Thursday, February 10, 2011

ဦးခွန်ထွန်းဦး ကျန်းမာရေးအခြေအနေ ဆိုး

ဦးခွန်ထွန်းဦး
ဖျက်သိမ်းခံ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌဖြစ်ပြီး ကချင်ပြည်နယ် ပူတာအိုထောင်တွင် ထောင်ဒဏ် ၉၃ နှစ် ချမှတ်ခံထားရသော ဦးခွန်ထွန်းဦးသည် ရာသီဥတု အခြေအနေကြောင့် လေးဘက်နာ ရောဂါအပြင် ဆီးကျိတ်ရောဂါပါ ခံစားနေရသဖြင့် ကျန်းမာရေးအခြေအနေ ဆိုးရွားနေကြောင်း သိရသည်။
 
ဦးခွန်ထွန်းဦးသည် ဆီးကျိတ်ရောဂါကြောင့် တညလျှင် ၁၀ ကြိမ်ထက်မနည်း ဆီးသွားသဖြင့် ကောင်းစွာ မအိပ်နိုင်ကြောင်း၊ ထောင်အာဏာပိုင်များက ကန့်သတ်သဖြင့် ဆရာဝန်နှင့်လည်း ကုသခွင့် မရကြောင်း၊ ဦးခွန်ထွန်းဦး ကိုယ်တိုင်ကလည်း ဆီးကျိတ်ရောဂါမှတဆင့် ကင်ဆာရောဂါ ဖြစ်မည်ကို စိုးရိမ်နေကြောင်း SNLD ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က ဆိုသည်။

ပြည်သူ့ကွန်ယက်ကြီးအဖြစ် ချိတ်ဆက်မည်

ဖွဲ့စည်းထူထောင်ပြီးသမျှ လူမှုကွန်ယက်များအားလုံးကို ဆက်စပ်၍ ပြည်သူ့ကွန်ယက်ကြီးအဖြစ် လှုပ်ရှားဆောင်ရွက်သွားရန် ဗုဒ္ဓဟူးနေ့တွင် ကျင်းပခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များ တွေ့ဆုံပွဲက ဆုံးဖြတ်လိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးချုပ်၌ နှစ်ရက်တာ ကျင်းပပြီးစီးသွားသည့် တိုင်းနှင့် ပြည်နယ် လူငယ်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲသို့ ရှမ်း၊ ကယား၊ ကချင်၊ ချင်း၊ ရခိုင် ပြည်နယ်များနှင့် မန္တလေး၊ မကွေးတိုင်းတို့မှ NLD အဖွဲ့ဝင်နှင့် အခြား လူငယ် ၂ဝဝ ခန့် တက်ရောက်ဆွေးနွေးခဲ့ရာမှ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

Tuesday, February 8, 2011

ကြံ့ခိုင်ဖွံ့ဖြိုးရေးမှ တိုင်းရင်းသား ဒု သမတကို တိုင်းရင်းသားပါတီများ လက်မခံ

ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း
ဒီလ ၃ ရက်နေ့ လွှတ်တော် အစည်းအဝေးကနေ နိုင်ငံတော် ဒုသမတ အဖြင် ကြံ့ခိုင်ရေးပါတီ အမတ် ရှမ်းတိုင်းရင်းသား ဒေါက်တာ စိုင်းမောက်ခန်းကို ရွေးချယ်လိုက်တာဟာ သူတို့ တိုင်းရင်းသားပါတီတွေ တောင်းဆိုခဲ့တဲ့ အချက်တွေနဲ့ မကိုက်ညီဘူးလို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ (AMRDP) ဥက္ကဋ္ဌ နိုင်ငွေသိမ်းက ပြောပါတယ် ။

“ကြံ့ဖွတ် တိုင်းရင်းသားတော့ မကြိုက်ဖူး ။ တိုင်းရင်းသားပါတီက တိုင်းရင်းသားရဲ့ ခံယူချက်နဲ့ပေါ့ဗျာ ။ ကြံ့ဖွတ်က ဆိုလို့ရှိရင်ကတော့ သိကြားမင်းတောင် တိုင်းရင်းသားတွေ မကြိုက်ဖူးဗျ ။ ဒါတွေဟာ ။ တိုင်းရင်းသားအတွက် အလုပ်လုပ်တဲ့လူမှ မဟုတ်ပဲ ။ တိုင်းရင်းသားတွေ လိုချင်တာဟာ သူတို့လုပ်မှာမှ မဟုတ်ပဲ ။ တိုင်းရင်းသား အခွင့်အရေးတောင် သူတို့ သိပ်လည်း မသိဘူးလေ ။ သိဖို့လည်း တခါမှ မကြိုးစားဘူးလို့ ထင်တာပဲ။”

ဓာတ်ပုံသတင်းထောက် ဦးမောင်မောင်ဇေယျ ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံရ

မနှစ်က ရန်ကုန်သင်္ကြန် ကန်တော်ကြီး X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှုကို ဓာတ်ပုံ ရိုက်ကူးခဲ့တဲ့ အတွက် ထိန်းသိမ်းခံထားရတဲ့ ဦးမောင်မောင်ဇေယျကို အင်းစိန် ထောင် အထူးတရားရုံးက ထောင်ဒဏ် ၁၃ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။

မနေ့က ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ ဇနီးဖြစ်သူ ဒေါ်ရီရီတင်က အခုလို ပြောပြပါတယ်။

“အားလုံးပေါင်း အမှု လေးမှုစလုံးအတွက် ၁၃ နှစ်ပေါ့။ ၄ ရက်နေ့ သောကြာနေ့က။ ဒီအတိုင်းပဲ လာမယ်ဆိုတာ သိပြီးသားပဲလေ”

Sunday, February 6, 2011

ဝန်ထမ်းများ ဆန္ဒပြ၍ မယ်လဒုက္ခသည်စခန်း ဆေးရုံ ပိတ်ထားရ

မယ်လဒုက္ခသည် စခန်းအတွင်းမှ AMI ဆေးရုံ။ (ဓာတ်ပုံ - KIC)
မြန်မာဒုက္ခသည်များ၏ ကျန်းမာရေးအခြေအနေကို ပြည်ပ မြန်မာသတင်းဌာနများသို့ ဖြေကြားသည်ဟုဆိုကာ မယ်လဒုက္ခသည်စခန်းမှ ဆေးရုံတာဝန်ခံကို တာဝန်မှ ရပ်စဲလိုက်ခြင်းအား ဆေးရုံဝန်ထမ်းများ ဆန္ဒပြရာမှ ဆေးရုံပိတ်ထားရကြောင်း သိရသည်။ 

လူဦးရေ ၅ သောင်းခန့် ရှိသည့် မယ်လစခန်းတွင် Aide Medical International (AMI) အစီအစဉ်ဖြင့် လည်ပတ်နေသည့် ဆေးရုံမှ တာဝန်ခံ စောနေဆဲလ်ကို AMI အဖွဲ့၏ ပရိုဂရမ် မန်နေဂျာ နိုင်ငံခြားသားဖြစ်သူက ယမန်နေ့တွင် နောက်ဆုံး သတိပေးချက် စာရွက်စာတမ်းများပေး၍ လက်မှတ်ထိုးခိုင်းပြီး တာဝန်မှ ယာယီရပ်စဲလိုက်ခြင်းဖြစ်သည်။

Saturday, February 5, 2011

ဝန်ကြီးချုပ်ဟောင်း ဦးသိန်းစိန် သမ္မတ ဖြစ်လာ

ယနေ့ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ဥက္ကဋ္ဌ၊ စစ်အစိုးရ ၀န်ကြီးချုပ်ဟောင်း ဦးသိန်းစိန်အား နိုင်ငံတော်သမ္မတ အဖြစ် ရွေးချယ် လိုက်သည်။

လွှတ်တော်က ကြံ့ဖွံ့ပါတီ၏ လွှတ်တော် ကိုယ်စားလှယ် ၂ ဦး ဖြစ်သည့်  ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးအား ဒုသမ္မတ ၁ အဖြစ်လည်းကောင်း၊ ကြံ့ဖွံ့ပါတီဝင် ရှမ်းတိုင်းရင်းသား ဒေါက်တာ စိုင်းမောက်ခမ်း အား ဒုသမ္မတ ၂ အဖြစ်လည်းကောင်း တင်မြှောက်ခဲ့သည်။

Friday, February 4, 2011

ပူတာအိုထောင်ရောက် နိုင်ငံရေးအကျဉ်းသူ ထောင်ဝင်စာအပိတ်ခံနေရ

ကချင်ပြည်နယ် ပူတာအိုထောင်မှာ အပို့ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ ဒေါ်ထက်ထက်ဦးဝေကို ထောင်ဝင်စာ တွေ့ခွင့် ပိတ်ထားတဲ့အတွက် မိသားစုဝင်တွေ မတွေ့ခဲ့ရဘူး လို့ RFA က စုံစမ်း သိရှိရပါတယ်။ 

“မတွေ့ရဘူးရှင့်၊ တိုက်ပိတ်ထားပါတယ်ရှင်။ ၁၉ ရက်နေ့ကနေ ပိတ်တာရှင့်။ ၁၄ ရက် ပိတ်ထားတာ။ သမီးတို့ စုံစမ်းသလောက်တော့ ထောင်ထဲမှာတဲ့ နည်းနည်း ဆူညံပူညံ လုပ်လို့ လို့ ပြောတယ်ရှင့်။ အခုတခေါက် တော်တော် ဆိုးတာပါ။ အဲဒီမှာ တပွင့်နဲ့လူကလည်း တော်တော် ခြယ်လှယ်နေတာ အဲဒီ ဝန်ထမ်းတွေပဲ။”

စီးပွားရေးပိတ်ဆို့မှု လျှောချိန်မကျသေးကြောင်း အမေရိကန်ပြောကြား

မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူထားတာကို လျှော့ချဖို့ အချိန်စောနေသေးပြီး မြန်မာ အစိုးရသစ်အနေနဲ့ ပိုပြီး ခိုင်မာတဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေကို လုပ်ဆောင်ဖို့လိုကြောင်း အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကတ်ကင်းဘဲလ်က ဖေဖော်ဝါရီ ၂ ရက် မနေ့က ပြောကြားလိုက်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာန ၂၀၁၁ အတွက် နိုင်ငံခြားရေး ရည်မှန်းချက်များနဲ့ ဦးတည်ချက်များ ဆိုင်ရာ အစည်းအဝေး အတွင်း သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ အခုလိုပြောလိုက်တာပါ။ 

အရှေ့တောင်အာရှနိုင်ငံ အတော်များများက အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းဖို့ တောင်းဆိုလာတာ တွေ့ရကြောင်း၊ ဒါပေမဲ့ ဒီလို ဆောင်ရွက်ဖို့ဟာ စောသေးကြောင်း Mr. Campbell က ပြောပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရသစ်ဖက်က ပိုတိကျခိုင်မာတဲ့ ခြေလှမ်းတွေ လှမ်းလာမလား ဆိုတာ စောင့်ကြည့်နေပါတယ်။ အရေးကြီးကိစ္စရပ် အတော်များများမှာ ဘယ်လို မူဝါဒချမှတ်မလဲဆိုတာလည်း ကြည့်ရမှာပါလို့ Mr. Campbell က ပြောသွားပါတယ်။ 

Thursday, February 3, 2011

အီဂျစ် ဆန္ဒပြသူများကို ဒေါ်အောင်ဆန်းစုကြည် အားပေး

အရှေ့အလယ်ပိုင်းဒေသ အီဂျစ် နိုင်ငံ အတွင်း သီတင်းတပတ် ကြာသည်အထိ အစိုးရကိုဆန့်ကျင် ဆန္ဒပြနေသူများ အပေါ် စာနာ ကြောင်းနှင့် ၄င်းတို့နှင့် တသားတည်းရှိကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

BBC သတင်းဌာန ၏ ယမန်နေ့က ပြုလုပ်သော တိုက်ရိုက်ဆက်သွယ်မေးမြန်းမှု အစီအစဉ်အတွင်း အီဂျစ် နိုင်ငံသား တဦး၏ တိုက်ရိုက် မေးမြန်းချက်ကို ဖြေကြားစဉ် ယင်းကဲ့သို့ ပြောဆိုသွားခြင်း ဖြစ်သည်။

Wednesday, February 2, 2011

သမတလောင်းစာရင်း စစ်အစိုးရလွှတ်တော်သစ်မှာ ပဏာမရွေးချယ်

နေပြည်တော်မှာကျင်းပနေတဲ့ လွှတ်တော် ဒုတိယနေ့ကို မနက် ၁၀ နာရီမှာ စတင်ကျင်းပခဲ့ပြီး ဒုတိယ သမတလောင်း အမည်စာရင်းတွေကို တင်သွင်းခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

ဒုတိယ သမတလောင်းတွေအနေနဲ့ ပြည်သူလွှတ်တော်က ပဏာမရွေးချယ်ရာမှာ ကြံ့ခိုင်ရေး ပါတီ အမတ် ဗိုလ်ချုပ်ကြီးဟောင်း လက်ရှိ ဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့ ကရင်ပြည်နယ် လှိုင်းဘွဲ့က လွှတ်တော် ကိုယ်စားလှယ် ဦးစောသိန်းမောင် ဖြစ်တယ်လို့ သိရပါတယ်။ အမျိုးသားလွှတ်တော်က တင်သွင်းသူ နှစ်ဦးကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဒေါက်တာ စိုင်းမောက်ခန်းနဲ့ ရခိုင် တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဒေါက်တာ အေးမောင်တို့ ဖြစ်ပြီး တပ်မတော်သား ကိုယ်စားလှယ်တွေဖက်က တင်သွင်းသူ ဦးတင်အောင်မြင့်ဦး ဖြစ်ကြောင်း သတင်းရရှိပါတယ်။ 

Tuesday, February 1, 2011

လွှတ်တော်မှာ စစ်အစိုးရ ဖွဲ့စည်းပုံအတိုင်း ပြန်ဖြစ်လာ

၂၀၁၀ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ ဇန်နဝါရီ ၃၁ ရက် ဒီကနေ့ ပထမဆုံးနေ့အဖြစ် နေပြည်တော်မှာ လွှတ်တော် ခေါ်ယူကျင်းခဲ့ပါတယ်။ အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စု လွှတ်တော် နှစ်ရပ်လုံး ခေါ်ယူ ကျင်းပတာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ကို မနက် ၈ နာရီ ၅၅ မိနစ်က စတင်ခဲ့ပြီး နေ့လည် ၂ နာရီခွဲမှာ ပြီးဆုံးခဲ့ပါတယ်။
အမျိုးသားလွှတ်တော်ကို ၃ နာရီမှာ စတင်ပြီး ညနေ ၄ နာရီ ၁၅ မိနစ်မှာ ပြီးဆုံးခဲ့တာပါ။ ဒီကနေ့ လွှတ်တော် စတင် ကျင်းပတာနဲ့ပတ်သက်ပြီး NDF လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက အခုလိုပြောပြပါတယ်။

အမည်ခံ လွှတ်တော် ယနေ့စဖွင့်

လွှတ်တော်ကျင်းပနေသည့်နေပြည်တော်တွင်
လုံခြုံရေး အထူးတင်းကျပ်ထားသည်
(ဓာတ်ပုံ - AP)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ  (ကြံ့ဖွံ့ပါတီ)ကိုယ်စားလှယ် အများစု ပါဝင်သော လွှတ်တော်ကိုယ်စားလှယ် ၆၀၀ ကျော်တို့သည် ယနေ့ နံနက် ၇ နာရီကျော် ကတည်းက သက်ဆိုင်ရာ အဆောင်မှ ထွက်ခွာ၍ ပထမဆုံးအကြိမ် နေပြည်တော် တွင် ကျင်းပမည့် လွှတ်တော်အဆောက်အအုံ ရှိရာသို့ အရောက်သွားကြရသည်။
အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ကိုယ်စားလှယ် တဦးဖြစ်သူ ဦးမျိုးဇော်အောင်က ပထမဆုံးလွှတ်တော်တက်မည့် ကိုယ်စားလှယ်များ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေပုံ မတွေ့ရဟုဆိုသည်။