိုးတက်လာတယ် ဆိုတာကို အစီရင်ခံစာ ထုတ်ပြန်ပွဲ မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က မြန်မာနိုင်ငံကို ဥပမာပေးပြီး ခုလိုပြောကြားခဲ့ပါတယ်။

Sunday, April 14, 2013

၂၀၁၅ ရွေးကောက်ပွဲ တရားမျှတမှာမဟုတ်လို့ ဒေါ်စုပြော

ဂျပန်ရောက် မြန်မာနိုင်ငံသားများနဲ့ တိုကျိုမြို့မှာ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်။ (ဧပြီလ ၁၃ ရက်၊ ၂၀၁၃)။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ ဂျပန်ရောက် မြန် မာမိသားစုတွေနဲ့ စနေနေ့က တွေ့ဆုံမှုအတွင်း အမေးအဖြေလုပ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ခုလို ပြောခဲ့တာဖြစ်ပါတယ်။

“စောစောကလည်း ပထမဦးဆုံးကတည်းက ဖွဲ့စည်းပုံ အခြေခံဥပဒေအကြောင်း ကျမတို့ ပြောပြီးပါပြီး။ အဲဒီအထဲမှာ တိုင်းရင်းသားများအားလုံး လက်ခံနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ဖို့လိုပါတယ်။ ဒါက ကျမပြောတာ ရေးဆွဲတဲ့ပုဂ္ဂိုလ်များ၊ ဒီဖွဲ့စည်းပုံကို ရေးဆွဲတဲ့ပုဂ္ဂိုလ် အဖွဲ့အစည်းများထဲမှာ ဘယ်သူတွေပါလဲ။ ပါတဲ့သူတွေကို အများပြည်သူကနေ လက်ခံနိုင်ရမယ်ဆိုတာဟာ တိုင်းရင်းသားများအားလုံးကလည်း ယုံကြည်စိတ်ချပြီးတော့ လေးစားတဲ့ပုဂ္ဂိုလ်တွေ ပါဝင်ရမယ်။ အဲဒါမှ ကျမတို့က တကယ့်ကိုပြည်ထောင်စု စစ်စစ်ကို ထူထောင်နိုင်မှာပါ။ ဒီ ၂၀၁၅ ရွေးကောက်ပွဲအလွန်မှာရော အပြီး ပြန်လုပ်နိုင်မလားဆိုတော့ ကျမအမြင်မှာတော့ ၂၀၁၅ မတိုင်ခင်လုပ်မှ ပိုပြီးတော့ကောင်းလိမ့်မယ်လို့ ကျမထင်ပါတယ်။

Thursday, January 17, 2013

ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးနှင့် ၈၈မျိုးဆက်ကျောင်းသားများ တွေ့ဆုံ

ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးနှင့် ၈၈မျိုးဆက်ကျောင်းသားများ
ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ဗြိတိန်သံရုံး၏ ဖိတ်ကြားချက်အရ ၈၈မျိုးဆက်ကျောင်းသားများသည် ယနေ့ ( ဇန်န၀ါရီလ ၁၅ ရက် ) ညနေ ၃း ၃၀ နာရီက ဗြိတိန်သံအမတ်ကြီး Stephen Lillie အပါအ၀င် သံရုံးတာဝန်ရှိသူများဖြစ်ကြသော Thomas Phipps နှင့် Steph Lysaght တို့နှင့် မနီလာမြို့ရှိ ဗြိတိန်သံရုံးတွင် တစ်နာရီခွဲကြာ တွေ့ဆုံခဲ့ကြသည်။ ထိုသို့တွေ့ဆုံကြရာတွင် ဗြိတိန်သံအမတ်ကြီးနှင့် သံရုံးတာဝန်ရှိသူများက နိုင်ငံတကာ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ဗြိတိန်နိုင်ငံ၏ ကူညီပံ့ပိုးပေးခဲ့မှုများကို ရှင်းလင်းပြောဆိုခဲ့ကြပြီး ၈၈မျိုးဆက်ကျောင်းသားများက သိလိုသည်များကို မေးမြန်းခဲ့ကြသည်။ 

ယနေ့ မွန်းလွဲပိုင်း ၁၂း၃၀ နာရီကလည်း (BMFI) Balay Mindanao Foundation မှ ဥက္ကဋ္ဌဖြစ်သူ Mr. Kaloy Manlupig နှင့် တွေ့ဆုံခဲ့ကြပြီး ဖိလစ်ပိုင်နိုင်ငံအတွင်း လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးရရှိနိုင်ရေး ကြိုးပမ်းမှုများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ 

Friday, January 4, 2013

“လွတ်လပ်ရေး ကြေညာစာတမ်း”

၁၉၄၇ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့ ၊  နု-အက်တလီစာချုပ် လက်မှတ်ရေးထိုးနေစဉ်။

"အောင်စေသတည်း"  
၁။ မြန်မာသက္ကရာဇ် ၁၃၀၉ခုနှစ် ပြာသိုလဆုတ် ၉ရက် (အင်္ဂလိပ်သက္ကရာဇ် ၁၉၄၈ခုနှစ် ဇန်န၀ါရီလ ၄ရက်)တနင်္ဂနွေနေ့  ကာင်ြး မတ်သန့်စင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောအခါ၌ ဤငါတို့ မြန်မာပြည်သည် လုံးဝ လွတ်လပ်သော အချုပ်အချာ အာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးအဖြစ်သို့ ရောက်ပြီ။

၂။ ဤငါတို့ မြန်မာနိုင်ငံတော်ကြီးသည် လိုရာမတ ပြည့်စုံလှ၍ ဘူမိနက်သန်မှန်သော မြေထူးမြေမြတ်လည်း ဖြစ်၏။ မွန်မြတ်သန့်စင်သော တရားထူးတရားမြတ်တို့တည်ရာ မြေကောင်းမြေမွန်လည်း မှန်၏။ မြေတွင်းမြေပြင် အထူးထူးသော ရတနာအပေါင်းတို့နှင့် ပြည့်စုံသဖြင့် သတ္တ၀ါအပေါင်းတို့ ဆွတ်ယူစားသုံး ကမ္ဘာဆုံးသော်လည်း မသုဉ်းမကုန်နိုင်သော ပဒေသာစစ် အနှစ်သာရ ကြွယ်ဝပြည့်စုံသော မြေလည်းဖြစ်၏။ ဘူမိနက်သန် မှန်လှထူးချွန် ဤမြေမွန်မြေမြတ်၌ ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ စသည်ဖြင့်

Thursday, January 3, 2013

ကိုမင်းကိုနိုင် ဖိလစ်ပိုင်နိုင်ငံကို သွားမည်

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် ဖိလစ်ပိုင်နိုင်ငံကို ၅ ရက်ကြာသွားရောက်ဖို့ စီစဉ်နေတယ် လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ နိုင်ငံတကာအတွေ့အကြုံရရှိဖို့အတွက် သွားရောက်မှာဖြစ်တယ်လို့ ကိုမင်းကိုနိုင်နဲ့အတူ လိုက်ပါသွားမယ့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုက RFA ကို အတည်ပြုပြောကြားခဲ့ပါတယ်။

"ကျနော်တို့ အကျဉ်းထောင်တွေထဲက ပြန်လည်ထွက်လာပြီးတဲ့နောက်ပိုင်းမှာ မြန်မာပြည်ရဲ့အရေးကြီးတဲ့ကိစ္စတွေဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ဆောင်ရေး လုပ်ငန်းတွေကို လုပ်ကြတဲ့အခါမှာ အခုပြည်တွင်းမှာ တော်တော်များများ လုပ်ငန်းတွေကို လုပ်ပြီးသွားပြီဖြစ်တဲ့အတွက် ပြည်ပမှာ ဘယ်လိုအလေ့အကျင့်ကောင်းမျိုးတွေ အတွေ့အကြုံကောင်းမျိုးတွေ ရလာမလဲဆိုတာ လေ့လာမှာဖြစ်တယ်၊ တဖက်ကဖိတ်ကြားတဲ့လူတွေကလည်း ငြိမ်းချမ်းရေးဖော်ဆောင်မှုကိစ္စတွေမှာ ပဋိပက္ခဖြေရှင်းရေးတွေကို ဘယ်လိုချဉ်းကပ်သလဲ၊ ဘယ်လိုအတွေ့အကြုံတွေနဲ့ ဖြတ်သန်းကြသလဲ၊ ရလဒ်ကောင်းတွေ ဘယ်လိုရသလဲဆိုတာကို မျှဝေချင်တယ်"

Sunday, December 30, 2012

နှစ်သစ်ဆုတောင်း နဲ့  ဒို့ နိုင်ငံ



နှစ်သစ်အတွက် အမှတ်တရ ဘာရေးရင် ကောင်းမလဲလို့  စဉ်းစားလိုက်တဲ့အခါ၊ ခေါင်းထဲမှာ ရေးချင်တာတွေကများလွန်းလို့ ရယ်၊ ဖတ်တဲ့သူတွေကိုလည်း စိတ် အနှောက်အယှက်ဖြစ်မှာ စိုးရိမ်တာကတကြောင်းရယ်ကြောင့် ကိုယ်တိုင်မရေးတော့ဘဲ၊ အရင်တုန်းက ဖတ်ခဲ့ပြီး၊ ကြိုက်နှစ်သက်ရာလေးတွေကို ကာက်နှုတ်ထားတဲ့ စာစုလေးတခုကို ပန်လည်ဖော်ပြရင်း ရာဇ၀င် စာဖတ် ပရိတ်သတ်အပေါင်းကို နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာ စေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။



၂၀၁၃ ခု နှစ်သစ်ကိုကြိုဆိုရင်………..
(ရာဇ၀င်)

ဒို့ နိုင်ငံ

မြန်မာ့လူ့ အဖွဲ့ အစည်းအတွင်း အရက် နှင့် ဆေးလိပ်တို့ကို နေရာဒေသမရွေး အချိန်အခါ၊ အသက်အရွယ်မရွေး ၀ယ်ယူရရှိနိုင်သော တိုင်းပြည်။

နိုင်ငံ့အရေးသည် နိုင်ငံသားတိုင်းနှင့် သက်ဆိုင်သည်ဟု အခြေခံဥပဒေတွင် ပါဝင်သော်လည်း ကျာင်းဝင်ခွင့်လျှောက်လွှာများ တွင် နိုင်ငံရေးကင်းရှင်းကြာင်း ရဲစခန်းထောက်ခံစာရပ်ကွက်ထောက်ခံစာများ ထည့်ခိုင်းသောတိုင်းပည်။

Wednesday, December 26, 2012

မြန်မာ့လူ့အခွင့်အရေး တိုးတက်ဖို့ ကုလထပ်မံတိုက်တွန်း

ရခိုင်ပြည်နယ် စစ်တွေမြို့ ဘောဒုဖဒုက္ခသည်စခန်းမှ မူဆလင် ဒုက္ခသည်များကို တွေ့ရစဉ်။
 
 ပြီးခဲ့တဲ့လက ချမှတ်ခဲ့တဲ့  မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက် မူကြမ်းကို ကုလသမဂ္ဂ အထွေထွေညီလာခံက  တနင်္လာနေ့မှာ တညီတညွတ်ထဲ အတည်ပြုလိုက်ပါတယ်။   မြန်မာနိုင်ငံရဲ့  ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် တခဲနက်ကြိုဆိုခဲ့ပေမယ့်  အာဏာပိုင်တွေဘက်က လူ့အခွင့်အရေးချိုးဖေါက်မှုတွေရှိနေသလို  ရခိုင်ပြည်နယ်ထဲက လူနည်းစုရိုဟင်ဂျာတွေရဲ့ အခြေအနေကို စိုးရိမ်စိတ်ပူကြောင်း  အတည်ပြုထုတ်ပြန်လိုက်တာပါ။
၆၇ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးကနေ   လူမှုရေး၊ လူသားချင်းစာနာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ တတိယကော်မရှင်ရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက် မူကြမ်း ချမှတ်ခဲ့တာနဲ့ ပါတ်သက်ပြီး  တနင်္လာနေ့က  စီမံခန့်ခွဲရေးနဲ့ ငွေကြေးခန့်ခွဲရေးဆိုင်ရာ ပဉ္စမကော်မတီမှာ  ပထမဆုံးအကြိမ်အဖြစ်နဲ့  မဲခွဲစရာမလိုပဲ  တခဲနက် အတည်ပြုခဲ့ကြတာဖြစ်ပါတယ်။

Saturday, November 24, 2012

"ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသားကိုယ်စားလှယ်များနှင့် ညစာစားပွဲပြုလုပ်၊ဗမာတိုင်းရင်းသားများဖိတ်ရမည်ဆိုလျှင်တပ်မတော်သားကိုယ်စားလှယ်များလာရောက်ပါက ဖိတ်မည်ဖြစ်ေ ကြာင်းဆို"


ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်အောင်ဆန်းစုကြည် သည် ၂၂ ရက်နေ့ ညနေတွင် နယူးဇီလန် ၀န်ကြီးချုပ် နှင့်တွေ့ ဆုံပြီးနောက် ၄င်းမှဖိတ်ကြား ထားသော တိုင်းရင်းသား လွှတ်ေ တာ် ကိုယ်စားလှယ် များဖြင့် ညစာစားပွဲ ကို နေပြည်တော် စည်ပင်ရိပ်သာတွင် ညစာ တည် ခင်းဧည့်ခံခဲ့သည်။
 
ထို ညစာ စားပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံရေးတည်ဆောက်မှု နှင့် ပတ်သတ်သော လက်ရှိ လွှတ်တော် အရေးကိစ္စများ၊ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် နိုင်ငံအတွက် တိုးတက်ရေးအဆိုနှင့် မေးခွန်းများကို ထောက်ခံခြင်း၊ကန့်ကွက်ခြင်းများ
၊တိုင်းရင်းသားများ၏ ပါဝင်ဆောင်ရွက်မှု အခြေအနေများကို ညစာစားပြီးချိန်တွင် ပြောကြားခဲ့သည်။ 

Tuesday, November 20, 2012

လွတ်မြောက်သောနိုင်ငံရေးအကျဉ်းသား

လွတ်မြောက်လာသော ကိုလက်ျာထွန်းကို နှုတ်ဆက်နေသော ကိုဂျင်မီနှင့် မနီလာသိန်း

ကိုလှဦး(ABSDF)၊ ကိုသန့် ဇင်၊ ကိုလင်္ကျာထွန်း၊ ကိုနိုင်လင်းအောင်၊ ဦးသိန်းထွန်း(ခ)ကိုသိန်း၊ ဦးမြင့်ဟန်၊ နိုင်အောင်၊ ကိုကျော်သူ၊ ကိုဝင်းသိန်း၊ ကိုကိုနိုင်၊ ကိုကြည်အောင်၊ ကိုမြင့်အေး စုစုပေါင်း ၁၂ဦး သာယာဝတီထောင်မှ လွတ်မြောက်ကြောင်း သိရသည်။

သာယာဝတီထောင်မှ လွတ်မြောက်သောနိုင်ငံရေးအကျဉ်းသားစာရင်း

၁.ကိုလှဦး(ABSDF)
၂. ကိုသန့် ဇင်
၃.ကိုလင်္ကျာထွန်း
၎ ကိုနိုင်လင်းအောင်
၅ ဦးသိန်းထွန်း(ခ)ကိုသိန်း
၆. ဦးမြင့်ဟန်
၇. နိုင်အောင်
၈.ကိုကျော်သူ
၉. ကိုဝင်းသိန်း
၁၀ ကိုကိုနိုင်
၁၁.ကိုကြည်အောင်
၁၂.ကိုမြင့်အေး
Popular Myanmar Journal

သမ္မတ အိုဘားမား ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြော

ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် မိန့်ခွန်းပြောနေသည့် သမ္မတ အိုဘားမား။ နိုဝင်ဘာ ၁၉၊၂၀၁၂
အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားဟာ တနင်္လာနေ့က မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ဆီ ရောက်သွားပြီး နေ့လည်ပိုင်းက သမိုင်းဝင် ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေး မရဘဲနဲ့တော့ ဘယ်လို ပြုပြင်ပြောင်းလဲရေးမျိုးမှ အောင်မြင်မှာမဟုတ်ဘူးလို့ သမ္မတ အိုဘားမားက အလေးထား ပြောဆိုခဲ့ပါတယ်။


ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းမပြောခင်မှာတော့ သမ္မတအိုဘားမားဟာ သမ္မတဦးသိန်းစိန်အပါအ၀င် မြန်မာအစိုးရအဖွဲ့ ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။


အဲဒီနောက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်မှာ တွေ့ဆုံခဲ့ ပါတယ် ။


အကြောင်းအရာ အစုံအလင်ကို ပြောဆိုခဲ့တဲ့ သမ္မတရဲ့မိန့်ခွန်းထဲမှာ ရခိုင်ပြည်နယ်က အကြမ်းဖက်ပဋိပက္ခအခြေအနေတွေ အဆုံးသတ်အောင် လုပ်ဆောင်ဖို့ကိုလည်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။


မြန်မာစစ်တပ်အနေနဲ့ ကျွမ်းကျင်တဲ့ စစ်ဘက်အဖွဲ့အစည်းဖြစ်လာဖို့နဲ့ လူ့အခွင့်အရေးကို မြှင့်တင်ဖို့အတွက် အမေရိကန် ပြည်ထောင် စုအနေနဲ့ ထိတွေ့ ဆက်ဆံသွားမယ်လို့လည်း သမ္မတအိုဘားမားက ပြောခဲ့ပါတယ်။
ဗွီအိုအေ

Monday, November 19, 2012

အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံ ရောက်ရှိ

အမေရိကန် သမ္မတ Barack Obama နှင့် နိုင်ငံခြားရေးဝန်ကြီး Hillary Rodham Clinton ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာစဉ်။
အမေရိကန် သမ္မတ Barack Obama နှင့်  နိုင်ငံခြားရေးဝန်ကြီး Hillary Rodham Clinton ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ကို နိုဝင်ဘာလ ၁၉ရက် တနင်္လာနေ့ မနက်ပိုင်းတွင် ရောက်ရှိလာပြီဖြစ်ပါတယ်။

ရန်ကုန်မြို့ကို ရောက်ရှိလာပြီဖြစ်တဲ့ အမေရိကန်သမ္မတအိုဘားမားဟာ မြန်မာသမ္မတဦးသိန်းစိန်နဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံမှာ တွေ့ဆုံမှာဖြစ်ပါတယ်။ 


မြန်မာသမ္မတဦးသိန်းစိန်နဲ့တွေ့ဆုံပြီးနောက်မှာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်  ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို သွားရောက်တွေ့ဆုံမှာဖြစ်ပါတယ်။

Sunday, November 18, 2012

နယူးဇီလန်နိုင်ငံဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီး လာရောက်လည်ပတ်မည်


 
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ နယူးဇီလန်နိုင်ငံ ၀န်ကြီးချုပ် မစ္စတာ ဂျွန်ကီးသည် မြန်မာနိုင်ငံသို့ မကြာမီကာလအတွင်း တရားဝင်ချစ်ကြည် ရေးခရီး လာရောက်လည်ပတ်မည်ဖြစ်သည်။

အေးချမ်းမွန်- Photo From :မြ၀တီ

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး မြန်မာပြည်ခရီးမှာ အိုဘားမားပြောမည်

အမေရိကန် သမ္မတ ဘရက်အိုဘားမား။ (နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၁၂)။
 
 မြန်မာနိုင်ငံအနေနဲ့ မြောက်ကိုရီးယားနဲ့ စစ်ရေးအရ ဆက်ဆံနေတာ ဖြတ်တောက်ပစ်ဖို့ တနင်္လာနေ့ မြန်မာနိုင်ငံကို ရောက်လာတဲ့အခါ အမေရိကန်သမ္မတ ဘရက်အိုဘားမား က မြန်မာခေါင်းဆောင်တွေကို တိုက်တွန်းသွားဖို့ ရှိတယ်လို့ အိမ်ဖြူတော် အရာရှိတွေ ပြောတဲ့ အကြောင်း စနေနေ့က ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ မြောက်ကိုရီးယားနဲ့ ထိတွေ့ ဆက်ဆံနေတာတွေ လျှော့ချဖို့ သမ္မတ အိုဘားမားက မြန်မာအစိုးရကို တိုက်တွန်း ပြောဆိုသွားမယ့် အကြောင်း လက်ထောက် အမျိုးသားလုံခြုံရေး အကြံပေး အရာရှိ ဘန်ရုဒ်စ် (Ben Rhodes) က သမ္မတ အိုဘားမား စီးနှင်း လိုက်ပါလာတဲ့ Air Force One လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ပြောလိုက်တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရ ဘက်ကလည်း အပြုသဘောဆောင်တဲ့ ဘက်ကို ဦးတည် လုပ်ဆောင်နေတာကို တွေ့ရပြီး မြောက်ကိုရီးယားနဲ့ စစ်ရေးအရ ဆက်ဆံနေတာတွေ ဖြတ်တောက် ပစ်ဖို့ သူတို့အနေနဲ့ ထပ်လောင်း ဖိအားပေးသွားမှာ ဖြစ်တတယ်လို့ ဘန်ရုဒ်စ် က ပြောပါတယ်။

Sunday, November 11, 2012

ရွှေဘိုမြို့မြောက်ဘက် ၄၅ မိုင်အကွာကို ဗဟိုပြုကာ အင်အား ၆ ဒသ ၈ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်


စစ်ကိုင်းမြို့ဘက်ခြမ်းရှိ ဧရာဝတီမြစ်ကူးတံတား ထိပ်ရှိ စစ်ကိုင်းမြို့မှ ကြိုဆိုပါ၏ ဆိုင်းဘုတ်မှ ခြင်္သေ့ရုပ်တစ်ခု ငလျင်ဒဏ်ကြောင့် ပြုတ်ကျနေသည်ကိုတွေ့ရစဉ်။ 
ဓာတ်ပုံ - ညီညီဇော်

ယနေ့နံနက်တွင်စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့မြောက်ဘက် ၄၅ မိုင်အကွာကို ဗဟိုပြုကာ အင်အား ၆ ဒသ ၈ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။

လှုပ်ခတ်ခဲ့သော ပြင်းအား ၇ အဆင့်ရှိ ငလျင်ကြောင့် တည်ဆောက်ဆဲ ရွှေဘို-ကျောက်မြောင်း-စဥ့်ကူးသို့ သွားရောက်နိုင်မည့် ရတ နာသိင်္ခမြစ်ကူးတံတားမှာ ပြိုသွားပြီဖြစ်ကြောင်း၊ ယင်းတံတားမှာ တည်ဆောက်မှု ၈၀ရာခိုင်နှုန်းပြီးသွားပြီဖြစ်ဟု ဒေသခံများထံမှ ယနေ့နံနက် ၈ နာရီ ၅၉ မိနစ်တွင် စုံစမ်းသိရှိရသည်။ (The Voice Weekly) မှ ကူးယူဖော်ပြသည်။


Saturday, November 3, 2012

အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်ကို ဒီလအတွင်း သွားမယ်

အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန်သမတ ဘာရက် အိုဘားမားနှင့် အင်ဒိုနီးရှားသမတ စူစီလို ဘမ်ဘန် ယူဒိုယိုနိုတို့ နိုဝင်ဘာ ၉ ရက်နေ့က ဂျာကာတာမြို့မှာ ကျင်းပသော ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် သတင်းစာဆရာများ၏ မေးခွန်းကို သမတ အိုဘားမား ဖြေကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
အမေရိကန်သမ္မတ အိုဘာမားဟာ ဒီလအတွင်း မြန်မာနိုင်ငံကို သွားရောက်မယ်လို့ သိရပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ နိုဝင်ဘာလ ၁၈ ရက်ကနေ ၂၀ ရက်နေ့အထိ ကျင်းပမယ့် ၂၁ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံညီလာခံ ကို တက်ရောက်မယ့် ခရီးစဉ်မတိုင်မီ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။

သမ္မတ အိုဘားမားဟာ နိုဝင်ဘာ ၁၆ ရက်နေ့မှာ ထိုင်းနိုင်ငံကို ဦးဆုံးဝင်ရောက်ပြီး၊ နိုဝင်ဘာ ၁၇ ရက် နဲ့ ၁၈ ရက် နှစ်ရက်တာ မြန်မာနိုင်ငံမှာ နေထိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ တဆင့် ကမ္ဘောဒီးယားမှာ ကျင်းပတဲ့ အာဆီယံညီလာခံကို တက်ရောက်မှာပါ။ သမ္မတ အိုဘားမားရဲ့ ခရီးစဉ်အသေးစိတ်ကို မသိရသေးပေမဲ့ မြန်မာနိုင်ငံမှာရှိနေစဉ်အတွင်း အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ရော၊ ဒီမိုကရေစီအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။

Sunday, October 21, 2012

တိုင်းပြည်ကို ဇောက်ထိုးလှန်မယ့် ကြံ့ဖွတ်များ

ဓါတ်ပုံ - ကိုလှိုင်ဘွား
မြန်မာနိုင်ငံတော်အလံကို ဇောက်ထိုး ပြောင်းပြန်ထူထားကြောင်းသတင်းစာတစောင်က ဓါတ်ပုံနဲ့တကွဖ်ာပြထားပါတယ်။ "နိုင် ငံတော်အလံ ကို ဇောက်ထိုးထားတယ်ဆိုတာ ကောင်းတဲ့အလုပ်တော့မဟုတ်ပါဘူးဘယ်လိုအကြောင်းတွေရှိနေပါစေ နိုင်ငံကိုယ် စားပြုအမှတ်တံဆိပ် တစ်ခုကိုတော့ ပြောင်းပြန်မထားသင်ဘူး မသိလို့ လုပ်တာလား? သိသိကြီးနဲ့လုပ်တာလား?" စတဲ့မေးခွန်းတွေ ကိုလည်း ဖေ့စ်ဘုတ် စာမျက်နှာတွေမှာ အများကြီးတွေ့ရပါတယ်။

Thursday, October 18, 2012

ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်က ငြိမ်းချမ်းရေးဆု ချီးမြှင့်

၁၉၈၅ ခုနှစ် အမေစု ဂျပန်မှာ ပညာ သင်ကြားနေတုန်းက ရိုက်ထားတဲ့ ဓါတ်ပုံလေးပါ။ ဒေါ်အောင်ဆန်းစုကြည်ဘေးနားက Colonel Suzuki's ၏ ဇနီး။ (၂၉.၄.၁၉၈၆)

အောက်တိုဘာ ၂၅ ရက်နေ့မှာ Sakai မြို့တော်မှာ ချီးမြှင့်ပေးအပ်မယ့် တတိယ အကြိမ်မြောက် Sakai ငြိမ်းချမ်းရေးဆုကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်မယ့်အကြောင်း ဂျပန်နိုင်ငံက ကြေညာလိုက်ပါတယ်။

ဒီဆုဟာ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေ အနေနဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေး တိုးတက် ထွန်းကားစေဖို့ ဆောင်ရွက်သူများကို ချီးမြှင့်တဲ့ ဂျပန်နိုင်ငံ Osaca ပြည်နယ် Sakai မြို့အုပ်ချုပ်ရေးအဖွဲ့ က (၂) နှစ် တစ်ကြိမ် ချီးမြှင့်တဲ့ဆု ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု သမ္မတ မစ္စတာ အိုဘားမား၏ အထူးလက်ထောက် Ms. Samantha Powerနှင့်အဖွဲ့ ဒေါ်အောင်ဆန်းစု ကြည်အား လာရောက်တွေ့ ဆုံ

အမေရိကန်ပြည်ထောင်စု သမ္မတ မစ္စတာ အိုဘားမား၏ အထူးလက်ထောက် Ms. Samantha Powerနှင့် အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်အား ယနေ့နံနက် 10:00 မှ 10:40 အထိ နေပြည်တော်ရှိ Auriun Palace Hotel တွင် လာရောက်တွေ့ ဆုံ နှုတ်ဆက် ဆွေးနွေးခဲ့စဉ်။  (17-10-2012) Photo-Sunny