Sunday, January 29, 2012

ပြည်သူတွေကို လှည့်ဖျားတဲ့ပါတီတွေက အချိန်တိုသာ အောင်မြင်နိုင်မှာပါ ထားဝယ်မြို့ခံလူထုကို ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုနေသော
ထားဝယ်မြို့မှ ကလေးငယ်တစ်ဦး။
ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
“မဲဆွယ်တဲ့နေရာမှာ ကတိလည်းမပေးရဘူး။ ပစ္စည်းလည်းမပေးရဘူးနော်။ မဲဆွယ်တယ်ဆို တာ မဲရဖို့အတွက် ၊ မဲရပြီး ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကိုမရနိုင်ရင် ဘာမှအနှစ်သာရ မရှိဘူး။ ဒီမဲပေးထားတဲ့ ကိုယ်စားလှယ်တွေ ကပေးတဲ့တာဝန်ကို မကြေဘူးဘူးဆို ရင် နောက်တစ်ကြိမ်ရွေးကောက်ပွဲမှာ ဒီလူတွေကို လှည့်ကြည့်စရာမလိုဘူး။ မလုပ်နိုင်တဲ့ကတိတွေကို လွယ်လွယ်မပေးပါနဲ့။ ငါတို့အဖွဲ့ချုပ်ကိုသာ မဲထည့်မယ်ဆိုရင် ဒါတွေလုပ်ပေးမယ်ဆိုတာမျိုးမပြောပါနဲ့။ ပြည်သူတွေကို လှည့်ဖျားတဲ့ပါတီတွေက အချိန်တိုသာ အောင်မြင်နိုင်မှာပါ။ ရေရှည်မှာကျဆုံးမှာပါ””
(ထားဝယ်မြို့၊ ဆေးရုံလမ်းအတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပါတီဝင်များနှင့် ပြည်သူလူထုကို ယခု နံနက် ၉ နာရီ ၁၀ မိနစ်၌ ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့သော မိန့်ခွန်းမှ ကောက်နှုတ်ချက်။ ယခု ထားဝယ်မြို့တွင်းမှ လောင်းလုံမြို့နယ်သို့ စတင်ထွက်ခွာနေပြီဖြစ်ပါသည်။ လမ်းတစ်လျှောက်တွင် ကြိုဆိုနေကြသော လူထုကြီးကို မျက်စိတစ်ဆုံးမြင်နေရပြီး ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်အားလုံးမှ လိုင်းကားများက ယနေ့မပြေးဆွဲတော့ဘဲ ဒေါ်အောင်ဆန်းစုကြည်အားကြိုဆိုရင် ရောက်ရှိနေကြသော လူများအား ပို့ဆောင်ပြေးဆွဲပေးနေကြောင်း သိရသည်)7Day News Journal
 

Saturday, January 28, 2012

၈၈ ခေါင်းဆောင်တချို့ ရွေးကောက်ပွဲ မျှတရေး ဒေါ်စုနဲ့ဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည်နှင့်
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ

မြန်မာနိုင်ငံမှာ မကြာခင်လပိုင်းတွေတွင်း ကျင်းပဖို့ရှိတဲ့ ကြားဖြတ် ရွေးကောက်ပွဲကိစ္စနဲ့ အတူ အကျဉ်းထောင်တွေတွင်းမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန် လွတ်မြောက်လာရေး ကိစ္စတွေကို ဒီကနေ့မှာ မြန်မာ့ ဒီမိုကရေစီခါင်းဆောင်   ဒ်ါအောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ဆွေးနွေး ခဲ့ကြပါ တယ်။ ပြုပြင်ပြောင်းလဲရေးလမ်းပေါ် ရောက်နေပြီဖြစ်တဲ့ မြန်မာ့နိုင်ငံရေးကို ရဲရဲတင်းတင်း ဆက်လျှောက်နိုင်ဖို့နဲ့ လူထုရဲ့ ဆန္ဒသဘောထား အစစ်အမှန် ကို ဖော်ထုတ်နိုင်မယ့် ကြားဖြတ် ရွေးကောက်ပွဲဖြစ်ရေးတွေမှာ အပြည့်အ၀ ရပ်တည်သွားမယ်လို့လည်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေက ပြောပါ တယ်။ ဒီအကြောင်း အပြည့်စုံကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။

ဒီကနေ့ ဇန်န၀ါရီ ၂၇ ရက်၊ သောကြာနေ့ ညနေက မြန်မာ့ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ကျောင်းသားတချို့ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ကြတာပါ။ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေထဲက  ကိုကိုကြီး၊ ကိုဌေးကြွယ်နဲ့ ကိုမြအေးတို့ ၃ ဦးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ၂ နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီလိုဆွေးနွေးကြတဲ့အထဲမှာ ကြားဖြတ် ရွေးကောက်ပွဲကိစ္စ၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောပါတယ်။

Thursday, January 26, 2012

ဒေါ်အောင်ဆန်းစုကြည်ကို Benazir Bhutto ဒီမိုကရေစီဆု ချီးမြှင့်

ဒေါ်အောင်ဆန်းစုကြည်အား ပါကစ္စတန် သမ္မတက
ဆုမချီးမြှင့်မီ (ဓာတ်ပုံ - ဧရာဝတီ)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကစီအရေး၊ တရားမျှတမှု၊ တန်းတူညီမျှတမှုများ အတွက် ဘ၀ တသက်တာလှုပ်ရှား ရုန်းကန်တိုက်ပွဲဝင်မှုများကို ဂုဏ်ပြုသောအားဖြင့် ပါကစ္စတန်သမ္မတ Asif Ali ZardariကBenazir Bhutto ဒီမိုကရေစီဆု ချီးမြှင့်လိုက်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံသို့ ခေတ္တအလည်အပတ် ရောက်ရှိနေသော ပါကစ္စတန် သမ္မတက ယနေ့ နေ့လယ် ၂ နာရီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တက္ကသိုလ် ရိပ်သာလမ်း နေအိမ်၌ တွေ့ဆုံပြီးနောက် သတင်းထောက်များ၊ ပါကစ္စတန် အစိုးရအရာရှိများ ရှေ့မှောက်၌ ပါကစ္စတန်သမ္မတ၏ သား၊ သမီးတို့နှင့်အတူ ဒေါ်အောင်ဆန်းစုကြည်ကို အဆိုပါဆု ပေးအပ်ခဲ့ခြင်းဖြစ်သည်။

Wednesday, January 25, 2012

ဒေါ်အောင်ဆန်းစုကြည် ပါတီစည်းရုံးရေး ခရီးထွက်မယ်

၂ဝ၁၁ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့က ပဲခူးမြို့သို့ ရောက်ရှိလာသည့်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို
ပဲခူးလူထုက ဝိုင်းဝန်းကြိုဆိုကြစဉ်။ (Photo: RFA)
အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီစည်းရုံးရေးခရီးစဉ်အဖြစ် လာမယ့် ဇန်နဝါရီ ၂၉ ရက်ကစပြီး မြိတ်၊ ထားဝယ်၊ မန္တလေးနဲ့ ပုသိမ်မြို့တွေကို သွားမယ်လို့ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အာအက်ဖ်အေကို ဒီကနေ့ ပြောပါတယ်။

ဒီခရီးစဉ်ဟာ ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးဖို့ မဟုတ်ပေမယ့် လူထုရဲ့ တောင်းဆိုချက်အရ မိန့်ခွန်း ပြောကြား တာတွေ ရှိနိုင်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

Tuesday, January 24, 2012

ပဲခူး​မြို့​တွင် နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​များ​ကို ဂုဏ်ပြု


 ပဲခူး ​မြို့​နယ်မှာ ၁၉၆၂ ခုနှစ်က​နေ ၂၀၁၂ အတွင်း​ ပြန်လည် လွတ်​မြောက်လာကြတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​ ၁၀၀ ​ကျော်ကို အခမ်း​အနား​နဲ့​ ဂုဏ်ပြု​ခဲ့ပါတယ်။ပဲခူး​ နာရီစင် အနီး​မှ ဂရင်း​ဆိုရှယ် ခန်း​မမှာ ဒီက​နေ့​ မနက် ကိုး​နာရီက စတင်ခဲ့​တဲ့​ ဒီဂုဏ်ပြုပွဲကို မကြာ​သေး​ခင်က လွတ်လာတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​တွေက ​ကော်မတီဖွဲ့​ စီစဉ်တာပါ။

ကိုမင်း​ကိုနိုင်တို့​ အပါအဝင် ရှစ်ဆယ့်​ရှစ်မျိုး ဆက် ​ကျောင်း​သား​​ခေါင်း​ဆောင်​တွေလည်း​ ဒီပွဲ ကို တက်​ရောက်ဂုဏ်ပြုခဲ့​သလို ပရိသတ် ၄၀၀ ​ကျော် တက်​ရောက်ကြပါတယ်။

အခမ်း ​အနား​မှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် သဘာပတိအဖွဲ့​ နာယက ဦး​တင်ဦး​ရဲ့​ သဝဏ်လွှာကို ဖတ်ကြား​သလို ပဲခူး​တိုင်း​ အဖွဲ့​ချုပ်ဥက္ကဋ္ဌ ဦး​မြတ်လှနဲ့​ ရှစ်ဆယ့်​ရှစ် မျိုး​ဆက်​ကျောင်း​သား​ခေါင်း​ဆောင် မင်း​ကိုနိုင်တို့​ကလည်း​ ဂုဏ်ပြု အမှာစကား​ ​ပြောပါတယ်။

Monday, January 23, 2012

ပြောင်းလဲမှုအဆင့်တွေ လိုနေသေးကြောင်း ဂျွန်မက်ကိန်းပြော

အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျွန်မက်ကိန်း
၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့က
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်
တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။
မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် အဆင့်တွေ လိုသေးတယ်လို့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ဒီကနေ့ရန်ကုန်မြို့မှာ သတင်းထောက်တွေ ကို ပြောဆိုပါတယ်။

မစ္စတာဂျွန်မက်ကိန်းဟာ ဒီကနေ့ ညနေပိုင်းက မြန်မာ့ဒီမိုကရေစီ  ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ်ရိပ်သာ လမ်း နေအိမ်မှာ တွေ့ဆုံခဲ့ပါ တယ်။

အဲဒီနောက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံက လက်ရှိ တိုးတက်မှုတွေကို သူ့အနေနဲ့ အလွန်ပဲ ကျေနပ်အားရမိပေမယ့် ပြုပြင်ပြောင်းလဲရေး အတွက် လုပ်ဆောင်ရမယ့်အဆင့်တွေ ကျန်နေသေးတယ်လို့ မစ္စတာမက်ကိန်း က ပြောသွားပါတယ်။

Sunday, January 22, 2012

ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက် ၈၈ မျိုးဆက်ကျောင်းသားများ ထောက်ခံ

၈၈ မျိုးဆက်ကျောင်းသားတွေ အနေနဲ့ လာမယ့် ကြားဖြတ်ရွေးေ ကာက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံသွားမှာ ဖြစ်တယ်လို့ ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံကြဖို့ ဆုံးဖြတ်တာဟာ ဒေါ်အောင် ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက် ပိုပြီးအားကောင်းလာစေဖို့ ဖြစ်တယ် လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ကိုကိုကြီးက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ဟာ စွန့်စားရတဲ့ ဆုံးဖြတ် ချက်ပါ။ အနည်းနဲ့အများ ဆိုသလို ဒီအပေါ်မှာ သံသယရှိတဲ့ အင်အားစုတွေ ရှိနေနိုင်ပါတယ်။ ကျနော်တို့က ဒီကြေညာချက်ကို ထုတ်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ကို ပိုမိုအားကောင်းသွားစေမယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ရှေ့ဆက်မယ့် လုပ်ငန်းစဉ်တွေမှာ ကျနော်တို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားတာပါ”

Saturday, January 21, 2012

၉၀ အနိုင်ရ တိုင်းရင်းသားပါတီများ မှတ်ပုံတင်ကြမည်

နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်တော့မည့်
SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးအား အကျဉ်းထောင်မှ လွတ်မြောက်ခဲ့ပြီး
၆ ရက်မြောက်နေ့တွင် တွေ့ရစဉ် (ဓာတ်ပုံ - AP)
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ရှမ်း၊ ရခိုင်၊ မွန်၊ ချင်း အစရှိသည့် တိုင်းရင်းသားပါတီများသည် တရားဝင်နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်မည် ဖြစ်သော်လည်း ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ၌ ၀င်ပြိုင်မည် မဟုတ်ဟု ပါတီခေါင်းဆောင်များက ဆိုသည်။

“ရွေးကောက်ပွဲဝင်ရေး ကိစ္စကိုမရည်ရွယ်သေးပါဘူး။ အမျိုးသား အရေးနဲ့ ဒီမိုကရေစီ အရေးတွေကို တရားဝင်လုပ်နိုင်ဖို့အ တွက်ပါ” ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ် (ALD) ပါတီ၏ ခေါင်းဆောင် ဦးအေးသာအောင်က ပြောသည်။

ရှမ်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ ဇိုမီး အမျိုးသားကွန်ဂရက် (ZNC)၊ မွန်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (MNDF) စသည့်ပါတီတို့သည် ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်း ဖျက်သိမ်းခံခဲ့ကြရသည်။

Thursday, January 19, 2012

ဒေါ်စု ကိုယ်စားလှယ်လောင်းလျှောက်လွှာတင်

ဒေါ်အောင်ဆန်းစုကြည် ကော်မရှင်ရုံးရှိရာ သံလျင်မြို့နယ်သို့

ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းရန်သွားသောခရီးစဉ်မြင်ကွင်း။

 (ဇန်နဝါရီလ ၁၈ ရက်၊ ၂၀၁၂။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ သူယှဉ်ပြိုင်မယ့် ကော့မှူးမြို့နယ် မဲဆန္ဒနယ် အတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်းကို သံလျင်မှာရှိတဲ့ တောင်ပိုင်းခရိုင်ကော်မရှင်ရုံးမှာ ဒီကနေ့မနက်က ကိုယ်တိုင် သွားတင်ပါတယ်။ ဧပြီလ ၁ ရက်နေ့မှာ ပြုလုပ် မယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD က ဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေထဲက နောက်ဆုံး ကျန်နေသေးတဲ့ အမည်စာရင်းတွေကိုလည်း ဒီကနေ့ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး အကြောင်းအရာအပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့်  ကြားဖြတ်ရွေးကောက်ပွဲ အတွက်   ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကနေ    ဝင်ပြိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဇန်နဝါရီ ၁၈ ရက် ဗုဒ္ဓဟူးနေ့ မနက်က ၁ဝ နာရီခွဲလောက်က  သံလျင်မြို့နယ်မှာ ရှိတဲ့ တောင်ပိုင်းခရိုင်ကော်မရှင်ရုံးမှာ  ကိုယ်တိုင် ကိုယ်စားလှယ်လောင်းအမည်စာရင်းကို သွားတင်ခဲ့ပါတယ်။ ကိုယ်စားလှယ်လောင်း အဖြစ် လျှောက်ထားလွာကို ကော်မရှင်က စိစစ်ပြီးပြီဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးအပါအဝင် တခြားမြို့နယ်တွေ ကို  ရွေးကောက်ပွဲ  စည်းရုံးရေးခရီးစဉ်တွေ စတော့မယ်လို့ NLD ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်ကပြောပါတယ်။

Monday, January 16, 2012

နိုင်ငံရေးအရ ဆွေးနွေးဖို့ လိုသေးကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ပြော

ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး Mr. Alain Juppe နှင့်
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့
၂ဝ၁၂ ဇန်နဝါရီလ ၁၅ ရက်နေ့က ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း
ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် တွေ့ဆုံစဉ်။
နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာ လမ်းကြောင်းမှန်ကို သွားတာ ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေနဲ့ ရေရှည် ငြိမ်းချမ်းရေးရဖို့နဲ့ နိုင်ငံရေးအရ ဆွေးနွေးဖို့ လိုတယ်လို့ ပြင်သစ် နိုင်ငံခြားရေးနဲ့ ဥရောပ ရေးရာဝန်ကြီး Mr. Alain Juppe က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ တွေ့ဆုံချိန်မှာ ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ဒီနေ့မနက်ပိုင်းက တွေ့ဆုံချိန်မှာ အဲဒီလို ပြောကြားလိုက်တာလို့ NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟံသာမြင့်က ပြောပါတယ်။

“စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဘယ်လို ပြန်လုပ်မလဲ ဆိုတာကို သူတို့ စဉ်းစားမယ်။ နောက် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တဆင့်ပြီးမှ တဆင့် လျှော့သွားဖို့ စဉ်းစားမယ်လို့ ပြောပါတယ်”

Friday, January 13, 2012

နိုင်ငံရေးအကျဉ်းသားများ စတင်လွတ်မြောက်

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုဂျင်မီ၊ မနီလာသိန်း အပါအ၀င် တခြားသော ကျောင်းသား ခေါင်းဆောင်များလွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ ယနေ့ လွတ်မြောက်လာကြောင်း သတင်းရရှိသည်။

သရက်ထောင်တွင် အကျဉ်းကျခံနေရသည့် ကိုမင်းကိုနိုင်အား လွှတ်ပေးမည်ဖြစ်ကြောင်း မိသားစုဝင်များထံ ထောင်အာဏာ ပိုင်များက ယနေ့နံနက် ၇ နာရီ ၁၅မိနစ်က အကြောင်းကြားသည့်အတွက် သွားရောက်ကြိုဆိုနေပြီဟု အစ်မဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က ဧရာဝတီသို့ ပြောသည်။

Wednesday, January 11, 2012

အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းထဲမှာ လူငယ် သုံးပုံတစ်ပုံ ပါဝင်

ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ အနေနဲ့ ၀င်ရော က် ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေထဲမှာ လူငယ် အရေအတွက် သုံးပုံတစ်ပုံ ပါဝင်မယ်လို့ ရန်ကုန်တိုင်း မဲဆန္ဒနယ်မြေ တစ်နေရာက ပါဝင် ယှဉ်ပြိုင်မယ့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။

“အဖွဲ့ချုပ်ထဲကို ၈၈ မျိုးဆက်ကနေ ကျောင်းသားတွေဟာ အစုအဖွဲ့နဲ့ ဝင်ရောက်မှာ မဟုတ်ဘူး။ တစ်ဦး တစ်ယောက်ချင်းစီရဲ့ လွတ်လပ်တဲ့ သဘောဆန္ဒတွေ အပေါ်ကနေ ဝင်ရောက် ဆောင်ရွက်လာမှာ ဖြစ်ပါတယ်။