Thursday, September 9, 2010

စစ်တပ်က လူငယ်နှစ်ဦးကို သတ်ဖြတ်မှု ကုလသမဂ္ဂသို့ ကင်တားနားအစီရင်ခံမည်

ပဲခူးမြို့မှာ အရပ်သားလူငယ်နှစ်ဦးကို စစ်တပ်က ပစ်ခတ် သတ်ဖြတ်လိုက်တဲ့ လုပ်ရပ်ဟာ မြန်မာစစ်တပ်ရဲ့ လူ့ အခွင့်အရေး ထပ်မံ ချိုးဖောက်မှုတခုပဲလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွ င့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် ကင်တားနားက ဒီကနေ့ စက်တင်ဘာ ၇ ရက်မှာ RFA ကို ပြောကြားပါတယ်။

မြန်မာစစ်တပ်က အခုလို အင်အားသုံးပြီး ပစ်ခတ် သတ်ဖြတ်ခဲ့တာ မှန်ကန်တယ်ဆိုရင် လူ့အခွင့်အရေး ချိုးဖောက် ကျုးလွန်မှု တခု ဖြစ်တယ်လို့ ပြောသွားပါတယ်။ ဒါ့ပြ င် မစ္စတာ ကင်တားနားက သူ့အနေနဲ့ ပဲခူးမြို့က လူငယ်နှစ်ဦး ပစ်သတ်ခံရမှုကို အသေး စိတ် အချက်အလက် စုဆောင်း ရယူနေဆဲ ဖြစ်ြ ပီး၊ ဒီကိစ္စကို နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်မှာ လာမဲ့ အောက်တိုဘာအတွင်း ကျင်းပမဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မလွဲမသွေ အစီရင်ခံ တင်ပြဖို့ရှိတယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် ကင်တားနားဟာ ပြီးခဲ့တဲ့ သြဂုတ်လက မြန်မာနိုင်ငံကို သွားရောက်ဖို့ တောင်းဆိုခဲ့ပေမဲ့ စစ်အစိုးရက ခုချိန်ထိ ခွင့်မပြုသေးဘူးလို့ သိရပါတယ်။ သူဟာ မြန်မာစစ်အစိုးရ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေး ဆောင်ရွက်သင့်ကြောင်း အစီရင်ခံစာ ထုတ်ပြန် အဆိုပြုထားပါတယ်။ မစ္စတာ ကင်တားနားရဲ့ အဆိုပြုချက်ကို အမေရိကန်၊ သြစတြေးလျား၊ ချက်ပြည်သူ့သမတနိုင်ငံ စတဲ့ နိုင်ငံတွေက ထောက်ခံထားပါတယ်။

ပဲခုးမြို့မှာ စစ်တပ်က ပစ်ခတ်ခဲ့လို အရပ်သားလူငယ်နှစ်ဦး သေဆုံးရမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ တရားဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သင့်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးဝင်းတင်က ပြောပါတယ်။ ဒီလို မတရားမှုတွေကနေ လူထုအုံကြွမှုတွေ ဖြစ်ပေါ်လာနိုင်တယ် ဆိုတာကို တိုင်းပြည်ကို အုပ်ချုပ်နေတဲ့သူတွေ စစ်ခေါင်းဆောင်တွေ သိဖို့ လိုအပ်တယ်လို့ ဦးဝင်းတင်က ဆိုပါတယ်။

အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းကလည်း တိုင်းပြည်ကို ကာကွယ် စောင့်ရှောက်ဖို့ တာဝန်ရှိတဲ့ တပ်မတော်သားတွေအနေနဲ့ အခုလို အပြစ်မဲ့ ပြည်သူနှစ်ဦးကို ရက်ရက်စက်စက် ကျူးလွန်ခဲ့တဲ့ လုပ်ရပ်အပေါ် ဥပဒေကြောင်းအရ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ဒီမိုကရက်တစ်ပါတီ မြန်မာပြည်ရဲ့ ဥက္ကဋ္ဌ ဦးသုဝေက ဒီဖြစ်ရပ်အပေါ် သက်ဆိုင်ရာက ထိုက်သင့်သလို အရေးယူ ဆောင်ရွက်စေလိုကြောင်းနဲ့ ဒီကိစ္စကြောင့် စစ်အစိုးရ ကျင်းပမဲ့ ရွေးကောက်ပွဲကို ထိခိုက်လာနိုင်ကြောင်း ပြောဆိုပါတယ်။

ပြည်သုတွေ ရှေ့မှောက်မှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ဟာ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေကို ခြောက်လှန့်သလို ဖြစ်နေတယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ BLC ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးက ပြောပါတယ်။

ပြစ်မှုကျူးလွန်သူတဲ့ စစ်ဗိုလ်စစ်သားတွေကို အရေးယူအပြစ်ပေးဖို့ ကာကွယ်ရေးဦးစီးချုပ်မှာ အဓိက တာဝန်ရှိကြောင်းနဲ့ ပြစ်မှု ကျူးလွန်သူတွေကို ပြစ်ဒဏ်စီရင်ရာမှာလည်း နစ်နာသူ မိသားစုတွေရဲ့ ရှေ့မှောက်မှာ ပြစ်ဒဏ်စီရင်ခြင်းမျိုး ဖြစ်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ က သုံးသပ်ချက် ထုတ်ပြန်ပါတယ်။

မှုခင်းဖြစ်ပွားတဲ့ ပဲခူးမြို့နယ်ဟာ ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) က ပါတီဥက္ကဋ္ဌ ဖြစ်သူ ဦးသိန်းဌေး ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ ယှဉ်ပြိုင်မဲ့ မဲဆန္ဒနယ်ဖြစ်လို့ ဒီဖြစ်ရပ်အပေါ် တာဝန်ရှိသူတွေက စုံစမ်းဖော်ထုတ်ပေးဖို့၊ တရားဥပဒေ စိုးမိုးရေးနဲ့ နယ်မြေ အေးချမ်းရေးအတွက် လက်ရှိ အာဏာယူထားတဲ့ ကြံ့ခိုင်ရေးပါတီက ခေါင်းဆောင်ပိုင်းအနေနဲ့ ပူးပေါင်း ဖြေရှင်းပေးဖို့ ယူဒီပီ ပါတီ အလုပ်အမှုဆောင်အဖွဲ့ကလည်း မနေ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုပါတယ်။ Source:RFA

အမေရိကန်သမ္မတနဲ့ အာစီယံဆွေးနွေးပွဲ မြန်မာ့အရေး ထိပ်ဆုံးက ပါဖို့ရှိ

လာမယ့် စက်တင်ဘာလ ၂၄ ရက်နေ့ အမေရိကန်သမ္မတ အိုဘားမားနဲ့ အာစီယံခေါင်းဆောင်တွေ နယူးယောက်မြို့မှာ တွေ့ဆုံ တဲ့အခါ အဓိကဆွေးနွေးကြမယ့် အကြောင်း အရာတွေထဲမှာ မြန်မာနိုင်ငံ အရေးကိစ္စလ ည်း ပါဝင်နိုင်တယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ နှစ်ပတ်လည် အထွေထွေညီလာခံ ကျင်းပနေချိန် အတောအတွင်း ပြုလုပ်မယ့် အခု ဆွေးနွေးပွဲဟာ အာစီယံဒေသနဲ့ ပတ်သက်လို့ သမ္မတ အိုဘားမားရဲ့ မူဝါဒရေးရာ သွေးသစ်လောင်းဖို့ ကြိုးပမ်းချက်တရပ် ဖြစ်ပါတယ်။ အမေရိကန် သမ္မတနဲ့ အာစီယံခေါင်းဆောင်တွေ ပြီးခဲ့တဲ့နှစ်က စင်္ကာပူမှာ ပထမအကြိမ် တွေ့ဆုံခဲ့ ပြီးတဲ့နောက် ဒါဟာ ဒုတိယအကြိမ် တွေ့ဆုံကြတာလည်း ဖြစ်ပါတယ်။

အခုတကြိမ် ဆွေးနွေးပွဲမှာလည်း မြန်မာနိုင်ငံရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ကိစ္စက အဓိက လွှမ်းမိုးနေမယ့် အလားအလာ ရှိတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးဌာနရဲ့ အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူ Ernie Bower က-အခု ဆွေးနွေးပွဲဟာ အာစီယံအပေါ် အမေရိကန်ရဲ့ ထောက်ခံမှုကို ပိုမိုခိုင်မာစေမယ့် ဆွေးနွေး ပွဲဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့ပြင် အမေရိကန်အနေနဲ့ အာစီယံ ဒေသအတွင်း ထိထိရောက်ရောက် စွမ်းဆောင်နိုင်ဖို့ဆိုရင် တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား စတဲ့ နိုင်ငံကြီးတွေနဲ့ အပြိုင် ဟန်ချက်ညီတဲ့ ဆက်ဆံရေးရှိဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

အမေရိကန်သမ္မတ အိုဘားမားဟာ ပြီးခဲ့တဲ့နှစ်က အာစီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အပါအ ဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့အတွက် စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းကို တိုက်တွ န်း ပြောကြားခဲ့ပါသေးတယ်။ မြန်မာ့ဒီမိုကရေစီ ပြုပြင် ပြော င်းလဲရေးအတွက် စစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒ ချမှတ် ပြီး ဆောင်ရွက်ခဲ့ပေမယ့် တိုးတက်မှု တစုံတရာ မတွေ့ရတဲ့အပေါ် အမေရိကန်ဘက်က စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့အချိန်မှာပဲ အခု အမေရိကန် သမ္မတနဲ့ အာစီယံခေါင်းဆောင်တွေ ဒုတိယအကြိမ် တွေ့ဆုံဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ (RFA)

Sunday, September 5, 2010

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အရေး ဒေါ်အောင်ဆန်းစုကြည်ပြော

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၏ ရန်ကုန်မြို့ရှိ ပါ တီ ဌာနချုပ်ရုံးတွင် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆ န်းစုကြည်အား ၁၉၉၉ခုနှစ် မေလ ၁၄ရက် သတင်းစာရှင်းလင်းပွဲ တွင် တွေ့ရသော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အပါအ၀င် ရွေးကောက်ပွဲဆို င်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့  စစ်အစိုးရအကြား တင်းမာနေတဲ့ အခြေအနေကို စိုးရိမ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ အကျိုးဆောင်ရှေ့နေ ဦးဥာဏ်ဝင်းနဲ့ တွေ့ဆုံရာမှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
“တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့တွေ မပြေမလည် ဖြစ်နေ တဲ့ သတင်းတွေကြားတာ စိတ်မကောင်းဘူးတဲ့။ ဒါပေမယ့် ဒီကိစ္စေ တွဟာ ညှိနှိုင်းဆောင်ရွက်မှသာ အဆင်ပြေမယ်၊ နိုင်ငံရေးနည်းအရ ဆောင်ရွက်မှသာ ရေရှည် အကျိုးခံစားခွင့် ရှိမယ်လို့ သူ ယုံကြည်တဲ့အကြောင်း ပြောပါတယ်”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကိစ္စတွေနဲ့ ပတ်သက်လို့ အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

“အစိုးရအပေါ် ရွေးကောက်ပွဲဥပဒေတွေ ပြဌာန်းတဲ့အပေါ်မှာ ကျနော်တို့က တရားစွဲဖို့ကိစ္စကို ဆွေးနွေးကြတာပေါ့။ ဆွေးနွေး တော့ ဆိုလိုတာက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရပ်တည်မှု အတွက်၊ တမှုက ၉ဝ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ အတွက်၊ အဲဒီလို နှစ်မှုခွဲပြီး စွဲဖို့ ကျေ န်ာတို့ ဆွေးနွေးကြပါတယ်”

လက်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နယ်လှည့်စ ည်းရုံးရေး ခရီးစဉ်တွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် အနေ နဲ့ ကျေနပ်အားရမှု ရှိတယ်လို့လည်း ဆိုပါတယ်။

နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံနေရတဲ့ အမျိုးသား ဒီမိုက ရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျိုးဆောင်ရှေ့နေတွေ ဖြစ်တဲ့ ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်းနဲ့ ဒေါ် ခင်ဌေးကြွယ်တို့ ဒီကနေ့ နေ့လည်ပိုင်းမှာ သွားရောက် တွေ့ဆုံခွင့် ရခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပြဌာန်းချက်တွေဟာ တရားဥပဒေနဲ့ ကိုက်ညီမှု ရှိမရှိဆိုတာ အများပြည်သူ သိအောင် ဝိုင်းဝန်း ရှင်းပြကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတ ယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ဒီကနေ့ တွေ့ဆုံခွင့် ရခဲ့တဲ့ ရှေ့နေဦးဥာဏ်ဝင်းကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။ (RFA)

Saturday, September 4, 2010

နယူးဇီလန်နိုင်ငံတွင် ၇.၄ မဂ္ဂနီကျူ့ရှိ မြေငလျှင်တခု လှူပ်ခတ်သွား

မြေငလျှင်လှူပ်ခတ်သွားပြီးနောက် တွေ့ရသော ခရိုက်ချတ်ခ်ျမြို့လည်က အဆောက်အဦးတခု

နယူးဇီလန်နိုင်ငံ၊ တောင်ကျွန်းမှာရှိတဲ့ ခရိုက်ချတ်ခ်ျ (Christchurck) မြို့လည်မှာ အင်အား ၇.၄ မဂ္ဂနီကျူ့ ရှိတဲ့ မြေငလျှင်တခု စနေနေ့မနက် ၄ နာရီ ၃၅ မိနစ်အချိန်က လှူပ်ခတ်သွားပါတယ်။ ခရိုက်ချတ်ခ်ျ (Christchurck) မြို့လည်မှာရှိတဲ့ အိမ်၊ လမ်း နဲ့ ကားတွေအတော်များများပျက်ဆီးသွားပြီး။ လူအသေအပျော က်ရှိမရှိကိုတော့ အခုထိ တရားဝင် ထုတ်ပြန်တာမရှိသေးပါဘူး။
“ဆူနားမီး သတိပေးချက်တွေ ဘာတွေလည်းကြားဘူး။ လူတွေဘယ်လောက် ထိခိုက် ဒါဏ်ရာရတယ်ဆိုတာလည်း မသိရသေးပါဘူး။”လို့ မြို့ခံတဦးရဲ့ပြောပြချက်အရသိရပါတယ်။

မြို့ရှိ လမ်းမတွေအတော်များများ ပျက်ဆီးသွားပြီး၊ အဓိက ရေပေးတဲ့နေရာတွေလည်း ပျက်ဆီးသွားပါတယ်။ ပင်လယ်ကမ်းေ ခြတွေမှာ ရှိတဲ့ အိမ်တွေမှာနေတဲ့သူတွေကတော့ ဆူနားမီး လာမှာကိုကြောက်ပီးတော့ ပင်လယ်နဲ့ဝေးတဲ့နေရာတွေကို အလျှင်အမြန်ပြောင်းရွှေ့ကြောင်း သိရပါတယ်။ (ရာဇ၀င်)

Friday, September 3, 2010

ရုပ်ရှင်ဗီဒီယို သရုပ်ဆောင် ၄ ဦးကို အနုပညာလုပ်ငန်းပိတ်ပင်

လူမှုရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ အကယ်ဒမီဆုရှင် ရုပ်ရှင်သရုပ်ဆောင် ဦး ကျော်သူ ဦးဆောင်ဖွင့်လှစ်တဲ့ သရုပ်ဆော င်သင်တန်းမှာ သွားရောက် အကူအညီ ပေးခဲ့တဲ့ အတွက် ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ၄ ဦးကို မြန်မာစစ်အစိုးရ လက်အောက်ခံ ရုပ် ရှင် အစည်းအရုံးက ရုပ်ရှင် အနုပညာလုပ်ငန်းများ လုပ်ကိုင်ခွင့် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။
အပိတ်ခံရတဲ့ အနုပညာရှင် ၄ ဦးကတော့ ဟာသသရုပ်ဆောင် ညီဂျော်၊ အမျိုးသမီး သရုပ်ဆောင် သန်းသန်းစိုး၊ ဂွမ်းပုံနဲ့ ဆုရွှန်းလဲ့တို့ ဖြစ်တယ်လို့ ရန်ကုန် အနုပညာ အသိုင်းအဝို င်းက ပြောပါတယ်။

ဒါပေမဲ့ တားမြစ်ပိတ်ပင်တဲ့ အချိန်ကာလ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
အခမဲ့ သရုပ်ဆောင်သင်တန်း ဖွင့်လှစ်ထားတဲ့ ရန်ကုန် နာရေး ကူညီမှုအသင်းက ဦးကျော်သူကတော့ အခုလို လူမှုရေးလုပ်တဲ့ အနုပ ညာရှင်တွေကို လုပ်ကိုင်စားသောက်ခွင့် ပိတ်တာဟာ အနုပညာရှ င်တွေရဲ့ လူမှုရေးစိတ်ဓာတ်ကို ဖျက်ဆီးရာရောက်သလို လက်ရှိ မြန်မာနိုင်ငံက အနုပညာရှင်တွေရဲ့ ဘဝဟာ အစိုးရအကြိုက် လို က်နိုင်မှ လုပ်ကိုင်စားလို့ ရမဲ့ အနေအထား ဖြစ်နေတယ်လို့ ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တရုတ်နိုင်ငံသို့ ၄ ရက်ကြာ သွားရောက်မည်

မကြာခင်က စစ်တပ်အတွင်း ရာထူးအပြောင်းအလဲမှာ ကာကွယ်ရေး ဦးစီးချုပ် ရာထူးက နုတ်ထွက်သွားပြီလို့ ကောလာဟလ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ လာမဲ့ အပတ်အတွင်း တရုတ်ပြည်ကို သွာရောက်ဖို့ ရှိ တယ်လို့ တရုတ်အာဏာပိုင်တွေက ဒီကနေ့ စက်တင်ဘာ ၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ရဲ့ အဆိုအရ လေးရက်ကြာ တရုတ်ပြည်ကို လာရောက်မဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ခရီးစဉ်ဟာ ဘီဂျင်းမြို့ကို လာရောက် ဖို့ ရှိသလို ရှန်ဟိုင်းမှာ ဖွင့်လှစ် ပြသနေတဲ့ ကုန်စည် ပြပွဲကိုလည်း လာရောက်ကြည့်ရှုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်ဟာ ပြီးခဲ့တဲ့ ဇွန်လအတွ င်းက မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီးနောက် အပြန်အလှန်အေ နနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တရုတ်ပြည် ချစ်ကြည်ရေး ခရီးထွက်ဖို့ ပေါ်ထွက် လာတာပါ။
ဒီခရီးစဉ်နဲ့ပတ်သက်ပြီး တရုတ်မြန်မာနယ်စပ် အခြေစိုက် စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောကတော့ ပြည်တွင်းမှာ လက်ရှိ ဆောင်ရွက်နေတဲ့ အပြောင်းအလဲတွေကို တရုတ်ခေါင်းဆောင်တွေကို ရှင်းပြဖို့ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနဲ့ စီးပွားရေးအပြင် နိုင်ငံရေးအရ အပြန်အလှန် ရင်းရင်းနှီးနှီး ဆက်ဆံနေတဲ့ နိုင်ငံဖြစ် ပေမဲ့ အနောက်နိုင်ငံတွေကတော့ မြန်မာနိုင်ငံက ညံ့ဖျင်းတဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေကြောင့် ဝေဖန်နေတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ တတိယအများဆုံး ရင်းနှီး မြှုပ်နှံသူဖြစ်ပြီး ၂၀၀၉ခုနှစ်က အပြန်အလှန် ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၃ ဘီလျံနီးပါး ရှိပါတယ်။ ၂၀၁၀ ဇန်နဝါရီလအထိ တရုတ် ရင်းနှီးမြှုပ်နှံမှုဟာ ၂ ဘီလျံဒေါ်လာ နီးပါး ရှိပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုရဲ့ ၁၂ ရာခိုင်နှုန်းနီးပါး ဖြစ်ပါတယ်။
(RFA)

Sunday, August 29, 2010

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး စစ်ဘက်ရာထူးမှ အနားယူ

မြန်မာစစ်ခေါင်းဆောင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ ရာထူးမှ အနားယူခြင်း အပါအဝင် တပ်မတော် ထိပ်တန်း စစ်ဘက် ရာထူးများတွင် အပြောင်းအရွေ့များ သောကြာနေ့က ဖြစ်ပွားခဲ့သည်။

ယခင် စစ်ရေးချူပ် ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာခဲ့ပြီး အခြားသော ကစထမှူး (၃) ဖြစ်သော ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုမှာ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာခဲ့သည်။

နံပါတ် ၃ အဆင့်ဖြစ်သော ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ နေရာတွင် ယခင် စစ်ဆင်ရေး အထူး အဖွဲ့မှူး(၂) ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အား အစားထိုး ခန့်အပ်ခဲ့သည်။

မြန်မာနိုင်ငံ၌ ဆယ်စုနှစ် နှစ်ခုအကြာတွင် ပထမဆုံးအကြိမ် ပြန်လည် ကျင်းပရန်ရှိသော နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲ အပြီးတွင် အရပ်သား အစိုးရ အဖွဲ့ကို ဖွဲ့စည်းမည်ဖြစ်ရာ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်မှ သမတလောင်း သုံးဦးကို အဆိုပြုရမည် ဖြစ်သည်။ ထိုသုံးဦး အနက်မှ ရှုံးနိမ့်သွားသူ နှစ်ဦးသည် ဒုသမ္မတများ ဖြစ်လာကြလိမ့်မည် ဖြစ်သည်။

စစ်ဘက် ရာထူး အပြောင်းအလဲများအရ ၁၉၉၂ ခုနှစ် ကတည်းက စစ်အစိုးရ အကြီးအကဲဖြစ်ခဲ့သော အသက် ၇၇ နှစ်အရွယ် ဦးသန်းရွှေသည် သမတ ဖြစ်လာနိုင်စရာ အကြောင်း ရှိနေပြီး ၄င်း၏ လက်ရုံး အသက် ၇၂ နှစ် ရှိပြီဖြစ်သော ဦးမောင်အေးနှင့် အသက် ၆၂ နှစ်အရွယ် ဦးသူရရွှေမန်းတို့သည် ဒုတိယ သမတများ ဖြစ်လာနိုင်စရာ အကြောင်းရှိနေသည်။ ထိုကဲ့သို့ ဖြစ်လာခဲ့လျှင် ပြည်တွင်းပြည်ပမှ လေ့လာသူများ မှန်းဆထားကြသော ရွေးကောက်ပွဲသည် အတုအယောင် ဟန်ပြသာ ဖြစ်ပြီး စစ်ဗိုလ်ချုပ်ကြီးများသည် စစ်ယူနီဖောင်းကို ချွတ်ကာ အရပ်သား ဝတ်စုံဖြစ်သော ပုဆိုးပြောင်းဝတ်၍ အာဏာကိုမူ ၄င်းတို့ကပင် ဆက်လက် ကိုင်စွဲထားလိမ့်မည်ဟူသော ယူဆချက်များနှင့် ကိုက်ညီနေပေလိမ့်မည်။

လက်ရှိ ဝန်ကြီးချုပ် ဦးသိန်းစိန် အပါအဝင် စစ်ဘက်အရာရှိနှင့် ၂၇ ဦးခန့် သည်လည်း ယခုနှစ် နှစ်လယ်ပိုင်းက စစ်ဘက် ရာထူးများမှ နုတ်ထွက်ခဲ့ကြပြီး ဒီမိုကရေစီအရေး လှုပ်ရှားသူများအား မကြာခဏ အကြမ်းဖက်လေ့ရှိသည့် စစ်အစိုးရ ကျောထောက်နောက်ခံ အဖွဲ့အစည်း တခုဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းအား ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အဖြစ် အမည်ပြောင်းလဲ ဖွဲ့စည်းကာ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိမ့်မည် ဖြစ်သည်။ စစ်ယူနီဖောင်း ချွတ်ကာ စစ်ဘက်ရာထူးများမှ နုတ်ထွက်လိုက်ခြင်းသည် ကြံ့ဖွံ့ပါတီဝင်များအဖြစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် သဘောပင်ဖြစ်သည်။

မြန်မာ့နိုင်ငံရေး အကဲခတ်များက စစ်ဘက်ရာထူးမှ နုတ်ထွက်ခဲ့သော ဦးသန်းရွှေသည် ရွေးကောက်ပွဲအပြီး သမတ မရွေးချယ်ရသေးခင် အချိန်အထိ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ခေါင်းဆောင်အဖြစ် ဆက်လက်ရှိနေကာ နိုင်ငံ အကြီးအကဲ ရာထူးကို ဆက်လက် ရယူထားလိမ့်မည်ဟု ခန့်မှန်းကြသည်။

၁၉၉ဝ ရွေးကောက်ပွဲတွင် နိုဗယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် နိုင်ငံတဝှမ်းလုံး၌ အပြတ်အသတ် အနိုင်ရခဲ့သော်လည်း စစ်အစိုးရသည် ထိုရလဒ်အား လျစ်လျူရှုခဲ့ကာ အာဏာကို ဆက်လက် ကိုင်စွဲထားခဲ့သည်။ ထို့ပြင် ထောင်နှင့်ချီသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များအား ထောင်သွင်း အကျဉ်းချခဲ့သည်။

ယခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲပြီးလျှင် အရပ်သား အစိုးရသည် ဥပဒေပြဌာန်းသူများ ဖြစ်လာမည်ဟု ဆိုသော်လည်း ထိုအရပ်သား အစိုးရတွင် စစ်ဘက်မူဝါဒများအား စစ်ဆေးနိုင်သည့် အာဏာရှိလိမ့်မည် မဟုတ်ပေ။ စစ်ဘက်သည် လွှတ်တော်အရပ်ရပ်တွင် အလိုအလျောက် ၂၅ ရာခိုင်နှုန်း နေရာ ရယူလိမ့်မည် ဖြစ်ပြီး အဓိက ဝန်ကြီးရာထူးများကိုလည်း စစ်ဘက်မှပင် ရယူနိုင်ရန် ကြိုတင် စီစဉ်ထားသည်။

စစ်အစိုးရက ရေးဆွဲခဲ့သော အငြင်းပွါးဖွယ်ရာ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေအရ ဆီးနိတ်နှင့် ဒေသဆိုင်ရာ လွှတ်တော်များအတွက် ဥပဒေပြုအမတ်များကို မဲဖြင့် ရွေးချယ်ပေးနိုင်လိမ့်မည် ဖြစ်သော်လည်း အဓိက စီရင်ဆုံးဖြတ်ခွင့်ရှိသော နေရာများကိုမူ စစ်ဘက်က ထိန်းချုပ်ထားလိမ့်မည် ဖြစ်သည်။

နေပြည်တော်မှ ရရှိသော သတင်းများအရ သူရမြင့်အောင်သည် လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း နေရာယူမည့် စစ်ဘက်မှ ကိုယ်စားလှယ်များအား ရွေးချယ်ပေးလိမ့်မည်ဟု ဆိုသည်။ ထို့ကြောင့် အခြေခံဥပဒေအရ လွှတ်တော်သုံးရပ်တွင် စုစုပေါင်း ရာနှင့်ချီသည့် စစ်ဘက်မှ အရာရှိများ နေရာ ရလာလိမ့်မည် ဖြစ်သည်။ ထို ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေအား လူပေါင်း တသိန်းလေးသောင်းကျော် သေဆုံးကာ နှစ်သန်း ကျော်ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည် နာဂစ်မုန်တိုင်းအပြီး ရက်ပိုင်းအတွင်းတွင် ဆန္ဒခံယူပွဲ ပြုလုပ်ကာ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

လေ့လာသူများ၊ လူ့အခွင့်အရေးအဖွဲ့များ နှင့် နိုင်ငံတကာ အစိုးရများက ဝေဖန်ရာတွင် စစ်အစိုးရသည် အမေရိကန်ဒေါ်လာ လေးဘီလီယံခန့် ပျက်စီး ဆုံးရှုံးခဲ့ရသော နာဂစ်မုန်တိုင်းအပြီး လိုအပ်နေသော ရေ၊ အစားအစာ၊ ဆေးဝါးများနှင့် ယာယီနေရာထိုင်ခင်းပြုလုပ်ရန် အထောက်အကူပစ္စည်းများအား လိုအပ်သူများထံသို့ သယ်ယူပို့ဆောင် ပေးရမည့်အစား ဆန္ဒခံယူပွဲကိုသာ အာရုံစိုက်ကာ ထရပ်ကားများဖြင့် မဲများကိုသာ သယ်ယူပို့ဆောင်ခဲ့သည်ဟု ဆိုသည်။

သောကြာနေ့က ရာထူး အပြောင်းအလဲတွင် ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၏ ရာထူးဖြစ်သော စစ်ထောက်ချုပ်ရုံးသို့ ယခင် နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်ဝေလွင် ရာထူးတိုးမြှင့် ရောက်ရှိလာခဲ့သည်။

အနည်းဆုံး ဒုဗိုလ်ချုပ်ကြီး အဆင့်ရှိသူ ဆယ်ဦးခန့် ရာထူးမှ နှုတ်ထွက်သွားပြီး ထိုရာထူးများအား တိုင်းမှူးအများစု အပါအဝင် ဗိုလ်ချုပ်အဆင့် ရာထူးရှိသူများ နှင့် အစားထိုးခဲ့သည်။

ရာထူးမှ နှုတ်ထွက်သွားသူများသည် နိုဝင်ဘာ ၇ရက်တွင် ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်လိမ့်မည်ဟု အကဲခတ်များက ခန့်မှန်းထားကြသည်။ စစ်ဘက်ရာထူး အပြောင်းအလဲ နောက်ဆုံး အသေးစိတ် အခြေအနေနှင့် သတင်းများကို ဆက်လက် စုံစမ်းလျက် ရှိသည်။
(မဇ္ဈိမသတင်း)

Friday, August 27, 2010

ရွေးကောက်ပွဲဆန့်ကျင်ရေး ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုလုပ်ဖို့ နှိုးဆော်

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် မြန်မာ့အရေး လှုပ်ရှားသူ ၂၀ဝ ကျော် ၂၀ဝ၉ ဒီဇင်ဘာ ၁၀ ရက်၊ နိုင်ငံတကာ လူ့အခွင့်အရေးနေ့က ဆန္ဒပြ တောင်းဆိုနေပုံ ဖြစ်ပါသည်။ (Photo: AFP)

၂၀၁၀ ရွေးကောက်ပွဲဟာ စစ်အာဏာပိုင်တွေ အလိုကျ အုပ်ချုပ်နိုင်မယ့် ရုပ်သေးအစိုးရတရပ် ပေါ်ပေါက်လာရေး လုပ်ဆောင်နေတဲ့ ရွေးကောက်ပွဲ ဖြစ်တာကြောင့် နိုင်ငံတကာရောက် မြန်မာနိုင်ငံသား အားလုံးက ဝိုင်းဝန်း ဆန့်ကျင်သွား ကြဖို့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက နှိုးဆော်လိုက်ပါတယ်။

Justify Fullဂျပန်နိုင်ငံမှာရှိတဲ့ မြန်မာ့ ဒီမိုကရေစီအင်အားစုတွေနဲ့ မြန်မာနိုင်ငံသား စာပေယဉ်ကျေးမှု မြင့်တင်ရေးအတွက် ဆောင်ရွက်နေကြတဲ့ တိုင်းရင်းသား လူမျိုးစုတွေ သြဂုတ်လ (၂၂) ရက်နေ့က ပြုလုပ်တဲ့ အစည်းအဝေးကနေ အခုလို ဆုံးဖြတ် နှိုးဆော်လိုက်တာ ဖြစ်ပါတယ်။ အခုလို နိုင်ငံတကာ လှုပ်ရှားမှုလုပ်ဖို့ နှိုးဆော်ရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး တိုကျိုမြို့မှာ နေထိုင်တဲ့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူ ဦးသန်းဆွေက အခုလို ရှင်းပြပါတယ်။


“နိုင်ငံသူ နိုင်ငံသားအားလုံးက လက်မခံနိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်နေတာကို ဖော်ထုတ် ပြသဖို့အတွက်က နိုင်ငံတကာမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေက အင်တိုက်အားတိုက် ဟန်ချက်ညီညီ တချိန်တည်း တပြိုင်တည်း ပူးပေါင်းပါဝင်ကြဖို့အတွက် အားလုံးကို ဖိတ်ခေါ်တာ ဖြစ်ပါတယ်”

ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ တောင်းဆိုလိုက်တဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအရ စစ်အစိုးရရဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုရေး၊ မိမိတို့ရဲ့ သက်ဆိုင်ရာနိုင်ငံ အစိုးရတွေကို တိုက်တွန်းနှိုးဆော်ဖို့ အချက်လည်း ပါဝင်ကြောင်း သိရပါတယ်။

စစ်အစိုးရ အာဏာသိမ်းခဲ့တဲ့ စက်တင်ဘာလ (၁၈) ရက်နေ့မှာ နိုင်ငံတကာရောက် မြန်မာများအနေနဲ့ ရွေးကောက်ပွဲကို တပြိုင်နက်ထဲ ဆန့်ကျင်သွားကြဖို့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေက နှိုးဆော်ထားတာပါ။

ဂျပန်နိုင်ငံရောက် မြန်မာ့ ဒီမိုကရေစီအင်အားစုတွေ အနေနဲ့ ဂျပန်အစိုးရကို ဆက်လက် တိုက်တွန်းသွားဖို့ရှိကြောင်းလည်း ဦးသန်းဆွေက ပြောပါတယ်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်တဲ့ ရွေးကောက်ပွဲဟာ စစ်မှန်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ ခေါ်ဆိုနိုင်မှာ မဟုတ်ကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဂျပန် သတင်းဌာနတွေကို ပြောဆိုခဲ့ပါတယ်။ (RFA)

Monday, August 23, 2010

နယူးဇီလန်ဝန်ကြီးချုပ်ကို မြန်မာ့အရေး တိုက်တွန်းဖို့ အမတ်တွေ ပြင်ဆင်

2010-08-22
မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စစ်ရာဇဝတ်မှုနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဖြစ် ကုလသမဂ္ဂအဖွဲ့က စုံစမ်းစစ်ဆေးပြီး အရေးယူဖို့ လှုပ်ရှားမှုမှာ နယူးဇီလန်နိုင်ငံ ပါဝင်ရေးအတွက် နယူးဇီလန်အမတ်တွေနဲ့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ အင်္ဂါနေ့မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတခု ပြုလုပ်နေစဉ် ၂၀၁၀ ခုနှစ် သြဂုတ်လက မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (UN Photo/Paulo Filgueiras)
အဲဒီ အစည်းအဝေးကနေ နယူးဇီလန်ဝန်ကြီးချုပ်ကို တိုက်တွန်းတဲ့စာ ပေးပို့ရေးအတွက် ဆုံးဖြတ်မယ်လို့ မြန်မာ့အရေးလှုပ်ရှားသူ ကိုနိုင်ကိုကို က အာအက်ဖ်အေကို ပြောပါတယ်။

“အဲဒီ တွေ့ဆုံဆွေးနွေးပွဲရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာစစ်အစိုးရကို စစ်ရာဇဝတ်မှုနဲ့ တရားစွဲရေးကိစ္စကို နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် အနေနဲ့ ထောက်ခံအားပေးဖို့၊ ဆွေးနွေးပွဲမှာ တက်ရောက်လာမယ့် အမတ်အားလုံး စုပေါင်းတိုင်ပင်ပြီးတော့ မြန်မာနိုင်ငံကိစ္စကို ကုလသမဂ္ဂမှာ ရှိတဲ့ နယူးဇီလန် သံအမတ်ကြီးနဲ့ အမေရိကန်တို့၊ သြစတေးလျတို့ အင်္ဂလန်တို့နဲ့ ပူးပေါင်းပြီးတော့ တရားစွဲဖို့ကိစ္စကို ထောက်ခံရန် စာနဲ့တင်ပြသွားမယ်၊ ဝန်ကြီးချုပ်ကို ဘယ်လိုချည်းကပ်မယ် ဆိုတာတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်”

မြန်မာစစ်အစိုးရကို နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးတင် စစ်ဆေး အရေးယူဖို့ အတွက် အမေရိကန် ပြည်ထောင်စုက ထောက်ခံကြောင်း ဆုံးဖြတ်ကြေညာခဲ့ပြီး ရက်ပိုင်းအတွင်း နယူးဇီလန်နိုင်ငံကလည်း အခုလို ပါဝင်လာတာ ဖြစ်ပါတယ်။

ဒီအတောအတွင်း ပြည်ပအခြေစိုက် NDF အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (မဒတ) က စစ်အစိုးရနဲ့ ပတ်သက်ပြီး လူသားထုအပေါ် ဆန့်ကျင် ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းဆောင်ရွက်ဖို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား အဆိုပြု တင်သွင်းချက်ကို ထောက်ခံတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ရပ်တည်ချက်အပေါ် ထောက်ခံပါကြောင်း ဒီကနေ့ ကြေညာလိုက်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် တိုင်းရင်းသားနဲ့ တခြား နိုင်ငံရေးပါတီတွေ အနေနဲ့ ပြည်သူလူထု တရပ်လုံးကို စစ်ကျွန်ဘဝသို့ အတင်း တွန်းပို့ဆောင်ရွက်နေတဲ့ သမိုင်းတရားခံများ မဖြစ်စေဖို့ ရွေးကောက်ပွဲကို လူထုတရပ်လုံးနဲ့ လက်တွဲပြီး ကန့်ကွက် သပိတ်မှောက်ကြဖို့လည်း မဒတ က တိုက်တွန်း ထားပါတယ်။
(RFA)

Saturday, August 21, 2010

NLD ရွေးကောက်ပွဲသပိတ်မှောက်

NLD ခေါင်းဆောင်များ

လာမဲ့ နိုဝင်ဘာလ ၇ ရက်နေ့ မှာ ကျင်းပမဲ့ အထွေထွေရွေးကောက်ပွဲကို NLD ပါတီအနေနဲ့ သပိ တ်မှောက်ေ ကြာင်း ကြာသပတေးနေ့ က ကြေညာလိုက်ပါတယ်။

NLD အနေနဲ့ ပါတီမှတ်ပုံမတင်ခဲ့ သ လို ရွေးကောက် ပွဲလည်း မ၀င် ဘူး လို့ မူလကတည်းကပြောထားတာ ဖြစ်ပါတယ်။

အခုတခါ ရွေးကောက်ပွဲကို သပိတ်မှောက်တယ်ဆိုတော့ ဘာထူးလဲလို့ ဒုတိယ ဥကဌ ဦးတင်ဦးကို မောကည့် ရာမှာ အစစအရာရာ တော င်းဆိုတာမရလို့ ရွေးကောက်ပွဲမ၀င်တာဖြစ်ကြောင်း၊ အခုတခါ အောက်ခြေမှာနား လည်အောင် ပါတီရဲ့ မူဝါဒကို ရှင်းရှင်းချပြရ တာဖြစ်ကြောင်း ဘီဘီစိကိုပြောပါတယ်။

ဒါဟာ အစိုးရကို ထိတ်တိုက်ရင်ဆိုင်တာမဟုတ်သလို လူထုအနေနဲ့ ဥပဒေအရ မဲမပေးရင်လည်း နေခါင့်ရှိေ ကြာင်း ပြောပြ ပါတယ်။

ဒီလိုကြေညာလို့ အခြေအနေမရှုပ်ထွေးနိုင်ဘူး လို့ လည်း ဦးတင်ဦးက ဘီဘီစိကို ပြောသွားပါတယ်။
Copyrigh: BBC.co.uk/Burmese

Thursday, August 19, 2010

ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းရေး နိုင်ငံတကာရောက် မြန်မာများ ထောက်ခံ

War Criminals
War Crime Genocide- Crimes Against Humanity
"Supports creation of U.N. commission of inquiry into war crimes in Burma"

For centuries such crimes were committed against millions of victims around the world, yet few of the perpetrators have been brought to justice. Now, with the establishment of the world's first permanent International Criminal Court, individuals will be held accountable for the most serious atrocities against human dignity: war crimes, crimes against humanity and genocide. In addition, the Court will also deal with the crime of aggression once it is defined.
(International Criminal Court )

မြန်မာ စစ်အစိုးရ၏ စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ် မှုများကို စုံစမ်း စစ်ဆေးမည့် လွတ်လပ်သော ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးကို အမေရိကန် ပြည်ထောင်စုက ထောက်ခံရန် ဆုံးဖြတ်လိုက်ခြင်းအပေါ် နိုင်ငံတကာရောက် မြန်မာများ၊ နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားမှု အဖွဲ့အစည်းများက အပြည့်အ၀ ထောက်ခံကြောင်းထုတ်ဖော် ပြသရန် မိမိတို့နေထိုင်ရာနိုင်ငံများတွင် ဆန္ဒပြပွဲများ ကျင်းပပြုလုပ် ကြတော့မည်ဖြစ်ကြောင်း ကြားသိရပါသည်။

နိုင်ငံတကာရောက် မြန်မာပြည်ဖွား ညီအကို မောင်နှမများခင်ဗျာ-မြန်မာပြည်ကို စစ်ကျွန်ဇာတ်သွင်းနေတဲ့ နအဖ စစ်ဗိုလ်ချုပ်ဟောင်းများ၊ စစ်ဗိုလ်ချုပ်သစ်တွေရဲ့ လူသား မျိုးနွယ် အပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ် မှုများရပ်တန့်ဖို့၊ ၈ လေးလုံး၊ ဒီပဲယင်း၊ရွှေဝါရောင် ဒီမိုကရေစီရေးတောင်းဆိုမှုအရေအခင်းတွေ၊ နားဂစ်သဘာဝဘေး ကပ်ဆိုးကြီးတွေမှာ ရာဇ၀တ်မှုတွေကျူးလွန်ခဲ့ပြီး ရာဇ၀တ် ဘေးက ရှောင်ပြေး နေကြတဲ့ မြန်မာ နိုင်ငံက စစ်ရာဇဝတ်ကောင်တွေကို အရေးယူနိုင်ဖို့ မိမိတို့ရောက်ရာနေရာကနေ ၀ိုင်းဝန်းဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်

Sunday, August 8, 2010

၂၂ နှစ်မြောက် ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံနေ့ အခမ်းအနားများကို နယူးဇီလန်နိုင်ငံရှိ မြို့များတွင် ကျင်းပခဲ့ကြ

ဆရာတော် အရှင် သြဘာသစာရ မှ မိန့်ခွန်းပြောကြားစဉ် (အော့်ကလန်မြို့)

သြဂုတ်လ (၈)ရက် ၂၀၁၀ နေ့တွင် ၂၂ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ နှစ်ပါတ်လည်နေ့အခမ်းအနားကို နယူးဇီလန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစု များက နယူးဇီလန်နိုင်ငံ၊ အော့်ကလန်မြို့၊ ဂလင်အင်းနစ်ရပ်ကွက်ရှိ မရိုင်းခမ်းမမှာ ပြုလုပ်ခဲ့ကြပါတယ်။

အခမ်းအနားမစတင်မှီ ရှစ်လေးလုံးဒီမိုကရေစီတိုက်ပွဲအတွင်း အသက်ပေးလှူခဲ့ကြသော ရဟန်းရှင်လူ ကျောင်းသားပြည်သူများအတွက် တရားနာ၊ ရေစက်ချ အမျှအတမ်း ပေးဝေ ကာ သံင်္ဃာတော်များကို ဆွမ်းကပ်လှူခဲ့ကြပါ တယ်။

အခန်းအနားကို နံနက် ၉ နာရီခွဲတွင် စတင်ကျင်းပခဲ့ပြီး၊ ရှစ်ဆယ့်ရှစ်အရေးတော်ပုံအတွင်း ကျဆုံးခဲ့သူများအတွက် လွမ်းသူ့ပန်းခွေချ အလေးပြုခြင်းကို စတင်ခဲ့ပါတယ်။ ထို့နောက် မြန်မာ မျိုးဆက်သစ် များလူငယ်များ သိရှနိုင်ရန်အတွက် ရှစ်ဆယ့်ရှစ်အရေးတော်ပုံ ဖြစ်ပွားရခြင်း အကြောင်းအရင်းများ၊ အရေးအခင်းတွင် ပါဝင်ခဲ့သူများ အတွေ့အကြုံများနှင့် ယခုလက်ရှိ နအဖ စစ်အစိုးရက ကျင်းပမည်ဆိုသော ၂၀၁၀ ရွေးကောက်ပွဲမှာ စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက်သာဖြစ်ကြောင်းတို့ကို ပြောကြားပါတယ်။

ထို့နောက် ၂၂ နှစ်မြောက် ရှစ်လေးလုံးနှစ်ပတ်လည်နေ့ အတွက် ထုတ်ပြန်သော ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရဧ။် ထုတ်ပြန်ကြေငြာချက်၊ မြန်မာနိုင်ငံ လုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးဧ။် ထုတ်ပြန်ကြေငြာချက်၊ နယူးဇီလန် နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများဧ။် ထုတ်ပြန်ကြေငြာချက်၊ မြန်မာပြည်တွင်းရှိ မြန်မာနိုင်ငံ သံဃာ့တပ်ပေါင်းစုကြီးလုံးဆိုင်ရာ၊ ရှစ်ဆယ့်ရှစ် မျိုးဆက်သစ်ကျောင်းသား များ နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ်တို့ ပူးတွဲထုတ်ပြန်သော ကြေငြာ ချက်များကို ဖတ်ကြားခဲ့ကြပါတယ်။

ထို့နောက် တက်ရောက်လာသူများထဲမှ အချို့ကလည်း မိမိတို့ရဲ့ ရှစ်ဆယ့်ရှစ် အရေးတော်ပုံ အပေါ်အမြင်နှင့် ယခုလက်ရှိ မြန်မာနိုင်ငံအခြေအနေများကို ပြောကြားခဲ့ကြပါတယ်။ အခမ်းအနားကို ကမ္ဘာမကြေဘူးသီချင်းသီဆိုပြီး ရုပ်သိမ်းခဲ့ပါတယ်။

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများ ၂၂ နှစ်မြောက် ရှစ်လေးလုံး အခမ်းအနား (နယ်လ်ဆင်မြို့)

အလားတူ နယူးဇီလန်နိုင်ငံ နယ်လ်ဆင်မြို့ရှိ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများကလည်း ၂၂ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ နှစ်ပါတ်လည်နေ့ကို ကျင်းခဲ့ကြပြီး၊ နယူးဇီလန်ရှိ ပါလီမန်အမတ်များလည်း တက်ရောက်ခဲ့ကြောင်း သိရှိရပါတယ်။

(Yazawin)