Wednesday, January 12, 2011

ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်လွှတ်တော်အရာရှိ တွေ့ဆုံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး
ဒေါ်အောင်ဆန်းစုကြည် ပါတီဌာနချုပ်ရုံးတွင် ၂၀၁၀ ဒီဇင်ဘာ
၂၈ ရက်က လူငယ်များအား မိန့်ခွန်းစကား ပြောကြားနေပုံ။
(Photo: AFP)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် အထက်လွှတ်တော် ဆီးနိတ်က အဆင့်မြင့် အရာရှိတဦး ပါဝင်တဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းက နေအိမ်မှာ လာရောက် တွေ့ဆုံခဲ့တယ်လို့ သတင်း ရရှိပါတယ်။

ဒီအဖွဲ့မှာ အမေရိကန် အထက်လွှတ်တော်က ရီပါဘလစ်ကန်ပါတီ ခေါင်းဆောင် အမတ် Mitch McConnell ရဲ့ အကြီးတန်းအရာရှိ နဲ့ အထက်လွှတ်တော် ငွေကြေးသုံးစွဲမှုဆိုင်ရာ ကော်မတီ အဖွဲ့ဝင် Mr. Paul Grove ပါဝင်ပြီး အမေရိကန်သံရုံး ယာယီတာဝန်ခံလည်း ပါဝင်တယ်လို့ အန်အယ်ဒီ ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူ ဦးအုံးကြိုင်က ပြောပြပါတယ်။ 

Tuesday, January 11, 2011

ဇန်နဝါရီ ၃၁ ရက်နေ့တွင် လွှတ်တော် ကျင်းပမည်

မြန်မာစစ်အစိုးရရဲ့ ပထမအကြိမ် လွှတ်တော်သစ်ကို အခုလ ၃၁ ရက်နေ့မှာ ခေါ်ယူကျင်းပမှာ ဖြစ်ကြောင်း စစ်အစိုးရ သတင်းမီဒီယာတွေက ဒီကနေ့ ဇန်နဝါရီ ၁၀ ရက်မှာ ကြေညာလိုက်ပါတယ်။

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်၊ လွှတ်တော်စုံညီ အစည်းအဝေးကို နေပြည်တော်မှာ တည်ဆောက်ထားတဲ့ လွှတ်တော် အဆောက်အအုံသစ်မှာ ကျင်းပမှာ ဖြစ်သလို တချိန်တည်းမှာလည်း ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေကိုလည်း တပြိုင်နက် ကျင်းပမယ်လို့ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်မှတ်ထိုး ထုတ်ပြန်တဲ့ ဒီကနေ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

Monday, January 10, 2011

အသက်ပြည့်သူတိုင်း စစ်မှု မထမ်းမနေရ ဥပဒေ စတင်တော့မည်

နေပြည်တော်တွင် ၂၀ဝ၈ ခုနှစ် မတ်လ ၂၇ ရက်နေ့က ကျင်းပသော 
တော်လှန်ရေးနေ့ စစ်ရေးပြ အခမ်းအနားတွင် 
စစ်ကြောင်းများကို အမိုးဖွင့် ကားသစ်ကြီးပေါ်မှ လှည့်လည် 
စစ်ဆေးနေသောဗိုလ်ချုပ်မှူးကြီး သန်းရွှေ။ (Photo: AFP)
မြန်မာ စစ်အစိုးရက အသက် ၁၈ နှစ်နဲ့ အထက် အမျိုးသား အမျိုးသမီးတိုင်း စစ်မှု မထမ်းမနေရ အမိန့်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့က ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်တယ်လို့ မြန်မာ စစ်အစိုးရရဲ့နိုင်ငံတော် ပြန်တမ်းမှာ ဖော်ပြထားပါတယ်။

အခု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေမှာ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အတွင်း အမျိုးသားတိုင်းနဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသမီးတိုင်း ၂ နှစ်ကနေ ၃ နှစ် စစ်မှု မထမ်းမနေရ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

Sunday, January 9, 2011

မြေမြှုပ်မိုင်း ဖောက်ခွဲမှု DKBA ထုတ်ဖော်ပြောကြား

မြ၀တီ-ကော့ကရိတ် ကားလမ်းပေါ်မှာ မနေ့က မြေမြှုပ်မိုင်းတလုံး ပေါက်ကွဲခဲ့တာဟာ သူတို့ ဆောင်ရွက်ချက် ဖြစ်တယ်လို့ DKBA အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် စောလားဘွယ်က ထုတ်ဖော် ပြောဆိုပါတယ်။
အဲဒီ ဗုံးကွဲမှုမှာ အနည်းဆုံး လူ ၈ ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ ဗိုလ်မှူးချုပ် စောလားဘွယ်ကတော့ အဲဒီလမ်းကြောင်းမှာ သွားနေတဲ့ ကားတွေဟာ စစ်အစိုးရ နယ်ခြားစောင့်တပ်ရဲ့ ကားတွေဖြစ်ပြီး နယ်ခြားစောင့် တပ်ဖွဲ့ ဝင်တွေက အဲဒီ မြဝတီလမ်းကြောင်းပေါ်မှာ ပြည်သူတွေကို အာဏာသုံး အင်အားပြသလို လူထုကို ပေါ်တာဆွဲတာတွေ ရှိတဲ့အတွက် ကာကွယ်တာက တကြောင်း၊ လူထုကို ဖိနှိပ်တဲ့ သူတို့ရဲ့ စီးပွားရေးလမ်းကြောင်းကို ဖြတ်ချင်တာက တကြောင်းကြောင့် အခုလို ဆောင်ရွက်ရတာဖြစ်တယ်လို့ ပြောပါတယ်။

Thursday, January 6, 2011

ဘွဲ့တံဆိပ်ဖြင့် နအဖ ဘာသာရေး သြဇာယူ

စစ်အစိုးရက သံဃာတော်များနှင့် လူပုဂ္ဂိုလ်များကို ဘွဲ့တံဆိပ်များ ချီးမြှင့်နေခြင်းမှာ နိုင်ငံရေးအရ အကျိုးအမြတ် ရှာနေခြင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံ နယူးဒေလီရှိ ရွှေဝါရောင်ကျောင်းတိုက် ဆရာတော် ဦးပညာဇောတက မိန့်ကြားလိုက်သည်။

အထူးသဖြင့် သံဃာ့အသိုင်းအဝိုင်းတွင် သြဇာကြီးသည့် ဆရာတော်များကို ယင်းသို့ ဘွဲ့တံဆိပ်ချီးမြင့်ခြင်းသည် ၂ဝဝ၇ ခုနှစ် သံဃာ့အရေးအခင်းတွင် ကျရှုံးခဲ့သည့် ဘာသာရေးသြဇာကို ပြန်လည် အဖတ်ဆည်ရန် ကြိုးစားခြင်းဖြစ်ကြောင်း ဆရာတော်က မိန့်ကြားခြင်း ဖြစ်သည်။

Wednesday, January 5, 2011

စစ်မှန်သောလွတ်လပ်ရေး ပေါ်ထွန်းရန် ကြိုးစားဟု ဒေါ်အောင်ဆန်းစုကြည်ပြော

မြန်မာနိုင်ငံတွင် စစ်မှန်သောလွတ်လပ်ရေးပေါ်ထွန်းရန် တိုင်းရင်းသား ပြည်သူများအားလုံး ညီညွတ်စွာဖြင့် ကြိုးစားဆောင်ရွက်ရန် လိုအပ်ကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
ရန်ကုန်၊ရွှေဂုံတိုင်မြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ယနေ့ ကျင်းပသော ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

Monday, January 3, 2011

NLD ဈေးရောင်းပွဲ ပထမနေ့ သိန်း ၅၀ ရရှိ

ရန်ကုန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင်
၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့က ပြုလုပ်သည့်
လွတ်လပ်ရေးနေ့ အကြို ရန်ပုံငွေ ဈေးရောင်းပွဲကို
ဒေါ်အောင်ဆန်းစုကြည် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးနေပုံ။
(Photo: AFP)
နိုင်ငံရေးအကျဉ်းသားများ ကူညီထောက်ပံ့ရေးနဲ့ လူမှု အထောက်အကူပြုရေး ရန်ပုံငွေအဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ စတင် ကျင်းပတဲ့ လွတ်လပ်ရေးနေ့အကြို ရန်ပုံငွေ ဈေးရောင်းပွဲကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။

ရန်ကုန်တိုင်း ရွှေဂုံတိုင်လမ်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ ဒီကနေ့ ဈေးရောင်းပွဲမှာ ရန်ပုံငွေ အမြောက်အမြား ရခဲ့ကြောင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။

“မြို့နယ်အသီးသီးနဲ့ ပြည်နယ် စည်းရုံးရေးကော်မတီတွေက လာဖွင့်တဲ့ ကောင်တာပေါင်း ၁၈ ခု မနေ့ကတည်းက လျာထားပါတယ်။

Tuesday, December 28, 2010

ကောင်းသော မင်္ဂလာနှစ်သစ် ၂၀၁၁

မြန်မာပြည်တွင်း နဲ့ နိုင်ငံတကာမှာ ရောက်ရှိနေကြတဲ့ မြန်မာပြည်သူပြည်သားများနဲ့ နိုင်ငံတကာမှာ ရှိကြတဲ့ မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် မိမိတို့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ဆောက်ရွက်ပေးနေကြသူအားလုံးကို မင်္ဂလာပါလို့ ရာဇ၀င် ဘလောက် မှ နှုတ်ခွန်းဆက်လိုက်ပါတယ်။

ကုန်လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်ဟာ မြန်မာနိုင်ငံအတွက် အရေးကြီးလှတဲ့ နှစ်တနှစ် ဖြစ်ခဲ့ပါတယ်။ နိုဝင်ဘာလ (၇)ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြန်မာပြည်က ရွေးကောက်ပွဲဟာ စိန်ခေါ်မှုတွေ၊ မျှော်လင့်ချက်တွေ ရှိခဲ့သလို စိတ်ပျက်စရာတွေနဲ့လည်း ကြုံခဲ့ရတာအမှန်ပါ။

Saturday, December 25, 2010

မြန်မာ့ နျူကလီးယား စီမံကိန်းများကို စစ်ဆေးရန် IAEA တောင်းဆို

စစ်အစိုးရ လျှို့ဝှက် တည်ဆောက်နေသော စက်ရုံများအနက်
တခုရှိ စက်ပစ္စည်း ထိန်းချုပ်ခုံရှေ့တွင် တွေ့ရသော
ဗိုလ်မှူး စိုင်းသိန်းဝင်း။ (ဓာတ်ပုံ - AP)
နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA)မှ ထိပ်တန်း နျူကလီယားပညာရှင် ဟောင်းနှစ်ဦးအကြား မြန်မာစစ်အစိုးရရဲ့နျူကလီယား ရည်မှန်းချက်များနဲ့ ပတ်သက်ပြီး အလွန်ရှုပ်ထွေး နက်နဲတဲ့ နည်းပညာပိုင်ဆိုင်ရာ အငြင်းပွားမှုတွေ မကြာသေးခင်က ထွက်ပေါ်လာပြီးနောက်ပိုင်း IAEAဟာ အခုနောက်ဆုံး သံသယ ဖြစ်နေတဲ့ နျူကလီးယား စီမံကိန်းနေရာတွေကို စုံးစမ်းစစ်ဆေးဖို့ နည်းလမ်းရှာဖွေနေ ပါတယ်။

အမေရိကန် အခြေစိုက် The Wall Street Journal သတင်းစာကြီးက IAEA ကို ကိုးကားပြီး “သံသယဖြစ်ဖွယ် နေရာများကို သွားရောက် စစ်ဆေးဖို့ ဘယ်လ်ဂျီယံ နိုင်ငံသား ဟာမန်း နက်ကက်စ် ဦးဆောင်တဲ့ IAEA ရဲ့ အဏုမြူ ကာကွယ်ရေး ဆိုင်ရာဌာနက မြန်မာအစိုးရထံ စာတစောင် ရေးသားပေးပို့ခဲ့ပါတယ်”လို့ ရေးသားခဲ့ပါတယ်။

Friday, December 24, 2010

ပြင်သစ် လူ့အခွင့်အရေးဆုကို မြန်မာ (GHRED) အဖွဲ့ရရှိ

ထိုင်းနိုင်ငံတောင်ပိုင်း မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများ အဓိက လုပ်ဆောင်ပေး နေသော Grassroots Human Rights Education and Development (GHRED) အဖွဲ့ကို ပြင်သစ်နိုင်ငံက လူ့အခွင့်အရေးဆု ယနေ့ ချီးမြှင့်လိုက်ကြောင်း သိရသည်။

“အဖွဲ့ရဲ့ ဆောင်ရွက်ချက် တွေကို ပြင်သစ် အစိုးရက သဘောကျလို့ ဒီဆုကို ပေးတာပါ။ ဒီဆုရတဲ့ အတွက် ကျနော်တို့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို ပိုပြီး ဆောင်ရွက် လာနိုင်ဖို့၊ အသိပညာ ပေးမှုတွေ ပိုလုပ်နိုင်ဖို့ အတွက် တွန်းအား ဖြစ်သွားပါတယ်” ဟု GHRED အဖွဲ့ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။

Tuesday, December 21, 2010

ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးတဲ့ ရုပ်ရှင် ပြီးစီးလု

ဒေါ်အောင်ဆန်းစုကြည်အဖြစ် ၀ုပ်ဆောင်ထားတဲ့ 
ဇာတ်ဝင်ခန်းတခုမှ မင်းသမီး မီရှလ်ယို
ဒီမိုကရေစီလှုပ်ရှားမှုရဲ့ ပြယုဂ်၊ မြန်မာအမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်စုကြည် အကြောင်း ရိုက်ကူးထားတဲ့ (The lady)အမည်ရှိ ရုပ်ရှင်ကားဟာ မကြာမီတွင် ရိုက်ကူး ပြီးစီးတော့မှာဖြစ်ကြောင်း သိရပါတယ်။

ထိုရုပ်ရှင်ကားကို လူဘေဆင် (Lu Besson)က ရိုက်ကူးပြီး၊ ဒေါ်အောင်ဆန်းစုကြည် အဖြစ် မလေးရှားမင်းသမီး မီရှလ်ယို (Michelle Yeoh)က သရုပ်ဆောင်ထားကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်း မိုက်ကယ်လ်အဲရစ်အဖြစ် ဒေးဗစ် သယူးလစ်စ် (David Thewlis) က သရုပ်ဆောင်ထားပါတယ်။ ထို ရုပ်ရှင်ကားဟာ ဗြိတိန်နိုင်ငံ အောက်စ်ဖို့ဒ်က သာမန် အိမ်ထောင်သည်ဘ၀မှ မြန်မာစစ်အာဏာရှင်တွေ ထိပ်လန့်ကြောပ်ရွံ့ရတဲ့ မြန်မာ့နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်စုကြည်ရဲ့ဘ၀ကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။

Monday, December 20, 2010

တိုက်ခိုက်မှု အသစ်တွေကြောင့် မြန်မာဒုက္ခသည်တွေ ထိုင်းဘက် ထွက်ပြေး

ထိုင်း၊ မြန်မာနယ်စပ် ကရင်ပြည်နယ် အတွင်းက ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံမြို့နယ် ရင်ကွဲတောင်၊ မြ၀တီမြို့နယ် ဖလူးကြီး ဖလူးလေး၊ မင်းလက်ပံရွာ၊ ၀ါးလေမြို့နယ် မောခီးတောင် စတဲ့နေရာတွေမှာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်နဲ့ DKBA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ မြန်မာစစ်အစိုးရတပ်တွေ အကြားမှာ စနေနေ့ကစပြီး ပစ်ခတ်မှုတွေ တဖန်ပြန်လည် ဖြစ်ပွားနေတာမှာ နှစ်ဘက်စလုံး ဒဏ်ရာရမှုတွေ၊ သေဆုံးမှုတွေလည်း ရှိနေပါတယ်။ ဖလူးကြီး ဖလူးလေး တိုက်ပွဲတွေမှာတော့ ရွာထဲကိုပါ လက်နက်ကြီးတွေ ကျလာတာကြောင့် ရွာသားတွေ ထိခိုက်မှု ရှိနေတယ်လို့ ထွက်ပြေး လွတ်မြောက်လာတဲ့ ဒုက္ခသည်တွေက ပြောပြပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။