Tuesday, October 12, 2010

စင်ကာပူရောက်မြန်မာများ သူရဦးတင်ဦးထံမှ သြ၀ါဒခံယူ

စင်ကာပူနိုင်ငံတွင် မျက်စိခွဲစိတ်ကုသပြီး၍ လိုအပ်သော ဆေးဝါးစောင့်ရှောက်မှု ဆက်လက်ခံယူနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ သူရဦးတင်ဦးထံမှ သြ၀ါဒစကားများခံယူသည့် ဂါရ၀ပြုပွဲတရပ်ကို စင်ကာပူရောက် မြန်မာလူငယ်များက ဦးစီးကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါသြဝါဒခံယူပွဲကို စင်ကာပူမြို့ရှိ တိုးပါးရိုးမြန်မာဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ နေ့လယ်ပိုင်း၌ စုပေါင်းပြုလုပ်ကြခြင်းဖြစ်ပြီး အခမ်းအနားသို့ စင်ကာပူရောက် အသက် (၂၀) အရွယ်မှ (၆၀-၇၀) တန်းအထိ မြန်မာနိုင်ငံသား (၃၀၀) ခန့် တက်ရောက်ကြသည်။

ထိုင်း ၀န်ကြီးချုပ် မြန်မာနိုင်ငံသို့ ရောက်ရှိ

ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝသည် နယ်စပ် တံတားပိတ်ခြင်း အပါအ၀င် နှစ်နိုင်ငံဆိုင်ရာ ပြဿနာများ ဆွေးနွေး ရန် နေပြည်တော်သို့ ယနေ့ ရောက်ရှိနေကြောင်း သိရသည်။
“နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန်နှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး၊ ချစ်ကြည်ရေး တံတား ပိတ်ထားမှု အပါအ၀င် တခြားသော နယ်စပ်ပြဿနာများ အရေး၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု တိုက်ဖျက်ရေး စသည်တို့ကို ဆွေးနွေးရန် ယခု ခရီးစဉ် ကို ရည်ရွယ်သည်”ဟု အဖိဆစ် က မြန်မာနိုင်ငံသို့ မထွက်ခွာမီ သတင်းထောက်များကို ပြောကြားခဲ့သည်။

Monday, October 11, 2010

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ ကိုအောင်ခိုင်မင်းဧ။်နယူးဇီလန်ခရီးစဉ်


နိုင်ငံရေးအကျဉ်းသားဟောင် ကိုအောင်ခိုင်မင်း (AAPP)

အောက်တိုဘာလ (၁၀)ရက်နေ့ညနေက ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသား များကူညီစောင့်ရှောက်ရေးအဖွဲ(မြန်မာနိုင်ငံ) မှကိုအောင်ခိုင်မင်းသည် နယူးဇီလန်နိုင်ငံသို့ ရောက်ရှိလာပြီး၊ နယူးဇီလန်ရောက် မြန်မာ့ ဒီမိုကရေစီအင်အားစုများနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို အော်ကလန်မြို့ရှိ ရိပ်သာခန်း မတခုမှာ ပြုလုပ်ခဲ့ပါတယ်။
 

Saturday, October 9, 2010

ဒီချုပ် ဖျက်သိမ်းခဲ့သည့်အတွက် စွဲဆိုထားမှု ကြားနာရန် ရက်သတ်မှတ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖျက်သိမ်းခဲ့သည့်အပေါ် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာစစ်အစိုးရကို တရားစွဲဆိုထားခဲ့ရာ ယင်းအမှုကိုကြားနာရန် အောက်တိုဘာ ၁၈ ရက်နေ့ကို ချိန်းဆိုခဲ့သည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။
ဤအမှု ပထမဆုံး ကြားနာသည့်နေ့တွင် ဒီချုပ်ကို ကိုယ်စားပြုရန် ရှေ့နေကြီး ဦးကြည်ဝင်းတဦး တည်းကိုသာ ခွင့်ပြုထားသည်။
ဤအမှုအတွက် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ထိန်းသိမ်းခံ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီကိုယ်စားလှယ်များကို နောက်အပတ်တွင် တွေ့ဆုံဆွေးနွေး ခွင့်ပြုပါရန် ဒီချုပ်က အာဏာပိုင်များကို မေတ္တာရပ်ခံထားသည်။  

တရုတ် လူ့အခွင့်အရေးသမားကို နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်

၂ဝ၁ဝ နိုဘယ်ငြိမ်းချမ်းရေးဆုကို တရုတ်လူ့အခွင့်အရေး လှုပ်ရှားသူ အကျဉ်းစံ Lui Xiaoboကို ချီးမြှင့် ကြောင်း နော်ဝေနိုင်ငံ နိုဘယ်ဆု ချီးမြှင့်ရေးအဖွဲ့က ယနေ့ ကြေညာသည်။
နောက်ဆုံး ဆန်ကာတင် လူ ၂ ဦးနှင့် အဖွဲ့အစည်း ၃ ဖွဲ့ထဲက မစ္စတာ Lui Xiaoboကို ရွေးချယ်ကြောင်း ယနေ့ နော်ဝေ စံတော်ချိန် မနက် ၁၁ နာရီ တွင် ကြေညာသည်။
“တရုတ်နိုင်ငံမှာ အခြေခံ လူ့အခွင့်အရေးတွေ တရုတ်လူ့အခွင့်အရေး နိုဘယ်ငြိမ်းချမ်းရေးဆုရှင် Lui Xiaobo (Photo: Wikidemia Commons)ပြန်လည်ထွန်းကားရေးအတွက် အကြမ်းမဖက်နည်းနဲ့ အကြာကြီး တိုက်ပွဲဝင်နေသူကို ရွေးလိုက်တာပါ”ဟု နော်ဝေအခြေစိုက် ဆုရွေးချယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ 
နောက်ဆုံး ဆန်ကာတင်စာရင်း တစ်ပေးခံရသူများမှာ အသက် ၅၅ နှစ်အရွယ် Lui Xiaobo အပြင် အာဖဂန်နစ္စတန်မှ လွတ်လပ်သော လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ Sima Sama ၊ အင်တာနက် ၊ နော်ဝေအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းဌာန၊ စစ်ရာဇဝတ်မှုနှင့် လူမဆန်သည့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးနေသည့် ဆီးရီးယား အထူးတရားရုံးတို့ ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး ကုလအတွင်းရေးမှူးချုပ်ထပ်မံ ပြောဆို

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီးမွန်းက မြန်မာစစ်အစိုးရကို နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးဖို့နဲ့ လာမဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲကို ပွင့်လင်းမျှတမှု ရှိပြီး သက်ဆိုင်ရာ နိုင်ငံရေး အဖွဲ့အစည်း အားလုံး ပါဝင် နိုင်အောင် အာမခံချက်ပေးဖို့ မိမိ ဆက်လက် တိုက်တွန်းနေကြောင်း အောက်တိုဘာ ၆ ရက် မနေ့က ပြောဆိုလိုက်ပါတယ်။မိမိရဲ့အဲဒီတိုက်တွန်းချက်ကို ပြီးခဲ့တဲ့လက မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့တွေ့ဆုံစဉ်မှာပြော ကြားခဲ့တာဖြစ်ကြောင်း မစ္စတာဘန်ကီးမွန်းက ကုလသမဂ္ဂဌာနချုပ်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

Friday, October 8, 2010

ရခိုင်လူငယ်များ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှား

၂၀ဝ၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင် သပိတ်မှောက်ကြလို့ ရေးသားထားတဲ့ စာရွက်တွေ လိုက်လံကပ်တဲ့ လှုပ်ရှားမှုကို ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ အောက်တိုဘာလ ၆ရက် ဒီကနေ့မနက် လင်းအားကြီး အချိန်မှာ လူငယ်တစုက ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒီလှုပ်ရှားမှုကို ဦးဆောင်ခဲ့သူတဦးဖြစ်တဲ့ ကိုအောင်သာလှက သူတို့ ဘာတွေဘယ်လို လုပ်ခဲ့တယ်ဆိုတာကို အခုလို ပြန်ပြောပြပါတယ်။ 

Wednesday, October 6, 2010

ရွှေဝါရောင် သုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အော်ကလန် တက္ကသိုလ်တွင် ဗားမားဗီဂျေ မှတ်တမ်းတင်ရုပ်ရှင် ပြသ

နယူးဇီလန်နိုင်ငံ။ အော်ကလန်မြို့ရှိ University of Auckland တွင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ - နယူးဇီလန် မှ ကြီးမှုးကျင်းပသည့် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကို အခြေခံသည့် ဗားမားဗီဂျေ မှတ်တမ်းတင် ရုပ်ရှင်ပြပွဲကို အောက်တိုဘာလ ၄ ရက်နေ့က ပြုလုပ်ခဲ့ပါသည်။ ရုပ်ရှင်ပြသပြီးချိန်တွင် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ဧ။် တာဝန်ခံ မာဂရက်တေလာမှ ယနေ့ပြုလုပ်ရသည့် ရည်ရွယ်ချက်ကိုပြောကြားပါသည်။

Saturday, October 2, 2010

ရှစ်ဆယ့်ရှစ်ကျောင်းသားခေါင်းဆောင် ကိုမြအေးရဲ့သမီး (သို့မဟုတ်) ဒီမိုကရေစီမျိုးဆက်သစ် မဝေနှင်းပွင့်သုန် ရဲ့ မိန့်ခွန်း

"ကျမရဲ့အဖေကို ကျမ ပထမဦးဆုံးမြင်တွေ့ဖူးတာကတော့ သံတိုင်တွေကြားကတဆင့်မြင်တွေ့ရတဲ့ အကျဉ်းထောင် ထဲက အခန်းကျဉ်းကလေးထဲမှာဖြစ်ပါတယ်။ အဲဒီတုန်းက ကျမအသက် (၄)နှစ်ပဲရှိပါသေးတယ်။
"သူဟာ ၁၉၈၈ ခုနှစ်မှာ စစ်အာဏာရှင်စံနစ် ဆန့်ကျင်တဲ့အရေးတော်ပုံမှာ ပါဝင်လှုပ်ရှားခဲ့တာကြောင့် အကျဉ်းကျခံခဲ့ရပါတယ်။ အခု နောက်ထပ်တခါ ၂၀၀၇ ခုနှစ်မှာ ငြိမ်းချမ်းစွာလှုပ်ရှားခဲ့တဲ့ အရေးအခင်းမှာပါခဲ့လို့ ထောင်ဒါဏ် (၆၅)နှစ်နဲ့ (၆)လ အကျဉ်းကျခံထားရပါတယ်။ သူရဲ့ကျန်းမာရေးဟာ တော်တော်ဆိုးနေပါတယ်။ သူ့မှာ နှလုံးရောဂါလည်းရှိပါတယ်။ ဒါပေမဲ့ သူ့အသက်ဆက်ရှင်ဘို့အတွက် လိုအပ်နေတဲ့ ဆေးဝါးကုသခွင့်ကို ငြင်းပယ်ခြင်းခံနေရပါတယ်။ ဒါပေမဲ့ ကျမရဲ့အဖေဟာ နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ကျော်ထဲကမှ တဦးသာဖြစ်ပါတယ်။ များစွာသော အကျဉ်းသားတွေဟာ နှိပ်စက်ညှင်းပမ်းခြင်းကို ခံနေရပါတယ်။ သူတို့တတွေဟာ စိုးရိမ်ရတဲ့အခြေအနေအောက်မှာ ရှိနေကြပြီးတော့ သာမန် ဆေးကုသခွင့်ကိုတောင် မရကြပါဘူး။"

Friday, October 1, 2010

အော်ကလန်တက္ကသိုလ်တွင် ဗားမားဗီဂျေ (Burma VJ ) ရုပ်ရှင်ပြမည်

အောက်တိုဘာလ (၄)ရက် တနင်္လာနေ့တွင် နယူးဇီလန်နိုင်ငံ အော်ကလန်မြို့ရှိ အော်ကလန်တက္ကသိုလ်တွင် နအဖ စစ်အစိုးရမှကြီးမှုးကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကိုဆန့်ကျင်သည့်လှုပ်ရှားမှုတရပ်အနေဖြင့် မြန်မာဒီမိုကရေစီရေးလှုပ်ရှားမှုများနှင့် နအဖ စစ်အစိုးရဧ။် ဖိနှိပ်ရက်စက်မှုများနှင့် ယင်းအဖြစ်အပျက်အမှန်များကို ကမ္ဘာကသိအောင် မှတ်တမ်းတင်ရိုက်ကူး ဖော်ထုတ်ခဲ့ကြသည့် ပြည်တွင်း သတင်းထောက်များဧ။် ကြိုပမ်းမှုများကို ပေါ်လွင်အောင်ရိုက်ကူးထားသည့် ဗားမားဗီဂျေ (Burma VJ ) ရုပ်ရှင်ကားကို ပြသမည်ဖြစ်ကြောင်း  သိရသည်။  
မှတ်တမ်းတင် ရုပ်ရှင်ပြပွဲမတိုင်မှီတွင် အရှင် သြဘာသ (မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂ - နယူးဇီလန်) နှင့် Margaret Taylor မာဂရက်တေလာ Amnesty International Aotearoa - New Zealand (အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ -နယူးဇီလန်) အဖွဲ့တို့က လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေနှင့် နအဖဧ။် ၂၀၁၀ ရွေးကောက်ပွဲသည် တရားမ၀င်ကြောင်း လှုံ့ဆော်ဟောပြောမည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရုံဖြင့် ရွေးကောက်ပွဲ တရားမျှတမည်မဟုတ်

 နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြီး လွှတ်ပေးရုံနဲ့ မြန်မာနိုင်ငံမှာ လွတ်လပ် တရားမျှတပြီး အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲတရပ် ဖြစ်မလာနိုင်ကြောင်း ပြည်ပအခြေစိုက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) က ထောက်ပြ ဝေဖန်လိုက်ပါတယ်။ 
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကာလအတွင်း ပြီးခဲ့တဲ့ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး မိတ်ဆွေနိုင်ငံများ အစည်းအဝေး အပြီး ထုတ်ပြန်ခဲ့တဲ့ သဘောထားကြေညာချက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပြီး၊ လွတ်လပ်တရားမျှတပြီး သက်ဆိုင်သူအားလုံး ပါဝင်ခွင့်ရှိတဲ့ ရွေးကောက်ပွဲတရပ် ကျင်းပရေး မြန်မာစစ်အစိုးရကို တောင်းဆိုခဲ့ပါတယ်။
ဒီတောင်းဆိုချက်နဲ့ ပတ်သက်ပြီး NCUB က အခုလို ဝေဖန်လိုက်တာဖြစ်ပါတယ်။

Wednesday, September 29, 2010

DVB နိုဗဲလ်ဆု အမည်စာရင်း တင်သွင်းခံရ

ပြည်ပအခြေစိုက် မြန်မာ သတင်းဌာန တခုဖြစ်သော ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သည် ၂၀၁၀ နိုဗဲလ် ငြိမ်းချမ်းရေး ဆုအတွက် အမည်စာရင်း တင်သွင်းခံရကြောင်း သိရှိရသည်။

DVB သတင်းဌာန ထိုင်းနိုင်ငံ ဌာနခွဲ တာဝန်ခံဖြစ်သူ ဦးတိုးဇော်လတ်က ယခုကဲ့သို့ အမည်စာရင်းတင်သွင်းခံရခြင်းသည် မြန်မာ့နိုင်ငံရေး၊ မြန်မာနိုင်ငံမှ သတင်းလွတ်လပ်ခွင့်၊ မြန်မာ့ မီဒီယာအခန်းကဏ္ဍတို့အပေါ် ကမ္ဘာက အာရုံစိုက်လာခြင်း တမျိုး ဖြစ်သည်ဟု ဧရာဝတီသို့ပြောသည်။