Monday, May 21, 2012

မန္တလေးမြို့က လျှပ်စစ်မီးရရှိရေး ဆန္ဒပြပွဲ

၂၀၁၂ ခုနှစ် မေလ ၂၀ ရက်က မန္တလေးမြို့တွင် 
လျှပ်စစ်မီး ရရှိရေးအတွက် ပြည်သူရာပေါင်းများစွာ 
ဖယောင်းတိုင် ထွန်းညှိပြီး လမ်းလျှောက်လှည့်လည် 
ဆန္ဒပြနေစဉ်။ courtesy of Kyaw Moe Win
တနင်္ဂနွေနေ့ ည ၇ နာရီလောက်က မန္တလေးမြို့မှာ လျှပ်စစ်မီး ရရှိရေးအတွက် ပြည်သူရာပေါင်းများစွာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ ဖယောင်းတိုင်တွေ ထွန်းညှိပြီး လမ်းလျှောက် လှည့်လည်ခဲ့သလို၊ လျှပ်စစ်မီးရရှိရေး တောင်းဆိုချက် ဆိုင်းဘုတ်တွေကိုလည်း ကိုင်ဆောင်ခဲ့ကြပါတယ်။

ဆန္ဒပြသူအဖွဲ့ ၂ ဖွဲ့ရှိပြီး တစ်ဖွဲ့က မန္တလေးတိုင်း လျှပ်စစ်ရုံးအနီးနဲ့ နောက်တစ်ဖွဲ့က ဆီဒိုးနားဟိုတယ် အနီးမှာ ဆန္ဒပြကြပြီး၊ အဲဒီနှစ်ဖွဲ့ နောက်ဆုံး ပေါင်းဆုံခဲ့ကြတယ်လို့ မျက်မြင်သက်သေ မန္တလေးသားတစ်ဦးက ပြောပြပါတယ်။

ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲပြီး နောက်ပိုင်းလောက်ကစပြီး မီးအတော်ကလေး မှန်ခဲ့ပေမယ့် ဒီနှစ်ဆန်းပိုင်းကစပြီး အတော်ဆိုးဆိုးရွားရွား ပြန်ပျက်ခဲ့တယ်လို့ မန္တလေး ဒေသခံတွေက ပြောပါတယ်။

Sunday, May 20, 2012

ရန်ကုန်တက္ကသိုလ် ဂုဏ်သိက္ခာ ပြန်လည်တည်ဆောက်ရေး သမ္မတ အကြံပေးရဲ့ အိတ်ဖွင့်ပေးစာ

စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်။
ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး အတွက် Myanmar Development Resource Institute- MDRI မြန်မာ့ဖွံ့ဖြိုး တိုးတက်ရေး အရင်းအမြစ် အဖွဲ့အစည်း ခေါင်းဆောင်လည်းဖြစ် နိုင်ငံတော် သမ္မတရဲ့စီးပွားရေး အကြံပေးလည်း ဖြစ်တဲ့ ဦးမြင့်က ပြည်သူသို့ အိတ်ဖွင့်ပေးစာ တစ်စောင် ဒီနေ့ ဖြန့်ချိလိုက်ပါတယ်။

ပညာရေးကဏ္ဍ လိုအပ်ချက် အတွက် ရန်ကုန် တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး အတွက် စဉ်းစားကြဖို့ စာမှာ အဆိုပြုထားတာပါ။

Wednesday, May 16, 2012

တောင်ကိုရီးယား သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်တို့ 
၂၀၁၂ ခုနှစ် မေလ ၁၅ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် တွေ့ဆုံဆွေးနွေးနေစဉ်။ (Photo courtesy of NLD)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်နဲ့ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အဲဒီနောက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က တောင်ကိုရီးယား အစိုးရအနေနဲ့ ပြည်သူတွေရဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုတွေအတွက် ဆောင်ရွက်ချက်တွေကို ချီးကျူးပြောကြားခဲ့သလို မြန်မာနိုင်ငံအနေနဲ့လည်း ဖွံ့ဖြိုးတိုးတက်မှုတွေကို လိုချင်သလို ငြိမ်းချမ်းမှု၊ လွတ်လပ်မှုနဲ့ တရားမျှတမှုတို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူတွေရဲ့ လုပ်ပိုင်ခွင့်ရရှိမှုဟာ စစ်မှန်တဲ့ဒီမိုကရေစီအတွက် အရေးကြီးကြောင်း၊ ပြည်သူတွေအနေနဲ့လည်း မိမိတို့ အနာဂတ်ဟာ မိမိတို့ရဲ့ လက်ထဲမှာသာ ရှိတယ်ဆိုတာကို နားလည်ဖို့ အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

Wednesday, May 2, 2012

NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ပြည်သူ့ လွှတ်တော်တွင် ကတိသစ္စာပြု

ဓါတ်ပုံ - The Express Time
NLD မှ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၄)ဦး ကတိသစ္စာပြုခဲ့ကြသည်။
     
NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည် ကတိသစ္စာပြုလွှာပါစာသားများနှင့် ပတ်သတ်ပြီး လွှတ်တော်တွင် ကျမ်းကျိမ်ရန် အခက်အခဲရှိခဲ့သော်လည်း တိုင်းပြည်အကျိုးကိုရှေ့ရှု၍ ပြည်သူ့ သဘောထားကို ဖြည့်ဆည်းပေးသောအားဖြင့်ပထမအကြိမ်ပြည်သူ့ လွှတ်တော် တတိယပုံမှန်အစည်းအဝေး၏နောက်ဆုံးနေ့တွင် ပြည်သူ့လွှတ်တော်သို့ တက်ရောက်ပြီး ကတိသစ္စာပြုခဲ့ခြင်းဖြစ်သည်။
NLD မှ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာ(၃၇)နေရာ ရရှိခဲ့ပြီး ဦးဇေယျာသော်၊ ဦးနေဖြိုးသိန်းနှင့် ဒေါ်စန္ဒာမင်းတို့ မှာ နိုင်ငံခြားသို့ ခရီးလွန်နေသဖြင့် ကတိသစ္စာပြုရာတွင် တက်ရောက်နိုင်ခြင်းမရှိပါ။ (ရာဇ၀င်)

Monday, April 30, 2012

ဘန်ကောက်မြို့လယ် ဘီဘီစီ ရုံးရှေ့တွင် မြန်မာနိုင်ငံသား ၅၀၀ နီးပါးခန့် ဆန္ဒပြ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ဘီဘီစီ ရုံးရှေ့တွင် မြန်မာနိုင်ငံသား ၅၀၀ နီးပါးခန့်က ဧပြီလ ၂၉ ရက် တနင်္ဂနွေနေ့က သွားရောက် ဆန္ဒပြခဲ့ကြသည်။

  

ဆန္ဒပြရသည့် အကြောင်းအရင်းမှာ ရခိုင်ပြည်နယ် မြေပုံနေရာတွင် ရခိုင်လူမျိုးများ၏ ဓါတ်ပုံကို မဖေါ်ပြဘဲ ဘင်္ဂလာဒေခ်ျ့မှ အခြေချ ၀င်ရောက်နေထိုင်သူ ဘင်္ဂလီများ ဓါတ်ပုံကို ရိုဟင်ဂျာ အမည်ဖြင့် ဖေါ်ပြခဲ့၍ ဖြစ်ကြောင်း ဦးဆောင်သူ တစ်ဦးဖြစ်သူ ကိုအန်းမောင်က ပြောသည်။

" ဆန္ဒပြရတဲ့ အဓိကအကြောင်းရင်းက ဘီဘီစီ အာရှ ပစိဖိတ်ဌာနက အကြီးတန်း သတင်းထောက် အန်နာဂျုံး Anna Jone ကနေ မြန်မာနိုင်ငံက ရခိုင်ပြည်နယ် မြေပုံမှာ ဘင်္ဂလား ဒေ့ခ်ျဘက်က မတရား ခိုးပြီး ၀င်လာကြတဲ့ ဘင်္ဂလီ လူမျိုး တွေရဲ့ပုံကို ရိုဟင်ဂျာ အမည်နဲ့ ဖေါ်ပြခဲ့တယ်။ ဒါကို မကျေနပ်တဲ့ အတွက် နိုင်ငံ အသီးသီးမှာ ဘီဘီစီက အန်နာဂျုံးကို မြန်မာပြည်သူတွေကို ၀န်ချ တောင်းပန်ရမယ်ဆိုပြီး ဆန္ဒပြ တောင်းဆိုကြတယ်။ ဒါပေမဲ့ အန်နာဂျုံး အနေနဲ့ မြန်မာပြည်သူကို အခုအချိန်ထိ ၀န်ချတောင်းပန်မှု မရှိသေးသလို ဘီဘီစီကလည်း တရားဝင် ဖြေရှင်းချက် မထုတ်ပြန်ပေးသေးဘူး။ အဲဒါကြောင့် သူမအနေနဲ့ မြန်မာပြည်သူတွေကို ၀န်ချ တောင်းပန်ဖို့နဲ့ ဘီဘီစီက တရားဝင် ဖြေရှင်း ပေးဖို့ ခုလို တောင်းဆို ဆန္ဒပြရတာဖြစ်ပါတယ်" ဟုပြော သည်။

NLD အမတ်များ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတော့မည်

ရန်ကုန်၊ ဧပြီ ၃၀

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရပြီး ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက်ခံ NLD အမတ်များ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတော့ မည် ဖြစ်ကြောင်း ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် NLD ရုံးချုပ်၌ ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားလိုက်သည်။

“အလျှော့ပေး လိုက်တာလားလို့ မေးရင် ဟုတ်ပါတယ်။ အလျှော့ပေးလိုက်တာပါ။ ပြည်သူ့ဆန္ဒအတွက်ပါ” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံကိုရောက်ရှိလာတဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Mr. Ban Ki-moonနဲ့ ဇနီး


ယနေ့ မြန်မာနိုင်ငံသို့ (၃)ရက်ကြာ အလည်အပတ် ရောက်ရှိလာတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ Ban Ki-moonနဲ့ဇနီး Yoo Soon-taekတို့အား တည်းခိုရာဟိုတယ်မှာ ကြိုဆိုနှုတ်ဆက် သူများနဲ့ အတူတွေ့ရစဉ်.. AP

Sunday, April 29, 2012

ဒီ/ချုပ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သစ်သုံးဦး သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့သို့ ထွက်ခွာ


ဒီ/ချုပ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သစ် သုံးဦးဖြစ်တဲ့
 ဒေါ်စန္ဒာမင်း၊ ဦးဖြိုးမင်း သိန်း၊ ဦးဖြိုးဇေယျာသော် (ဇေယျာသော်)နဲ့
 တေးသံရှင် လင်းလင်းတို့ လေးဦးသြစတေးလျနိုင်ငံ ဆစ်ဒနီမြို့သို့ ထွက်ခွာ


ဒီ/ချုပ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သစ် သုံးဦးဖြစ်တဲ့ ဒေါ်စန္ဒာမင်း၊ ဦးဖြိုးမင်း သိန်း၊ ဦးဖြိုးဇေယျာသော် (ဇေယျာသော်)နဲ့ တေးသံရှင် လင်းလင်းတို့ လေးဦးဟာ ဒီနေ့ နံနက် ၉း၃ဝ နာရီ တွင် မင်္ဂလာဒုံလေဆိပ်မှ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့သို့ ထွက်ခွာသွားခဲ့ပါတယ်။


သြစတေးလျ နိုင်ငံမှာ လက်ရှိအာဏာရပါတီဖြစ်တဲ့ လေဘာပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ကမ်းလှမ်း ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ဆစ်ဒနီတက္ကသိုလ် (University of Sydney’s Graduate School of Government) မှာ ဧပြီလ ၃ဝ မှ မေလ ၄ ရက်နေ့အထိ ဒီ/ချုပ်ပါတီ ဝင်လေးဦးဟာ နိုင်ငံရေးနှင့် မူဝါဒရေးဆိုင်ရာ အကြံပေး သင်တန်းကို တက်ရောက် သင်ကြားလေ့လာမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအဖွဲ့ရုံး ဖွင့်ပွဲအခမ်းအနား

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံး ဖွင့်ပွဲအခမ်း အနားကို ဗဟန်းမြို့နယ် အင်းလျားမြိုင်လမ်း အမှတ် ၄၅ ရှိ အဆိုပါရုံးခန်းတွင် ယနေ့မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန်ခန့်က ကျင်းပခဲ့ပါသည်။

 အဆိုပါဖွင့်ပွဲအခမ်းအနားကို ဥရောပသမဂ္ဂ မှနိုင်ငံခြားရေးရာ မူဝါဒ အကြီးအကဲ ကတ်သရင်း အဲရှ်တန် နှင့်အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်တိုင်ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေတို့ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရပါသည်။ (Eleven Media Group)

Friday, April 27, 2012

အရှင်ဂမ္ဘီရ ကျန်းမာရေး မကောင်းလို့ လူဝတ်လဲ

၂၀၁၂ ဖေဖော်ဝါရီလဆန်းပိုင်းတွင် ပြုလုပ်သော 
 နိုင်ငံရေး အကျဉ်းသားများ အတွက် ရန်ပုံငွေရှာဖွေရေး 
စာအုပ်ရောင်းပွဲတွင် အရှင်ဂမ္ဘီရ (ဝဲအစွန်) ကိုတွေ့ရစဉ်။
RFA
ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရဟာ ကျန်းမာရေး မကောင်းတဲ့အတွက် ဆေးဝါးကုသမှု ခံယူဖို့ ရဟန်းအဖြစ်ကနေ လူထွက်လိုက်ပြီး မိဘရပ်ထံပြန်လည် ရောက်ရှိနေကြောင်း သတင်းရရှိပါတယ်။ အရှင်ဂမ္ဘီရဟာ ပြီးခဲ့တဲ့ သင်္ကြန်ရက်က လူဝတ်လဲလိုက်ပြီး မိဘနှစ်ပါးရှိရာ မိထ္တီလာမြို့ကို ပြန်လည်ရောက်ရှိ လာပါတယ်။ 

 အရှင်ဂမ္ဘီရ လူဝတ်လဲလိုက်ရတဲ့ အကြောင်းကို မိခင်ဖြစ်တဲ့ ဒေါ်ရေးက အတည်ပြု ပြောဆိုပါတယ်။

Thursday, April 26, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် အီတလီနိုင်ငံခြားရေးဝန်ကြီး Giulio Terzi တို့ တွေ့ဆုံ

ယနေ့ ဧပြီလ ၂၆ ရက် နံနက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အီတလီနိုင်ငံခြားရေးဝန်ကြီး Giulio Terziတို့   ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင်တွေ့ဆုံခဲ့ပြီး ပူတွဲ သတင်းစာ ရှင်းလင်ပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ပါသည်။ EMG

Tuesday, April 24, 2012

NLD လွှတ်တော် တက်ရေးကိစ္စ အားလုံး ညှိနှိုင်း ကြိုးပမ်းဖို့ အမေရိကန် တိုက်တွန်း

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ
ဗစ်တိုးရီးယား နုလန်း (Vitoria Nuland)ဓာတ်ပုံ 美国国务院
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော် ၀င်ရောက်ရေးအတွက် အစုအဖွဲ့ အားလုံး ညှိုနှိုင်း ဆောင်ရွက်ကြဖို့ အမေရိကန် ပြည်ထောင်စု တိုက်တွန်းပါတယ်။ ဒီ ညိနှိုင်း ဆွေးနွေးမှု တွေအပေါ်မှာ ၀င်ရောက် စွတ်ဖက် ပြောဆိုမှာ မဟုတ်ပေမဲ့၊ ဖြစ်ထွန်းမှုတွေ ကိုတော့ စောင့်ကြည့် သွားမယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောဆိုပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲအတွင်း အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် တွေ အခု ကျင်းပနေတဲ့ လွှတ်တော်ကို မတတ်ရောက်နိုင်တဲ့ အခြေအနေဟာ မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းမှုတွေ နောက်ကြောင်း ပြန်လှည့်သွားနိုင်မလား စိုးရိမ်မှုကတော့ အတော်များများရှိနေတာပါ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတွေ ကတော့ ဒါကို ပြဿနာတရပ်လို မယူဆပဲ၊ ညှိုနှိုင်း ဖြေရှင်းလို့ ရနိုင်မယ်လို့ ယူဆနေပါတယ်။ လွှတ်တော်ကိုလည်း တတ်ရောက် ဖြစ်မှာပါလို့ ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုအနေ နဲ့ ကတော့ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ၀င်ရောက်နိုင်ရေးအတွက် အားလုံး ညှိုနှိုင်းဆောင်ရွက် နိုင်ကြဖို့ တိုက်တွန်းပါတယ်။