![]() |
၂ဝ၁၁ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့က ပဲခူးမြို့သို့ ရောက်ရှိလာသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပဲခူးလူထုက ဝိုင်းဝန်းကြိုဆိုကြစဉ်။ (Photo: RFA) |
အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီစည်းရုံးရေးခရီးစဉ်အဖြစ် လာမယ့် ဇန်နဝါရီ ၂၉ ရက်ကစပြီး မြိတ်၊ ထားဝယ်၊ မန္တလေးနဲ့ ပုသိမ်မြို့တွေကို သွားမယ်လို့ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အာအက်ဖ်အေကို ဒီကနေ့ ပြောပါတယ်။
ဒီခရီးစဉ်ဟာ ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးဖို့ မဟုတ်ပေမယ့် လူထုရဲ့ တောင်းဆိုချက်အရ မိန့်ခွန်း ပြောကြား တာတွေ ရှိနိုင်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။











