(ဒေါ်အောင်ဆန်းစုကြည်ဂျပန်သို့ ခရီးမထွက်မီ
နာရီပိုင်းအလိုနုစ်သစ်ကြိုဆုတောင်း)
Monday, April 30, 2012
မြန်မာနိုင်ငံကိုရောက်ရှိလာတဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Mr. Ban Ki-moonနဲ့ ဇနီး
ယနေ့ မြန်မာနိုင်ငံသို့ (၃)ရက်ကြာ အလည်အပတ် ရောက်ရှိလာတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ Ban Ki-moonနဲ့ဇနီး Yoo Soon-taekတို့အား တည်းခိုရာဟိုတယ်မှာ ကြိုဆိုနှုတ်ဆက် သူများနဲ့ အတူတွေ့ရစဉ်.. AP
Sunday, April 29, 2012
ဒီ/ချုပ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သစ်သုံးဦး သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့သို့ ထွက်ခွာ
![]() |
ဒီ/ချုပ်ပါတီမှ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သစ် သုံးဦးဖြစ်တဲ့
ဒေါ်စန္ဒာမင်း၊
ဦးဖြိုးမင်း သိန်း၊ ဦးဖြိုးဇေယျာသော် (ဇေယျာသော်)နဲ့
တေးသံရှင်
လင်းလင်းတို့ လေးဦးသြစတေးလျနိုင်ငံ ဆစ်ဒနီမြို့သို့ ထွက်ခွာ
|
ဒီ/ချုပ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သစ် သုံးဦးဖြစ်တဲ့
ဒေါ်စန္ဒာမင်း၊ ဦးဖြိုးမင်း သိန်း၊ ဦးဖြိုးဇေယျာသော် (ဇေယျာသော်)နဲ့
တေးသံရှင် လင်းလင်းတို့ လေးဦးဟာ ဒီနေ့ နံနက် ၉း၃ဝ နာရီ တွင်
မင်္ဂလာဒုံလေဆိပ်မှ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့သို့ ထွက်ခွာသွားခဲ့ပါတယ်။
သြစတေးလျ နိုင်ငံမှာ လက်ရှိအာဏာရပါတီဖြစ်တဲ့ လေဘာပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့
ကမ်းလှမ်း ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ဆစ်ဒနီတက္ကသိုလ် (University of
Sydney’s Graduate School of Government) မှာ ဧပြီလ ၃ဝ မှ မေလ ၄ ရက်နေ့အထိ
ဒီ/ချုပ်ပါတီ ဝင်လေးဦးဟာ နိုင်ငံရေးနှင့် မူဝါဒရေးဆိုင်ရာ အကြံပေး
သင်တန်းကို တက်ရောက် သင်ကြားလေ့လာမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအဖွဲ့ရုံး ဖွင့်ပွဲအခမ်းအနား
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံး
ဖွင့်ပွဲအခမ်း အနားကို ဗဟန်းမြို့နယ် အင်းလျားမြိုင်လမ်း အမှတ် ၄၅ ရှိ
အဆိုပါရုံးခန်းတွင် ယနေ့မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန်ခန့်က
ကျင်းပခဲ့ပါသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားကို ဥရောပသမဂ္ဂ မှနိုင်ငံခြားရေးရာ မူဝါဒ အကြီးအကဲ ကတ်သရင်း အဲရှ်တန် နှင့်အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်တိုင်ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေတို့ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ ကြောင်း သိရှိရပါသည်။ (Eleven Media Group)
Friday, April 27, 2012
အရှင်ဂမ္ဘီရ ကျန်းမာရေး မကောင်းလို့ လူဝတ်လဲ
![]() |
၂၀၁၂ ဖေဖော်ဝါရီလဆန်းပိုင်းတွင် ပြုလုပ်သော
နိုင်ငံရေး အကျဉ်းသားများ အတွက် ရန်ပုံငွေရှာဖွေရေး
စာအုပ်ရောင်းပွဲတွင်
အရှင်ဂမ္ဘီရ (ဝဲအစွန်) ကိုတွေ့ရစဉ်။
RFA
|
ရွှေဝါရောင်တော်လှန်ရေး
ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရဟာ ကျန်းမာရေး မကောင်းတဲ့အတွက် ဆေးဝါးကုသမှု
ခံယူဖို့ ရဟန်းအဖြစ်ကနေ လူထွက်လိုက်ပြီး မိဘရပ်ထံပြန်လည် ရောက်ရှိနေကြောင်း
သတင်းရရှိပါတယ်။
အရှင်ဂမ္ဘီရဟာ ပြီးခဲ့တဲ့ သင်္ကြန်ရက်က လူဝတ်လဲလိုက်ပြီး မိဘနှစ်ပါးရှိရာ
မိထ္တီလာမြို့ကို ပြန်လည်ရောက်ရှိ လာပါတယ်။
အရှင်ဂမ္ဘီရ လူဝတ်လဲလိုက်ရတဲ့ အကြောင်းကို မိခင်ဖြစ်တဲ့ ဒေါ်ရေးက အတည်ပြု ပြောဆိုပါတယ်။
Thursday, April 26, 2012
ဒေါ်အောင်ဆန်းစုကြည်နှင့် အီတလီနိုင်ငံခြားရေးဝန်ကြီး Giulio Terzi တို့ တွေ့ဆုံ
ယနေ့ ဧပြီလ ၂၆ ရက် နံနက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အီတလီနိုင်ငံခြားရေးဝန်ကြီး Giulio Terziတို့ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင်တွေ့ဆုံခဲ့ပြီး ပူတွဲ သတင်းစာ ရှင်းလင်ပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ပါသည်။ EMG
Tuesday, April 24, 2012
NLD လွှတ်တော် တက်ရေးကိစ္စ အားလုံး ညှိနှိုင်း ကြိုးပမ်းဖို့ အမေရိကန် တိုက်တွန်း
![]() |
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ
ဗစ်တိုးရီးယား နုလန်း (Vitoria Nuland)ဓာတ်ပုံ 美国国务院
|
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော်
ဝင်ရောက်ရေးအတွက် အစုအဖွဲ့ အားလုံး ညှိုနှိုင်း ဆောင်ရွက်ကြဖို့ အမေရိကန်
ပြည်ထောင်စု တိုက်တွန်းပါတယ်။ ဒီ ညိနှိုင်း ဆွေးနွေးမှု တွေအပေါ်မှာ ၀င်ရောက်
စွတ်ဖက် ပြောဆိုမှာ မဟုတ်ပေမဲ့၊ ဖြစ်ထွန်းမှုတွေ ကိုတော့ စောင့်ကြည့်
သွားမယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောဆိုပါတယ်။
ကြားဖြတ် ရွေးကောက်ပွဲအတွင်း အနိုင်ရခဲ့တဲ့ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် တွေ အခု ကျင်းပနေတဲ့ လွှတ်တော်ကို
မတတ်ရောက်နိုင်တဲ့ အခြေအနေဟာ မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းမှုတွေ
နောက်ကြောင်း ပြန်လှည့်သွားနိုင်မလား စိုးရိမ်မှုကတော့
အတော်များများရှိနေတာပါ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတွေ
ကတော့ ဒါကို ပြဿနာတရပ်လို မယူဆပဲ၊ ညှိုနှိုင်း ဖြေရှင်းလို့ ရနိုင်မယ်လို့
ယူဆနေပါတယ်။ လွှတ်တော်ကိုလည်း တတ်ရောက် ဖြစ်မှာပါလို့ ပြောပါတယ်။ အမေရိကန်
ပြည်ထောင်စုအနေ နဲ့ ကတော့ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ
ဝင်ရောက်နိုင်ရေးအတွက် အားလုံး ညှိုနှိုင်းဆောင်ရွက် နိုင်ကြဖို့
တိုက်တွန်းပါတယ်။
Monday, April 23, 2012
(၁၁)ကြိမ်မြောက် သက်ကြီးပူဇော်ပွဲ (အော်ကလန်၊ နယူးဇီလန်)
နယူးဇီလန်နိုင်ငံရောက် မြန်မာမိသားစုများရဲ့ (၁၁)ဋ္ဌကိမ်မြောက် မြန်မာ့ရိုးရာ သက်ဋ္ဌကီးပူဇော်ပွဲအခမ်းအနား ကို ဧပြီလ (၂၂)ရက်နေ့  က အော်ကလန်မြို့ ရှိ ဇဗ္ထအြေးဘုန်းတော်ဋ္ဌကီးကျောင်းမှာ ကျင်းပခဲ့ပါတယ်။ နံနက်ပိုင်းမှာ ရဟန်းသံဃာတော် (၄)ပါးအား စုပေါင်းဆွမ်းကပ်လှူ၍ တရားနာယူခဲ့ပါတယ်။ နေ့ လည်ပိုင်းမှာတော့ မြန်မာမိသားစုများက အဘိုးအဘွားများကို ပူဇော်ကန်တော့ခဲု့ကပါတယ်။ (ရာဇ၀င်)
Thursday, April 19, 2012
ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီး သွားမည်
ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ပေါင်း ၂၀
ကျော်အတွင်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် လာမဲ့ဇွန်လမှာ နော်ဝေးနဲ့
ဗြိတိန်နိုင်ငံတို့ကို သွားရောက် လည်ပတ်မယ်လို့ သိရှိရပါတယ်။
ဒါနဲ့ ပတ်သက်ပြီး NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကို
မေးမြန်းကြည့်တဲ့အခါ
ဗြိတိန်နိုင်ငံ ခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၇၀ ခုနှစ်တွေကာလ
သူတက်ရောက် ပညာသင်ယူခဲ့တဲ့ Oxford တက္ကသိုလ်ကို လည်ပတ်မှာဖြစ်ကြောင်း
ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဘယ်နေ့ဘယ်ရက် ခရီးစဉ် စတင်မယ်ဆိုတာနဲ့ ဘယ်နိုင်ငံကို အရင်သွားရောက်မယ်ဆိုတာ မသိရှိရသေးကြောင်း။ ဒါပေမဲ့ သူပြည်ပခရီးစဉ် သွားရောက်မယ်ဆိုရင် နော်ဝေးနိုင်ငံကို အရင်ဆုံးသွားဖြစ်မှာပါလို့ ဒေါ်အောင်ဆန်းစုကြည်က အရင်က ပြောကြားဘူးတာ ရှိကြောင်းလည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။
နော်ဝေး နိုင်ငံခြားရေးဝန်ကြီးကို လာမည့်ဇွန်လမှာ ဒေါ်အောင်ဆန်းစုကြည် နော်ဝေးနိုင်ငံ၊ အော်စလိုမြို့ကို သွားရောက်လည်ပတ်မဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး တနင်္ဂနွေနေ့က ဆွေးနွေးခဲ့ကြောင်း နော်ဝေးနိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါတယ်။ (RFA-Burmese)
ဒေါ်အောင်ဆန်းစုကြည် ဘယ်နေ့ဘယ်ရက် ခရီးစဉ် စတင်မယ်ဆိုတာနဲ့ ဘယ်နိုင်ငံကို အရင်သွားရောက်မယ်ဆိုတာ မသိရှိရသေးကြောင်း။ ဒါပေမဲ့ သူပြည်ပခရီးစဉ် သွားရောက်မယ်ဆိုရင် နော်ဝေးနိုင်ငံကို အရင်ဆုံးသွားဖြစ်မှာပါလို့ ဒေါ်အောင်ဆန်းစုကြည်က အရင်က ပြောကြားဘူးတာ ရှိကြောင်းလည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။
နော်ဝေး နိုင်ငံခြားရေးဝန်ကြီးကို လာမည့်ဇွန်လမှာ ဒေါ်အောင်ဆန်းစုကြည် နော်ဝေးနိုင်ငံ၊ အော်စလိုမြို့ကို သွားရောက်လည်ပတ်မဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး တနင်္ဂနွေနေ့က ဆွေးနွေးခဲ့ကြောင်း နော်ဝေးနိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါတယ်။ (RFA-Burmese)
Tuesday, April 17, 2012
နယူးဇီလန်နိုင်ငံ ၊ အော်ကလန်မြို့တော်ဝန်မှ မြန်မာ့နှစ်သစ်ကူးသင်္ကြန်သို့  သ၀ဏ်လွှာပို့ 
![]() |
| အော်ကလန်မြို့တော်ဝန်လင်ဘရောင်း (Len Brown)မှပေးပို့ သော သ၀ဏ်လွှာကို ဖတ်ကြားနေစဉ် (ဓါတ်ပုံ - ရာဇ၀င်) |
နယူးဇီလန်နိုင်ငံ ၊ အော်ကလန်မြို့ ရောက် မြန်မာမိသားစုများရဲ
့ ၂၀၁၂ ခုနှစ် မြန်မာ့ရိုးရာနှစ်သူးအတာသင်္ကြန်ပွဲတော်ကို ဧပြီလ (၁၃)ရက်နေ့ ညနေက အော်ကလန်မြို
၊ ဂလင်းအင်နစ်ရပ်ကွက်ရှိ တမာကီ ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ ထိုပွဲတော်သို့  အော်က လန်မြို့တော်ဝန်
လင်ဘရောင်း (Len Brown)မှ သ၀ဏ်လွှာပေးပို့ ခဲ့ပါတယ်။
ထို သင်္ကြန်ပွဲတော်မှာ မြန်မာ့ရိုးရာ သင်္ကြန်အကများ၊ ခေတ်ပေါ်အကများ၊
ကာရာအိုကေ သီချင်းများနဲ့  (4 Star Live Band) နှင့်တွဲဖက်၍
တေးသီချင်းများက်ုသီဆိုဖျော်ဖြေခဲ့ပါတယ်။ အော်ကလန်မောင်တို့  အဖွဲ့ မှလည်း မြန်မာ့ရိုးရာ
သံကြပ်ဖြင့် တင်ဆက်ခဲ့ပြီး၊ သင်္ကြန်ပွဲတော်သို့  လာရောက်ကြသော ပရီတ်သတ်အပေါင်းကို မြန်မာ့ရိုးရာ
မုန့် ဟင်းခါးဖြင့် တည်ခင်းခဲ့ကြောင်း သိရပါတယ်။ (ရာဇ၀င်)
ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ကျေးရွာ ဖွံ့ ဖြိုးရေးလုပ်ငန်းအတွက် လှူဒါန်းမည်
![]() |
| အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်မိသားစု |
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မိခင်ကြီး
ဒေါ်ခင်ကြည်ရဲ့ ဒီကနေ့ကျရောက်တဲ့ နှစ် ၁၀၀ ပြည့်မွေးနေ့ အထိမ်းအမှတ်အနေနဲ့
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရန်ပုံငွေတရပ် စတင်ထူထောင်လိုက်ပြီး၊
ဒီရန်ပုံငွေထဲက
ကျပ် သိန်း ၃၀၀ ကို ကော့မှူးမြို့နယ်က ကျေးရွာတွေရဲ့ ဖွံ
့ဖြိုးရေးလုပ်ငန်းတွေအတွက် မနက်ဖြန် သွားရောက်လှူဒါန်းမယ်လို့ သိရပါတယ်။
ကော့မှူးမြို့နယ်တွင်း ကျေးရွာအုပ်စုတွေထဲက ရွာ ၃ ရွာကို
ကံစမ်းမဲဖောက်ပြီး ဒေါ်အောင်ဆန်းစုကြည်က လှူဒါန်းမှာဖြစ်ကြောင်း
လုံခြုံရေးတာဝန်ခံ ဦးခွန်သာမြင့်က ပြောကြားပါတယ်။
Monday, April 16, 2012
ပိတ်ဆို့မှု ရုပ်သိမ်းဖို့ထက် ဆိုင်းငံ့သင့်ဟု ဗြိတိန်ဝန်ကြီးချုပ်ပြော
မြန်မာနိုင်ငံပေါ် ချမှတ်ဆက်ခံထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို
ရုပ်သိမ်းတာထက် ဆိုင်းငံ့ထားသင့်တယ်လို့ ဗြိတိန် ၀န်ကြီးချုပ်
ဒေးဗစ်ကင်မရွန်းက ပြောပါတယ်။ ဒီလိုဆိုင်းငံ့လုပ်ထားခြင်းဟာလည်း
မြန်မာနိုင်ငံဒီမိုကရေစီရေးနဲ့ ပြုပြင်ပြောင်းလဲမှု လုပ်နေသူတွေကို
အသိအမှတ်ပြုရာ ရောက်တယ်လို့လည်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ ဒီကနေ့ ရန်ကုန်မှာ ဗြိတိန်ဝန်ကြီးချုပ်
ကင်မရွန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံအပြီး အခုလို
သူတို့ရဲ့သဘောထားတွေကို ပြောလိုက်တာလည်း ဖြစ်ပါတယ်။
ဒီသတင်းအပြည့်အစုံကိုတော့ မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံကိုရောက်နေတဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းဟာ
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဧပြီလ ၁၃ ရက်၊
သောကြာနေ့ညနေက ရန်ကုန်မှာ ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ
တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးကြပါတယ်။ ဒီတွေ့ဆုံမှုအပြီး နေအိမ်ရှေ့မှာ
သတင်းထောက်တွေကို တွေ့ဆုံစဉ်အတွင်း မစ္စတာကင်မရွန်းက မြန်မာနိုင်ငံအပေါ်
အရေးယူချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းတာထက် ဆိုင်းငံ့လုပ်ထားသင့်
တယ်ဆိုတဲ့ သူ့အမြင်ကို အခုလို ပြောခဲ့ပါတယ်။
Subscribe to:
Posts (Atom)










