၂၀ဝ၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင် သပိတ်မှောက်ကြလို့ ရေးသားထားတဲ့ စာရွက်တွေ လိုက်လံကပ်တဲ့ လှုပ်ရှားမှုကို ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ အောက်တိုဘာလ ၆ရက် ဒီကနေ့မနက် လင်းအားကြီး အချိန်မှာ လူငယ်တစုက ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒီလှုပ်ရှားမှုကို ဦးဆောင်ခဲ့သူတဦးဖြစ်တဲ့ ကိုအောင်သာလှက သူတို့ ဘာတွေဘယ်လို လုပ်ခဲ့တယ်ဆိုတာကို အခုလို ပြန်ပြောပြပါတယ်။
(ဒေါ်အောင်ဆန်းစုကြည်ဂျပန်သို့ ခရီးမထွက်မီ
နာရီပိုင်းအလိုနုစ်သစ်ကြိုဆုတောင်း)
Friday, October 8, 2010
Wednesday, October 6, 2010
ရွှေဝါရောင် သုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အော်ကလန် တက္ကသိုလ်တွင် ဗားမားဗီဂျေ မှတ်တမ်းတင်ရုပ်ရှင် ပြသ
နယူးဇီလန်နိုင်ငံ။ အော်ကလန်မြို့ရှိ University of Auckland တွင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ - နယူးဇီလန် မှ ကြီးမှုးကျင်းပသည့် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကို အခြေခံသည့် ဗားမားဗီဂျေ မှတ်တမ်းတင် ရုပ်ရှင်ပြပွဲကို အောက်တိုဘာလ ၄ ရက်နေ့က ပြုလုပ်ခဲ့ပါသည်။ ရုပ်ရှင်ပြသပြီးချိန်တွင် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ဧ။် တာဝန်ခံ မာဂရက်တေလာမှ ယနေ့ပြုလုပ်ရသည့် ရည်ရွယ်ချက်ကိုပြောကြားပါသည်။ Saturday, October 2, 2010
ရှစ်ဆယ့်ရှစ်ကျောင်းသားခေါင်းဆောင် ကိုမြအေးရဲ့သမီး (သို့မဟုတ်) ဒီမိုကရေစီမျိုးဆက်သစ် မဝေနှင်းပွင့်သုန် ရဲ့ မိန့်ခွန်း
"ကျမရဲ့အဖေကို ကျမ ပထမဦးဆုံးမြင်တွေ့ဖူးတာကတော့ သံတိုင်တွေကြားကတဆင့်မြင်တွေ့ရတဲ့ အကျဉ်းထောင် ထဲက အခန်းကျဉ်းကလေးထဲမှာဖြစ်ပါတယ်။ အဲဒီတုန်းက ကျမအသက် (၄)နှစ်ပဲရှိပါသေးတယ်။
"သူဟာ ၁၉၈၈ ခုနှစ်မှာ စစ်အာဏာရှင်စံနစ် ဆန့်ကျင်တဲ့အရေးတော်ပုံမှာ ပါဝင်လှုပ်ရှားခဲ့တာကြောင့် အကျဉ်းကျခံခဲ့ရပါတယ်။ အခု နောက်ထပ်တခါ ၂၀၀၇ ခုနှစ်မှာ ငြိမ်းချမ်းစွာလှုပ်ရှားခဲ့တဲ့ အရေးအခင်းမှာပါခဲ့လို့ ထောင်ဒါဏ် (၆၅)နှစ်နဲ့ (၆)လ အကျဉ်းကျခံထားရပါတယ်။ သူရဲ့ကျန်းမာရေးဟာ တော်တော်ဆိုးနေပါတယ်။ သူ့မှာ နှလုံးရောဂါလည်းရှိပါတယ်။ ဒါပေမဲ့ သူ့အသက်ဆက်ရှင်ဘို့အတွက် လိုအပ်နေတဲ့ ဆေးဝါးကုသခွင့်ကို ငြင်းပယ်ခြင်းခံနေရပါတယ်။ ဒါပေမဲ့ ကျမရဲ့အဖေဟာ နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ကျော်ထဲကမှ တဦးသာဖြစ်ပါတယ်။ များစွာသော အကျဉ်းသားတွေဟာ နှိပ်စက်ညှင်းပမ်းခြင်းကို ခံနေရပါတယ်။ သူတို့တတွေဟာ စိုးရိမ်ရတဲ့အခြေအနေအောက်မှာ ရှိနေကြပြီးတော့ သာမန် ဆေးကုသခွင့်ကိုတောင် မရကြပါဘူး။"
"သူဟာ ၁၉၈၈ ခုနှစ်မှာ စစ်အာဏာရှင်စံနစ် ဆန့်ကျင်တဲ့အရေးတော်ပုံမှာ ပါဝင်လှုပ်ရှားခဲ့တာကြောင့် အကျဉ်းကျခံခဲ့ရပါတယ်။ အခု နောက်ထပ်တခါ ၂၀၀၇ ခုနှစ်မှာ ငြိမ်းချမ်းစွာလှုပ်ရှားခဲ့တဲ့ အရေးအခင်းမှာပါခဲ့လို့ ထောင်ဒါဏ် (၆၅)နှစ်နဲ့ (၆)လ အကျဉ်းကျခံထားရပါတယ်။ သူရဲ့ကျန်းမာရေးဟာ တော်တော်ဆိုးနေပါတယ်။ သူ့မှာ နှလုံးရောဂါလည်းရှိပါတယ်။ ဒါပေမဲ့ သူ့အသက်ဆက်ရှင်ဘို့အတွက် လိုအပ်နေတဲ့ ဆေးဝါးကုသခွင့်ကို ငြင်းပယ်ခြင်းခံနေရပါတယ်။ ဒါပေမဲ့ ကျမရဲ့အဖေဟာ နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ကျော်ထဲကမှ တဦးသာဖြစ်ပါတယ်။ များစွာသော အကျဉ်းသားတွေဟာ နှိပ်စက်ညှင်းပမ်းခြင်းကို ခံနေရပါတယ်။ သူတို့တတွေဟာ စိုးရိမ်ရတဲ့အခြေအနေအောက်မှာ ရှိနေကြပြီးတော့ သာမန် ဆေးကုသခွင့်ကိုတောင် မရကြပါဘူး။"
Friday, October 1, 2010
အော်ကလန်တက္ကသိုလ်တွင် ဗားမားဗီဂျေ (Burma VJ ) ရုပ်ရှင်ပြမည်
အောက်တိုဘာလ (၄)ရက် တနင်္လာနေ့တွင် နယူးဇီလန်နိုင်ငံ အော်ကလန်မြို့ရှိ အော်ကလန်တက္ကသိုလ်တွင် နအဖ စစ်အစိုးရမှကြီးမှုးကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကိုဆန့်ကျင်သည့်လှုပ်ရှားမှုတရပ်အနေဖြင့် မြန်မာဒီမိုကရေစီရေးလှုပ်ရှားမှုများနှင့် နအဖ စစ်အစိုးရဧ။် ဖိနှိပ်ရက်စက်မှုများနှင့် ယင်းအဖြစ်အပျက်အမှန်များကို ကမ္ဘာကသိအောင် မှတ်တမ်းတင်ရိုက်ကူး ဖော်ထုတ်ခဲ့ကြသည့် ပြည်တွင်း သတင်းထောက်များဧ။် ကြိုပမ်းမှုများကို ပေါ်လွင်အောင်ရိုက်ကူးထားသည့် ဗားမားဗီဂျေ (Burma VJ ) ရုပ်ရှင်ကားကို ပြသမည်ဖြစ်ကြောင်း သိရသည်။
မှတ်တမ်းတင် ရုပ်ရှင်ပြပွဲမတိုင်မှီတွင် အရှင် သြဘာသ (မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂ - နယူးဇီလန်) နှင့် Margaret Taylor မာဂရက်တေလာ Amnesty International Aotearoa - New Zealand (အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ -နယူးဇီလန်) အဖွဲ့တို့က လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေနှင့် နအဖဧ။် ၂၀၁၀ ရွေးကောက်ပွဲသည် တရားမ၀င်ကြောင်း လှုံ့ဆော်ဟောပြောမည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရုံဖြင့် ရွေးကောက်ပွဲ တရားမျှတမည်မဟုတ်
နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြီး လွှတ်ပေးရုံနဲ့ မြန်မာနိုင်ငံမှာ လွတ်လပ် တရားမျှတပြီး အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲတရပ် ဖြစ်မလာနိုင်ကြောင်း ပြည်ပအခြေစိုက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) က ထောက်ပြ ဝေဖန်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကာလအတွင်း ပြီးခဲ့တဲ့ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး မိတ်ဆွေနိုင်ငံများ အစည်းအဝေး အပြီး ထုတ်ပြန်ခဲ့တဲ့ သဘောထားကြေညာချက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပြီး၊ လွတ်လပ်တရားမျှတပြီး သက်ဆိုင်သူအားလုံး ပါဝင်ခွင့်ရှိတဲ့ ရွေးကောက်ပွဲတရပ် ကျင်းပရေး မြန်မာစစ်အစိုးရကို တောင်းဆိုခဲ့ပါတယ်။
ဒီတောင်းဆိုချက်နဲ့ ပတ်သက်ပြီး NCUB က အခုလို ဝေဖန်လိုက်တာဖြစ်ပါတယ်။
Wednesday, September 29, 2010
DVB နိုဗဲလ်ဆု အမည်စာရင်း တင်သွင်းခံရ
ပြည်ပအခြေစိုက် မြန်မာ သတင်းဌာန တခုဖြစ်သော ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သည် ၂၀၁၀ နိုဗဲလ် ငြိမ်းချမ်းရေး ဆုအတွက် အမည်စာရင်း တင်သွင်းခံရကြောင်း သိရှိရသည်။
DVB သတင်းဌာန ထိုင်းနိုင်ငံ ဌာနခွဲ တာဝန်ခံဖြစ်သူ ဦးတိုးဇော်လတ်က ယခုကဲ့သို့ အမည်စာရင်းတင်သွင်းခံရခြင်းသည် မြန်မာ့နိုင်ငံရေး၊ မြန်မာနိုင်ငံမှ သတင်းလွတ်လပ်ခွင့်၊ မြန်မာ့ မီဒီယာအခန်းကဏ္ဍတို့အပေါ် ကမ္ဘာက အာရုံစိုက်လာခြင်း တမျိုး ဖြစ်သည်ဟု ဧရာဝတီသို့ပြောသည်။
Monday, September 27, 2010
မြန်မာ့ဒီမိုကရေစီ တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်အား အမေရိကန်ပြည်ထောင်စုတွင်တရားဝင် လွှင့်ထူခွင့်ရရှိ
စစ်အာဏာရှင်တိုက်ပွဲတွင် ဒီမိုကရေစီအင်အားစုများ ကိုင်စွဲလွှင့်ထူခဲ့သော တိုက်ပွဲဝင် ခွပ်ဒေါင်းအလံအား အမေရိကံပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့တွင် သက်ဆိုင်ရာအာဏာပိုင်များ၏ တရားဝင်ခွင့်ပြူချက်ဖြင့် စက်တင်ဘာလ (၂၅)နေ့ နံနက် ၁၁နာရီအချိန် ဘတ်ဖဲလိုးမြို့ မြို့တော်ခန်းမရှေ့ ပန်းခြံရှိ အမေရိကန်ပြည်ထောင်စု နိုင်ငံတော်အလံလွှင့်ထူရာ အလံတိုင်တွင် လွှင့်ထူခွင့်ရခဲ့ပါသည်။
Sunday, September 26, 2010
အမျိုးသား ရင်ကြားစေ့ရေးဖော်ဆောင်ရန် အိုဘားမား တိုက်တွန်း
အမေရိကန် သမ္မတ ဘားရက် အိုဘားမားက မြန်မာ စစ်အစိုးရကို အမျိုးသား ရင်ကြားစေ့ရေး အကောင်အထည် ဖော်ရန် အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန် ထပ်မံတိုက်တွန်းလိုက် ကြောင်း သိရှိရသည်။
တိုင်းရင်းသားခေါင်းဆောင်တွေ ထိုင်းနိုင်ငံမှာ လျှို့ဝှက် တွေ့ဆုံ
မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ၊ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေဟာ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ နောက်ထပ်တကြိမ် လျှို့ဝှက်တွေ့ဆုံ ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။
Saturday, September 25, 2010
ဒေါ်အောင်ဆန်းစုကြည် မဲပေးခွင့်ရပြီ
ဒေါ်အောင်ဆန်းစုကြည်ကို လာမည့် ရွေးကောက်ပွဲတွင် မဲပေးခွင့်ပြုသည့် စာရင်းကို ဗဟန်းမြို့နယ် အရှေ့ ရွှေတောင်ကြား ရပ်ကွက် ကော်မရှင် ရုံးတွင် ဖော်ပြထားကြောင်း သိရသည်။ ကော်မရှင်ရုံးရှိ မဲပေးပိုင်ခွင့်ရှိသူများ စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ နေအိမ် အကျယ်ချုပ်ကျခံနေရသည့် ဒေါ်ခင်ခင်ဝင်းနှင့် သမီးဖြစ်သူ မ၀င်းမမ တို့လည်း ပါဝင်ကြောင်း ရပ်ကွက်ကော မရှင်ရုံးသို့ သွားရောက် ကြည့်ခဲ့ သူတဦးက ဧရာဝတီသို့ ပြောသည်။ Friday, September 24, 2010
စစ်အစိုးရ ရာဇ၀တ်မှုများ စုံစမ်းစစ်ဆေးမှုကော်မရှင်ဖွဲ့ရန် ထောက်ခံမှုများလာ
မြန်မာ စစ်အစိုးရ၏ စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးရေး ကော်မရှင် (CoI)ဖွဲ့စည်းရန် ပြင်သစ်နိုင်ငံက ထောက်ခံလိုက်ခြင်းဖြင့် ထောက်ခံသည့် နိုင်ငံ ၁၀ နိုင်ငံ ရှိသွားပြီဖြစ်သည်။ Wednesday, September 22, 2010
နအဖစစ်အစိုးရရဲ့ ရာဇ၀တ်မှုတွေကို စုံစမ်းဘို့ ကုလသမဂ္ဂမှာ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ဘို့ နယူးဇီလန်အစိုးရ ထောက်ခံ
နယူးဇီလန်ပါလီမန်အမတ် မာရီယန်စရီ (လေဘာပါတီ) နှင့် ကိုနိုင်ကိုကို (ဗားမားကင်ပိန် - နယူးဇီလန်) တို့အား နယူးဇီလန်ပါလီမန်တွင်ပြုလုပ်သော ဓါတ်ပုံပြပွဲတွင် တွေ့ရစဉ်
ဗားမားကင်ပိန်းနယူးဇီလန်မှ ပြောရေးဆိုခွင့်ရှိသူ ကိုနိုင်ကိုကို နှင့် ဆက်သွယ်မေးမြန်းချက်
Subscribe to:
Posts (Atom)








