Tuesday, September 21, 2010

ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို CALD ချီးမြှင့်


ဒေါ်အောင်ဆန်းစုကြည်အား အာရှ လစ်ဘရယ်နှင့် ဒီမိုကရက် ကောင်စီ (CALD) ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ဆုအပ်နှင်းပွဲကို ဗြိတိန် နိုင်ငံ၊ လီဗာပူးလ်မြို့တွင် စက်တင်ဘာ ၂၀ ရက်က ကျင်းပစဉ် မဇိုယာဖန်း (ယာမှ တတိယ) က ကိုယ်စား လက်ခံနေပုံ ဖြစ်ပါသည်။ (Photo: Burma Campaign UK)
ဖိလစ်ပိုင်နိုင်ငံအခြေစိုက် အာရှ လစ်ဘရယ်နဲ့ ဒီမိုကရက် ကောင်စီ CALDအဖွဲ့ က မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တသီးပုဂ္ဂလ ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ဒီကနေ့ စက်တင်ဘာ ၂၀ ရက်မှာ ဆုတံဆိပ် ပေးအပ်တယ်လို့ သိရပါတယ် ။
ဆုပေးပွဲ အခမ်းအနားကိုတော့ ဗြိတိန်နိုင်ငံ လီဗာပူလ်မြို့မှာ ကျင်းပတာ ဖြစ်ပြီး ဆုကို ဗြိတိန်နိုင်ငံ အခြေစိုက် Burma Campaign UK အဖွဲ့က မဇိုရာဖန်းကနေ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား လက်ခံမယ်လို့ CALD အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ် ။

Monday, September 20, 2010

နယူးဇီလန်ကမ်းလွန်တွင် မြန်မာသင်္ဘောသားတဦး ရေထဲ ပြုတ်ကျ

တောင်ကိုးရီယာနိုင်ငံပိုင် ကုန်တင်သဘောင်္ တီပီစီနက်ပီးယ(TPCNapier)တွင် လုပ်ကိုင်နေသာ အသက် (၄၀)အရွယ်ရှိ မြန်မာသင်္ဘောသား တဦးသည် နယူးဇီလန်ကမ်းလွန်ပင်လယ်ပြင်တွင် စက်တင်ဘာလ (၁၆)ရက်ေ န့က ရေထဲပြုတ်ကျသွားခဲ့ပါသည်၊ သူပျောက်ဆုံးကြောင်း စက်တင်ဘာလ (၁၆)ရက်နေ့ ညနေ ၅ နာရီခွဲအချိန်က သိရှိလိုက်ရပြီး ရေထြဲ ပုတ်မကျခင်က သူသည် ပြုပြင်ထိမ်းသိန်းရေး လုပ်ငန်းများ လုပ် ကိုင်ရန် အ၀တ်အစား လဲထားကြောင်း၊ သို့သော်လည်း အသက်ကယ်အကျီဝတ်မထားကြောင်း သိရပါသည်။
ဗားမားတူဒေးမှ

စစ်အာဏာသိမ်း ၂၂ နှစ်မြောက်နေ့ နိုင်ငံတကာမှာ ဆန္ဒပြ

၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်သည့် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအဖြစ် ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူများ ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က တိုကျိုမြို့တွင် လှည့်လည် ဆန္ဒပြနေပုံ ဖြစ်ပါသည်။ (Photo: Palaung National Society-Japan)


စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအဖြစ် ဂျပန်နိုင်ငံရောက် မြန်မာ နိုင်ငံသားတွေနဲ့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက စစ်တပ် အာဏာသိမ်းခြင်း ၂၂ နှစ် မြောက်နေ့မှာ တိုကျိုမြို့ကို လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြရာမှာ ဦးဆောင် ပါဝင်သူ ဦးသန်းဆွေက တိုကျို ဆန္ဒပြပွဲနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

“နအဖ စစ်အုပ်စုက လုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်တဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ ဖွဲ့စည်းပြီး ပါဝင်တဲ့ မြန်မာနိုင်ငံသား အားလုံးက တိုကျိုက လူစည်ကားတဲ့ အရပ်တွေမှာ စီတန်းလှည့်လည်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်တယ်ဆိုတာကို ဂျပန်လူထုကို တင်ပြရင်း၊ ဂျပန်လူထုက တဆင့် ဂျပန်အစိုးရကို နအဖ စစ်အုပ်စုရဲ့ ၂၀၁၀ ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ် မပြုဖို့ ဝိုင်းဝန်း ဖိအားပေးဖို့အတွက် ပြုလုပ်တာ ဖြစ်ပါတယ်”

Saturday, September 18, 2010

လူချစ်လူခင်များသော နိုင်ငံရေးသမား သတင်းစာဆရာ သခင်အုန်းမြင့် ကွယ်လွန်


အနှစ် ၈ဝ ခန့် နောက်ကွယ်မှ နိုင်ငံရေးလှုပ်ရှားခဲ့သူ၊ ဗိုလ်ချုပ်အောင်ဆန်း-ဒေါ်ခင်ကြည်မှ ဒေါ်အောင်ဆန်း စုကြည်ထိ အောင်ဆန်းမိသားစု၏ လူယုံ၊ လွတ်လပ်ရေး တိုက်ပွဲဝင် လက်ဝဲနိုင်ငံရေးသမား သခင်အုန်းမြင့် (၉၃ နှစ်) ယနေ့ နံနက် ၄ နာရီခွဲက ရန်ကင်း ဆူနီယံပတ် နေအိမ်တွင် ကွယ်လွန်သွားပြီ ဖြစ်သည်။

လူငယ်တယောက်လို အစဉ်သွက်လက် ပေါ့ပါးနေသော သခင်အုန်းမြင့်သည် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ ကို ကွယ်လွန်ခါနီးထိ အမြဲတွေ့ဆုံကူညီနေခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူမှုအထောက်အကူပြုအဖွဲ့ ဒုဥက္ကဋ္ဌအဖြစ်လည်း ကာလရှည်ကြာဆောင်ရွက်ပေးခဲ့သည်။

လာမည့်အစိုးရသစ်နှင့်လည်း တိုက်ရိုက်ညှိနှိုင်းဆောင်ရွက်ရေးမူဝါဒ အမေရိကန် ဆက်လက်ကျင့်သုံးမည်

၂၀၁၀ မေလအတွင်းက ရန်ကုန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (ယာစွန်)၊ အမေရိကန် သံရုံး ယာယီ တာဝန်ခံ လာရီ ဒင်းဂါးတို့ တွေ့ဆုံ ဆွေးနွေးစဉ် (ဓာတ်ပုံ - Reuters)
အမေရိကန် အစိုးရသည် ရွေးကောက်ပွဲ အပြီး တက်လာမည့် အစိုးရသစ်နှင့်လည်း တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေး မူဝါဒကို ဆက်လက် ကျင့်သုံးမည်ဟု သိရသည်။

စစ်အစိုးရနှင့် တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေး ၂ ကြိမ်စလုံး မအောင်မြင်ခဲ့သည့်တိုင် ရွေးကောက်ပွဲအပြီး တက်လာမည့် နိုင်ငံတကာက အသိအမှတ်ပြုမည် မဟုတ်သော မြန်မာအစိုးရသစ် အတွက်လည်း ယင်းမူဝါဒကို ဆက်လက်ကိုင်စွဲသွားခြင်း သာ အသင့်လျော်ဆုံးဖြစ်ကြောင်း အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိတဦးက ယမန်နေ့က ပြောကြားသည်။

Friday, September 17, 2010

မြန်မာ့အရေး ဒေလီဆွေးနွေးပွဲ ချက်သံအမတ် ဖွင့်လှစ်မည်

၂ဝ၁ဝ ရွေးကောက်ပွဲ အဖြစ်မှန်နှင့် မြန်မာ ဒုက္ခသည်အရေး အိန္ဒိယပြည်သူများ ပိုမိုသိရှိရန် နယူးဒေလီမြို့၌ ယခုလ ၂၇ ရက်တွင် ကျင်းပမည့် မီဒီယာ အလုပ်ရုံ ဆွေးနွေးပွဲနှင့် သတင်းစာ ရှင်းလင်းပွဲကို အိန္ဒိယနိုင်ငံဆိုင်ရာ ချက်သံအမတ်ကြီး Miloslav Stasek က ဖွင့်လှစ်မည် ဖြစ်သည်။ချက်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ အထောက်အပံ့ဖြင့် ရပ်တည်သည့် ပရဂ်မြို့ မြန်မာ့ရေးရာဌာန (Burma Centre Prague) နှင့် ဒေလီမြို့ မြန်မာ့ရေးရာဌာန (Burma Centre Delhi) က ဦးဆောင်၍ နယူးဒေလီမြို့ ရှိ Press Club of India ၌ ကျင်းပမည်။

“ရွေးကောက်ပွဲ၊ မြန်မာဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ ဒုက္ခသည်ဖြစ်ရတဲ့ အကြောင်းတွေကို ဆွေးနွေးကြမယ်။ ပြီးရင် သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲကို အိန္ဒိယပြည်သားတွေ မသိကြဘူး။ မြန်မာဒီမိုကရေစီ လှုပ်ရှားသူတွေရဲ့ အသံ၊ ခံစားချက်တွေကို သိအောင် ရည်ရွယ်တယ်။ ရွေးကောက်ပွဲကျရင် အိန္ဒိယသတင်းဌာနတွေက အဖြစ်မှန်ကို ပြည့်ပြည့်စုံစုံဖော်ပြနိုင်မယ် မျှော်လင့်တယ်” ဟု BCD မှ စီမံကိန်း ညွှန်ကြားရေးမှူး Alana Golmei က မဇ္ဈိမကို ပြောသည်။“ချက်သံအမတ်ကြီးကိုယ်တိုင် အလုပ်ရုံဆွေးနွေးပွဲကို ဖွင့်လှစ်ပေးတယ်ဆိုတော့ ကျေနပ်အားရပါတယ်။ ဒီပွဲကို ချက်သံရုံးက ဧည့်သည်အနေနဲ့ပဲ တက်ရောက်မယ်။ ချက်အစိုးရ အထောက်အပံ့၊ ကျနော်တို့ ကြီးကြပ်ကွပ်ကဲမှုနဲ့ မြန်မာ့ဒီမိုကရေစီအရေး စီမံကိန်းရဲ့ အစိတ်အပိုင်းတခုအဖြစ် မီဒီယာအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပမယ်” ဟု BCP စတင်တည်ထောင်သူ တဦးဖြစ်သည့် စီမံချက်ရေးရာ ခေါင်းဆောင် Christoph Amthor က မဇ္ဈိမကို ပြောသည်။

မြန်မာစစ်အစိုးရ ကျင်းပမည့် ၂ဝ၁ဝ ရွေးကောက်ပွဲကို တရားမျှတပြီး လွတ်လပ်မှု မရှိနိုင်သဖြင့် ပရဂ်မြို့ မြန်မာ့ရေးရာဌာန အနေဖြင့် လုံးဝလက်မခံကြောင်း Christoph Amthor က ဆိုသည်။ဆွေးနွေးပွဲသို့ Christoph Amthor အပြင် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB ဝန်ကြီး ဒေါက်တာတင့်ဆွေ၊ BJP ပါတီ နိုင်ငံခြားရေးရာဌာန တာဝန်ခံ Vijay Jolly ၊ မဇ္ဈိမသတင်းဌာန အယ်ဒီတာချုပ် ဦးစိုးမြင့်၊ Indian Express သတင်းစာမှ ဝါရင့်အယ်ဒီတာဟောင်း Jyoti Malhotra အပါအဝင် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ ဦးရေ ၃ဝ ကျော် တက်ရောက်မည်ဖြစ်သည်။
(မဇ္ဈိမသတင်းဌာန မှ ကောက်နှုတ်ဖော်ပြသည်။)

Wednesday, September 15, 2010

ရွှေဝါရောင် နှစ်ပါတ်လည်ကာလ သံဃာ့အခမ်းအနားများ တိတ်ဆိတ်စွာကျင်းပရ

၂၀၁၀ မတ်လအတွင်းက ရွေးကောက်ပွဲဥပဒေများ ကြေညာပြီးနောက် ရန်ကုန် မြို့တော်ခန်းမရှေ့ရှိ လုံခြုံရေးများ ချထားသည့်အနီး သံဃာတပါး လမ်းဖြတ်ကူးနေစဉ် (ဓာတ်ပုံ - AP)

၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် စက်တင်ဘာလတွင် သာသနာဆိုင်ရာ အခမ်းအနားများ ပြုလုပ်ရာ၌ သာသနာ့ အလံများ ထောင်ခြင်း၊ သံဃာတော်များ စုရုံးခြင်း၊ အသံချဲ့စက် အသုံးပြုခြင်း၊ ဆိုင်းဘုတ်များ တင်ခြင်း မပြုလုပ်ရန် စစ်အစိုးရက ပိတ်ပင် ထားကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့ အဘိဓမ္မာ ပြန့်ပွားရေး အသင်းကြီးက ပြုလုပ်သော ၄၃ ကြိမ်မြောက် အဘိဓမ္မာ စာတော်ပြန်ပွဲကြီးကို ရွှေတိဂုံ ခြေတော်ရင်းရှိ အဘိဓမ္မာ ရတနာဃရ ဓမ္မာ ဗိမာန်တော်ကြီးတွင် ယခုလ ၁၁ ရက်မှ ၁၉ ရက်နေ့ အထိ ပြုလုပ်လျက်ရှိရာ အဆိုပါစာပြန်ပွဲကို အခမ်းအနား ပုံစံဖြင့် စည်စည် ကားကား ကျင်းပခွင့်မပြုဘဲ တိတ်ဆိတ်စွာ ကျင်းပခဲ့ ရကြောင်း သိရှိရသည်။

ရွေးကောက်ပွဲကော်မရှင်က NLD နှင့် ပါတီကြီး ၄ ခုကို ပယ်ဖျက်


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဌာနချုပ်ရုံးတွင် ကျင်းပသည့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ နှစ်ပတ်လည် အခမ်းအနားတွင် ပါတီ၏ သင်္ကေတတခု ဖြစ်သော ခမောက်ကိုယ်စီ ဆောင်းထားသည့် အဖွဲ့ဝင်များကို ၂၀ဝ၈ မေလ ၂၇ ရက်က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီဟာ စစ်အစိုးရ ရွေး ကောက်ပွဲ ဥပဒေသစ်အရ နိုင်ငံရေးပါတီ အဖြစ် ပြန်လည်မှ တ်ပုံတင် သက်တမ်း မတိုးခဲ့တဲ့အတွက် ပယ်ဖျက်ကြောင်း စစ်အစိုးရ ရွေးကောက်ပွဲ ကော်မရှင် အသစ်က စက်တင်ဘာ ၁၄ ရက် ဒီကနေ့ညနေ ၆ နာရီက ကြေညာလိုက်ပါတယ်။


ဒီအထဲမှာ NLDအပါအဝင် ပြည်ထောင်စု ပအိုးဝ်အမျိုးသားပါတီ (UPNO)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ ဝ အမျိုးသား တိုးတက်ရေးပါတီတို့ ဖြစ်ပါတယ်။ (RFA)

Monday, September 13, 2010

ဖမ်းထားတဲ့ ဆရာတော်ကို ဥပဒေမဲ့ စီရင်ခဲ့ရင် စစ်တွေသံဃာထု သည်းခံမည်မဟုတ်

မဟာမုနိ ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက် (စစ်တွေမြို့) ဆရာတော် အသျှင် ပညာစာရ။


ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ စစ်တွေမြို့ မဟာမုနိ ဗုဒ္ဓဝိဟာရ ကျောင်းတိုက်က သမိုင်းသုတေသီ ဆရာတော် ဦးပညာစာရကို ဆက်လ က် ရုံးထုတ်စစ်ဆေးနေရာမှာ အစိုးရသက်သေတွေ ဘက်က အထောက်အထား အခိုင်အလုံ မတင်ပြနိုင်သေးတဲ့အတွက် ဆရာတော် လွတ်မြောက်ဖို့ အလားအလာ ကောင်းမွန်တယ်လို့ တရားခွင်နဲ့ နီးစပ်သူ မြို့ ခံတွေက ပြောပါတယ်။

Sunday, September 12, 2010

ရွေးကောက်ပွဲသပိတ်မှောက်ရေး NLD ခေါင်းဆောင်တွေ မန္တလေးမှာ ရှင်းပြ

ဦးအုန်းကြိုင် ဦးဆောင်တဲ့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဟာ မနလေးတိုင်း (၁၅) မြို့နယ်က NLD  ခေါင်းဆောင်တွေ၊ ပါတီဝင်တွေနဲ့ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

Saturday, September 11, 2010

လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်း နောက်ဆုံး စိစစ်

၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ပြိုင်မဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းေ တွကို ကော်မရှင်က ၆ ရက်နေ့ကစပြီး စိစစ်နေတာ ဒီကနေ့မှာ နောက်ဆုံး စိစစ်ခဲ့ပါတယ်။

လက်ရှိဝန်ကြီးချုပ်ဦးဆောင်ပြီး အစိုးရ၀န်ကြီးတွေနဲ့ဖွဲ့ စည်းထားတဲ့ ကြံ့ ခိုင်ဖွံ့ဖြိုးရေးပါတီက ပြည်နယ်နဲ့တိုင်း အားလုံးမှာ ကိုယ်စားလှယ်လောင်း တထောင့်တရာကျော် ၀င်ပြို င် ဖို့ အမည် စာရင်းတင်သွင်းထားရာမှာ အပယ်ခံရသူတ ဦးမှမရှိဘူးဘို့ သိရပါတယ်။

အစိုးရအဖွဲ့ဝင်တွေအနေနဲ့ အထူး အခွင့်အရေးတွေရနေတဲ့အတွက် အခုလို အပါယ်မခံရတာဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကိုယ်စားလှယ်လောင်းတွေအားလုံးဟာ သတ်မှတ်ထားတဲ့ စည်းကမ်းစည်းမျဉ်းတွေနဲ့ ညီညွတ်တဲ့ အတွက် အပယ်မခံရတာလို့ ဘီဘီစီကိုပြောပါတယ်။

ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မဲ့ လွှတ်တော်ကိုယ်စား လှယ်လောင်းအရေးအတွက် ဒုတိယအများဆုံးဖြစ်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကလည်း တိုင်းနဲ့ပြည်နယ်မှာ ၀င်ပြိုင်မဲ့ လွှတ်တော်ကိုယစားလှယ်တွေဆီက မကြားရသေးပေမဲ့ လောလောဆယ် သိ၇သလောက်တော့ အပယ်ခံရတဲ့ ကိုယ်စားလှယ်လောင်း တယောက်မှ မရှိသေးဘူးလို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဟန်ေ ရွှက ပြောပါတယ်။

ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)ကတော့ လောလောဆယ်မှာ သူတို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတဦး အခွန်ကိစနဲ့ အပယ်ခ့ရတ ယ်လို့ ပြောပါတယ်။ ပါတီအထွေထွေအတွင်းရေးမှူး ဒေါ်သန်းသန်းနု နဲ့ ခင်ပွန်းကိုတော့ ပြည်ပမှာနေစဉ် အခွန်ငွေထန်းဆောင် ခဲ့တဲ့ ကိစနဲ့ပတ်သက်လို့ ခရိုင်အဆင့်အနေနဲ့ လက်ခံလိုက်ပြီဖြစ်ပေမဲ့ နောက်ထပ်စိစစ်မှုတွေ ဆက်လုပ်နေဆဲဖြစ် တယ်လို့ ဘီဘီစီကိုပြာပါတယ်။ ရွေးကောက်ပွဲမှာ ယဉ်ပြိုင်မဲ့ လွှတ်ေ တ်ာကိုယ်စားလှယ်အမည်စာရင်းကို လာမဲ့ တရက်နှစ်ရက်အတွင်း ထုတ်ဖော်ကြေညာလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ (ဘီဘီစီ)

Friday, September 10, 2010

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဂျွန်လင်နန်၏ ဇနီး ကြိုးပမ်းလျက်ရှိ

ကွယ်လွန်သူ ကမြာကျော် ဘီးတဲလ်စ်တေးဂီတအဖွဲ့ စွယ်စုံ ပညာရှင် ဂျွန်လင်နန်ရဲ့ ဇနီးသည် ယိုကို အိုနိုက ခင်ပွန်းသည်ရဲ့ အနှစ် ၇၀ မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး (Amnesty International) နဲ့အတူ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးရဲ့ လုပ်ငန်းတွေမှာ ပါဝင်နိုင်ဖို့ လှူဒါန်းကြတဲ့ငွေတွေကို သူမအနေနဲ့ တကျပ်ကို တကျပ်ချင်း လိုက်ပါ ထည့်ဝင်ဖို့ ဒေါ်လာငွေ တသိန်းသုံးသောင်း လျာထားတယ်လို့လည်း ဆိုပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့ဟာ ဂျွန်လင်နန်ရဲ့ မွေးနေ့ဖြစ်ကြောင်း၊ သူမ အနေနဲ့ ဂျွန်လင်နန်အတွက် မွေးနေ့လက်ဆောင်အဖြစ် အမြဲတမ်း ဆန္ဒရှိတာကတော့ ငြိမ်းချမ်းရေးပဲ ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလို့ ဆိုရာမှာ အများအကျိုးအတွက် သတ္တိရှိရှိ ဆောင်ရွက်တဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးရဲ့ အခြေခံ လူ့အခွင့်အရေးတွေကို အကာအကွယ်ပေးတာပဲ ဖြစ်ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့ အင်တာနက်စာမျက်နှာမှာ ရေးသား ဖော်ပြထားပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးအနေနဲ့ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ၊ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော် လွတ်မြောက်ရေးအတွက် အားကြိုးမာန်တက် ကြိုးပမ်းနေတဲ့ အဖွဲ့ကြီး ဖြစ်တာကြောင့် ဒီအဖွဲ့ကြီးနဲ့ လက်တွဲပြီး မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကို ဝိုင်းဝန်းဆောင်ရွက်ကြပါလို့ သူမက တိုက်တွန်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာ ၁၄ နှစ်လောက် တရားမဝင် ချုပ်နှောင်ခံခဲ့ရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတ္တိနဲ့ လုပ်ရပ်တွေကြောင့် သူမအနေနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ရေးကို စိတ်ဝင်စားလာကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ မေတ္တာတရား၊ သူ့ရဲ့ လွတ်လပ်မှုနဲ့ ငြိမ်းချမ်းရေး သင်္ကေတတွေနဲ့ မြန်မာပြည်သူတွေကို ဆက်လက် တိုက်ပွဲဝင်ဖို့ တွန်းအားပေးနေသူ ဖြစ်ကြောင်း မစ္စ ယိုကို အိုနိုက ပြောကြားထားပါတယ်။ (RFA)