Wednesday, July 4, 2012

ဟောင်ကောင်မင်းသား Jackie Chan မြန်မာနိုင်ငံကို ရောက်ပြီ

ဒီကနေ့ မြန်မာနိုင်ငံကို ရောက်လာတဲ့ ကမ္ဘာကျော်ရုပ်ရှင်မင်းသား Jakie Chan ဟာ မန္တလေးမြို့က မိဘမဲ့ ကလေးတွေကို စောင့်ရှောက်ထားတဲ့ ၅ စုတိုက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို သွားခဲ့ပါတယ်။ သူ့ကို ဧည့်ခံကြိုဆိုဖို့ ၅ စုတိုက်ကျောင်းမှာ အစီအစဉ်လုပ်ထားခဲ့ပေမဲ့ ခဏလေးပဲလာသွားခဲ့တာမို့ သူ့ကို တွေ့ဖို့ နာရီနဲ့ချီစောင့်ခဲ့ကြသူတွေက အားမရဘူးလို့ ပြောကြပါတယ်။ 

ကလေးငယ်တွေကို ရောင်း ချမှုတိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံမှာ ရောက်နေတဲ့ Jakie Chan ရဲ့ ခရီးစဉ်အကြောင်း စုံစမ်းထားတဲ့ မစုမြတ်မွန်က တင်ပြပေးထားပါတယ်။
ကုလကမဂ္ဂရဲ့ ကလေးများအရေးပေါ်ရန်ပုံငွေအဖွဲ့ UNICEF ရဲ့ အစီအစဉ်နဲ့ ၃ ရက်ခရီးနဲ့ ဒီကနေ့ ညနေ ပိုင်းမှာ မန္တလေးကို Jakie Chan ရောက်လာခဲ့တာဖြစ်ပါတယ်။ UNICEF အကျိုးဆောင် သံအမတ်ကြီး အဖြစ် Jakie Chan မန္တလေးမြို့ကို ရောက်ရောက်ချင်းမှာပဲ ချမ်းအေး သာဇံမြို့နယ်မှာရှိတဲ့ ၅ စုတိုက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို အရင်ဆုံးသွားခဲ့ပါတယ်။ အဲဒီမှာ သူ့ကို တွေ့ဆုံ နှုတ်ဆက်နိုင်ဖို့ ပရိတ်သတ်တွေ နာရီနဲ့ချီအောင် ဘုန်ကြီးကျောင်းရှေ့မှာ စောင့်နေခဲ့ကြပေမဲ့ ခဏလေးပဲတွေ့လိုက်ကြ ရတယ်လို့ မန္တလေးမြို့ခံ ကို ငြိမ်းချမ်းက ပြောပြပါတယ်။

Tuesday, July 3, 2012

ယနေ့လွှတ်ပေးမည့် အကျဉ်းသားများအနက် နိုင်/ကျဉ်းထဲမှ ကိုပြည့်ဖြိုးအောင်နှင့် ကိုသန်းဇော်တို့ပါဝင်ကြောင်း အတည်ပြု...

နံနက် ၉နာရီ၊ ဇူလိုင် ၃၊ ၂၀၁၂၊ YPI

နိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့် ယနေ့လွှတ်ပေးမည့် မြန်မာနိုင်ငံသား အကျဉ်းသား ၄၆ ဦးအနက် နိုင်ငံရေး ပြစ်မှုဖြင့် ကျခံနေရသူများအနက်မှ ကိုသန်းဇော် နှင့် ကိုပြည့်ဖြိုးအောင်တို့ ပါဝင်ကြောင်း နိုင်/ကျဉ်း ဟောင်းများ အဖွဲ့မှ ကိုသက်ဦးက YPI အတည်ပြုပြောကြားသည်။

ကိုသန်းဇော်မှာ ၁၉၈၈ အရေးအခင်းပြီးနောက် ၁၉၈၉ ခုနှစ်တွင် သန်လျင်ဗုံးဖေါက်ခွဲမှုဖြင့် ဖမ်းဆီးသေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်ထဲတွင် ၂၃ နှစ်တာကျခံနေရပြီး ယခုအခါ သရက်အကျဉ်းထောင်မှ လွှတ်မြောက်လာမည် ဖြစ်၍ ကိုပြည့်ဖြိုးအောင်မှာ Generation Wave နှင့် ပတ်သက်၍ ဖမ်းဆီးခံထားရကာ ယခုလက်ရှိ ပြည်အကျဉ်းထောင်တွင် ကျခံနေရသူဖြစ်သည်။

လွတ်မြောက်သည့် အထဲတွင် အခြားမည်သည့် နိုင်ငံရေး အကျဉ်းသားပါဝင်ခြင်း ရှိမရှိကို စုံစမ်းမေးမြန်း နေဆဲဖြစ်သည်။ ။
(Yangon Press International)

ဘယ်သူတွေလွတ်မှန်းမသိ


အကျဉ်းထောင် အသီးသီးမှ နိုင်ငံသားနှင့် နိုင်ငံခြားသား အကျဉ်းသား စုစုပေါင်း (၈ဝ) ဦးတို့ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်နှင့် ပြည်နှင်ဒဏ်ပေး
Tuesday, 03 July 2012 07:08 administrator
E-mail Print PDF
နေပြည်တော် ဇူလိုင် ၃
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် လည်းကောင်း၊ အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေးအတွက် လည်းကောင်း၊ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံးပါဝင် နိုင်ခွင့်ရှိစေ ရေးအတွက်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေး ပေးသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေသည့် နိုင်ငံသားများ အဖြစ်သို့ ပြုပြင်ပြောင်းလဲ စေရန်အတွက် လည်းကောင်း ရည်ရွယ်၍ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၀၄ (က) နှင့်အညီ အကျဉ်းထောင် အသီးသီးမှ နိုင်ငံသား အကျဉ်းသား ၃၇ ဦး၊ နိုင်ငံသား အကျဉ်းသူ ကိုးဦး စုစုပေါင်း ၄၆ ဦး နှင့် နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နိုင်ငံအခြင်းခြင်း မိတ်ဝတ်မပျက် ဆက်ဆံရေး တို့ကို ရှေ့ရှုသောအားဖြင့် လည်းကောင်း၊ လူမှုရေးအရ ငဲ့ညှာသောအားဖြင့် လည်းကောင်း နိုင်ငံခြားသား အကျဉ်းသား ၃၄ ဦး စုစုပေါင်း ၈၀ ဦးတို့အား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁(၁) အရ မြန်မာ သက်ကရာဇ် ၁၃၇၄ ခုနှစ်၊ ပထမဝါဆို လပြည့်နေ့(ခရစ်နှစ် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့) မှစ၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုခဲ့ကြောင်းနှင့် နိုင်ငံခြားသားများအား ပြည်နှင်ဒဏ် ပေးခဲ့ကြောင်း သိရှိရသည်။
(သတင်းစဉ်)

Sunday, July 1, 2012

ဒေါ်အောင်ဆန်းစုကြည်ကို လူထု သောင်းသောင်းဖြဖြ ကြိုဆို

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပအပြန် ခရီးကို ကြိုဆိုခဲ့ကြတဲ့ ရန်ကုန်မြို့က ပြည်သူတချို့။ (ဇွန်လ ၃၀၊ ၂၀၁၂)
ဥရောပ ၅ နိုင်ငံခရီးကနေ ဒီကနေ့ ဇွန်လ ၃၀ ရက် စနေ့ မနက်က ရန်ကုန်မြို့ကို ပြန်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို NLD ပါတီ အဖွဲ့ဝင်တွေအပြင် လူထုက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အခု ရန်ကုန်က နေအိမ်မှာ ခဏနားနေပြီး ဇူလှိုင်လ ၄ ရက်နေ့ကျရင် နေပြည်တော်မှာ ကျင်းပမယ့် လွှတ်တော် အစည်းအဝေးကို သွားတက်မှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်အပြန်ခရီးကို လူထုက ဘယ်လိုကြိုဆိုခဲ့ကြသလဲ ဆိုကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။

Saturday, June 30, 2012

ဓာတ်ပုံ- ဥက္ကာကိုကို

ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့တွင် စောင့်ဆိုင်း နေကြသော အန်အယ်လ်ဒီပါတီဝင် များနှင့် ပြည်ါလာသူများကို ယနေ့နံနက်တွင် တွေ့ရစဉ်။ ဒေါ်အောင်ဆန်း စုကြည်လိုက်ပါလာသည့် TG 303 လေယာဉ်သည် ၉ နာရီ ၅၀ တွင်ဆိုက်ရောက်မည်ဟု သိရသည်။

Thursday, June 28, 2012

ဒေါ်အောင်ဆန်းစုကြည် ပါရီမြို့ ဂုဏ်ထူးဆောင် မြို့သားဘွဲ့လက်ခံရယူ

AFP
၂ ခုနှစ် ဇွန်လ ၂၇ ရက်က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က
 ပါရီမြို့ ဂုဏ်ထူးဆောင် မြို့သားဘွဲ့ကို လက်ခံရယူနေစဉ်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၄ ခုနှစ်မှာ သူ့ကို ချီးမြှင့်ထားတဲ့ ပါရီမြို့ ဂုဏ်ထူးဆောင် မြို့သားဘွဲ့ကို ဒီကနေ့မှာပဲ လက်ခံရယူ လိုက်ပါတယ်။

ဒီမတိုင်ခင်မှာတော့  ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်ရောက် မြန်မာ တိုင်းရင်းသား အယောက် ၁၅၀ နဲ့ ပဲရစ်မြို့တော်ခန်းမမှာ တွေ့ဆုံခဲ့ ပါတယ်။

ညနေပိုင်းမှာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Laurent Fabius အပါအ၀င် အစိုးရ ထိပ်တန်းအရာရှိတွေနဲ့ ညစာစားပွဲမှာ တွေ့ဆုံဖို့ရှိတယ် လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ခရီးစဉ်မှာ လိုက်ပါ သွားတဲ့ ဦးခွန်သာမြင့်က ပြောပါတယ်။
မနေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ပြင်သစ် သမ္မတ Francois Hollande က Elysee နန်းတော်မှာ ပူးတွဲသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး၊ ပြင်သစ်နိုင်ငံ အနေနဲ့ မြန်မာ့ ဒီမိုကရေစီရေး  ပြောင်းလဲမှုတွေကို အားပေးထောက်ခံသွားမယ်လို့ သမ္မတ Francois Hollande က ပြောကြားခဲ့ပါတယ်။

Tuesday, June 26, 2012

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အမွေမှု အယူခံဝင်မည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေထိုင်နေတဲ့ ရန်ကုန်မြို့ နေအိမ်ကို ပိုင်ဆိုင်ခွင့် အတွက် လျှောက်ထားခဲ့တဲ့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးကို မကြာသေးခင်ကပဲ အနိုင်ပေးခဲ့တဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြီး အယူခံဝင်ဖို့ ပြင်ဆင်နေပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိတည်ဆဲဥပဒေမှာ နိုင်ငံခြား သားတဦးအနေနဲ့ ရွှေ့ပြောင်းလို့ မရတဲ့ အရာတွေကို ပိုင်ဆိုင်ခွင့် မရှိကြောင်း ပြဋ္ဌာန်းချက်အပေါ် အခြေခံ ပြီးတော့ လျှောက်လဲမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေ အကျိုးဆောင် ရှေ့နေတွေက ပြောပါတယ်။ အသေးစိတ်ကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

Monday, May 21, 2012

မန္တလေးမြို့က လျှပ်စစ်မီးရရှိရေး ဆန္ဒပြပွဲ

၂၀၁၂ ခုနှစ် မေလ ၂၀ ရက်က မန္တလေးမြို့တွင် 
လျှပ်စစ်မီး ရရှိရေးအတွက် ပြည်သူရာပေါင်းများစွာ 
ဖယောင်းတိုင် ထွန်းညှိပြီး လမ်းလျှောက်လှည့်လည် 
ဆန္ဒပြနေစဉ်။ courtesy of Kyaw Moe Win
တနင်္ဂနွေနေ့ ည ၇ နာရီလောက်က မန္တလေးမြို့မှာ လျှပ်စစ်မီး ရရှိရေးအတွက် ပြည်သူရာပေါင်းများစွာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ ဖယောင်းတိုင်တွေ ထွန်းညှိပြီး လမ်းလျှောက် လှည့်လည်ခဲ့သလို၊ လျှပ်စစ်မီးရရှိရေး တောင်းဆိုချက် ဆိုင်းဘုတ်တွေကိုလည်း ကိုင်ဆောင်ခဲ့ကြပါတယ်။

ဆန္ဒပြသူအဖွဲ့ ၂ ဖွဲ့ရှိပြီး တစ်ဖွဲ့က မန္တလေးတိုင်း လျှပ်စစ်ရုံးအနီးနဲ့ နောက်တစ်ဖွဲ့က ဆီဒိုးနားဟိုတယ် အနီးမှာ ဆန္ဒပြကြပြီး၊ အဲဒီနှစ်ဖွဲ့ နောက်ဆုံး ပေါင်းဆုံခဲ့ကြတယ်လို့ မျက်မြင်သက်သေ မန္တလေးသားတစ်ဦးက ပြောပြပါတယ်။

ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲပြီး နောက်ပိုင်းလောက်ကစပြီး မီးအတော်ကလေး မှန်ခဲ့ပေမယ့် ဒီနှစ်ဆန်းပိုင်းကစပြီး အတော်ဆိုးဆိုးရွားရွား ပြန်ပျက်ခဲ့တယ်လို့ မန္တလေး ဒေသခံတွေက ပြောပါတယ်။

Sunday, May 20, 2012

ရန်ကုန်တက္ကသိုလ် ဂုဏ်သိက္ခာ ပြန်လည်တည်ဆောက်ရေး သမ္မတ အကြံပေးရဲ့ အိတ်ဖွင့်ပေးစာ

စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်။
ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး အတွက် Myanmar Development Resource Institute- MDRI မြန်မာ့ဖွံ့ဖြိုး တိုးတက်ရေး အရင်းအမြစ် အဖွဲ့အစည်း ခေါင်းဆောင်လည်းဖြစ် နိုင်ငံတော် သမ္မတရဲ့စီးပွားရေး အကြံပေးလည်း ဖြစ်တဲ့ ဦးမြင့်က ပြည်သူသို့ အိတ်ဖွင့်ပေးစာ တစ်စောင် ဒီနေ့ ဖြန့်ချိလိုက်ပါတယ်။

ပညာရေးကဏ္ဍ လိုအပ်ချက် အတွက် ရန်ကုန် တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး အတွက် စဉ်းစားကြဖို့ စာမှာ အဆိုပြုထားတာပါ။

Wednesday, May 16, 2012

တောင်ကိုရီးယား သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်တို့ 
၂၀၁၂ ခုနှစ် မေလ ၁၅ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် တွေ့ဆုံဆွေးနွေးနေစဉ်။ (Photo courtesy of NLD)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်နဲ့ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အဲဒီနောက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က တောင်ကိုရီးယား အစိုးရအနေနဲ့ ပြည်သူတွေရဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုတွေအတွက် ဆောင်ရွက်ချက်တွေကို ချီးကျူးပြောကြားခဲ့သလို မြန်မာနိုင်ငံအနေနဲ့လည်း ဖွံ့ဖြိုးတိုးတက်မှုတွေကို လိုချင်သလို ငြိမ်းချမ်းမှု၊ လွတ်လပ်မှုနဲ့ တရားမျှတမှုတို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူတွေရဲ့ လုပ်ပိုင်ခွင့်ရရှိမှုဟာ စစ်မှန်တဲ့ဒီမိုကရေစီအတွက် အရေးကြီးကြောင်း၊ ပြည်သူတွေအနေနဲ့လည်း မိမိတို့ အနာဂတ်ဟာ မိမိတို့ရဲ့ လက်ထဲမှာသာ ရှိတယ်ဆိုတာကို နားလည်ဖို့ အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

Wednesday, May 2, 2012

NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ပြည်သူ့ လွှတ်တော်တွင် ကတိသစ္စာပြု

ဓါတ်ပုံ - The Express Time
NLD မှ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၄)ဦး ကတိသစ္စာပြုခဲ့ကြသည်။
     
NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည် ကတိသစ္စာပြုလွှာပါစာသားများနှင့် ပတ်သတ်ပြီး လွှတ်တော်တွင် ကျမ်းကျိမ်ရန် အခက်အခဲရှိခဲ့သော်လည်း တိုင်းပြည်အကျိုးကိုရှေ့ရှု၍ ပြည်သူ့ သဘောထားကို ဖြည့်ဆည်းပေးသောအားဖြင့်ပထမအကြိမ်ပြည်သူ့ လွှတ်တော် တတိယပုံမှန်အစည်းအဝေး၏နောက်ဆုံးနေ့တွင် ပြည်သူ့လွှတ်တော်သို့ တက်ရောက်ပြီး ကတိသစ္စာပြုခဲ့ခြင်းဖြစ်သည်။
NLD မှ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာ(၃၇)နေရာ ရရှိခဲ့ပြီး ဦးဇေယျာသော်၊ ဦးနေဖြိုးသိန်းနှင့် ဒေါ်စန္ဒာမင်းတို့ မှာ နိုင်ငံခြားသို့ ခရီးလွန်နေသဖြင့် ကတိသစ္စာပြုရာတွင် တက်ရောက်နိုင်ခြင်းမရှိပါ။ (ရာဇ၀င်)

Monday, April 30, 2012

ဘန်ကောက်မြို့လယ် ဘီဘီစီ ရုံးရှေ့တွင် မြန်မာနိုင်ငံသား ၅၀၀ နီးပါးခန့် ဆန္ဒပြ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ဘီဘီစီ ရုံးရှေ့တွင် မြန်မာနိုင်ငံသား ၅၀၀ နီးပါးခန့်က ဧပြီလ ၂၉ ရက် တနင်္ဂနွေနေ့က သွားရောက် ဆန္ဒပြခဲ့ကြသည်။

  

ဆန္ဒပြရသည့် အကြောင်းအရင်းမှာ ရခိုင်ပြည်နယ် မြေပုံနေရာတွင် ရခိုင်လူမျိုးများ၏ ဓါတ်ပုံကို မဖေါ်ပြဘဲ ဘင်္ဂလာဒေခ်ျ့မှ အခြေချ ၀င်ရောက်နေထိုင်သူ ဘင်္ဂလီများ ဓါတ်ပုံကို ရိုဟင်ဂျာ အမည်ဖြင့် ဖေါ်ပြခဲ့၍ ဖြစ်ကြောင်း ဦးဆောင်သူ တစ်ဦးဖြစ်သူ ကိုအန်းမောင်က ပြောသည်။

" ဆန္ဒပြရတဲ့ အဓိကအကြောင်းရင်းက ဘီဘီစီ အာရှ ပစိဖိတ်ဌာနက အကြီးတန်း သတင်းထောက် အန်နာဂျုံး Anna Jone ကနေ မြန်မာနိုင်ငံက ရခိုင်ပြည်နယ် မြေပုံမှာ ဘင်္ဂလား ဒေ့ခ်ျဘက်က မတရား ခိုးပြီး ၀င်လာကြတဲ့ ဘင်္ဂလီ လူမျိုး တွေရဲ့ပုံကို ရိုဟင်ဂျာ အမည်နဲ့ ဖေါ်ပြခဲ့တယ်။ ဒါကို မကျေနပ်တဲ့ အတွက် နိုင်ငံ အသီးသီးမှာ ဘီဘီစီက အန်နာဂျုံးကို မြန်မာပြည်သူတွေကို ၀န်ချ တောင်းပန်ရမယ်ဆိုပြီး ဆန္ဒပြ တောင်းဆိုကြတယ်။ ဒါပေမဲ့ အန်နာဂျုံး အနေနဲ့ မြန်မာပြည်သူကို အခုအချိန်ထိ ၀န်ချတောင်းပန်မှု မရှိသေးသလို ဘီဘီစီကလည်း တရားဝင် ဖြေရှင်းချက် မထုတ်ပြန်ပေးသေးဘူး။ အဲဒါကြောင့် သူမအနေနဲ့ မြန်မာပြည်သူတွေကို ၀န်ချ တောင်းပန်ဖို့နဲ့ ဘီဘီစီက တရားဝင် ဖြေရှင်း ပေးဖို့ ခုလို တောင်းဆို ဆန္ဒပြရတာဖြစ်ပါတယ်" ဟုပြော သည်။