Monday, July 23, 2012

မုံရွာမြို့ အ.ထ.က (၂) ကျောင်းဆောင်ပြိုကျ




၂၃၊ ၇၊ ၂၀၁၂ တနင်္လာနေ့ နေ့လည် ၂ နာရီခွဲ ခန့်တွင် မုံရွာမြို့၊ ဒေါနခြံရပ်၊ အမှတ် ( ၂ ) အခြေခံပညာအထက်တန်းကျောင်း၊ န၀မတန်းကျောင်းဆောင်( Corridor ) လူသွားစင်္ကြန် ပြိုကျမှုဖြစ်ပွားခဲ့သည်၊ ကျောင်းသူ၊ ကျောင်းသား အယောက် ( ၃၀ ) ခန့်၊ ဒဏ်ရာ ရရှိသည် ဟု သတင်းရရှိပါသည်။
(ကျော်စွာဝင်းသန့်)

နေဘုန်းလန်ရဲ့ "ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော်"


"ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော်" ... လို့အမည်ပေးထားတဲ့ ကျနော့်ရဲ့ ပထမဆုံး ဝတ္ထုတိုစုစာအုပ်လေး ... သြဂုတ်လဆန်းပိုင်းမှာထွက်နိုင်ဖို့ စီစဉ်နေပါတယ် ...။ စာအုပ်မိတ်ဆက်ပွဲကို နီးမှ ထပ်မံဖိတ်ကြားပါမယ်။"လို့  ဆိုပါတယ်။ (ဖေ့စ်ဘုတ်ခ်မှ)

ဒေါ်အောင်ဆန်းစုကြည်အတ္ထုပတိ မှတ်တမ်းရုပ်ရှင်

ဓာတ်ပုံ - မင်းထင်ကိုကိုကြီး
ဒေါ်အောင်ဆန်းစုကြည်အတ္ထုပတိကို မှတ်တမ်းရုပ်ရှင်(Documentary ) အဖြစ် ဒါရိုက်တာမင်းထင်ကိုကိုကြီးက ဇူလိုင်လ ၂၁ရက် နံနက် ၁၀နာရီက ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်း၊ခြံနံပတ် ၅၄ တွင် စတင်ရိုက်ကူးခဲ့သည်။ ဒေါ်အောင် ဆန်းစုကြည်၏ ကလေးဘ၀မှ လက်ရှိအချိန်အထိ အဖြစ်အပျက်၊အကြောင်းအရာများကို အင်တာဗျူး ပြုလုပ်ခဲ့ရာတစ်နာရီကြာမြင့်ခဲ့ပြီး ရိုက်ကွင်းတွင် ဖြေကြားပေးနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ (သတင်း - 7Day News Journal)

ကိုမြအေး၏ မိုးကောင်းကင်၌တိမ်တိုက်များလုံးချင်းဝတ္တု ထုတ်ခွင့်ရပြီ

(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး၏ မိုးကောင်းကင်၌တိမ်တိုက်များလုံးချင်းဝတ္တု ထုတ်ခွင့်ရပြီဖြစ်ကြောင်း ကိုမြအေး ၏ ဖေ့စ်ဘုတ်ခ် တွင် မျက်နှာဖုံးပုံနှင့်အတူ "ကျွန်တော် မြအေး၏ မိုးကောင်းကင်၌တိမ်တိုက်များလုံးချင်းဝတ္တုအား စာပေစိစစ်ရေးမှ ခွင့်ပြုချက်ရပြီးဖြစ်ေ သာကြောင့် သြဂုတ်လအတွင်းတွင် ထွက်ရှိမည်ဖြစ်ပါကြောင်း။" ရေးသားချက်ကို တွေ့ရပါသည်။

ABSDF ၏ဥက္ကဌဟောင်း(၂ ) ဦး ပြည်တော်ဝင်ခွင့်ကျပြီဟု သတင်းများထွက်ပေါ်

၁၉၈၈ခုနှစ်အရေးတော်ပုံအပြီးထိုင်းမြန်မာနယ်စပ်တွင်ဖွဲ့စည်းခဲ့သော ကျောင်းသားများဒီမိုကရက်တစ်တပ် ဦး(ABSDF)၏ ပထမဆုံးဥက္ကဌဟောင်းရဲဘော်ထွန်းအောင်ကျော်နှင့် ဒုတိယမြောက် ဥက္ကဌဟောင်း ရဲဘော် မိုးသီးဇွန်တို့အားသမ္မတအမိန့်ဖြင့် ပြည်တော်ဝင်ခွင့်ပြုလိုက်ကြောင်းသတင်းများထွက်ပေါ်နေသည်။ အမေရိကန်ပြည်ထောင်စုတွင်အခြေချနေထိုင်နေသော ဥက္ကဌဟောင်း၂ဦးအပါအဝင် စုစုပေါင်း ၅ဦးအား သမ္မတဦးသိန်းစိန်အမိန့်ဖြင်ပြည်တော်ဝင်ခွင့်ပြုလိုက်ကြောင်း ယနေ့မနက် အင်တာနက်တွင်ပြောဆိုနေကြ သည်

Sunday, July 22, 2012

ကလေးအလုပ်သမားတွေ မန္တလေးမှ ဆန္ဒပြ


ဒီကနေ့ (ဇူလိုင် ၂၂) မနက် ၇း၃၀ ကစပြီး မန္တလေးစက်မှုဇုံက Ve Ve အချိုရည် စက်ရုံမှာ ထုံးစံအတိုင်း လစာကိစ္စနဲ့ ဆန္ဒပြနေကြပါတယ်။ ဒီစက်ရုံမှာ သုံးပုံနှစ်ပုံက ၁၈ နှစ်အောက်ကလေးတွေဖြစ်ပြီး၊ အယောက် ၄၀ ကျော်က ၁၃ နှစ်အောက် အရွယ်တွေဖြစ်တယ်လို့ သိရပါတယ်။
 

သမ္မတဦးသိန်းစိန် စီးပွားရေးရာကိစ္စများ ဆွေးနွေးရန် ထိုင်းနိုင်ငံသို့ ရောက်ရှိ

ဘန်ကောက်၊ ဇူလိုင် - ၂၂
Bangkok Post/The Nation

မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ နိုင်ငံတော်အလည်အပတ်ခရီး ရောက်ရှိလာပြီး ၄င်း၏ခရီးစဉ်အတွင်း နှစ်နိုင်ငံကြား စီးပွားရေးရာကိစ္စများကို အဓိကထား ဆွေးနွေးဖွယ်ရှိသည်။

ထိုင်းနိုင်ငံ ခရီးစဉ်အား နှစ်ကြိမ်တိုင်တိုင် ရွှေ့ဆိုင်းခဲ့ပြီးနောက် သမ္မတ ဦးသိန်းစိန်သည် ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိခဲ့ပြီး၊ မြန်မာသမ္မတကို ထိုင်းက ကော်ဇောနီခင်း ကြိုဆိုခဲ့သည်။ ဦးသိန်းစိန်သည် ဇူလိုင်လ ၂၂ရက်နေ့တွင် လမ်ချာဆန်း ရေနက်ဆိပ်ကမ်းသို့ သွားရောက်မည်ဖြစ်ပြီး နောက်တစ်နေ့(ဇူလိုင် ၂၃)တွင် ထိုင်းဝန်ကြီးချုပ် ယင်လပ်ခ်ရှင်နာဝပ်နှင့် တွေ့ဆုံပြီး ယင်းတွေ့ဆုံပွဲအပြီးတွင် ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်မည်ဖြစ်သည်။

ကိုမင်းကိုနိုင်၏ပထမဆုံးလုံးချင်းဝတ္ထု နောက်ကြည့်မှန်စာအုပ်မိတ်ဆက်


ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကိုမျိုးအောင်နိုင်၊ မနီလာသိန်း၊ မမီးမီး၊ ကိုရဲလင်းတို့ ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် ယနေ့ ၂၁.၇.၂၀၁၂ (စနေနေ့) နံနက် ၁၁း၀၀ နာရီတွင် ရန်ကုန်မြို့မှ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့သို့ ထွက်ခွာလာခဲ့ပါသည်။ ညနေ ၃း၃၀ တွင် မြောင်းမြသို့ ရောက်ရှိခဲ့ပြီး ညနေ ၅း၃၀ တွင် မြောင်းမြမြို့၊ (၄) ရပ်ကွက်၊ ဦးဘချိုလမ်း၊ အမှတ် (၂၈၄) Victory Store ၌ ကိုမင်းကိုနိုင်၏ပထမဆုံးလုံးချင်းဝတ္ထုဖြစ်သော
နောက်ကြည့်မှန်စာအုပ်မိတ်ဆက်အဖြစ် ပရိတ်သတ်များအား အမှတ်တရ လက်မှတ်ရေးထိုး ရောင်းချမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ (Kyaw Swar Myint facebook မှ )

Friday, July 20, 2012

အာဇာနည်ကြီးများကို ဦးညွတ် အလေး ပြု ပါသည်

ယနေ့ အာဇာနည်နေ့ အခမ်းအနားသို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ.. တက်ရောက် လွမ်းသူပန်းခွေချ ခဲ့ပါတယ်..


လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုအပ်ပါသည်။။

Sunday, July 15, 2012

၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း,,,,


ရဲဘော်တို့........

ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူကြရတော့မယ်။ ယနေ့ အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။

ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော်အသီသီး ဋ္ဌာနအသီးသီးမှာ ရာထူးအလုပ်ဝတ္တရားများရတာနဲ့ တပြိုင်နက် ရဲ ဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ ဒီလို ကိုယ့်တာဝန် ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံ တော်နဲ့ ဗမာ့တပ်မတော်ရဲ့ အမှုကိုထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့်မှာရာ အချက်တွေကို ငါတို့မှာကြားလိုတယ်။

ပထမဆုံး ရဲဘော်တို့ကိုမှာချင်တာက ငါတို့ အခု ဗမာနိုင်ငံဟာ ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံ ဖြစ်တယ်။ ဒို့တပ်မတော်ဟာ တနိုင်ငံလုံးတမျိုးသားလုံးရဲ့ အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို ကာကွယ်ရမယ့် ဗမာ့တပ်မတော် ဟာလည်း ဗမာတနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည်ရမယ်။ 

ဒီတပ်မတော်ဟာ လူတဦးတယောက်အတွက် တည်ထောင်ထားတာမဟုတ်။ တနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ် တယ်။ ဒီတပ်မတော်ဟာ တဖွဲ့တပါတီ လူတစုအတွက် တည်ထောင်ထား တာမဟုတ်။တနိုင်ငံလုံးတမျိုးသားလုံးအတွက် ဖြစ်တယ်။

အစိုးရတပ်မှ ကလေးစစ်သား ၅ ဦး KIA ထိန်းသိမ်းထား

အစိုးရစစ်တပ်မှ ကလေးစစ်သားတဦး (ဓာတ်ပုံ – ဧရာဝတီ)
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် မြန်မာအစိုးရ စစ်တပ်တို့ ၁ နှစ်ကျော်ကြာသည် အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့စဉ် ကလေးစစ်သား ၅ ဦးအပါအဝင် မြန်မာအစိုးရ တပ်သား ၃၄ ဦးကို KIA ဘက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

ဖမ်းဆီးရသည့် မြန်မာ့တပ်သားများနှင့် ကလေးစစ်သားများကို အစိုးရတပ်များဘက်သို့ အေးချမ်းစွာ ပြန်လည်ပို့ဆောင် ချင်ကြောင်း KIA ဒုတိယ စစ်ဦးစီးမှူး ဂွမ်မော်က ဧရာဝတီသို့ ပြောသည်။

“ဒီတပ်သားတွေ အားလုံးကို သူတို့တပ်ရင်း ပြန်ပို့ချင်တယ်။ အေးချမ်းစွာနဲ့ပေါ့။ အဲဒီအထဲမှာ ကလေးစစ်သား တွေလည်းပါ တယ်။ သူတို့ တပ်ကိုပြန်ရောက်အောင်၊ ဘာပြဿနာမှ မဖြစ်အောင်တော့ လုပ်ရမှာပေါ့။ ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့လည်း ဦးအောင်သောင်း တို့ကို စာပို့ထားပါတယ်။ ဒါပေမယ့် ဘာမှ အကြောင်းမပြန် သေးဘူး” ဟု သူက ဆိုသည်။

Wednesday, July 11, 2012


ယနေ့နေပြည်တော်ရှိဟိုတယ်တခုတွင် ဒေါ်အောင်ဆန်းစုကြည်အား UK Trade and Investment ( UKTI )စီပွားရေးသံတမန်အဖွဲ့ဥက္ကဌ Lord Marlandမှ Churchill ဆုကိုပေးအပ်ချီးမြှင့်စဉ်။