Tuesday, December 28, 2010

ကောင်းသော မင်္ဂလာနှစ်သစ် ၂၀၁၁

မြန်မာပြည်တွင်း နဲ့ နိုင်ငံတကာမှာ ရောက်ရှိနေကြတဲ့ မြန်မာပြည်သူပြည်သားများနဲ့ နိုင်ငံတကာမှာ ရှိကြတဲ့ မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် မိမိတို့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ဆောက်ရွက်ပေးနေကြသူအားလုံးကို မင်္ဂလာပါလို့ ရာဇ၀င် ဘလောက် မှ နှုတ်ခွန်းဆက်လိုက်ပါတယ်။

ကုန်လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်ဟာ မြန်မာနိုင်ငံအတွက် အရေးကြီးလှတဲ့ နှစ်တနှစ် ဖြစ်ခဲ့ပါတယ်။ နိုဝင်ဘာလ (၇)ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြန်မာပြည်က ရွေးကောက်ပွဲဟာ စိန်ခေါ်မှုတွေ၊ မျှော်လင့်ချက်တွေ ရှိခဲ့သလို စိတ်ပျက်စရာတွေနဲ့လည်း ကြုံခဲ့ရတာအမှန်ပါ။

Saturday, December 25, 2010

မြန်မာ့ နျူကလီးယား စီမံကိန်းများကို စစ်ဆေးရန် IAEA တောင်းဆို

စစ်အစိုးရ လျှို့ဝှက် တည်ဆောက်နေသော စက်ရုံများအနက်
တခုရှိ စက်ပစ္စည်း ထိန်းချုပ်ခုံရှေ့တွင် တွေ့ရသော
ဗိုလ်မှူး စိုင်းသိန်းဝင်း။ (ဓာတ်ပုံ - AP)
နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA)မှ ထိပ်တန်း နျူကလီယားပညာရှင် ဟောင်းနှစ်ဦးအကြား မြန်မာစစ်အစိုးရရဲ့နျူကလီယား ရည်မှန်းချက်များနဲ့ ပတ်သက်ပြီး အလွန်ရှုပ်ထွေး နက်နဲတဲ့ နည်းပညာပိုင်ဆိုင်ရာ အငြင်းပွားမှုတွေ မကြာသေးခင်က ထွက်ပေါ်လာပြီးနောက်ပိုင်း IAEAဟာ အခုနောက်ဆုံး သံသယ ဖြစ်နေတဲ့ နျူကလီးယား စီမံကိန်းနေရာတွေကို စုံးစမ်းစစ်ဆေးဖို့ နည်းလမ်းရှာဖွေနေ ပါတယ်။

အမေရိကန် အခြေစိုက် The Wall Street Journal သတင်းစာကြီးက IAEA ကို ကိုးကားပြီး “သံသယဖြစ်ဖွယ် နေရာများကို သွားရောက် စစ်ဆေးဖို့ ဘယ်လ်ဂျီယံ နိုင်ငံသား ဟာမန်း နက်ကက်စ် ဦးဆောင်တဲ့ IAEA ရဲ့ အဏုမြူ ကာကွယ်ရေး ဆိုင်ရာဌာနက မြန်မာအစိုးရထံ စာတစောင် ရေးသားပေးပို့ခဲ့ပါတယ်”လို့ ရေးသားခဲ့ပါတယ်။

Friday, December 24, 2010

ပြင်သစ် လူ့အခွင့်အရေးဆုကို မြန်မာ (GHRED) အဖွဲ့ရရှိ

ထိုင်းနိုင်ငံတောင်ပိုင်း မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများ အဓိက လုပ်ဆောင်ပေး နေသော Grassroots Human Rights Education and Development (GHRED) အဖွဲ့ကို ပြင်သစ်နိုင်ငံက လူ့အခွင့်အရေးဆု ယနေ့ ချီးမြှင့်လိုက်ကြောင်း သိရသည်။

“အဖွဲ့ရဲ့ ဆောင်ရွက်ချက် တွေကို ပြင်သစ် အစိုးရက သဘောကျလို့ ဒီဆုကို ပေးတာပါ။ ဒီဆုရတဲ့ အတွက် ကျနော်တို့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို ပိုပြီး ဆောင်ရွက် လာနိုင်ဖို့၊ အသိပညာ ပေးမှုတွေ ပိုလုပ်နိုင်ဖို့ အတွက် တွန်းအား ဖြစ်သွားပါတယ်” ဟု GHRED အဖွဲ့ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။

Tuesday, December 21, 2010

ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးတဲ့ ရုပ်ရှင် ပြီးစီးလု

ဒေါ်အောင်ဆန်းစုကြည်အဖြစ် ၀ုပ်ဆောင်ထားတဲ့ 
ဇာတ်ဝင်ခန်းတခုမှ မင်းသမီး မီရှလ်ယို
ဒီမိုကရေစီလှုပ်ရှားမှုရဲ့ ပြယုဂ်၊ မြန်မာအမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်စုကြည် အကြောင်း ရိုက်ကူးထားတဲ့ (The lady)အမည်ရှိ ရုပ်ရှင်ကားဟာ မကြာမီတွင် ရိုက်ကူး ပြီးစီးတော့မှာဖြစ်ကြောင်း သိရပါတယ်။

ထိုရုပ်ရှင်ကားကို လူဘေဆင် (Lu Besson)က ရိုက်ကူးပြီး၊ ဒေါ်အောင်ဆန်းစုကြည် အဖြစ် မလေးရှားမင်းသမီး မီရှလ်ယို (Michelle Yeoh)က သရုပ်ဆောင်ထားကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်း မိုက်ကယ်လ်အဲရစ်အဖြစ် ဒေးဗစ် သယူးလစ်စ် (David Thewlis) က သရုပ်ဆောင်ထားပါတယ်။ ထို ရုပ်ရှင်ကားဟာ ဗြိတိန်နိုင်ငံ အောက်စ်ဖို့ဒ်က သာမန် အိမ်ထောင်သည်ဘ၀မှ မြန်မာစစ်အာဏာရှင်တွေ ထိပ်လန့်ကြောပ်ရွံ့ရတဲ့ မြန်မာ့နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်စုကြည်ရဲ့ဘ၀ကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။

Monday, December 20, 2010

တိုက်ခိုက်မှု အသစ်တွေကြောင့် မြန်မာဒုက္ခသည်တွေ ထိုင်းဘက် ထွက်ပြေး

ထိုင်း၊ မြန်မာနယ်စပ် ကရင်ပြည်နယ် အတွင်းက ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံမြို့နယ် ရင်ကွဲတောင်၊ မြ၀တီမြို့နယ် ဖလူးကြီး ဖလူးလေး၊ မင်းလက်ပံရွာ၊ ၀ါးလေမြို့နယ် မောခီးတောင် စတဲ့နေရာတွေမှာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်နဲ့ DKBA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ မြန်မာစစ်အစိုးရတပ်တွေ အကြားမှာ စနေနေ့ကစပြီး ပစ်ခတ်မှုတွေ တဖန်ပြန်လည် ဖြစ်ပွားနေတာမှာ နှစ်ဘက်စလုံး ဒဏ်ရာရမှုတွေ၊ သေဆုံးမှုတွေလည်း ရှိနေပါတယ်။ ဖလူးကြီး ဖလူးလေး တိုက်ပွဲတွေမှာတော့ ရွာထဲကိုပါ လက်နက်ကြီးတွေ ကျလာတာကြောင့် ရွာသားတွေ ထိခိုက်မှု ရှိနေတယ်လို့ ထွက်ပြေး လွတ်မြောက်လာတဲ့ ဒုက္ခသည်တွေက ပြောပြပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။
 

Sunday, December 19, 2010

အာဆီယံအဖွဲ့ဝင်အဖြစ် မြန်မာကို လက်မခံသင့်ခဲ့ကြောင်း လီကွမ်ယူ ပြောခဲ့

စင်ကာပူနိုင်ငံ အမေရိကန်သံရုံးက သံတမန်ရေးရာ လျှို့ဝှက်ကြေးနန်းမှာ အရှေ့တောင် အာရှ နိုင်ငံ များအဖွဲ့ အာဆီယံ အနေနဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေကို အဖွဲ့ဝင် တွေအဖြစ် ဝင်ခွင့်မပေးခဲ့သင့်ဘူးလို့ စင်ကာပူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူက ပြောကြားခဲ့ကြောင်း WikiLeaks အင်တာနက်သတင်းက ဒီဇင်ဘာ ၁၅ ရက် ဗုဒ္ဒဟူးနေ့က ဖော်ပြပါတယ်။

၂၀၀၇ ခုနှစ်အတွင်းကျင်းပတဲ့ အစည်းအဝေးတခုမှာ လီကွမ်ယူနဲ့ အမေရိကန်သံအမတ် Ms Patricia Herbold တို့ တွေ့ဆုံစဉ်အတွင်း ပြောဆိုခဲ့ကြတာလို့ ဆိုပါတယ်။

Friday, December 17, 2010

ကိုမင်းကိုနိုင် ကျန်းမာရေး ချို့ယွင်းနေ

ကျိုင်းတုံထောင်တွင် ကိုမင်းကိုနိုင်နှင့် အစ်မဖြစ်သူ
ဒေါ်ကြည်ကြည်ညွန့် ထောင်ဝင်စာတွေ့စဉ်။
ရှမ်းပြည်နယ် ကျိုင်းတုံထောင်၌ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထားရသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်သည် ဆိုးရွားသည့် ရာသီဥတုကြောင့် ခြေလက်များ ကိုက်ခဲသည့် ဒဏ်ကို ပြင်းထန်စွာ ခံစားနေရကြောင်း မိသားစုဝင် တဦးက ပြောသည်။

ကိုမင်းကိုနိုင်၏ အစ်မဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က “သံတိုင်တွေ ကြားက လေက ၀င်တယ်၊ ရာသီဥတုက အရမ်းအေးတော့ ရေခဲ သေတ္တာထဲ ၀င်နေရသလို ဖြစ်တယ်လို့ ပြောတယ်”ဟု ပြောဆိုသည်။ 

Saturday, December 11, 2010

ကိုနိုင်ကိုကိုမှ (AINZ) အဖွဲ့ကြီးက ချီးမြှင့်သော ၂၀၁၀ ခုနှစ် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ကြိုးစားသူ ဂှုဏ်ပြုဆု ရရှိ


Ko Naing Ko Ko (Burma Campaign New Zealand)
ယနေ့  နိုင်ငံတကာလူ့အခွင့်အရေးနေ့(ဒီဇင်ဘာလ ၁၀ ရက်နေ့ ) မှာ Amnesty International (New Zealand)အဖွဲ့ ကြီးကနေ နှစ်ပတ်လည် ဒုတိယအကြိမ်မြောက် ၂၀၁၀ ခုနှစ် လူ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်ကြိုးစားသူ ဂုဏ်ပြုဆု (2nd Annual Human Rights Defender Award) ကို နယူးဇီလန်နိုင်ငံမှာ ရောက်ရှိအခြေစိုက်နေထိုင်နေတဲ့ ကိုနိုင်ကိုကိုအား ဂုဏ်ပြုချီးမြှင့် ပေးအပ်လိုက်ကြောင်း သိရှိရပါတယ်။

Wednesday, December 8, 2010

ကမ္ဘာကျော် မင်းသမီး မီရှဲလ်ယိုး နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

ရန်ကုန်လေဆိပ်၌ NLD အဖွဲ့ဝင်များနှင်အတူ တွေ့ရသည့် မီရှဲလ်ယိုး
(ဓာတ်ပုံ - AP)
ကမ္ဘာကျော် ဟောင်ကောင် ရုပ်ရှင်မင်းသမီး မီရှဲလ်ယိုး ယမန်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “မနက်ကတည်းက ရောက်တာအချိန်အကြာကြီး ဒေါ်စုနဲ့နေတယ်၊ တနေ့လုံးလိုလိုပဲ ညစာစားပြီးမှ ပြန်တယ်”ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံခြားသံတမန်များ ဆက်လက်တွေ့ဆုံ

နိုဝင်ဘာ ၁၆ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(NLD) ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို စာနယ်ဇင်းသမားများ
မေးမြန်းနေပုံ ဖြစ်ပါသည်။ (Photo: AFP)
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင် နိုင်ငံသံအမတ်ကြီး Maria Helen Barber က ဗဟန်းမြို့နယ် ဆရာစံလမ်းမှာ ရှိတဲ့ သူမရဲ့ နေအိမ်မှာ ဒီဇင်ဘာ ၆ ရက် ဒီကနေ့ နေ့လည်စာနဲ့ တည့်ခင်းပြီး မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနဲ့ ဆိုင်တဲ့ကိစ္စတွေ အလေးထား ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီတွေ့ဆုံပွဲမှာ နှစ်ဖက် ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လိုက်ပါ သွားခဲ့တဲ့ ရှေ့နေ ဦးဉာဏ်ဝင်းကို RFA က ဆက်သွယ် မေးမြန်းခဲ့ရာမှာ ခုလို ပြောပြပါတယ်။

ရွေးကောက်ပွဲဝင်ပါတီအချို့နှင့် အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ

အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် ဒုတိယ လက်ထောက်
နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဆက်ဖ် ယွန် ဖြစ်ပါသည်။ (Photo: RFA)
အမေရိကန်အစိုးရ အဆင့်မြင့် အရာရှိတဦး ဖြစ်တဲ့ Joseph Yun ဟာ ဒီဇင်ဘာ ၇ ရက် ဒီကနေ့ ထိုင်းလေကြောင်းနဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး ခရီးစဉ်အတွင်း၊ နေအိမ်အကျယ်ချုပ်က မကြာခင်က လွတ်မြောက်လာတဲ့ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရဝန်ကြီးတဦးနဲ့ ရွေးချယ်ခံ လွှတ်တော်အမတ်သစ်တွေနဲ့ တွေ့ဆုံမယ်လို့ မြန်မာ စစ်အစိုးရအရာရှိတဦးက ဒီဇင်ဘာ ၇ ရက် ဒီကနေ့ အတည်ပြုပြောပါတယ်။

မစ္စတာ ယွန်ဟာ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ ဦးခင်မောင်ဆွေ ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အင်အား စုပါတီ (NDF)၊ ဦးသုဝေ ဦးဆောင်တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) စတဲ့ နိုင်ငံရေးပါတီတချို့နဲ့ ဒီကနေ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
 

Tuesday, December 7, 2010

အမေရိကန်နိုင်င့ခြားရေး အဆင့်မြင့်အရာရှိကြီးဧ။် မြန်မာနိုင်ငံခရီးစဉ်


ဂျနီဖာ ပတ်ခ် စတော့-Deputy Assistant Secretary for
East Asian and Pacific Affairs: Jennifer Park Stout

မစ္စတာဂျိုးဇတ်ယန်း-Deputy Assistant Secretary for
East Asian and Pacific Affairs: Joseph Y. Yun

အမေရိကန် အစိုးရ နိုင်ငံခြားရေး ဌာန အရှေ့တောင်အာရှရေးရာ နှင့် ပိစ္စိဖိတ်ဆိုင်ရာ ဒုတိယ ၀န်ကြီးရဲ့ လက်ထောက် အရာရှိကြီး မစ္စတာဂျိုးဇတ်ယန်း ဟာ မြန်မာနိုင်ငံ သို့ လေးရက်ကြာ သွားရောက်လည်ပတ်ပြီး နအဖ စစ်အစိုးရ ခေါင်းဆောင်များအပါအ၀င်၊ အတိုက်အခံ ပါတီခေါင်းဆောင်များနဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားကြောင်း သံတမန် အသိုင်းအ၀ိုင်းက လာတဲ့ သတင်းများအရ သိရှိရပါတယ်။