Thursday, August 30, 2012

မြန်မာခေါင်းဆောင်တချို့ ပြည်ဝင်ခွင့်ပိတ်ပင်မှု အမေရိကန်ဖြေလျှော့

မြန်မာအစိုးရခေါင်းဆောင်တွေအပေါ် ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ပိတ်ပင်ကန့်သတ်ထားတာကို အမေရိကန်သမ္မတ ဘာရက်ခ် အိုဘားမား (Barack Obama) က ဖြေလျှော့ပေးလိုက်ပါတယ်။

အဲဒါကြောင့် နယူးယောက်မြို့မှာကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ဖို့ သမ္မတဦးသိန်းစိန် လာရောက်တဲ့အခါ အမေရိကန်နိုင်ငံတွင်းမှာ လွတ်လွတ်လပ်လပ် သွားလာ ခွင့်ရတော့မှာ ဖြစ်ပါတယ်။ အဲဒီလိုသာ လျှော့မပေးဘူးဆိုရင် သမ္မတဦးသိန်းစိန်ဟာ နယူးယောက်မြို့က ကုလသမဂ္ဂ ရုံးချုပ်ပတ်ဝန်းကျင်တ၀ိုက်မှာပဲ သွားလာခွင့်ရမှာပါ။

Saturday, August 25, 2012

သမ္မတသဝဏ်လွှာ နားလည်မှုလွဲမှား


ပြည်ထောင်စုလွှတ်တော်မှာ မှတ်တမ်းတင်ဖို့ ဆိုင်းငံ့ထားတဲ့ သမ္မတရဲ့ သ၀ဏ်လွှာနဲ့ပတ်သက် လို့ နိုင်ငံတော်သမ္မတရုံးက ဒီကနေ့ ဖြေရှင်းချက် ထုတ်ပြန်လိုက်ပါတယ်။ သမ္မတက လွှတ်တော် ကို ပေးပို့တဲ့ သ၀ဏ်လွှာနဲ့အတူ ပူးတွဲပါလာတဲ့ သတင်းသုံးသပ်ချက်ထဲမှာ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ ရခိုင်ပါတီနဲ့ ရခိုင်မျိုးချစ်ပုဂ္ဂိုလ်တွေကြောင့် ဖြစ်တယ်ဆိုတဲ့ ပုံစံမျိုး ရေးသား ဖော်ပြထားတဲ့အချက်တွေကို ရခိုင် လွှတ်တော်အမတ်တွေက ကန့်ကွက်တာကြောင့် မှတ်တမ်းတင်မယ့်ကိစ္စကို ဆိုင်းငံ့ထားခဲ့တာပါ။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက် သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

Friday, August 24, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန် ၄ ကြိမ်မြောက်တွေ့ဆုံ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ  သမ္မတ ဦးသိန်းစိန်နဲ့ ရက်သတ္တနှစ်ပတ်အတွင်းမှာ ဒုတိယအကြိမ် အဖြစ် မနေ့က တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ဇော်ထွေးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးတို့ဟာ ဗုဒ္ဒဟူးနေ့ ညနေပိုင်းက နေပြည်တော်မှာ တွေ့ဆုံခဲ့ကြကြောင်း ပြောပေမယ့် ဘာတွေပြောဆို ဆွေးနွေးခဲ့သလဲဆိုတာ အသေးစိတ်တော့ ဗိုလ်မှူးကြီး ဇော်ထွေးက မပြောပါဘူး။

အနှစ် ၅၀ လောက် စစ်အာဏာရှင်စံနစ်နဲ့ အုပ်ချုပ်လာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုတွေမှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတ ဦးသိန်းစိန်ဟာ အဓိကကျတဲ့ သူတွေ ဖြစ်ပါတယ်။


သူတို့နှစ်ဦးဟာ စုစုပေါင်း ၃ကြိမ် တွေ့ဆုံခဲ့ပြီး ဖြစ်ကာ နောက်ဆုံး တွေ့ဆုံခဲ့တာ သြဂုတ်လ ၁၂ ရက်နေ့က ဖြစ်ပါတယ်။ အဲဒီတုန်း ကလည်း ဆွေးနွေးမှု အသေးစိတ်ကို သတင်းထုတ်ပြန်ခြင်း မရှိပါဘူး။


RFA (မြန်မာပိုင်း)

Thursday, August 23, 2012

နိင်ငံရေးအကျဉ်းသားဟောင်းများ ပထမ အကြိမ် တွေ့ ဆုံပွဲကို ရန်ကုန်မြို့မှာ ကျင်းပခြင်း



အခန်းအနားမှာ တက်ရောက်လာတဲ့ နိင်ငံရေးအကျဉ်းသား ဟောင်းများကိုတွေ့ ရစဉ်ဖြစ်ပါတယ်။ အားလုံးဟာအဖမ်းခံရစဉ်က အသက် ၂၀ ၀န်းကျင်များဖြစ်ကြတယ်။ သူတို့ ဟာ ထောင် ၅ နစ်၊ ၁၀ နစ် နဲ့တချို့  အနစ်၂၀ ခန့် အထိနေ ခဲ့ကြရသူတွေဖြစ်ပါတယ်။ တချို့  နှစ်ခါပြန်အဖမ်းခံရသူတွေဖြစ်တယ်။

Wednesday, August 22, 2012

လူမျိုးရေးအဓိကရုဏ်းအတွက် ဓာတ်ပုံများ၊ ဗီဒီယိုများ လုပ်ကြံဖန်တီးနေကြောင်း ပါကစ္စတန်ကို အိန္ဒိယစွပ်စွဲ




အိန္ဒိယမြောက်ပိုင်းတွင် နေထိုင်ကြသူများအား ထိတ်လန့်စေရန်နှင့် မွတ်စလင်များကို လှုံ့ဆော်ရန်အတွက် Facebook ၊ Twitter နှင့် YouTube ကဲ့သို့သော လူမှုကွန်ရက်ဝက်ဘ်ဆိုက်များတွင် ပျံ့နှံ့နေသည့် ဓာတ်ပုံများကို ပါကစ္စတန် အခြေစိုက် အစွန်းရောက်အဖွဲ့တစ်ဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီး ဌာနက ထုတ်ပြန်သည့်အစီရင်ခံစာ တစ်စောင်တွင် စွပ်စွဲထားသည်။ 

ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် မီဒီယာများလိုက်နာရမည့် အသေးစိတ်အခြေခံရမည့် အချက်အလက်များ

(Copy by: The Voice Weekly)

Saturday, August 18, 2012

ရိုဟင်ဂျာအရေး အာဆီယံ ဆွေးနွေးပွဲမလိုဟု မြန်မာပယ်ချ

၂၀၁၄ တွင် အာဆီယံ ဥက္ကဋ္ဌရာထူးအား မြန်မာက တာဝန်ရယူရန် ရှိရာ ရိုဟင်ဂျာအရေး မည်သို့ဖြေရှင်းသည်ကို အာဆီယံအဖွဲ့ဝင်များက စောင့်ကြည့်နေခဲ့ကြသည်။ (ဓာတ်ပုံ- Reuters)
လတ်တလော မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂအပါအဝင် အစ္စလာမ်မစ်နိုင်ငံများနှင့်ပါ ပူးပေါင်းဆောင်ရွက်လျက်ရှိသောကြောင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများအရေး အရေးပေါ်ဆွေးနွေးရန် လက်ရှိ အာဆီယံ ဥက္ကဌရာထူးရယူထားသည့် ကမ္ဘောဒီးယားနိုင်ငံ၏ အဆိုပြုချက်ကို မြန်မာဘက်က လက်မခံ ပယ်ချခဲ့သည်။

ဧရာဝတီက ဖတ်ရှုခွင့်ရခဲ့သည့် ကမ္ဘောဒီးယား ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဟော်နမ်းဟုန်နှင့် မြန်မာနိုင် ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့၏ အပြန်အလှန် ပေးစာများအရ အာဆီယံအနေဖြင့် ရခိုင်အရေးကို ယဉ်ကျေးမှုနှင့် ဘာသာရေးအပြင် လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ ဘေးဒုက္ခအကျပ်အတည်းအဖြစ် မေးခွန်းထုတ်စရာဖြစ်နေ၍ အထူးအစည်းအဝေးကို ဩဂုတ်လ ၁၄ ရက် ဖနွမ်းပင်မြို့၌ ဖိတ်ခေါ်ခဲ့ရာ ယင်းသည် အာဆီယံပဋိညာဉ်စာချုပ်ပါ အဖွဲ့ဝင်များ၏ ပြည်တွင်းရေး ဝင်မစွက်ဖက်ရေးကို ချိုးဖောက်ရာကျကြောင်း ဆို၍ ပယ်ချခဲ့ခြင်းဖြစ်သည်။

Friday, August 17, 2012

အခြေခံ ဥပဒေ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တစ်ပတ်အတွင်း နှုတ်ထွက်ပေးရန် လွှတ်တော် ကိုယ်စားလှယ်များ တောင်းဆို


ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး ၂၆ ရက်မြောက်နေ့တွင် အခြေခံဥပဒေ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား သြဂုတ်လ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး ရာထူးမှ နှုတ်ထွက်စေရန် နိုင်ငံတော် သမ္မတထံသို့ သဝဏ်လွှာ ပေးပို့ အကြောင်းကြား သွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောကြားသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သုံးရာကျော်က အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၃၄၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် ( ၂ ) ပါ ပါ ပြဌာန်းချက်များကို ဖောက်ဖျက် ကျူးလွန်ခြင်း၊ ပုဒ်မခွဲငယ် ( င ) အရ ပေးအပ် ထားသော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက် နိုင်ခြင်းတို့ကြောင့် စွပ်စွဲ ပြစ်တင်မှု ပြုလုပ်ရန် သြဂုတ်လ ၈ရက်နေ့တွင် လွှတ်တော် အခွင့်ရေး ကော်မတီမှ တင်ပြခဲ့သော်လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နိုင်ငံတော်၏ ဂုဏ်သိက္ခာ၊ လွှတ်တော်၏ ဂုဏ်သိက္ခာနှင့် ကာယကံရှင်များနှင့် စပ်ဆက်သော အဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာ မထိခိုက်စေရေး အတွက် စွပ်စွဲ ပြစ်တင်ခြင်း နည်းလမ်းအစား အခြေခံဥပဒေ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ နှုတ်ထွက်စေရန် နိုင်ငံတော် သမ္မတထံသို့ အကြောင်းကြားသွားမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များအား အသိပေးခဲ့သည်။

Sunday, August 12, 2012

လွှတ်တော်နားရက်မှာ အနားမယူဘဲ ပြည်သူ့အသံကိုနားထောင်ဖို့အရောက်သွားနေတဲ့ လူထုခေါင်းဆောင်

သြဂုတ်လ( ၁၁)ရက်နေ့နံနက်( ၁၀) နာရီက အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ရဲဒိကျေးရွာသို့ရာက်ရှိကာ ရဲဒိဘုန်းတော် ကြီးကျောင်းဆရာတော်ဦးကောသလ္လအားဖူးမျှော်ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ဒေသတွင်းအခြေအနေများကိုဆွေးခဲ့သည်။ လည်းကောင်းတွေ့ဆုံပွဲကိုလွှတ်တော်တက်ရောက်နေကြသောပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များလည်းတက်ရောက်ခဲ့ကြသည်။ (News & Photos by: NLD)

ပညာရေးကွန်ယက်အဖွဲ့သို့  မြန်မာ့ဒီမိုကရေစီအင်အားစု(နယူးဇီလန်နိုင်ငံ)လှူဒါန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏
ပညာရေးကွန်ယက်အဖွဲ့သို့  မြန်မာ့ဒီမိုကရေစီအင် အားစု (နယူးဇီလန်နိုင်ငံ)ကိုယ်စား ဘုန်းတော်ကြီး အရှင်သြဘာသမှ ကျပ်ငွေ (၄၂၀၀၀၀)ကို ပေးအပ် လှူဒါန်းခဲ့ပါတယ်။ ထိုအလှူငွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် က

ထုတ်ဝေတဲ့ ဒီလှိုင်း ဂျာနယ်ရုံးခန်းမှာ သွားရောက်ပေးအပ်ခဲ့တာဖြစ်ပါတယ်။
 ထို့အတူဘဲ အရှင်သြဘာသဟာ (၈၈) မျိုး ဆက်ကျောင်းသားခေါင်းဆေ
ာင် ကိုမင်းကိုနိုင် ကိုလည်း ၎င်းရဲ့နေအိမ်မှာ သွားရောက်တွေ့ ဆုံ ခဲ့ပြီး၊ ကိုမင်းကိုနိုင်မှ နယူးဇီလန်နိုင် ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများအ

တွက် မိတ်ဆက်စာတစောင်ကို သူကိုယ်တိုင် လက်မှတ် ရေးထိုးပေးအပ်ခဲ့ပါတယ်။ (တင်ဇော်မိုး)


Saturday, August 11, 2012

ကောင်းမှုတော်စေတီဝင်းအတွင်း ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များနဲ့ စစ်ကိုင်းမြို့သူ၊ မြို့သားများတွေ့ဆုံပွဲ မြင်ကွင်း
(ဓာတ်ပုံ ပေးပို့သူ ပြည်သူ့သတင်းထောက်)
မနေ့က (၉.၈.၂၀၁၂)က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များနဲ့ စစ်ကိုင်းမြို့သူ၊ မြို့သားများနဲ့ ကောင်းမှုတော်စေတီမှာ ပန်းရေချမ်း ဆပ်ကပ်ပြီး ၈၈၈၈လုံး အရေးတော်ပုံကြီးရဲ့ နောက်တရက် ၉ ရက်၈ လ ၁၉၈၈က ကျဆုံးသွားခဲ့ကြတဲ့ စစ်ကိုင်းမြို့သူ၊ မြို့သားများအတွက် ဆုတောင်း မေတ္တာပို့သ ခဲ့ကြပါတယ်..။ ထိုစဉ်က စစ်ကိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ လူမဆန်စွာ ပစ်ခတ်ခဲ့မှု အခြေအနေတွေကို မမှီလိုက်တဲ့ ယနေ့ခေတ် လူငယ်တွေနဲ့ မသိရှိရသေးသူတွေ သိရှိနိုင်ဖို့အတွက် ဒီမိုဝေယံသို့ ပေးပို့လာတဲ့ အဆိုပါ ၉ရက် ၈လ ၁၉၈၈ခုနှစ်က စစ်ကိုင်းမြို့သူ မြို့သားများရဲ့ မေ့မရနိုင်တဲ့ သွေးစွန်းတဲ့ ၁၉၈၈ သြဂုတ်လ ၉ရက်နေ့ မြင်ကွင်း (ပေးစာ)ကို ဖော်ပြလိုက်ပါတယ်..။

Wednesday, August 8, 2012

ဒေါ်အောင်ဆန်းစုကြည်ကို တရားဥပဒေ စိုးမိုးရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တင်မြှောက်

၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ 
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် ၀င်ရောက် ဆွေးနွေးနေစဉ်။
AFP
နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့မှာ တရား ဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး ကော်မတီသစ်ကို ဖွဲ့စည်းလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် တင်မြှောက်လိုက်ပါတယ်။

အဲဒီကော်မတီသစ် ဖွဲ့စည်းလိုက်တဲ့အကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက လွှတ်တော် အစည်းအဝေးမှာ ကြေညာခဲ့ပါတယ်။

"ဒီကနေ့ ကာလမှာလည်း လွှတ်တော်နဲ့ နိုင်ငံတော်မှာ လိုအပ်နေတဲ့ ကော်မတီအသစ် တစ်ခုဖြစ်တဲ့ တရား ဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး ကော်မတီကို ဥက္ကဋ္ဌအဖြစ် ကော့မှူး မဲဆန္ဒနယ်မှ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတွင်းရေးမှူးအဖြစ် ပုသိမ်မဲဆန္ဒနယ်မှ ဦးဝင်းမြင့်တို့ဖြင့် ထပ်မံတိုးချဲ့ ဖွဲ့စည်းမှာဖြစ်ပြီး ပြည်သူ့လွှတ်တော်က သဘောတူတဲ့အတွက် ကော်မတီတစ်ခု တိုးချဲ့ဖွဲ့စည်းခြင်း၊ ကော်မတီ အဖွဲ့ဝင်များ ပြောင်းလဲ တာဝန်ပေးအပ်ခြင်း၊ ကော်မတီများ၏ တာဝန်များနှင့် စပ်လျဉ်း၍ ပယ်ဖျက် အစားထိုး ဖြည့်စွက် တင်ပြခြင်းများကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာပါတယ်"