(ဒေါ်အောင်ဆန်းစုကြည်ဂျပန်သို့ ခရီးမထွက်မီ
နာရီပိုင်းအလိုနုစ်သစ်ကြိုဆုတောင်း)
Thursday, November 24, 2011
NLD ပါတီသစ်၏ ဦးဆောင်အဖွဲ့ဝင် ၂၀ ကို ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြမည်
![]() |
| NLD ၏ ပညာရေးကွန်ရက် ၁ နှစ်ပြည့် အခန်းအနားမစမီ ဤသို့ တွေ့ရသည် (ဓာတ်ပုံ - ဧရာဝတီ) |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ပြန်လည်မှတ်ပုံတင်ခြင်းမဟုတ်ဘဲ နိုင်ငံရေးပါတီ အသစ်အဖြစ် တရားဝင် လျှောက်ထားမည်ဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်တို့အပါအဝင် ပြည်နယ်နှင့် တိုင်း ၁၄ ခုမှ တိုင်းရင်းသားနှင့် လူငယ် စုစုပေါင်း ၂၀ ကို ရွေးကောက်ပွဲကော်မရှင်သို့ ပါတီဦးဆောင်အဖွဲ့အဖြစ် တင်ပြမည်ဟု သိရသည်။
NLD ကို ပါတီသစ်အဖြစ် မှတ်ပုံတင်ရန် လာမည့် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်ထံသို့ တရားဝင် သွားရောက် လျှောက်ထားမည်ဖြစ်ကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။
Friday, November 18, 2011
မြန်မာကို အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ပေးရန် သဘောတူ
![]() |
| photo-reuters |
ဒီကနေ့ ပြုလုပ်တဲ့ ၁၉ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး ပထမနေ့မှာ ခုလို သဘောတူညီချက် ရလိုက်တာပါ။
မြန်မာ အာဆီယံဥက္ကဋ္ဌလုပ်ဖို့ သဘောတူလိုက်ပြီးတဲ့နောက် မြန်မာအစိုးရ ပြောခွင့်ရ ဦးကျော်ဆန်းက အနာဂတ်မြန်မာနိုင်ငံဟာ ပိုမိုပွင့်လင်းတဲ့ နိုင်ငံဖြစ်လာပြီး နိုင်ငံတကာနဲ့ရော ဒေသတွင်း နိုင်ငံတွေနဲ့ပါ ပိုမိုပူးပေါင်း ကူးသန်းဆောင်ရွက်တဲ့ နိုင်ငံတနိုင်ငံအနေနဲ့ မြင်ရတော့မယ်လို့ သတင်းထောက်တွေကို ထုတ်ဖော် ပြောကြားလိုက်တယ်လို့ ဘာလီ ထိပ်သီးစည်းဝေးပွဲမှာ တက်ရောက် သတင်းယူနေတဲ့ ရန်ကုန်တိုင်းမ် မီဒီယာဂရုပ်ဖ်ရဲ့ ဦးကိုကို (စက်မှု) က ပြောပါတယ်။
Thursday, November 17, 2011
အာဆီယံဥက္ကဋ္ဌ မြန်မာဖြစ်ရေး အသေအချာစဉ်းစားဖို့ အမေရိကန်တိုက်တွန်း
![]() |
ဓာတ်ပုံ AP |
မြန်မာနိုင်ငံကို အာဆီယံအလှည့်ကျဥက္ကဋ္ဌနေရာ ပေးရေး မပေးရေးဟာ အာဆီယံ အသင်းဝင်နိုင်ငံတွေကပဲ ဆုံးဖြတ်ရမှာဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောလိုက်ပါတယ်။ ဒါပေမယ့်လည်း မြန်မာကို အာဆီယံဥက္ကဋ္ဌနေရာ ထားခြင်းအားဖြင့် အာဆီယံအသင်းကြီးရဲ့ မျှော်မှန်းချက်တွေ ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ပါ့မလားဆိုတာကိုတော့ အာဆီယံနိုင်ငံတွေ အလေးထားစဉ်းစားဖို့ အမေရိကန်ပြည်ထောင်စုက အာဆီယံကို တိုက်တွန်း လိုက်ပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြပေးပါမယ်။
မြန်မာနိုင်ငံကို လာမယ့် ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ပေးရေးကို မကြာခင် အာဆီယံ ထိပ်သီးအစည်းအဝေးကနေ ဆုံးဖြတ်တော့မှာဖြစ်ပါတယ်။ အာဆီယံအစည်းအဝေးတွေနဲ့ နောက်ဆက်တွဲ အစည်းအဝေးတွေကို တက်ရောက်ဖို့အတွက် အမေရိကန်သမ္မတအိုဘားမား အပါအ၀င် အမေရိကန် ထိပ်တန်းအရာရှိတွေလည်း အင်ဒိုနီးရှား ဘာလီအစည်းအဝေးကို မကြာခင် ရောက်မှာဖြစ်ပါတယ်။
Monday, November 14, 2011
ဦးဝင်းတင်အား မကွေးဆရာတော်မှ သူရသတ္တိဆု တံဆိပ်ကို ပေးအပ်ခဲ့
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အ မှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်ရဲ့ အတ္ထုပ္ပတ္တိ အကျဉ်းကို ဗကသအဖွဲ့ဝင်ဟောင်း ကိုဟန်ဝင်းအောင်မှ ဖတ်ကြားခဲ့ပါတယ်။ အဲဒီနောက်မှာ အစီ အစဉ်(၆)အရ ဦးဝင်းတင်အား မကွေးဆရာတော်မှ အလေးချိန် တစ်ကျပ်သား (ကာလတန်ဖိုး ၇၅ဝ,ဝဝဝ ကျပ်) ရှိ သူရသတ္တိဆု တံဆိပ်ကို ပေးအပ်ခဲ့ပါတယ်။ (Ko Thaung)
Tuesday, November 8, 2011
Saturday, November 5, 2011
စီးပွားရေးဖွံ့ဖြိုးမှု ရန်ကုန် ညီလာခံ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
![]() | |||||||||
|
မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်အဖြစ် ကျင်းပသော သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အစိမ်းရောင် စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာနိုင်ငံတကာ ညီလာခံ သို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ယနေ့မနက်ပိုင်းက တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
နေပြည်တော်နှင့် ရန်ကုန်မြို့တွင် နိုဝင်ဘာလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်သော ယင်းအစည်းအဝေး သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ရန် ဖိတ်ကြားခဲ့သော်လည်း အစည်းအဝေး၏ နောက်ဆုံးနေ့တွင်မှ ရန်ကုန်တွင် ကျင်းပသည့် အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်က လာရောက်ခဲ့ခြင်းဖြစ် သည်ဟု သိရသည်။
“ဒေါ်အောင်ဆန်းစုကြည် လာတက်တော့ တအားပေါ့။ အားလုံးက တက်တက်ကြွကြွ ရှိကြတယ်။ အရင်နေ့က အစည်းအဝေးမှာ လူသိပ်မရှိဘူး။ ဒီနေ့တော့ သတင်းထောက်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ စုံစုံညီညီ စည်စည်ကားကား ရှိတယ်” ဟု အစည်းအဝေး ပုံမှန် တက်ရောက်နေသော ပြည်တွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့တဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
Monday, October 31, 2011
အင်ဒိုနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်စုတွေ့ဆုံ
မြန်မာနိုင်ငံကို အလည်အပတ်သွားရောက်တဲ့ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ ဟာ စနေနေ့ညပိုင်း သူ့ရဲ့ ခရီးစဉ် အဆုံးမသတ်ခင်မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။
နှစ်ရက်ကြာ မြန်မာပြည်မှာနေထိုင်ခဲ့တဲ့ သူ့ရဲ့ခရီးစဉ်အတွင်း မစ္စတာ မာတီနာတာလီဂါဝါ ဟာ နေပြည်တော်ကို သွားရောက်ပြီး သမ္မတကြီး ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့် အပါအ၀င် ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တိုင်းရင်းသားအရေးနှင့် လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စ ဆွေးနွေး
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင် ဆန်းစုကြည်နဲ့ အစိုးရကိုယ်စားလှယ် ဦးအောင်ကြည်တို့ ဒီနေ့ တွေ့ဆုံ ရာမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ထာဝရ ငြိမ်းချမ်းရေး ရရှိဖို့ ကိစ္စနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်သူများကိစ္စကို ဆွေးနွေးခဲ့ကြ တယ်လို့ ပူးတွဲထုတ်ပြန်ပါတယ်။
တခြား အသေးစိတ်အချက်အလက်တော့ ထုတ်ပြန်ချက်မှာ မပါပါဘူး။
ရိုဟင်ဂျာ၊ ကိုးကန့်  နှင့် ဒီအေဘီ ပေါ်လစီ
by Moethee Zun on Saturday, October 29, 2011 at 8:38am
ရိုဟင်ဂျာရောကိုကိုးကန့် ပါမြန်မာနိင်ငံများဖြစ်ခွင့်ရှိတယ်။လူအခွင့်အရေးအပြည့်အ၀ရရှိစေရမှာဖြစ်ပါတယ်။ လွတ်လပ်စွာစီးပွား ရှာခွင့်၊ကိုးကွယ်ခွင့်နှင့် ရွေးကောက်ခံပိုင်ခွင့်များရှိကြောင်း အသိမှတ်ပြုထားပါတယ်။နိင်ငံသားအခွင့်အရေးတွေရရှိဖို့လည်း ကျနော်တို့  ထောက်ခံပါတယ်။
၂- ဒါပေမဲ့ သူတို့ ကို မြန်မာ ရဲ့  တိုင်းရင်းသား တမျိုး ( Ethnic) အဖြစ်အသိမှတ်မပြုပါ။ ရိုဟင်ဂျာဟာ ရခိုင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားတမျိုးအဖြစ်လည်းအသိမှတ်မပြုကြောင်း ဒီအေဘီမှ ဆုံးဖြတ်ထားပါတယ်။
Friday, October 28, 2011
Oxi Day Foundation က ဒေါ်အောင်ဆန်းစုကြည် ကို သတ္တိရှင် အဖြစ် ဂုဏ်ပြု
အမေရိကန် နိုင်ငံရေး လောကမှာ မူဝါဒတွေ ပြောင်းလဲစေဖို့ တိုက်တွန်း စည်းရုံးနေတဲ့ နာမည်ကြီး ဂရိ- အမေရိကန် အဖွဲ့ကြီးဖြစ်တဲ့ Oxi Day Foundation က ကျင်းပတဲ့ သတ္တိရှင် ဂုဏ်ပြုဆု ချီးမြှင့်ပွဲ အခမ်းအနားကို ၀ါရှင်တန်ဒီစီမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
ဒီအခမ်းအနားမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်း စုကြည် ကို နိုင်ငံတကာ အမျိုးသမီး သတ္တိရှင် အဖြစ် Battle of Crete ဆုကို ဂုဏ်ပြုချီးမြှင့်တာ ဖြစ်ပါတယ်။
Subscribe to:
Posts (Atom)










