ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ဒု ဗိုလ်ချုပ်မှူးကြီး ရာထူး တိုးပေးလိုက်ပြီ။ တပ်မတော်ကာကွယ်ရေးဦးစီးချု ပ်အဖြစ် ပြန်လည်အတည်ပြုခန့်ပြီး ၃ လမပြည့်ခင် ခုလို ဒု ဗိုလ်ချုပ်မှူးကြီး ရာထူး တိုးပေးလိုက်တာ ဖြစ်တယ်။
(ဒေါ်အောင်ဆန်းစုကြည်ဂျပန်သို့ ခရီးမထွက်မီ
နာရီပိုင်းအလိုနုစ်သစ်ကြိုဆုတောင်း)
Tuesday, April 3, 2012
Monday, April 2, 2012
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနေ့ ယှဉ်ပြိုင်ရာ ၄၃ နေရာလုံး NLD နိုင်ပြီဟုဆို

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြီးစီးသွားသည့် ကြားဖြတ်ရွေး ကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ပြည်နယ်နှင့်တိုင်းအသီးသီးမှ မဲဆန္ဒနယ် ၄၃ နေရာလုံးတွင် အနိုင်ရရှိသွားကြောင်း NLD ရုံးချုပ်မှ သိရသည်။
၄၄ နေရာအနက် ၃၈ နေရာမှာ မဲရေတွက်ပြီးဖြစ်ကာ ကျန် ၆ နေရာတွင် မဲရေတွက်ဆဲဖြစ်သော်လည်း NLD ကိုယ်စား လှယ်လောင်းများက ပြိုင်ဘက်များအား မဲအရေအတွက် အများအပြား အသာဖြင့် ဦးဆောင်ပြီး သေချာနေသည့်အတွက် ၎င်းတို့ အနိုင်ရရှိပြီးဖြစ်ကြောင်း ရုံးချုပ်သို့ ဖုန်းဖြင့် သတင်းပို့ လာသဖြင့် ယခုကဲ့သို့ ယှဉ်ပြိုင်နေရာအားလုံး အနိုင်ရရှိသည်ဟု ဆိုနိုင်ခြင်းဖြစ်သည်။
တနင်္လာနေ့ နံက်နက်တွင် မဲအနိုင်ရရှိမှု အသေးစိတ်စာရင်းကို NLD မှ ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း သိရသည်။
၄၄ နေရာအနက် ၃၈ နေရာမှာ မဲရေတွက်ပြီးဖြစ်ကာ ကျန် ၆ နေရာတွင် မဲရေတွက်ဆဲဖြစ်သော်လည်း NLD ကိုယ်စား လှယ်လောင်းများက ပြိုင်ဘက်များအား မဲအရေအတွက် အများအပြား အသာဖြင့် ဦးဆောင်ပြီး သေချာနေသည့်အတွက် ၎င်းတို့ အနိုင်ရရှိပြီးဖြစ်ကြောင်း ရုံးချုပ်သို့ ဖုန်းဖြင့် သတင်းပို့ လာသဖြင့် ယခုကဲ့သို့ ယှဉ်ပြိုင်နေရာအားလုံး အနိုင်ရရှိသည်ဟု ဆိုနိုင်ခြင်းဖြစ်သည်။
တနင်္လာနေ့ နံက်နက်တွင် မဲအနိုင်ရရှိမှု အသေးစိတ်စာရင်းကို NLD မှ ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း သိရသည်။
Sunday, April 1, 2012
ရွေးကောက်ပွဲ နောက်ဆုံးရသတင်း
- ကော့မှူးမြို့နယ် ရေကျော်ကျေးရွာ အုပ်စု နောင်လုံရွာတွင် NLDမှ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က(၂၁၇) မဲ၊ ပြည်ခိုင်ဖြိုး (ခ) ကြံ့ဖွတ်မှ ဒေါက်တာစိုးမင်းက(၃၇) မဲ၊ ပယ်မဲ (၂) မဲ ဖြင့်မဲရေတွက်ပြီးစီးသွားပြီဖြစ် ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်နှင့် အနိုင်ရရှိ။
- မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်ရှိ သပြေကုန်းမဲရုံ (၁)၊ (၂)၊ (၃) တို့တွင် မဲများကို ယခုရေတွက်လျက်ရှိရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်းက အနိုင်ရရှိလျက်ရှိနေပါသည်။
- မကွေ့းမြို့ ပညာရေးကောလိပ်ကတော့ မဲရေပြီးသွားပြီ NLD က (၆၂) မဲ ကြံ့ဖွတ်က (၃၂) မဲ၊ ပယ်မဲ (၅) မဲ။ အဲဒီပယ်မဲ(၅) မဲ ကလည်း ခွပ်ဒေါင်းပဲ ပယ်မဲတွေ အတွက်ကတော့ရင်ပူနေရတယ် ဗဟုသုတနည်းတဲ့ ရွာတွေဆိုပို များမှာ ပယ်မဲကလည်း နှစ်ခါခြစ်လို့တဲ့။ (မကွေးမှ ကိုမောင်မောင်မြင့်)
- နေပြည်တော် ဥတ္တရသီရိမှ မဲရေတွက်ပြီး မဲဆန္ဒနယ်မြေ ငလိုက်ချောင်းအထက် အောင်သပြေရွာ မှာ မဲပေးသူ ၂၁၅ဦးမှာ NLD ၁၅၈ မဲဖြင့် အနိုင်ရ။(EMG)
ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲယှဉ်ပြိုင်မယ့် ကော့မှုးရောက်ရှိ
ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်မှာ ကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် သူယှဉ်ပြိုင်မယ့် ကော့မှုးမြို့ နယ်ကို အခုညနေ ၇ နာရီကျော်ကျော်မှာ ဆိုက်ရောက်သွားပြီ ဖြစ်ပါတယ်။ ရောက်ပြီး မကြာခင်မှာပဲ မြို့ခံလူထုကို နှုတ်ဆက်မိန့်ခွန်း ပြောကြားခဲ့ရာ ပြည်သူ တစ်ထောင်ငါးရာခန့် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
NLD ပါတီရဲ့  စည်းရုံးရေးနဲ့ ဖျော်ဖြေရေး အလှပြမော်တော်ယာဉ်ဟာ စည်းရုံးရေး နောက်ဆုံးနေ့ အဖြစ် အောင်နိုင်ရေး သီချင်းတွေနဲ့  မင်္ဂလာတောင်ညွန့် မြို့ နယ်မှာ မဲဆန္ဒနယ် ၆ ခုကို လှည့်လည် စည်းရုံး ခဲ့ပါတယ်။ အလားတူပဲ တခြား နိုင်ငံရေးပါတီတွေကလည်း သူတို့ ပါဝင်ယှဉ်ပြိုင်မယ့် နယ်မြေတွေမှာ လှည့်လည်စည်းရုံးနေပါတယ်။
တနိုင်ငံလုံး လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ အခု ကြားဖြတ်ရွေးကောက်ပွဲဟာ စစ်မှန်ပြီး တရားမျှတမှု ရှိပါ့မလားလို့  ပြည်တွင်း ပြည်ပ အကဲခတ် ပုဂ္ဂိုလ်တွေက သံသယရှိနေပါတယ်။ (RFA)
Tuesday, March 20, 2012
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပိုစတာများဖျက်ဆီးခံရခြင်း
Sunday, March 18, 2012
ဒေါ်စုရဲ့ ရှမ်းမြောက်ပိုင်း ပါတီစည်းရုံးရေး
နိုင်ငံတနိုင်ငံရဲ့ အရေးကို အားလုံးဝိုင်းပြီး လုပ်ဆောင်ကြရတဲ့ နိုင်ငံရေးထဲမှာ တပ်မတော်သားတွေလည်း ပါဝင်လာကြဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ လားရှိုးမြို့ကို ပါတီမဲဆွယ် စည်းရုံးရေးအဖြစ် ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုကိုပြောခဲ့တဲ့ မိန့်ခွန်းတွင်း အခုလို တိုက်တွန်းခဲ့တာ ဖြစ်ပြီး တရုတ်နိုင်ငံနဲ့ ကုန်သွယ်ဘက် နီးစပ်တဲ့ဒေသမို့ တရုတ်နိုင်ငံပေါ် သူရဲ့ သဘောထားတွေကိုလည်း ရှင်းပြခဲ့ပါတယ်။ ဒီခရီးစဉ်အကြောင်း အပြည်အစုံကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။
ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲရဲ့ လစ်လပ်မဲဆန္ဒနေရာ အပြည့် ၀င်ပြိုင်မယ့် NLD ပါတီအတွက် ပါတီမဲဆွယ် စည်းရုံးရေးအဖြစ် မဲဆန္ဒနယ် နေရာတွေကို သွားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မတ်လ ၁၇ ရက် စနေနေ့မှာတော့ ရှမ်းပြည်မြောက်ပိုင်းက လားရှိုးမြို့ကို ရောက်နေပါပြီ။ ဒေသခံမြို့နေ လူထုနဲ့ တွေ့ဆုံစကားပြောစဉ်အတွင်း နိုင်ငံတိုးတက်ဖို့အရေး အားလုံးပါဝင်ကြရတဲ့ နိုင်ငံရေးထဲမှာ တပ်မတော်သားတွေလည်း ပါဝင်ကြဖို့ တိုက်တွန်းသွားပါတယ်။
Sunday, March 11, 2012
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော့မှူးမဲဆန္ဒနယ်မှာ ရွာလုံးကျွတ် မဲဆန္ဒရှင်စာရင်းများ ပျောက်ဆုံးလျှက် ရှိနေကြောင်းနှင့် နိုင်ငံနဲ့အဝှမ်း မဲဆန္ဒရှင် စာရင်းများ မှားယွင်းမှုများ ရှိနေကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းပြောဆို..
မဲဆန္ဒရှင်စာရင်း မှားယွင်း ပျောက်ဆုံးမှုများ နိုင်ငံအနှံဖြစ်ပေါ်နေကြောင်းအဖွဲ့ ချုပ် ရွေးကောက်ပွဲ မာန်နေဂျာ ရှေ့နေကြီးဦးဥာဏ်ဝင်းအား ယနေ့ဆက်သွယ် မေးမြန်း ရာမှာ ပြောဆိုသွားပါတယ်...။
ယခုလက်ရှိအနေနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင် မည့် ကော့မှုးမဲဆန္ဒနယ်မှာ ရွာလုံးကျွတ် မဲစာရင်း ပျောက်ဆုံးမှုများ ရှိနေပြီး တချို့မဲဆန္ဒနယ်များမှာလည်း အသက်(၁၃)နှစ်အောက် ကလေးများ အများအပြား ပါဝင်နေကြောင်း ပြောဆိုပါတယ်..။ ယခုရရှိတဲ့ ယနေ့စစ်ဆေးလျှက် ရှိတဲ့ စာရင်းဟာလည်း ကော့မှူးမြို့နယ်ရဲ့ မဲဆန္ဒရှင်စာရင်းရဲ့ တဝက်ခန့်သာ ရှိသေးပြီး နောက်ထပ် ထပ်မံ စစ်ဆေးလျှက်ရှိကြောင်း သိရှိရပါသည်...။
Wednesday, March 7, 2012
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး Murray McCully လာရောက်တွေ့ဆုံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်အား နယူးဇီလန် နိုင်ငံခြားရေးဝန် ကြီး Murray McCully သည် မတ်လ ၇ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်း စုကြည်နေအိမ်သို့ လာရောက်တွေ့ဆုံခဲ့သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် နယူးဇီ လန် နိုင်ငံခြားရေး ၀န်ကြီး Murray McCully တို့သည် နံနက် ၁၁ နာရီမှ မွန်းတည့် ၁၂ နာရီ အထိ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထို့နောက် မီဒီယာများနှင့် တွေ့ဆုံရာတွင် နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး Murray McCully က ၎င်း၏ နှစ်ရက်တာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာအစိုးရ တာဝန်ရှိသူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့ကြောင်း၊
၂၀၁၂ အမျိုးသမီး ရဲစွမ်းသတ္တိဆုရှင်တွေထဲ မြန်မာအမျိုးသမီးတဦးပါဝင်
![]() |
| နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မဇင်မာအောင် |
၂၀၁၂ ခုနှစ်အတွက် နိုင်ငံတကာ အမျိုးသမီးရဲစွမ်းသတ္တိရှင်ဆုကို မြန်မာနိုင်ငံက နိုင်ငံရေး တက်ကြွလှုပ်ရှားသူ မဇင်မာအောင်က ရရှိခဲ့ပါတယ်။
မဇင်မာအောင်ဟာ သူ့ရဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားမှုတွေကြောင့် ၁၁ နှစ်ကြာ အကျဉ်းကျခံနေခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်းတယောက် ဖြစ်ပါတယ်။ သူဟာ ယဉ်ကျေးမှုဆိုင်ရာ လေ့လာရေး အဖွဲ့တဖွဲ့ကို ဖွဲ့စည်းခဲ့တဲ့အပြင် သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေးအတွက် တက်ကြွစွာ လှုပ်ရှားဆောင်ရွက်ခဲ့ပြီး တိုက်ပွဲတွေဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာ အမျိုးသမီးအရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေကို လုပ်ကိုင်နေသူဖြစ်ပါတယ်။
Tuesday, March 6, 2012
နယူးဇီလန် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်စုနှင့် တွေ့မည်
![]() |
| နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး Murray McCully |
နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး Murray McCully ၏ နှစ်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံရန်ရှိကြောင်း နယူးဇီလန် သတင်းတရပ်တွင် ရေးသားထားသည်။
Radio New Zealand News အရ Mr McCully သည် တနင်္လာနေ့က မြန်မာနိုင်ငံကို ထွက်ခွါသွားပြီး အင်္ဂါနေ့တွင် နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံပြီးနောက် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံရန်ရှိသည်ဟု ဖော်ပြပါရှိသည်။
ယခုခရီးစဉ်မှာ Mr McCully ၏ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် နယူးဇီလန်မှာ အရှေ့အာရှ ထိပ်သီးညီလာခံကဲ့သို့ ဒေသတွင်း ဆွေးနွေးပွဲမျိုးတွေသာ တွေ့ဆုံလေ့ ရှိခဲ့ကြသည်။ (မဇ္ဈိမ-နယူးဒေလီ )
Radio New Zealand News အရ Mr McCully သည် တနင်္လာနေ့က မြန်မာနိုင်ငံကို ထွက်ခွါသွားပြီး အင်္ဂါနေ့တွင် နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံပြီးနောက် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံရန်ရှိသည်ဟု ဖော်ပြပါရှိသည်။
ယခုခရီးစဉ်မှာ Mr McCully ၏ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် နယူးဇီလန်မှာ အရှေ့အာရှ ထိပ်သီးညီလာခံကဲ့သို့ ဒေသတွင်း ဆွေးနွေးပွဲမျိုးတွေသာ တွေ့ဆုံလေ့ ရှိခဲ့ကြသည်။ (မဇ္ဈိမ-နယူးဒေလီ )
Monday, March 5, 2012
ဒေါ်အောင်ဆန်းစုကြည်ကို မန္တလေးလူထု သိန်းနဲ့ချီပြီး ကြိုဆို
![]() |
၂ဝ၁၂ မတ်လ ၃ ရက်နေ့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မန္တလေးမြို့ အောင်ပင်လယ်ကွင်းတွင် ဟောပြောပွဲ ပြုလုပ်စဉ်။(Photo-Demowaiyen) |
ရန်ကုန်ကနေ တံတားဦးလေဆိပ်ကို လေယာဉ်နဲ့ ရောက်ရှိသွားတဲ့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို သိန်းနဲ့ချီတဲ့ မန္တလေးတိုင်း လူထုက မိုးရွာနေတဲ့ ကြားထဲမှာ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။
လေယာဉ်ကွင်းကအထွက် လမ်းတလျှောက် ကြိုဆိုကြတဲ့ လူထုပရိသတ် များလွန်းတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းဟာ မိန့်ခွန်းပြောဖို့ စီစဉ်ထားတဲ့ သိပ္ပံလမ်းထောင့် ကွင်းထဲကို ရောက်ဖို့ ၄ နာရီလောက် ကြာမြင့်ခဲ့တယ်လို့ ခရီးစဉ် ကြိုဆိုရေး တာဝန်ယူထားတဲ့ NLD အဖွဲ့ဝင် ဦးကိုလေးက ပြောပါတယ်။
အလားတူ ဒေါ်အောင်ဆန်းစုကြည် ဟောပြောမယ့် ကွင်းထဲမှာလည်း ကွင်းလုံးပြည့် ကြိုဆိုခဲ့ကြပြီး ဒီမြင်ကွင်းအတွက် ဝမ်းသာပီတိ ဖြစ်ရသလို ဒေါ်အောင်ဆန်းစုကြည်ကို အားကိုး ယုံကြည်မိပါတယ်လို့ တက်ရောက်သူတွေက ပြောပါတယ်။
အလားတူ ဒေါ်အောင်ဆန်းစုကြည် ဟောပြောမယ့် ကွင်းထဲမှာလည်း ကွင်းလုံးပြည့် ကြိုဆိုခဲ့ကြပြီး ဒီမြင်ကွင်းအတွက် ဝမ်းသာပီတိ ဖြစ်ရသလို ဒေါ်အောင်ဆန်းစုကြည်ကို အားကိုး ယုံကြည်မိပါတယ်လို့ တက်ရောက်သူတွေက ပြောပါတယ်။
Subscribe to:
Posts (Atom)












