Sunday, February 27, 2011

ပြည်ပ ဆန်တင်ပို့ခွင့် ပိတ်ပင်

ကုန်ကားပေါ်သို့ ဆန်အိတ်များ တင်နေသော
ပခုံးထမ်း အလုပ်သမားများ ဖြစ်ပါသည်။ 
(Photo: AFP)
ပြည်တွင်း စပါးအထွက် ကျဆင်းမှုနဲ့ ကုန်သည်ကြီးတွေ အလုအယက် ဆန်ဝယ်ယူ စုဆောင်းမှုကြောင့် ဆန်ဈေးတွေ တက်နေချိန်မှာပဲ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကစပြီး မြန်မာအစိုးရ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြည်ပ ဆန်တင်ပို့ခွင့်ကို ပိတ်ပင်လိုက်ပါတယ်။
ကုန်သွယ်မှု မူဝါဒကောင်စီရဲ့ အဲဒီအမိန့်မှာ ဒီပိတ်ပင်မှုဟာ ဘယ်လောက်ကြာမယ်၊ ဘယ်တော့ ပြန်တင်ပို့ခွင့် ပြုမယ် ဆိုတာတွေကိုတော့ မဖော်ပြထားဘူးလို့ အမည်မဖော်လိုတဲ့ ကုန်သည်များနဲ့ စက်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် အမှုဆောင်တဦးက အာရ်အက်ဖ်အေကို ပြောပါတယ်။

Saturday, February 26, 2011

ILO လုပ်ငန်းစဉ် တိုးချဲ့မည့်ကိစ္စ ဒေါ်စု ထောက်ခံ

ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO အမှုဆောင် ဒါရိုက်တာ မစ္စတာ Guy Ryder အဖွဲ့နှင့် သောကြာနေ့တွင် တွေ့ဆုံခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင်း ILO လုပ်ငန်းစဉ်များ တိုးချဲ့မည့်ကိစ္စကို ထောက်ခံကြောင်း ဆွေးနွေးခဲ့သည်။

ILO က အစိုးရသို့ တင်ပြထားသည့် အလုပ်သမား အကျိုးစီးပွား ကာကွယ်ရေး လုပ်ငန်းများ၊ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်ကိစ္စများကို ထောက်ခံကြောင်း ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ မနက် ၁ဝ နာရီခွဲမှ ၁၂ နာရီအထိ ဆွေးနွေးခဲ့ရာတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

Thursday, February 24, 2011

DKBA နယ်ခြားစောင့် တပ်ပြေးများကို မက်လုံးပေး စည်းရုံး

ကရင်ပြည်နယ် အခြေစိုက် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နယ်ခြားစောင့်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ လက်နက် ခဲယမ်းများနှင့်အတူ ထွက်ပြေးမှု အရေအတွက် များပြားလာသည့်အတွက် ပြန်လည် စည်းရုံးမှုပြုလုပ်နေ ရသည်ဟု DKBA တပ်ဖွဲ့ဝင်များက ပြောသည်။

DKBA သည် နအဖ စစ်အစိုးရ ကမ်းလှမ်းသည့် နယ်ခြားစောင့်တပ်အဖြစ် ယမန်နှစ် သြဂုတ်လ ၁၈ ရက်နေ့မှ စတင် အသွင် ပြောင်းခဲ့ပြီး လက်ရှိတွင် တပ်ရင်း ၁၀ ရင်းရှိရာ အင်အား ၂၀၀၀ ၀န်းကျင်ရှိကြောင်း၊ ထွက်ပြေးသွားသည့် အင်အားမှာ ၂၀၀ ကျော် ရှိကြောင်း DKBA နှင့် ကရင်အမျိုးသား အစည်းအရုံး(KNU) တာဝန်ရှိသူများက ပြောဆိုသည်။

Monday, February 21, 2011

ဒေါ်အောင်ဆန်းစုကြည်အပေါ် ခြိမ်းခြောက်ရေးသားမှု ကုလသမဂ္ဂ စိုးရိမ်

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် 
မစ္စတာဘန်ကီမွန်း၏ ပြောခွင့်ရပုဂ္ဂိုလ် 
Martin Nesirky။ (UN Photo/Paulo Filgueiras)
မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို သတင်းစာတွေကနေ ခြိမ်းခြောက် ရေးသားနေမှုတွေအပေါ် စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

 နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်မှာ သောကြာနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Martin Nesirky က သတင်းထောက်တွေကို အခုလို ပြောကြားလိုက်တာပါ။

Thursday, February 17, 2011

ဘရီမင် ဂုဏ်ပြုဆု ကိုဇာဂနာ ချီးမြှင့်ခံရ

ကချင်ပြည်နယ် မြစ်ကြီးနား အကျဉ်းထောင်တွင် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသော လူရွှင်တော် ကိုဇာဂနာ (ကိုသူရ) အား ဂျာမနီနိုင်ငံ ဘရီမင်မြို့က ၂၀၁၁ ခုနှစ်အတွက် ဘရီမင် စည်းလုံးညီညွတ်ရေးဆု (Bremen Solidarity Award) ကို ယမန်နေ့က ချီးမြှင့်လိုက်သည်။

ကိုဇာဂနာ၏ လူ့အခွင့်အရေးအတွက် ဆောင်ရွက်မှုနှင့် စွန့်လွှတ်အနစ်နာခံမှုများကြာင့် ဤဆုကို ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။ ဤ ဘရီမင်ဆုကို ၁၉၉၃ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်လည်း ရရှိခဲ့ဖူးသည်။

Tuesday, February 15, 2011

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လျှာလုံး၍ စကားမပီ

ပြည်ထောင်စုနေ့ ညစာစားပွဲ၌ အမတ်များကို တဦးချင်း လိုက်လံနှုတ်ဆက်စဉ် အသက် ၇၇ နှစ်အရွယ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လျှာလိပ်နေသည်ကို သတိထားမိကြောင်း အမတ်တဦးက ပြန်ပြောပြသည်။

“ကျနော့်ကို လာနှုတ်ဆက်တဲ့အချိန် စကားက ပြောလို့ မပီတော့ဘူး။ လျှာတွေက လုံးနေတယ်။ ဘယ်ကနေ လာလဲ ဆိုတဲ့ဟာလည်း မပီတော့ဘူး။ ဝမ်းသာပါတယ်ဆိုတာလည်း ပီပီသသကို မဟုတ်တော့ဘူးလေ။ 

Monday, February 14, 2011

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ လူငယ်များ သတိတရ ကျင်းပ

မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် အာဇာနည် ဗိုလ်ချုပ်အောင်ဆန်း၏ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်သော ၉၆ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် သတိရအောက်မေ့ခြင်း အခမ်းအနားများကို ပြည်တွင်းရှိ လူငယ်များက ကျင်းပကြသည်။

 ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့တွင် နိုင်ငံရေး အသိုင်းအ၀န်းကသာမက တခြားသော ကဏ္ဍ အသီးသီးမှ လူငယ်များ စုပေါင်း လှူဒါန်းခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းအတွက် ဂုဏ်ပြု စပ်ဆိုထားသော ကဗျာများကို ကလေးငယ်များအား သင်ကြားပေးခြင်း၊ ကလေးများကို အစားအစာ အာဟာရများ ကျွေးမွေးလှူဒါန်းခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

Sunday, February 13, 2011

တိုင်းပြည်အတွက် ညီညွတ်ကြပါရန် ဒေါ်စု တိုက်တွန်း

 တိုင်းပြည်တွင် လိုအပ်နေသည့် တိုင်းရင်းသားများ ညီညွတ်ရေး အတွက် ပူးပေါင်း ဆောင်ရွက်ကြပါရန် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စနေနေ့ တွင် တိုက်တွန်းလိုက်သည်။

၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးချုပ်၌ ကျင်းပခဲ့ရာ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ 

Friday, February 11, 2011

ဗိုလ်ချုပ်မှူးကြီးဦးဆောင်သော နိုင်ငံ့ဥသျှောင်အဖွဲ့ ဖွဲ့မည်

သမ္မတ ဦးသိန်းစိန်ကို အစိုးရ အုပ်ချုပ်ရေး အာဏာလွှဲပေးမည် ဖြစ်သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်ပါဝင်သော နိုင်ငံ့ဥသျှောင် အဖွဲ့ ဖွဲ့စည်းပြီး အုပ်ချုပ်ရေး ယန္တရားကို ကြီးကြပ်ကွပ်ကဲမည် ဖြစ်ကြောင်း နေပြည်တော်အခြေစိုက် သတင်း ရပ်ကွက်မှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံကို အဓိက ကြီးကြပ်ကွပ်ကဲ အုပ်ချုပ်မည့် အဖွဲ့အစည်းများအဖြစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော နိုင်ငံ့ဥသျှောင်အဖွဲ့နှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော နိုင်ငံတော်လုံခြုံရေးကောင်စီ အဖွဲ့ဟူ၍ ၂ ဖွဲ့ ရှိလာမည် ဖြစ်သည်။

Thursday, February 10, 2011

ဦးခွန်ထွန်းဦး ကျန်းမာရေးအခြေအနေ ဆိုး

ဦးခွန်ထွန်းဦး
ဖျက်သိမ်းခံ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌဖြစ်ပြီး ကချင်ပြည်နယ် ပူတာအိုထောင်တွင် ထောင်ဒဏ် ၉၃ နှစ် ချမှတ်ခံထားရသော ဦးခွန်ထွန်းဦးသည် ရာသီဥတု အခြေအနေကြောင့် လေးဘက်နာ ရောဂါအပြင် ဆီးကျိတ်ရောဂါပါ ခံစားနေရသဖြင့် ကျန်းမာရေးအခြေအနေ ဆိုးရွားနေကြောင်း သိရသည်။
 
ဦးခွန်ထွန်းဦးသည် ဆီးကျိတ်ရောဂါကြောင့် တညလျှင် ၁၀ ကြိမ်ထက်မနည်း ဆီးသွားသဖြင့် ကောင်းစွာ မအိပ်နိုင်ကြောင်း၊ ထောင်အာဏာပိုင်များက ကန့်သတ်သဖြင့် ဆရာဝန်နှင့်လည်း ကုသခွင့် မရကြောင်း၊ ဦးခွန်ထွန်းဦး ကိုယ်တိုင်ကလည်း ဆီးကျိတ်ရောဂါမှတဆင့် ကင်ဆာရောဂါ ဖြစ်မည်ကို စိုးရိမ်နေကြောင်း SNLD ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က ဆိုသည်။

ပြည်သူ့ကွန်ယက်ကြီးအဖြစ် ချိတ်ဆက်မည်

ဖွဲ့စည်းထူထောင်ပြီးသမျှ လူမှုကွန်ယက်များအားလုံးကို ဆက်စပ်၍ ပြည်သူ့ကွန်ယက်ကြီးအဖြစ် လှုပ်ရှားဆောင်ရွက်သွားရန် ဗုဒ္ဓဟူးနေ့တွင် ကျင်းပခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များ တွေ့ဆုံပွဲက ဆုံးဖြတ်လိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးချုပ်၌ နှစ်ရက်တာ ကျင်းပပြီးစီးသွားသည့် တိုင်းနှင့် ပြည်နယ် လူငယ်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲသို့ ရှမ်း၊ ကယား၊ ကချင်၊ ချင်း၊ ရခိုင် ပြည်နယ်များနှင့် မန္တလေး၊ မကွေးတိုင်းတို့မှ NLD အဖွဲ့ဝင်နှင့် အခြား လူငယ် ၂ဝဝ ခန့် တက်ရောက်ဆွေးနွေးခဲ့ရာမှ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

Tuesday, February 8, 2011

ကြံ့ခိုင်ဖွံ့ဖြိုးရေးမှ တိုင်းရင်းသား ဒု သမတကို တိုင်းရင်းသားပါတီများ လက်မခံ

ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း
ဒီလ ၃ ရက်နေ့ လွှတ်တော် အစည်းအဝေးကနေ နိုင်ငံတော် ဒုသမတ အဖြင် ကြံ့ခိုင်ရေးပါတီ အမတ် ရှမ်းတိုင်းရင်းသား ဒေါက်တာ စိုင်းမောက်ခန်းကို ရွေးချယ်လိုက်တာဟာ သူတို့ တိုင်းရင်းသားပါတီတွေ တောင်းဆိုခဲ့တဲ့ အချက်တွေနဲ့ မကိုက်ညီဘူးလို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ (AMRDP) ဥက္ကဋ္ဌ နိုင်ငွေသိမ်းက ပြောပါတယ် ။

“ကြံ့ဖွတ် တိုင်းရင်းသားတော့ မကြိုက်ဖူး ။ တိုင်းရင်းသားပါတီက တိုင်းရင်းသားရဲ့ ခံယူချက်နဲ့ပေါ့ဗျာ ။ ကြံ့ဖွတ်က ဆိုလို့ရှိရင်ကတော့ သိကြားမင်းတောင် တိုင်းရင်းသားတွေ မကြိုက်ဖူးဗျ ။ ဒါတွေဟာ ။ တိုင်းရင်းသားအတွက် အလုပ်လုပ်တဲ့လူမှ မဟုတ်ပဲ ။ တိုင်းရင်းသားတွေ လိုချင်တာဟာ သူတို့လုပ်မှာမှ မဟုတ်ပဲ ။ တိုင်းရင်းသား အခွင့်အရေးတောင် သူတို့ သိပ်လည်း မသိဘူးလေ ။ သိဖို့လည်း တခါမှ မကြိုးစားဘူးလို့ ထင်တာပဲ။”