![]() |
| ကုလသမဂ္ဂလူ့အခွင့်အရေးအရာရှိ မစ္စတာ သောမတ်စ်အိုဟေးကင်တားနား |
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက် မပြုကြောင်း သေချာသည့် အချိန်ကျမှသာ နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးမည်ဟု အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကုလသမဂ္ဂ လူ့အခွင့် အရေးအရာရှိ မစ္စတာ သောမတ်စ်အိုဟေးကင်တားနားနှင့် နေပြည်တော် ၌ တွေ့ဆုံစဉ် ပြော ဆိုလိုက်သည်။
ယခုအစိုးရသည် သဘောထားပျော့ပြောင်းကြောင်း၊ နိုင် ငံတော် ၏ လုပ်အားစုများကို အဆုံးအရှုံးခံပြီး အကျဉ်းထောင် ထဲ ထည့်ထားခြင်းမျိုးအား မည်သည့်အစိုးရက မျှ ပြုလုပ်လို မည် မဟုတ်ကြောင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို အနှောင့် အယှက် မပြုကြောင်း သေချာသည့် အချိန်တွင် အကျဉ်းသားများ အား ပြန်လည် လွှတ်ပေးမည် ဖြစ်ကြောင်း မစ္စတာကင်တားနား၏ တောင်းဆိုချက်ကို ဦးခင်အောင်မြင့်က ဖြေကြားသည်ဟု ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။












