Tuesday, March 6, 2012

နယူးဇီလန် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်စုနှင့် တွေ့မည်

နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး Murray McCully
နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး Murray McCully ၏ နှစ်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံရန်ရှိကြောင်း နယူးဇီလန် သတင်းတရပ်တွင် ရေးသားထားသည်။

Radio New Zealand News အရ Mr McCully သည် တနင်္လာနေ့က မြန်မာနိုင်ငံကို ထွက်ခွါသွားပြီး အင်္ဂါနေ့တွင် နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံပြီးနောက် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံရန်ရှိသည်ဟု ဖော်ပြပါရှိသည်။

ယခုခရီးစဉ်မှာ Mr McCully ၏ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် နယူးဇီလန်မှာ အရှေ့အာရှ ထိပ်သီးညီလာခံကဲ့သို့ ဒေသတွင်း ဆွေးနွေးပွဲမျိုးတွေသာ တွေ့ဆုံလေ့ ရှိခဲ့ကြသည်။ (မဇ္ဈိမ-နယူးဒေလီ )

Monday, March 5, 2012

ဒေါ်အောင်ဆန်းစုကြည်ကို မန္တလေးလူထု သိန်းနဲ့ချီပြီး ကြိုဆို

၂ဝ၁၂ မတ်လ ၃ ရက်နေ့က 
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
 ဒေါ်အောင်ဆန်းစုကြည် 
မန္တလေးမြို့ အောင်ပင်လယ်ကွင်းတွင်
 ဟောပြောပွဲ ပြုလုပ်စဉ်။(Photo-Demowaiyen)
ရန်ကုန်ကနေ တံတားဦးလေဆိပ်ကို လေယာဉ်နဲ့ ရောက်ရှိသွားတဲ့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို သိန်းနဲ့ချီတဲ့ မန္တလေးတိုင်း လူထုက မိုးရွာနေတဲ့ ကြားထဲမှာ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။

လေယာဉ်ကွင်းကအထွက် လမ်းတလျှောက် ကြိုဆိုကြတဲ့ လူထုပရိသတ် များလွန်းတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းဟာ မိန့်ခွန်းပြောဖို့ စီစဉ်ထားတဲ့ သိပ္ပံလမ်းထောင့် ကွင်းထဲကို ရောက်ဖို့ ၄ နာရီလောက် ကြာမြင့်ခဲ့တယ်လို့ ခရီးစဉ် ကြိုဆိုရေး တာဝန်ယူထားတဲ့ NLD အဖွဲ့ဝင် ဦးကိုလေးက ပြောပါတယ်။

အလားတူ ဒေါ်အောင်ဆန်းစုကြည် ဟောပြောမယ့် ကွင်းထဲမှာလည်း ကွင်းလုံးပြည့် ကြိုဆိုခဲ့ကြပြီး ဒီမြင်ကွင်းအတွက် ဝမ်းသာပီတိ ဖြစ်ရသလို ဒေါ်အောင်ဆန်းစုကြည်ကို အားကိုး ယုံကြည်မိပါတယ်လို့ တက်ရောက်သူတွေက ပြောပါတယ်။

Wednesday, February 29, 2012

ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်ချက် တိုင်းကော်မရှင်က ပယ်ချ

ကော့မှူးမြို့(Photo-RFA)
ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ မကိုက်ညီကြောင်း တင်ပြ ကန့်ကွက်ချက်ကို ရန်ကုန်တိုင်းဒေသကြီး တိုင်းရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ ပယ်ချလိုက်ပါတယ်။

လာမယ့် ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ကော့မှူးမြို့နယ်က ၀င်ရောက် ယှဉ်ပြိုင်ဖို့ အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ်လောင်းအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို တင်သွင်းခဲ့ပါတယ်။ ဒီတင်သွင်းချက်ကို ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ ကိုက်ညီခြင်းမရှိကြောင်း ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီက ကော့မှူးမြို့နယ်မှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ဦးတင်ရီက ကန့်ကွက်ခဲ့တာပါ။ 

Monday, February 27, 2012

သုံးခွမြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်

National League for Democracy
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
 ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် 
၂ဝ၁၂ ဖေဖော်ဝါရီ ၂၆ ရက်နေ့က 
သုံးခွမြို့နယ်တွင် ဟောပြောပွဲပြုလုပ်စဉ်။
NLDပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်း သုံးခွမြို့နယ်ကို ဒီကနေ့ညနေ (၆)နာရီလောက် ရောက်ရှိသွားပြီး သုံးခွမြို့နယ်မှာ NLDပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်စုစုလွင်အတွက် မဲဆွယ်စည်းရုံး ဟောပြောခဲ့ပါတယ်။

အဲဒီလိုပြောဆိုရာမှာ ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ လွတ်လပ်စွာ မဲပေးပိုင်ခွင့်ကို အပြည့်အဝအလေးထားဖို့လိုကြောင်း ဒီအခွင့်အရေးဟာ ရှားပါးတဲ့အခွင့်အရေးဖြစ်တာကြောင်း ၊ မိမိတို့ရဲ့ မဲတပြားကို အလဟဿ မဖြစ်စေလိုကြောင်း ဟောပြောပါတယ်။

Friday, February 24, 2012

ဒေါ်စုကို ကချင်ပြည်နယ် လူထုကြိုဆို

ဒေါ်အောင်ဆန်းစုကြည်။(Photo -AP)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နှစ်ပေါင်း ၂၀ ကျော်လွတ်တော်ပြင်ပနိုင်ငံ  ရးနဲ့ ပြည်သူ့အကျိုးကို သယ်ပိုးခဲ့ပြီး အခုတော့ လွတ်တော်နိုင်ငံရေးနဲ့   ပြည်သူ့တာ ၀န်တွေကို ဆက်ထမ်းဆောင်သွားမယ်လို့ မြန်မာ့ဒီမိုကရေစီခါင်းဆောင်ဒေါ်အောင် ဆန်းစုကြည် က ပြောလိုက်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီစည်းရုံးရေး ခရီးအဖြစ် ဒီကနေ့ကချင်ပြည်နယ်ကို ရောက်နေတာ လည်း ဖြစ်ပါတယ်၊ ဒေါ်ေ အာင်ဆန်း စုကြည်ရဲ့ ကချင်ပြည်နယ် ခရီးစဉ်အကြောင်းနဲ့အတူ လူထုအပေါ် တိုက်တွန်းချက်တွေ ကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။
NLDအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီစည်းရုံးရေးခရီးစဉ်အဖြစ် ဒီကနေ့ ဖေဖော်ဝါရီ  ၂၃ နဲ့ ၂၄  အထိ ( ၂)ရက်ကြာ ကချင်ပြည်နယ်ကို ပါတီစည်းရုံးရေးအဖြစ် သွားနေ တာပါ၊ ဒီကနေ့ မြစ်ကြီးနားကနေ နမ္မတီးကို အရင်သွားခဲ့ပြီး နမ္မတီးလူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ပါ တယ်။ နောက်တော့ နေ့လည်ပိုင်းမှာ မိုးကောင်းမြို့ကို ရောက်လာခဲ့ပြီး မိုးကောင်း မြို့ခံတွေကို  ဒေါ်အောင်ဆန်းစုကြည်က မိန်ခွန်း ပြောပါတယ်၊

အုန်းဖျန်ဒုက္ခသည်စခန်း မီးလောင်မှုကြောင့် အိမ်ခြေ ၁,၀၀၀ကျော် ပျက်စီးဆုံးရှုံး....

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်အတွင်းရှိ အုန်းဖျန်ဒုက္ခသည်စခန်း၌ ယနေ့ နေ့လည် ၁၂နာရီကျော်မှ မွန်းလွဲ ၁နာရီခွဲ အချိန်ထိ မီးလောင်မှုဖြစ်ပွား၍ ဒုက္ခသည်များ၏ အိမ်ခြေ ၁၀၀၀ကျော် ပျက်စီးဆုံးရှုံးသွားသည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။

မီးကြောင့် လောင်ကျွမ်းသွား...သည့် အိမ်ခြေမှာ ၅၆၆လုံးဖြစ်ပြီး မီးကူးစက်မည်စိုး၍ ဖျက်ဆီးပစ် လိုက်သည့် အိမ်ခြေမှာ ၅၁၅လုံးဖြစ်ကြောင်း အုန်းဖျန်စခန်းဥက္ကဌ စောဝါးထီးက ကေအိုင်စီ သို ပြောဆိုသည်။

စောဝါးထီးက “မီးကတော့ ဇုံဘီ ရပ်ကွက်(၇)က အကြော်ကြော်တဲ့အိမ်ကနေ စလောင်တာလို့ခန့်မှန်းကြပေမဲ့ အခုထိ အိမ်ရှင်တွေကို လိုက်ရှာလို့ မတွေ့သေးဘူး။ မီးလောင်တဲ့ အချိန် လေက အတန်အသင့်ပဲ တိုက်လို့။ ရံဖန်ရံခါ တဟူးဟူးမြည်အောင် တိုက်သလိုမျိုးဆို စခန်းတစ်ခုလုံးတော့ ကုန်ပြီ။”ဟု ပြောသည်။

Sunday, February 19, 2012

NLD ကို မဲပေးဖို့ ဖျာပုံလူထုကို ဒေါ်စု တိုက်တွန်း

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကို 
လာရောက် နားထောင်ကြတဲ့ ဖျာပုံမြို့က လူထု။ (ဖေဖော်ဝါရီလ ၁၇၊ ၂၀၁၂)
ဓာတ်ပုံ ASSOCIATED PRESS 
မြန်မာနိုင်ငံ ဖွံဖြိုးတိုးတက်ဖို့ အတွက် ပညာရေးကဏ္ဍ တိုးတက်ဖို့ဟာ အန်မတန် အရေးတကြီး လိုအပ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒီကနေ့ ပါတီစည်းရုံးရေးအဖြစ် ဖျာပုံမြို့ကို သွားစဉ်အတွင်း လူထုကို ပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ထည့်သွင်း ပြောကြားသွားတာ ဖြစ်သလို လုံခြုံလွတ်လပ်တဲ့ ဘ၀တွေကို ပေးနိုင်မယ့် ဒီမိုကရေစီစနစ် ကြိုးပမ်းမှုတွေမှာ လူထုအားလုံး ပါဝင်ဖို့ကိုလည်း တိုက်တွန်းခဲ့ပါသေးတယ်။ ဒီခရီးစဉ်အကြောင်း အပြည့်အစုံကို မသင်းသီရိက တင်ပြထားပါတယ်။

NLD ပါတီရဲ့ ရွေးကောက်ပွဲ စည်းရုံးရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဖေဖော်ဝါရီလ ၁၇ ရက် သောကြာနေ့က ဧရာဝတီတိုင်းထဲက ကျိုက်ထော်နဲ့ ဖျာပုံမြို့တွေကို သွားခဲ့တာပါ။ ကျိုက်ထော်မှာ တထောက်နားပြီး လူထုကို စကားပြောခဲ့သလို နေ့လယ်ပိုင်း ဖျာပုံကို ရောက်ခဲ့ပြီး မြို့ခံလူထုတွေကို ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းထဲမှာ မြန်မာပြည် တိုးတက်လာဖို့အတွက် ပညာရေးကဏ္ဍဟာ အထူး အရေးကြီးသလို တရားဥပဒေ စိုးမိုးရေး အရေးကြီးပုံတွေကို ပြောသွားပါတယ်။

Sunday, February 12, 2012

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး ကော့မှူးခရီးစဉ်

၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ကော့မှူးမြို့နယ် 
ဝါသိင်္ခကျေးရွာသို့ ပါတီစည်းရုံးရေး ခရီးစဉ် သွားရောက်သည့် 
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို 
လူထုက ကြိုဆိုနှုတ်ဆက်စဉ်။AFP
NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကြားဖြတ် ရွေးကောက်ပွဲမှာ သူ ပါဝင်ယှဉ်ပြိုင်မယ့် ကော့မှူးမြို့နယ်ကို ပါတီစည်းရုံးရေး ခရီးစဉ်အဖြစ် ဒီနေ့ ပထမဆုံး သွားရောက်ခဲ့ရာ လမ်းတလျှောက် ပရိသတ် တိုး မပေါက်အောင် ကြိုဆို အားပေးကြကြောင်းသိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးဒေသခံ ကရင်တိုင်းရင်းသားတွေ ဝတ်ဆင်တဲ့ ကရင်သင်တိုင်း အဖြူ ဝတ်ထားတာ တွေ့ရတယ်လို့လည်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဝါသင်္ခရွာက တဆင့် ညနေ ၅ နာရီခွဲမှာ ငှက်အော်စမ်းရွာကို ရောက်ရှိလာပြီး မိန့်ခွန်းပြောပါတယ်။ ကော့မှူးနဲ့ ဝါသိင်္ခကျေးရွာက လိုက်ပါလာတဲ့ ဒေသခံတွေနဲ့ ငှက်အော်စမ်း လူငယ်လေ့ကျင့်ရေး သင်တန်းကျောင်းက လူငယ်တွေ အပါအဝင် လူတထောင်လောက် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကို နားထောင်ကြပါတယ်။  (RFA)

Thursday, February 9, 2012

ဇာဂနာနှင့် ဟီလာရီ ကလင်တန် တွေ့ဆုံ


နိုင်ငံကျော် လူရွှင်တော် ဇာဂနာ နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် တို့ ယမန်နေ့က ၀ါရှင်တ်မြို့၌ တွေ့ဆုံကြောင်း သိရသည်။ ဇာဂနာသည် အမေရိကန်နိုင်ငံသို့ ဖေဖော်ဝါရီ ၃ ရက်နေ့ကစတင်၍ အလည်အပတ်ခရီးအနေနှင့် ရောက်ရှိနေခြင်း ဖြစ်သည်။ ဇာဂနာနှင့် အတူ ကချင်အမျိုးသမီး ဒေါ်ဘောက်ဂျာနှင့် NLD မှ ဒေါ်ခင်သန်းမြင့်တို့ကိုလည်း မစ္စ ဟီလာရီက တွေ့ဆုံ နှုတ်ဆက်သည်ဟု AFP သတင်း၌ ရေးသားထားသည်။

Monday, February 6, 2012

ဧရာဝတီတိုင်း ပုသိမ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နဲ့ ပုသိမ်သူပုသိမ်သားများ တက်ကြွစွာ အခန်းအနားပြင်စဉ်နေပါသည်...



 


မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့​အခွင့်အရေး ကိုယ်စားလှယ် သတင်းစာရှင်းလင်းပွဲ လုပ်

မစ္စ​တာ​ကင်​တား​နား​​ ​သ​တင်း​စာ​ရှင်း​လင်း​ပွဲ​ ​ပြု​လုပ်​နေ​စဉ်
 မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်  တောမတ်စ် အိုဟေး ကင်တားနား (Tomás Ojea Quintana) ဟာ ဒီကနေ့ ညနေပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပါတယ်။

သူ့ရဲ့ မြန်မာပြည် ခြောက်ရက်တာ ခရီးစဉ်အပြီး ပြန်လည် မထွက်ခွာခင် ပြုလုပ်ခဲ့တဲ့ ကင်တားနားရဲ့ သတင်းစာ ရှင်းလင်းပွဲကို တက်ခဲ့တဲ့ သတင်းထောက်တဦးက​ …

“အီလက်ထရောနစ် ဥပဒေတွေနဲ့ ပတ်သက်ပြီး သူပြောသွားတယ်။ ဒီဥပဒေတွေ​ ​ပြင်ရမယ်လို့ ပြောသွားတယ်။ အကျဉ်းသားကိစ္စတွေလည်း​ ​အများကြီးပဲ ​ ​ ​ပြောတယ်။ 

အကြောက်တရား ကင်းဝေးရေး စာတမ်းဖတ်ပွဲ​ ​ကျင်း​ပ

မျိုးဆက်သစ်ကျောင်းသားလူငယ်များ အကြောက်တရား ကင်းဝေးရေး  စာတမ်းဖတ်ပွဲနဲ့ နှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် မှာရှိတဲ့  မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံးခမ်းမမှာ ဒီကနေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ပါတယ်။
 
စာတမ်းဖတ်ပွဲမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ​ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ မျိုးဆက်သစ်လူငယ်များ (Generation Wave) အဖွဲ့နဲ့  မြန်မာနိုင်ငံလူငယ်များ အစည်းအရုံးတို့က သက်ဆိုင်ရာအလိုက် စာတမ်းဖတ်ခဲ့ကြပြီး၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က မျိုးဆက်သစ်တို့အတွက် လက်ဆင့်ကမ်း စကား ပြောကြားခဲ့ပါတယ်။