![]() |
ဆုတောင်းရန် သွားသူများ နဝဒေး ရုပ်ရှင်ရုံအနီး တားဆီးခံနေရစဉ် |
![]() |
| အ၀ါရောင်ဝတ်များ ဆူးလေဘက်တွေ စောင့်နေ |
ရန်ကုန်မြို့တော်ခန်းမအနီးမှာ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲလုပ်ဖို့ သွားသူ ၄၀၀ ကျော် ကို ရဲတပ်ဖွဲ့က လမ်းမှာတားဆီးလိုက် တယ်လို့ ဆုတောင်းပွဲကိုဦးဆောင်သူ တဦးဖြစ်တဲ့ နော်အုန်းလှက ပြောပါ တယ်။
နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ကွန်ရက်အဖွဲ့ဝင် ၄၀၀ ကျော် စီးနင်းလိုက်ပါလာတဲ့ ဘီအမ်ဟီးနိုးကား ၃ စီးကို ရဲတပ်ဖွဲ့ဝင်တွေက မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနရုံးချုပ်ရှေ့နားမှာ တားဆီးတာဖြစ်ပြီး အတားခံရတဲ့နေရာမှာပဲ ဆုတောင်းပွဲလုပ်မယ် လို့ အဖွဲ့ဝင်တဦးက မွန်းလွဲတနာရီခွဲ ဆက်သွယ်မေးမြန်းစဉ် ပြောကြားပါတယ်။












