Monday, May 6, 2013

NLD ကိုယ်စားလှယ်အဖွဲ့ တရုတ်ချစ်ကြည်ရေး ခရီးသွားရောက်မည်

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ။ (မတ်လ ၁၀၊ ၂၀၁၃)။
အာဏာရ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်နဲ့ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်အချို့ လာမယ့် ရှေ့သီတင်းပတ် ထဲမှာ တရုတ်နိုင်ငံကို သွားရောက်ဖို့ရှိနေပါတယ်။ ပါတီနှစ်ရပ်အကြား ချစ်ကြည်ရေးအနေနဲ့ သွားရောက်မယ့် ခရီးစဉ်ဖြစ်ပါလိမ့်မယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

တရုတ်အစိုးရပိုင်းရော အာဏာရ တရုတ်ကွန်မြူနစ်ပါတီကပါ မြန်မာဘက်က အစိုးရနဲ့ အာဏာရပါတီတွေအပြင်၊ အခြား နိုင်ငံရေး ပါတီတွေနဲ့ ထိစပ် ဆက်ဆံမှုလုပ်လာတဲ့ အခြေအနေ တစိတ်တပိုင်းလို့ ပြောရမှာပါ။ မကြာသေးခင်ကပဲ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးသစ်နဲ့ အန်အယ်ဒီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံးအကြိမ် တွေ့ဆုံပြီးတဲ့နောက်ပိုင်း၊ အတိုက်အခံပါတီကြီးလို့ ပြောရမယ့် အန်အယ်ဒီနဲ့ တရုတ်နိုင်ငံအကြား ဆက်ဆံရေး အခုလို တိုးမြင့်လာတာဖြစ်ပါတယ်။

Wednesday, April 24, 2013

မြန်မာနိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမှု အမေရိကန်ကြိုဆို

အမေရိကန် နိုင်ငံခြားရေးဌာန ယာယီ လက်ထောက် ပြော ခွင့်ရသူ Patrick Ventrell (၁ မတ် ၂၀၁၃)

မြန်မာအာဏာပိုင်တွေကနေ နိုင်ငံရေး အကျဉ်းသား ၅၀ ကျော် ပြန်လွှတ်ပေးလိုက်တဲ့ အပေါ် အမေရိကန် ပြည်ထောင်စုက ကြိုဆိုလိုက်ပြီး၊ ကျန်နိုင်ငံရေး အကျဉ်းသားတွေ ကိုပါ ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား တချို့ ပြန်လွတ်လာတာနဲ့ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုနဲ့ ဗြိတိန်တို့ရဲ့ တုံ့ပြန်မှုတွေကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

မနေ့တုန်းက မြန်မာနိုင်ငံတွင်း အကျဉ်းသားတွေ ပြန်လွှတ်ပေးတဲ့အထဲ နိုင်ငံရေး အကျဉ်းသား ၅၉ ဦး ပါဝင်တယ်လို့ သိရပါတယ်။ ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်ဖို့အတွက် အစိုးရကိုယ်တိုင်က နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီ ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း၊ ဒါ ပထမဆုံးအကြိမ် အသုတ်လိုက် လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်ပါတယ်။

Saturday, April 20, 2013

မြန်မာ့လူ့အခွင့်အရေး အမေရိကန်ချီးကျူး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ လူ့အခွင့်အရေး ဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာ ထုတ်ပြန်စဉ်။ (၀၄-၁၉-၁၃)။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေ တိုးတက်လာခဲ့ပြီး ပြုပြင်ပြောင်း လဲရေး ဆက်ပြီး လုပ်သွားမဲ့ပုံရပေမဲ့ စိန်ခေါ် မှုတွေ အများကြီး ရှိနေသေးတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး John Kerry က ပြောလိုက်ပါ တယ်။ သောကြာနေ့က အမေရိကန်နိုင်ငံခြားရေး ဌာနမှာ ပြုလုပ်တဲ့ နှစ်ပတ်လည် လူ့အခွင့် အရေး အစီရင်ခံစာထုတ်ပြန်ပွဲမှာ ဝန်ကြီး Kerry ကခုလို ပြောကြားခဲ့ တာဖြစ်ပါတယ်။ အထီးကျန် နိုင်ငံတခု ဖြစ်နေခဲ့တဲ့ မြန်မာနိုင်ငံဟာ တိုးတက်မှုတွေ ရှိလာပေမဲ့ အမေရိန်ကန်က ဖြစ်စေချင်တဲ့ အခြေအနေ မရောက်သေးဘူးလို့လည်း သူက ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာနက နိုင်ငံအလိုက်လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာကို နှစ်စဉ် ထုတ်ပြန်တာမှာ ၂၀၁၂ ခုနှစ်အတွက် လူ့အခွင့်အရေး အစီရင်ခံစာကို သောကြာနေ့က ထုတ်ပြန်ခဲ့ တာဖြစ်ပါတယ်။ လူ့အခွင့်အရေး ကို လေးစားလိုက်နာတဲ့ နိုင်ငံတွေမှာ အခြေအနေတွေ တိုးတက်လာတယ် ဆိုတာကို အစီရင်ခံစာ ထုတ်ပြန်ပွဲ မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က မြန်မာနိုင်ငံကို ဥပမာပေးပြီး ခုလိုပြောကြားခဲ့ပါတယ်။

Sunday, April 14, 2013

၂၀၁၅ ရွေးကောက်ပွဲ တရားမျှတမှာမဟုတ်လို့ ဒေါ်စုပြော

ဂျပန်ရောက် မြန်မာနိုင်ငံသားများနဲ့ တိုကျိုမြို့မှာ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်။ (ဧပြီလ ၁၃ ရက်၊ ၂၀၁၃)။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ ဂျပန်ရောက် မြန် မာမိသားစုတွေနဲ့ စနေနေ့က တွေ့ဆုံမှုအတွင်း အမေးအဖြေလုပ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ခုလို ပြောခဲ့တာဖြစ်ပါတယ်။

“စောစောကလည်း ပထမဦးဆုံးကတည်းက ဖွဲ့စည်းပုံ အခြေခံဥပဒေအကြောင်း ကျမတို့ ပြောပြီးပါပြီး။ အဲဒီအထဲမှာ တိုင်းရင်းသားများအားလုံး လက်ခံနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ဖို့လိုပါတယ်။ ဒါက ကျမပြောတာ ရေးဆွဲတဲ့ပုဂ္ဂိုလ်များ၊ ဒီဖွဲ့စည်းပုံကို ရေးဆွဲတဲ့ပုဂ္ဂိုလ် အဖွဲ့အစည်းများထဲမှာ ဘယ်သူတွေပါလဲ။ ပါတဲ့သူတွေကို အများပြည်သူကနေ လက်ခံနိုင်ရမယ်ဆိုတာဟာ တိုင်းရင်းသားများအားလုံးကလည်း ယုံကြည်စိတ်ချပြီးတော့ လေးစားတဲ့ပုဂ္ဂိုလ်တွေ ပါဝင်ရမယ်။ အဲဒါမှ ကျမတို့က တကယ့်ကိုပြည်ထောင်စု စစ်စစ်ကို ထူထောင်နိုင်မှာပါ။ ဒီ ၂၀၁၅ ရွေးကောက်ပွဲအလွန်မှာရော အပြီး ပြန်လုပ်နိုင်မလားဆိုတော့ ကျမအမြင်မှာတော့ ၂၀၁၅ မတိုင်ခင်လုပ်မှ ပိုပြီးတော့ကောင်းလိမ့်မယ်လို့ ကျမထင်ပါတယ်။

Thursday, January 17, 2013

ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးနှင့် ၈၈မျိုးဆက်ကျောင်းသားများ တွေ့ဆုံ

ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးနှင့် ၈၈မျိုးဆက်ကျောင်းသားများ
ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ဗြိတိန်သံရုံး၏ ဖိတ်ကြားချက်အရ ၈၈မျိုးဆက်ကျောင်းသားများသည် ယနေ့ ( ဇန်န၀ါရီလ ၁၅ ရက် ) ညနေ ၃း ၃၀ နာရီက ဗြိတိန်သံအမတ်ကြီး Stephen Lillie အပါအ၀င် သံရုံးတာဝန်ရှိသူများဖြစ်ကြသော Thomas Phipps နှင့် Steph Lysaght တို့နှင့် မနီလာမြို့ရှိ ဗြိတိန်သံရုံးတွင် တစ်နာရီခွဲကြာ တွေ့ဆုံခဲ့ကြသည်။ ထိုသို့တွေ့ဆုံကြရာတွင် ဗြိတိန်သံအမတ်ကြီးနှင့် သံရုံးတာဝန်ရှိသူများက နိုင်ငံတကာ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ဗြိတိန်နိုင်ငံ၏ ကူညီပံ့ပိုးပေးခဲ့မှုများကို ရှင်းလင်းပြောဆိုခဲ့ကြပြီး ၈၈မျိုးဆက်ကျောင်းသားများက သိလိုသည်များကို မေးမြန်းခဲ့ကြသည်။ 

ယနေ့ မွန်းလွဲပိုင်း ၁၂း၃၀ နာရီကလည်း (BMFI) Balay Mindanao Foundation မှ ဥက္ကဋ္ဌဖြစ်သူ Mr. Kaloy Manlupig နှင့် တွေ့ဆုံခဲ့ကြပြီး ဖိလစ်ပိုင်နိုင်ငံအတွင်း လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးရရှိနိုင်ရေး ကြိုးပမ်းမှုများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ 

Friday, January 4, 2013

“လွတ်လပ်ရေး ကြေညာစာတမ်း”

၁၉၄၇ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့ ၊  နု-အက်တလီစာချုပ် လက်မှတ်ရေးထိုးနေစဉ်။

"အောင်စေသတည်း"  
၁။ မြန်မာသက္ကရာဇ် ၁၃၀၉ခုနှစ် ပြာသိုလဆုတ် ၉ရက် (အင်္ဂလိပ်သက္ကရာဇ် ၁၉၄၈ခုနှစ် ဇန်န၀ါရီလ ၄ရက်)တနင်္ဂနွေနေ့  ကာင်ြး မတ်သန့်စင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောအခါ၌ ဤငါတို့ မြန်မာပြည်သည် လုံးဝ လွတ်လပ်သော အချုပ်အချာ အာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးအဖြစ်သို့ ရောက်ပြီ။

၂။ ဤငါတို့ မြန်မာနိုင်ငံတော်ကြီးသည် လိုရာမတ ပြည့်စုံလှ၍ ဘူမိနက်သန်မှန်သော မြေထူးမြေမြတ်လည်း ဖြစ်၏။ မွန်မြတ်သန့်စင်သော တရားထူးတရားမြတ်တို့တည်ရာ မြေကောင်းမြေမွန်လည်း မှန်၏။ မြေတွင်းမြေပြင် အထူးထူးသော ရတနာအပေါင်းတို့နှင့် ပြည့်စုံသဖြင့် သတ္တ၀ါအပေါင်းတို့ ဆွတ်ယူစားသုံး ကမ္ဘာဆုံးသော်လည်း မသုဉ်းမကုန်နိုင်သော ပဒေသာစစ် အနှစ်သာရ ကြွယ်ဝပြည့်စုံသော မြေလည်းဖြစ်၏။ ဘူမိနက်သန် မှန်လှထူးချွန် ဤမြေမွန်မြေမြတ်၌ ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ စသည်ဖြင့်

Thursday, January 3, 2013

ကိုမင်းကိုနိုင် ဖိလစ်ပိုင်နိုင်ငံကို သွားမည်

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် ဖိလစ်ပိုင်နိုင်ငံကို ၅ ရက်ကြာသွားရောက်ဖို့ စီစဉ်နေတယ် လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ နိုင်ငံတကာအတွေ့အကြုံရရှိဖို့အတွက် သွားရောက်မှာဖြစ်တယ်လို့ ကိုမင်းကိုနိုင်နဲ့အတူ လိုက်ပါသွားမယ့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုက RFA ကို အတည်ပြုပြောကြားခဲ့ပါတယ်။

"ကျနော်တို့ အကျဉ်းထောင်တွေထဲက ပြန်လည်ထွက်လာပြီးတဲ့နောက်ပိုင်းမှာ မြန်မာပြည်ရဲ့အရေးကြီးတဲ့ကိစ္စတွေဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ဆောင်ရေး လုပ်ငန်းတွေကို လုပ်ကြတဲ့အခါမှာ အခုပြည်တွင်းမှာ တော်တော်များများ လုပ်ငန်းတွေကို လုပ်ပြီးသွားပြီဖြစ်တဲ့အတွက် ပြည်ပမှာ ဘယ်လိုအလေ့အကျင့်ကောင်းမျိုးတွေ အတွေ့အကြုံကောင်းမျိုးတွေ ရလာမလဲဆိုတာ လေ့လာမှာဖြစ်တယ်၊ တဖက်ကဖိတ်ကြားတဲ့လူတွေကလည်း ငြိမ်းချမ်းရေးဖော်ဆောင်မှုကိစ္စတွေမှာ ပဋိပက္ခဖြေရှင်းရေးတွေကို ဘယ်လိုချဉ်းကပ်သလဲ၊ ဘယ်လိုအတွေ့အကြုံတွေနဲ့ ဖြတ်သန်းကြသလဲ၊ ရလဒ်ကောင်းတွေ ဘယ်လိုရသလဲဆိုတာကို မျှဝေချင်တယ်"