Friday, October 22, 2010

နိုင်ငံတော်အလံသစ်တင်ပြီး အလံဟောင်းကို မီးရှို့ဖျက်ဆီးမည်

ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံဟောင်း
မြန်မာနိုင်ငံတော်အလံသစ်လွှင့်တင်အပြီး
 ရန်ကုန်မြို့ရှိ မြို့တော်ခန်းမတွင် တွေရစဉ်
လက်ရှိ အသုံးပြုနေသော နိုင်ငံတော်အလံကို ယနေ့ မီးရှို့ဖျက်ဆီးမည် ဖြစ်ပြီး ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါရှိသော နိုင်ငံတော် အလံသစ်ဖြင့် ယတြာ သဘောအရ စတင် အစားထိုးပြောင်းလဲ အသုံးပြုမည်ဖြစ်ကြောင်း နေပြည်တော် စစ်အရာရှိ အသိုင်းအဝန်းက ဆိုသည်။

အဆိုပါ နိုင်ငံတော်အလံသစ်တွင် အ၀ါရောင်၊ အစိမ်းရင့်ရောင်၊ အနီရောင်ခြယ်ထားပြီး အလယ်တွင် အဖြူရောင် ကြယ်ကြီး တလုံးပါရှိသည်။ 

Thursday, October 21, 2010

အော်ကလန်တက္ကသိုလ်တွင် လက်ရှိမြန်မာ့အရေး ရှင်းလင်းတင်ပြပွဲတခုပြုလုပ်ခဲ့


အောက်တိုဘာလ ၁၉ ရက်နေ့ ညနေ (၇)နာရီက နယူးဇီလန်နိုင်ငံ၊ အော်ကလန်မြို့ရှိ Lecture Theatre Library, Auckland University မှာနိုင်ငံရေးအကျဉ်းသားဟောင်း ကိုအောင်ခိုင်မင်း (AAPP)က ပြည်သူများ၊ တက္ကသိုလ် ကျောင်းသားများအား လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ နအဖက ဦးဆောင်ကျင်းပမဲ့ ရွေးကောက်ပွဲ အကြောင်းနဲ့ပတ်သက်ပြီး ရှင်းလင်းတင်ပြပွဲတခုပြုလုပ်ခဲ့ပါတယ်။ ထိုပွဲကို Amnesty International – New Zealand က ဦးဆောင် ကျင်းပခဲ့တာ ဖြစ်ပြီး၊ ကိုအောင်ခိုင်မင်း ရဲ့ နယူးဇီလန်ခရီးစဉ်အတွက် နောက်ဆုံး အခမ်းအနားတခုလည်းဖြစ်ပါတယ်။

Tuesday, October 19, 2010

မင်းကိုနိုင် ကျန်းမာရေး မကောင်း

“ရာသီဥတု အေးတော့ လက်တွေ ခြေထောက်တွေ ကိုက်တယ်၊ ကျီးပေါင်း အတက်ရှိတယ်၊ ခြေထောက် အတက်ထွက်တယ်၊ ခြေထောက်က နာတယ်၊ အတက်ကျီးပေါင်းကတော့ တော်တော်ဆိုးတယ်၊ ဆေးတွေလည်း ပို့နေရတယ်၊ အကိုက်အခဲ ပျောက် ဆေးတွေလည်း သောက်နေရတယ်”ဟု ကိုမင်းကိုနိုင်၏ အစ်မဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က ဧရာဝတီသို့ ပြောသည်။
ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်ရသည့် အခြေအနေ မရှိသော်လည်း အတက် ကျီးပေါင်း ဝေဒနာ ခံစားနေရ· သည့်အတွက် လေ့ကျင့်ခန်းများလုပ်ရပြီး ဆေးလိမ်းနေရကြောင်း ၎င်းက ဆက်ပြောသည်။

Monday, October 18, 2010

နိုင်ငံရေးအကျဉ်သားများ ရံပုံငွေအတွက် မဝေနှင်းပွင့်သုန် အမြင့်ပေ ၁၆၀က ခုန်ချ

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အမြင့်ပေ ၁၆၀ ကနေ ခြေထောက်ကြိုးချည်ပြီး ခုန်ချပြတဲ့ လှုပ်ရှားမှု့ကို တက္ကသိုလ်ကျောင်းသူ မဝေနှင်းပွင့်သုန်က အောက်တိုဘာလ (၁၆)ရက်နေ့ ညနေက လန်ဒန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ မဝေနှင်းပွင့်သုန်ရဲ့ ခါးနဲ့ခြေထောက်ကိုကြိုးချည်ပြီး အမြင့်ပေ ၁၆၀ မှာရှိတဲ့ ကရိန်းပေါ်ကနေ စောက်ထိုးခုန်ချခဲ့တာဖြစ်တယ်လို့ အမြင့်ခုန်ပွဲမှာ ရောက်နေ တဲ့ ဒီဗွီဘီသတင်းထောက် မရွှေစင်က ကိုယ်တိုင်မြင်တွေ့ရတာကိုပြောပြပါတယ်။

(အပြည့်အစုံသို့)

မဝေနှင်းပွင့်သုန် အမြင့်ပေ (၁၆၀)မှ ခုန်ချနေစဉ်။ (၀ဲပုံ)

Saturday, October 16, 2010

လူ့အခွင့်အရေး ညီလာခံတွင် နိုင်ငံရေး အကျဉ်းသားအရေး အဓိက ဆွေးနွေး

Cross Parties Parliamentary Group on Burma အဖွဲ့မှ
အမတ်များနှင့် AAPP အဖွဲ့မှ နိုင်ငံရေးအကျဉ်းသာဟောင်း
 ဦးအောင်ခိုင်မ်း (ဘယ်အစွန်)အား နယူးဇီလန်ပါလီမန်တွင
 တွေ့ရစဉ်။ (ဓါတ်ပုံ - ရာဇ၀င်)


ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ကျင်းပသော လူ့အခွင့်အရေးညီလာခံတွင် မြန်မာနိုင်ငံ မှ နိုင်ငံရေးအကျဉ်းသားများ၏ အခွင့်အရေးဆုံးရှုံးမှုများကိုလည်း အဓိကဆွေးနွေး ကြကြောင်း သိရသည်။
“အခမ်းအနားမှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်ပြီး စာတမ်းတစောင်တင်ခဲ့ပါ တယ်။ အဓိကတင်ပြထားတာက မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ စနစ်တကျ နှိပ်စက်ခံနေရတာ၊ တရားစီရင်ရေးစနစ် မမျှတတာတွေ ပါတယ်”ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကိုဘိုကြည်က ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများသည် ၁၉၉၀ ခုနှစ်မှ ၂၀၁၀ နှစ် ကာလအတွင်း စစ်အစိုးရ၏ စနစ်တကျ ညှဉ်းပမ်းနှိပ်စက်မှုများအပြင် မြန်မာနိုင်ငံ၏ အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြောင်းလည်း ဦးဘိုကြည်က ဆိုသည်။

Friday, October 15, 2010

နယူးဇီလန်ပါလီမန်တွင် မြန်မာ့အရေးကြားနာပွဲ

နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအောင်ခိုင်မင်း (AAPP)က
နယူးဇီလန်ပါလီမန်တွင် မြန်မာ့အရေးထွက်ဆိုနေစဉ်။
(ဓါတ်ပုံ - ရာဇ၀င်)
 (၁၃)ရက်နေ့ညနေ (၆)နာရီက မြန်မာနိုင်ငံမှာ နယူးဇီလန်နိုင်ငံ ၀ယ်လင်တန်မြို့ရှိ နယူးဇီလန်ပါလီမန်မှာ မြန်မာစစ်အစိုးရကျင်းပမဲ့ ရွေးကောက်ပွဲနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း နယူးဇီလန်ပါလီမန်ရဲ့ နိုင်ငံခြားရေးရာ သီးသန့် ကော်မတီမှာ ကြားနာခဲ့ပါတယ်။
ဒီကြားနာပွဲမှာ ထိုင်းအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)က အကျဉ်းသားဟောင်း ကိုအောင်ခိုင်မင်းကိုယ်တိုင် တက်ရောက်ထွက်ဆိုခဲ့ ပါတယ်။ ကိုအောင်ခိုင်မင်းဟာ နယူးဇီလန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ (Amnesty International)က အစီအစဉ်နဲ့ နယူးဇီလန်ကို ရောက်ရှိနေ တာဖြစ်ပါတယ်။

Tuesday, October 12, 2010

စင်ကာပူရောက်မြန်မာများ သူရဦးတင်ဦးထံမှ သြ၀ါဒခံယူ

စင်ကာပူနိုင်ငံတွင် မျက်စိခွဲစိတ်ကုသပြီး၍ လိုအပ်သော ဆေးဝါးစောင့်ရှောက်မှု ဆက်လက်ခံယူနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ သူရဦးတင်ဦးထံမှ သြ၀ါဒစကားများခံယူသည့် ဂါရ၀ပြုပွဲတရပ်ကို စင်ကာပူရောက် မြန်မာလူငယ်များက ဦးစီးကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါသြဝါဒခံယူပွဲကို စင်ကာပူမြို့ရှိ တိုးပါးရိုးမြန်မာဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ နေ့လယ်ပိုင်း၌ စုပေါင်းပြုလုပ်ကြခြင်းဖြစ်ပြီး အခမ်းအနားသို့ စင်ကာပူရောက် အသက် (၂၀) အရွယ်မှ (၆၀-၇၀) တန်းအထိ မြန်မာနိုင်ငံသား (၃၀၀) ခန့် တက်ရောက်ကြသည်။

ထိုင်း ၀န်ကြီးချုပ် မြန်မာနိုင်ငံသို့ ရောက်ရှိ

ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝသည် နယ်စပ် တံတားပိတ်ခြင်း အပါအ၀င် နှစ်နိုင်ငံဆိုင်ရာ ပြဿနာများ ဆွေးနွေး ရန် နေပြည်တော်သို့ ယနေ့ ရောက်ရှိနေကြောင်း သိရသည်။
“နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန်နှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး၊ ချစ်ကြည်ရေး တံတား ပိတ်ထားမှု အပါအ၀င် တခြားသော နယ်စပ်ပြဿနာများ အရေး၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု တိုက်ဖျက်ရေး စသည်တို့ကို ဆွေးနွေးရန် ယခု ခရီးစဉ် ကို ရည်ရွယ်သည်”ဟု အဖိဆစ် က မြန်မာနိုင်ငံသို့ မထွက်ခွာမီ သတင်းထောက်များကို ပြောကြားခဲ့သည်။

Monday, October 11, 2010

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ ကိုအောင်ခိုင်မင်းဧ။်နယူးဇီလန်ခရီးစဉ်


နိုင်ငံရေးအကျဉ်းသားဟောင် ကိုအောင်ခိုင်မင်း (AAPP)

အောက်တိုဘာလ (၁၀)ရက်နေ့ညနေက ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသား များကူညီစောင့်ရှောက်ရေးအဖွဲ(မြန်မာနိုင်ငံ) မှကိုအောင်ခိုင်မင်းသည် နယူးဇီလန်နိုင်ငံသို့ ရောက်ရှိလာပြီး၊ နယူးဇီလန်ရောက် မြန်မာ့ ဒီမိုကရေစီအင်အားစုများနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို အော်ကလန်မြို့ရှိ ရိပ်သာခန်း မတခုမှာ ပြုလုပ်ခဲ့ပါတယ်။
 

Saturday, October 9, 2010

ဒီချုပ် ဖျက်သိမ်းခဲ့သည့်အတွက် စွဲဆိုထားမှု ကြားနာရန် ရက်သတ်မှတ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖျက်သိမ်းခဲ့သည့်အပေါ် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာစစ်အစိုးရကို တရားစွဲဆိုထားခဲ့ရာ ယင်းအမှုကိုကြားနာရန် အောက်တိုဘာ ၁၈ ရက်နေ့ကို ချိန်းဆိုခဲ့သည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။
ဤအမှု ပထမဆုံး ကြားနာသည့်နေ့တွင် ဒီချုပ်ကို ကိုယ်စားပြုရန် ရှေ့နေကြီး ဦးကြည်ဝင်းတဦး တည်းကိုသာ ခွင့်ပြုထားသည်။
ဤအမှုအတွက် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ထိန်းသိမ်းခံ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီကိုယ်စားလှယ်များကို နောက်အပတ်တွင် တွေ့ဆုံဆွေးနွေး ခွင့်ပြုပါရန် ဒီချုပ်က အာဏာပိုင်များကို မေတ္တာရပ်ခံထားသည်။  

တရုတ် လူ့အခွင့်အရေးသမားကို နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်

၂ဝ၁ဝ နိုဘယ်ငြိမ်းချမ်းရေးဆုကို တရုတ်လူ့အခွင့်အရေး လှုပ်ရှားသူ အကျဉ်းစံ Lui Xiaoboကို ချီးမြှင့် ကြောင်း နော်ဝေနိုင်ငံ နိုဘယ်ဆု ချီးမြှင့်ရေးအဖွဲ့က ယနေ့ ကြေညာသည်။
နောက်ဆုံး ဆန်ကာတင် လူ ၂ ဦးနှင့် အဖွဲ့အစည်း ၃ ဖွဲ့ထဲက မစ္စတာ Lui Xiaoboကို ရွေးချယ်ကြောင်း ယနေ့ နော်ဝေ စံတော်ချိန် မနက် ၁၁ နာရီ တွင် ကြေညာသည်။
“တရုတ်နိုင်ငံမှာ အခြေခံ လူ့အခွင့်အရေးတွေ တရုတ်လူ့အခွင့်အရေး နိုဘယ်ငြိမ်းချမ်းရေးဆုရှင် Lui Xiaobo (Photo: Wikidemia Commons)ပြန်လည်ထွန်းကားရေးအတွက် အကြမ်းမဖက်နည်းနဲ့ အကြာကြီး တိုက်ပွဲဝင်နေသူကို ရွေးလိုက်တာပါ”ဟု နော်ဝေအခြေစိုက် ဆုရွေးချယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ 
နောက်ဆုံး ဆန်ကာတင်စာရင်း တစ်ပေးခံရသူများမှာ အသက် ၅၅ နှစ်အရွယ် Lui Xiaobo အပြင် အာဖဂန်နစ္စတန်မှ လွတ်လပ်သော လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ Sima Sama ၊ အင်တာနက် ၊ နော်ဝေအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းဌာန၊ စစ်ရာဇဝတ်မှုနှင့် လူမဆန်သည့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးနေသည့် ဆီးရီးယား အထူးတရားရုံးတို့ ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး ကုလအတွင်းရေးမှူးချုပ်ထပ်မံ ပြောဆို

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီးမွန်းက မြန်မာစစ်အစိုးရကို နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးဖို့နဲ့ လာမဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲကို ပွင့်လင်းမျှတမှု ရှိပြီး သက်ဆိုင်ရာ နိုင်ငံရေး အဖွဲ့အစည်း အားလုံး ပါဝင် နိုင်အောင် အာမခံချက်ပေးဖို့ မိမိ ဆက်လက် တိုက်တွန်းနေကြောင်း အောက်တိုဘာ ၆ ရက် မနေ့က ပြောဆိုလိုက်ပါတယ်။မိမိရဲ့အဲဒီတိုက်တွန်းချက်ကို ပြီးခဲ့တဲ့လက မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့တွေ့ဆုံစဉ်မှာပြော ကြားခဲ့တာဖြစ်ကြောင်း မစ္စတာဘန်ကီးမွန်းက ကုလသမဂ္ဂဌာနချုပ်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။