Monday, January 31, 2011

လွှတ်တော် သတင်း ပိတ်ပင်ထား

လျှပ်စစ်မီးများ ထိန်ညီးနေသော နေပြည်တော်မြို့သစ်ကို
၂၀ဝ၈ မတ်လ ၂၇ရက်နေ့က တွေ့မြင်ရပုံ ဖြစ်ပါသည်။
နေပြည်တော်မှလွဲ၍ ရန်ကုန်မြို့ကြီးနှင့်အခြားမြို့ရွာများ
တွင် လျှပ်စစ်မီး ပုံမှန်မရရှိပါ။ (Photo: AFP)
မြန်မာနိုင်ငံမှာ နှစ် ၄ဝ အတွင်း ပထမဆုံးအကြိမ်အဖြစ် ဇန်နဝါရီလ ၃၁ ရက်နေ့ စတင် ကျင်းပမယ့် လွှတ်တော် အစည်းအဝေး အတွက် ပုဂ္ဂလိက သတင်းမီဒီယာတွေကို သတင်းရယူခွင့် ပိတ်ပင်ထားတယ်လို့ RFA က စုံစမ်းသိရပါတယ်။
ပြည်တွင်းမီဒီယာတွေကို လွှတ်တော်မှာ တက်ရောက် သတင်းယူခွင့် မပြုနိုင်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက ဒီကနေ့ ထုတ်ဖော်ပြောဆိုတယ်လို့ မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်းအဖွဲ့ အတွင်းရေးမှူးနဲ့ CPC ပုဂ္ဂလိက စာနယ်ဇင်း ဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌ ဦးကိုကို (စက်မှုတက္ကသိုလ်) က ပြောပါတယ်။

Sunday, January 30, 2011

ကမ္ဘာ့ စီးပွားရေး ညီလာခံကို ဒေါ်အောင်ဆန်းစုကြည် သ၀ဏ်လွှာပေးပို့

၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ
 ဒါဗို့စ်မြို့၌ပြုလုပ်သည့် ကမ္ဘာ့စီးပွားရေးညီလာခံတွင်
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ပေးပို့သည့် သဝဏ်လွှာမိန့်ခွန်း အသံသွင်းတိတ်ခွေကို
ဖွင့်ပြခဲ့ပါသည်။ (Photo: AFP)
ကမ္ဘာ့အသိုင်းအ၀ိုင်းမှာ တက်တက်ကြွကြွ ပါဝင် နိုင်ဖို့အတွက် မြန်မာနိုင်ငံမှာ အမျိုးသား ရင်ကြားစေ့ရေး၊ နိုင်ငံရေး တည်ငြိမ်မှုနဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုတွေ ရရှိဖို့ လိုအပ်ကြောင်း ဆွစ်ဇာလန်နိုင်ငံ Davos မြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့ စီးပွားရေးညီလာခံကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားလိုက်ပါတယ်၊
ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ ယုံကြည် ကိုးစားထိုက်မှု ဆိုတဲ့ အစိုးရကောင်းတရပ်ရဲ့ ဂုဏ်အင်္ဂါတွေ ပြည့်စုံနိုင်ရေးအတွက် အမျိုးသားရင်ကြားစေ့ရေးနဲ့ နိုင်ငံရေး တည်ငြိမ်မှုရှိဖို့ အရေးကြီးကြောင်းနဲ့ ဒီအချက်နှစ်ချက် မရှိဘူးဆိုရင် လူမှုရေးနဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့ ဆိုတာဟာ စိတ်ကူးယဉ် သက်သက်သာ ဖြစ်ပါလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။

Saturday, January 29, 2011

NLD ရပ်တည်ခွင့် အယူခံ နေပြည်တော်တရားရုံးချုပ် ပယ်ချ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရပ်တည်ခွင့် အထူးအယူခံကို နေပြည်တော် တရားရုံးချုပ်က ယနေ့ ပယ်ချလိုက်သည်။

အဆိုပါ အယူခံ ပယ်ချခံရမှုနှင့် ပတ်သက်၍ နေပြည်တော်သို့ ရောက်ရှိနေသည့် NLD ရှေ့နေ ဦးကျော်ဟိုးကတရားရုံးပိုင်း ဆိုင်ရာ အမြင့်ဆုံးအဆင့်ပယ်ချခံရတာပါ။ ဒါပေမယ့် တရားသူကြီးချုပ်ထံ အယူခံတင်နိုင်ခွင့်ရှိနေပါသေးတယ်။ တရားသူကြီးချုပ်ထံ အယူခံ တင်မတင်ကိုတော့ NLD ဥပဒေ အထောက်အကူပြုအဖွဲ့နဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့ ဆွေးနွေးတိုင်ပင်ပြီးမှ ဆုံးဖြတ်မှာပါဟု ဧရာဝတီသို့ ပြောသည်။

Friday, January 28, 2011

ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားရန် စေ့စပ်ဆွေးနွေးရေး လိုအပ်ကြောင်း အမေရိကန်ပြောကြား

အမေရိကန်ပြည်ထောင်စုက စီးပွားရေး ပိတ်ဆို့အရေးယူမှု ဖယ်ရှားရေးကို စဉ်းစားနိုင်ဖို့ မြန်မာ အစိုးရဖက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ စေ့စပ်ဆွေးနွေးဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို အသိအမှတ်ပြုဖို့ လိုကြောင်း အမေရိကန်အစိုးရ အကြီးတန်း အရာရှိ Joseph Yun က ပြောလိုက်ပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံထုတ် Jakarta Post သတင်းစာနဲ့ ဇန်နဝါရီ ၂၅ ရက် မနေ့က တွေ့ဆုံမေးမြန်းရာမှာ Mr. Yun က အခုလို ပြောလိုက်တာ ဖြစ်ပြီး အာဆီယံအဖွဲ့က ကိုရီးယားနဲ့ မြန်မာနိုင်ငံအရေးအပေါ် တက်တက်ကြွကြွ ပါဝင် ဆောင်ရွက်လာတာကိုလည်း အလေးအနက်ထား ပြောခဲ့တယ်လို့ ဒီကနေ့ထုတ် Jakarta Post သတင်းစာက ရေးပါတယ်။ 

Monday, January 24, 2011

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းမှုတွေကို ထိုင်းက ကူညီမည်

ထိုင်းနိုင်ငံအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားရင်ကြားစေ့ရေး ကြိုးပမ်းမှုတွေကို အကူအညီပေးမယ့် အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သောကြာနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်မှာ ကတိပြု ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

သောကြာနေ့က တနာရီကြာ တွေ့ဆုံခဲ့စဉ် ထိုင်းနိုင်ငံအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံအတွက် အပြုသဘောဆောင်တဲ့ ထင်ရှားသူ၊ လူမျိုးစုတွေကို ကိုယ်စားပြုသူ အတိုက်အခံခေါင်းဆောင် ဖြစ်တယ်ဆိုပြီး ပြောဆိုခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး သတင်းရပ်ကွက်နဲ့ နီးစပ်သူတွေကို ကိုးကားပြီး MCOT သတင်းမှာ ဖော်ပြထားပါတယ်။

Saturday, January 22, 2011

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံဆွေးနွေး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကဆစ် ဖိရုမ်းနှင့် ရန်ကုန်မြို့ ထိုင်းသံရုံး၌ တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း သိရသည်။

“မနက် ၉ နာရီကနေ ၁၀ နာရီလောက်အထိ ထိုင်းသံရုံးမှာပဲ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ပွင့်လင်း ရင်းနှီးမှုရှိတဲ့ ဆွေးနွေးပွဲတခု ဖြစ်မြောက်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဆွေးနွေးချက် အသေးစိတ်ကိုတော့ ဒေါ်အောင်ဆန်းကြည်က ပြောဆိုခြင်း မရှိသေးပါဘူး”ဟု NLD ပြန်ကြားရေး တာဝန်ခံ ဦးအုံးကြိုင်က ပြောသည်။

Friday, January 21, 2011

စစ်မှုထမ်း ဥပဒေမူကြမ်း မသမာမှု လမ်းဖွင့်နေဟု NLD ဝေဖန်

အငြင်းပွားဖွယ်ရာ ပြည်သူ့စစ်မှုထမ်းဥပဒေမူကြမ်းမှာ မလွဲမသွေစစ်မှုထမ်းရန် ဆင့်ခေါ်ရမည့် ဥပဒေတရပ်ဖြစ်နေသည့်အတွက် မသမာမှုများဖြစ်ပေါ်အောင် လမ်းဖွင့်ပေးနေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဝေဖန်လိုက်သည်။

“ဤဥပဒေ အတည်ပြုပြီးနောက် နည်းမျိုးစုံဖြင့် မသမာမှုများရှိလာစေရန် လမ်းဖွင့်ထား သကဲ့သို့ ဖြစ်ပါသည်။ ထို့အပြင် အဖက်ဖက်က ယိုယွင်းလျက်ရှိသော နိုင်ငံရေး၊ စီးပွားရေးနှင့် ပညာရေးစနစ်များကြောင့် ဒုက္ခမျိုးစုံ  ကြုံတွေ့နေရသော အောက်ခြေ လူတန်းစားအတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုးတခု ဖြစ်လာနိုင်ဖွယ်ရှိသည်”ဟု NLD ၏ ယမန်နေ့ထုတ် ကြေညာချက်တွင် ပါရှိသည်။

Thursday, January 20, 2011

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု ကိုမင်းကိုနိုင် ကြိုဆို

၂၀၀၇ ခုနှစ် သြဂုတ်လ လောင်စာဆီဈေးနှုန်းကျဆင်းရေး
လမ်းလျှောက်ဆန္ဒပြ ကာလအတွင်း က တခြားသော 
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနှင့်အတူ 
တွေ့ရသည့် ကိုမင်းကိုနိုင်
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခြင်းကို ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် က ကြိုဆိုကြောင်း ပြောဆိုလိုက်သည်ဟု မကြာသေးမီက သွားရောက်တွေ့ဆုံခဲ့သည့် မိသားစုဝင်က ပြောသည်။
အစ်မဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က“လက်ရှိ နိုင်ငံရေး အခြေအနေတွေကို သူသိတယ်၊ ဒေါ်စုလွတ်လာတာကို ကြိုဆိုတယ်၊ အား လုံး အတွက် ၀မ်းသာတယ်လို့ ပြောတယ်”ဟု ဆိုသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံထောင်ရှိ ကိုမင်းကိုနိုင်အား ပြီးခဲ့သည့် သောကြာနေ့က သွားရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

လွှတ်တော်အစည်းအဝေး တက်လျှင် မြန်မာရိုးရာဝတ်စုံ ဝတ်ဆင်ခဲ့ရန် နေပြည်တော် ရွေးကောက်ပွဲကော်မရှင်က မှာကြား

ဂျပန်ခေတ် မြန်မာအစိုးရ ဝန်ကြီးများ
အမတ်များ လွှတ်တော်အစည်းအဝေးတက်လျှင် မြန်မာရိုးရာ ဝတ်စုံဝတ်ဆင်ခဲ့ရန်  နေပြည်တော် ရွေးကောက်ပွဲကော်မရှင်က မှာထားကြောင်း နိုင်ငံရေး ပါတီများက ပြောသည်။

အမျိုးသားဖြစ်ပါက တိုက်ပုံ၊ ပုဆိုး၊ မောင့်ကြက်သရေ ခေါင်းပေါင်း၊ အမျိုးသမီးဆိုလျှင် ရင်ဖုံးအင်္ကျီ၊ ချိတ်ထမီနှင့် ပုဝါ ဝတ်ဆင်ရမည်ဟု ရွေးကောက်ပွဲကော်မရှင်က ယခုရက်ပိုင်းတွင် ပေးပို့နေသည့် လွှတ်တော်စည်းဝေး ဖိတ်စာထဲတွင် ပန်ကြားထားသည်။

Wednesday, January 19, 2011

လွတ်ငြိမ်းချမ်းသာခွင့် အန်ဒီအက်ဖ် ဦးစားပေး

NDF ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေ
နိုင်ငံရေးအကျဉ်းသား ၂၂ဝဝ နီးပါးလွတ်မြောက်ရေးအတွက်  အစိုးရသစ်အနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ပေးရန် ဇန်နဝါရီလ ၃၁ရက်နေ့တွင်ကျင်းပမည့် လွှတ်တော်အစည်းအဝေးပွဲတွင် ပထမဦးစားပေးအနေဖြင့် တင်ပြသွားမည်ဟု အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ(NDF) လွှတ်တော်ရေးရာကော်မတီဝင် ဦးခင်မောင်ဆွေက ပြောသည်။

“နိုင်ငံတခုအပြောင်းအလဲ ဖြစ်တဲ့အခါမှာ နိုင်ငံရေးအကျဉ်းသားတွေကို ဦးစွာလွှတ်ပေးသင့် တယ်လို့ ကျနော်တို့ယူဆပါတယ်။ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာ နောက်တက်လာမယ့် သမ္မတရဲ့ဂုဏ်သိက္ခာကို ထောက်ရှုပြီးတော့ လွှတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ထုတ်ပြန်လိမ့်မယ်လို့ ကျနော်တို့ ပြတ်ပြတ်သားသားကို ယုံကြည်ပါတယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။

Tuesday, January 18, 2011

လွှတ်တော်အတွင်း လွတ်လပ်စွာ ပြောဆိုခွင့် ဥပဒေဖြင့် ပိတ်ပင်ထား

နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ (ဓာတ်ပုံ - အေပီ)
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုး ထုတ်ပြန်ထားသော လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများတွင် လွှတ်တော် ကိုယ်စားလှယ် များကို တင်းကျပ်စွာချုပ်ကိုင်ထားပြီး လွှတ်တော် အတွင်း လွတ်လပ်စွာပြောဆိုခွင့်၊ ဆွေးနွေးခွင့်များကို ပိတ်ပင် ထားကြောင်း သိရှိရသည်။

စစ်အစိုးရ၏ လွှတ်တော်ဆိုင်ရာ ဥပဒေ အခန်း ၄ တွင် လွှတ်တော် ကိုယ်စားလှယ်များဆိုင်ရာ တာဝန်များ၊ လုပ်ပိုင်ခွင့်များ၊ ကျင့်ဝတ်နှင့် စည်းကမ်းများ၊ ရပိုင်ခွင့်နှင့် အခွင့်အရေး စုစုပေါင်း အချက် ၂၃ ချက်ကို ပြဋ္ဌာန်းထားပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် တို့တာဝန် အရေးသုံးပါးကို စောင့်ရှောက် ရမည်ဆိုသော အချက်ကိုအဓိက ပြဋ္ဌာန်းထားသည်။

Friday, January 14, 2011

မြန်မာနိုင်ငံ လွတ်လပ်ခွင့် အခြေအနေ Freedom House အစီရင်ခံစာမှာဖော်ပြ

၂၀၁၀ ပြည့်နှစ်အတွင်း ကမ္ဘာတလွှား ဒီမိုကရေစီစနစ်နဲ့ တန်ဖိုးတွေ ကျဆင်းခဲ့ပြီး နိုင်ငံပေါင်း ၂၅ နိုင်ငံမှာ သိသိသာသာ ဆုတ်ယုတ်သွားခဲ့ကြောင်း ဇန်နဝါရီ ၁၃ ရက် ဒီကနေ့ ထုတ်ပြန်တဲ့ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ အခြေစိုက် Freedom House အဖွဲ့ကြီးရဲ့ နှစ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက ရွေးကောက်ပွဲမှာ စစ်အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ ပါတီက နေရာ အများစု အနိုင်ရခဲ့ပြီး တရားမမျှတမှုတွေ၊ မသမာမှုတွေ ဆိုးဆိုးဝါးဝါး ရှိခဲ့တာ မှန်ပေမဲ့ တဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မြောက်လာတာ၊ နိုင်ငံရေးပါတီသစ်တွေ ပေါ်ထွက်လာပြီး နိုင်ငံရေး ပြောဆို လုပ်ကိုင်ခွင့် ရလာတာ၊ တိုင်းရင်းသားပါတီတွေ ကိုယ်စားလှယ် နေရာတချို့ အနိုင်ရခဲ့တာတွေကြောင့် အကောင်းအဆိုး ဒွန်တွဲ နေခဲ့ပါတယ်လို့ Freedom House အဖွဲ့က အာရှရေးရာ သုတေသနအရာရှိ Sarah Cook က ပြောပါတယ်။ 

Thursday, January 13, 2011

ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး အနားယူတော့မလား

ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး
ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး နေပြည်တော်ရှိ အစိုးရပိုင် နေအိမ်မှ ပြောင်းရွှေ့ရန် ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟူသော သတင်းများကြောင့် လာမည့် အစိုးရ အဖွဲ့အသစ်တွင် ပါဝင်တော့မည် မဟုတ်ဟု စစ်အစိုးရ အသိုင်းအ၀န်းက ထင်ကြေးပေး ပြောဆိုနေကြသည်။

ယခုကဲ့သို့ အိမ်ပြောင်းရွှေ့ရန် ပြင်ဆင်နေသည့် အချိန်သည် အစိုးရအဖွဲအသစ်၏ လွှတ်တော်သုံးရပ် ခေါ်ယူမည်ဟု ကြေညာချိန်နှင့် တိုက်ဆိုင်နေကြောင်း၊ ယမန်နှစ် ဇွန်လအတွင်းကလည်း ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် လက်ရှိ ရာထူးမှ အနားယူတော့မည်ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့သေးကြောင်း စစ်အစိုးရ အသိုင်းအ၀ိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။ 

တက္ကသိုလ်ကျောင်းသား ၈ဝဝ ခန့်က ကျောင်းကားခ ပြန်လည်လျော့ချရန် လမ်းလျောက်ဆန္ဒပြ

တက္ကသိုလ်ကျောင်းသား ၈ဝဝ ခန့်က ကျောင်းကားခ ပြန်လည်လျော့ချရန် လမ်းလျောက်ဆန္ဒပြမှု စစ်ကိုင်းတိုင်း ကလေးမြို့တွင် ဗုဒ္ဓဟူးနေ့ ဇန်နဝါရီ ၁၂ ရက်၊ ၂ဝ၁၁ နှစ်က ပြုလုပ်နေစဉ်။ ယခုနှစ်ဆန်းမှစ၍ ကျောင်းကားခကို နှစ်ဆတိုးမြှင့်ပြီး ၂ဝဝ သို့ သတ်မှတ်လိုက်သည့်အတွက် တက္ကသိုလ်ကျောင်း ၃ ခုမှ ကျောင်းသားများက ဒေသဆိုင်ရာ စစ်ဆင်ရေးနှင့် ကွပ်ကဲမှုဌာနသို့ မြို့လည်မှသည် သွားရောက်ဆန္ဒပြကြရာ အာဏာပိုင်များက လိုက်လျောမှုပြု၍ ပြေလည်သွားခဲ့သည်။(မဇ္ဈိမ)

Wednesday, January 12, 2011

ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်လွှတ်တော်အရာရှိ တွေ့ဆုံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး
ဒေါ်အောင်ဆန်းစုကြည် ပါတီဌာနချုပ်ရုံးတွင် ၂၀၁၀ ဒီဇင်ဘာ
၂၈ ရက်က လူငယ်များအား မိန့်ခွန်းစကား ပြောကြားနေပုံ။
(Photo: AFP)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် အထက်လွှတ်တော် ဆီးနိတ်က အဆင့်မြင့် အရာရှိတဦး ပါဝင်တဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းက နေအိမ်မှာ လာရောက် တွေ့ဆုံခဲ့တယ်လို့ သတင်း ရရှိပါတယ်။

ဒီအဖွဲ့မှာ အမေရိကန် အထက်လွှတ်တော်က ရီပါဘလစ်ကန်ပါတီ ခေါင်းဆောင် အမတ် Mitch McConnell ရဲ့ အကြီးတန်းအရာရှိ နဲ့ အထက်လွှတ်တော် ငွေကြေးသုံးစွဲမှုဆိုင်ရာ ကော်မတီ အဖွဲ့ဝင် Mr. Paul Grove ပါဝင်ပြီး အမေရိကန်သံရုံး ယာယီတာဝန်ခံလည်း ပါဝင်တယ်လို့ အန်အယ်ဒီ ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူ ဦးအုံးကြိုင်က ပြောပြပါတယ်။ 

Tuesday, January 11, 2011

ဇန်နဝါရီ ၃၁ ရက်နေ့တွင် လွှတ်တော် ကျင်းပမည်

မြန်မာစစ်အစိုးရရဲ့ ပထမအကြိမ် လွှတ်တော်သစ်ကို အခုလ ၃၁ ရက်နေ့မှာ ခေါ်ယူကျင်းပမှာ ဖြစ်ကြောင်း စစ်အစိုးရ သတင်းမီဒီယာတွေက ဒီကနေ့ ဇန်နဝါရီ ၁၀ ရက်မှာ ကြေညာလိုက်ပါတယ်။

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်၊ လွှတ်တော်စုံညီ အစည်းအဝေးကို နေပြည်တော်မှာ တည်ဆောက်ထားတဲ့ လွှတ်တော် အဆောက်အအုံသစ်မှာ ကျင်းပမှာ ဖြစ်သလို တချိန်တည်းမှာလည်း ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေကိုလည်း တပြိုင်နက် ကျင်းပမယ်လို့ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်မှတ်ထိုး ထုတ်ပြန်တဲ့ ဒီကနေ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

Monday, January 10, 2011

အသက်ပြည့်သူတိုင်း စစ်မှု မထမ်းမနေရ ဥပဒေ စတင်တော့မည်

နေပြည်တော်တွင် ၂၀ဝ၈ ခုနှစ် မတ်လ ၂၇ ရက်နေ့က ကျင်းပသော 
တော်လှန်ရေးနေ့ စစ်ရေးပြ အခမ်းအနားတွင် 
စစ်ကြောင်းများကို အမိုးဖွင့် ကားသစ်ကြီးပေါ်မှ လှည့်လည် 
စစ်ဆေးနေသောဗိုလ်ချုပ်မှူးကြီး သန်းရွှေ။ (Photo: AFP)
မြန်မာ စစ်အစိုးရက အသက် ၁၈ နှစ်နဲ့ အထက် အမျိုးသား အမျိုးသမီးတိုင်း စစ်မှု မထမ်းမနေရ အမိန့်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့က ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်တယ်လို့ မြန်မာ စစ်အစိုးရရဲ့နိုင်ငံတော် ပြန်တမ်းမှာ ဖော်ပြထားပါတယ်။

အခု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေမှာ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အတွင်း အမျိုးသားတိုင်းနဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသမီးတိုင်း ၂ နှစ်ကနေ ၃ နှစ် စစ်မှု မထမ်းမနေရ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

Sunday, January 9, 2011

မြေမြှုပ်မိုင်း ဖောက်ခွဲမှု DKBA ထုတ်ဖော်ပြောကြား

မြ၀တီ-ကော့ကရိတ် ကားလမ်းပေါ်မှာ မနေ့က မြေမြှုပ်မိုင်းတလုံး ပေါက်ကွဲခဲ့တာဟာ သူတို့ ဆောင်ရွက်ချက် ဖြစ်တယ်လို့ DKBA အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် စောလားဘွယ်က ထုတ်ဖော် ပြောဆိုပါတယ်။
အဲဒီ ဗုံးကွဲမှုမှာ အနည်းဆုံး လူ ၈ ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ ဗိုလ်မှူးချုပ် စောလားဘွယ်ကတော့ အဲဒီလမ်းကြောင်းမှာ သွားနေတဲ့ ကားတွေဟာ စစ်အစိုးရ နယ်ခြားစောင့်တပ်ရဲ့ ကားတွေဖြစ်ပြီး နယ်ခြားစောင့် တပ်ဖွဲ့ ဝင်တွေက အဲဒီ မြဝတီလမ်းကြောင်းပေါ်မှာ ပြည်သူတွေကို အာဏာသုံး အင်အားပြသလို လူထုကို ပေါ်တာဆွဲတာတွေ ရှိတဲ့အတွက် ကာကွယ်တာက တကြောင်း၊ လူထုကို ဖိနှိပ်တဲ့ သူတို့ရဲ့ စီးပွားရေးလမ်းကြောင်းကို ဖြတ်ချင်တာက တကြောင်းကြောင့် အခုလို ဆောင်ရွက်ရတာဖြစ်တယ်လို့ ပြောပါတယ်။

Thursday, January 6, 2011

ဘွဲ့တံဆိပ်ဖြင့် နအဖ ဘာသာရေး သြဇာယူ

စစ်အစိုးရက သံဃာတော်များနှင့် လူပုဂ္ဂိုလ်များကို ဘွဲ့တံဆိပ်များ ချီးမြှင့်နေခြင်းမှာ နိုင်ငံရေးအရ အကျိုးအမြတ် ရှာနေခြင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံ နယူးဒေလီရှိ ရွှေဝါရောင်ကျောင်းတိုက် ဆရာတော် ဦးပညာဇောတက မိန့်ကြားလိုက်သည်။

အထူးသဖြင့် သံဃာ့အသိုင်းအဝိုင်းတွင် သြဇာကြီးသည့် ဆရာတော်များကို ယင်းသို့ ဘွဲ့တံဆိပ်ချီးမြင့်ခြင်းသည် ၂ဝဝ၇ ခုနှစ် သံဃာ့အရေးအခင်းတွင် ကျရှုံးခဲ့သည့် ဘာသာရေးသြဇာကို ပြန်လည် အဖတ်ဆည်ရန် ကြိုးစားခြင်းဖြစ်ကြောင်း ဆရာတော်က မိန့်ကြားခြင်း ဖြစ်သည်။

Wednesday, January 5, 2011

စစ်မှန်သောလွတ်လပ်ရေး ပေါ်ထွန်းရန် ကြိုးစားဟု ဒေါ်အောင်ဆန်းစုကြည်ပြော

မြန်မာနိုင်ငံတွင် စစ်မှန်သောလွတ်လပ်ရေးပေါ်ထွန်းရန် တိုင်းရင်းသား ပြည်သူများအားလုံး ညီညွတ်စွာဖြင့် ကြိုးစားဆောင်ရွက်ရန် လိုအပ်ကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
ရန်ကုန်၊ရွှေဂုံတိုင်မြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ယနေ့ ကျင်းပသော ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

Monday, January 3, 2011

NLD ဈေးရောင်းပွဲ ပထမနေ့ သိန်း ၅၀ ရရှိ

ရန်ကုန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင်
၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့က ပြုလုပ်သည့်
လွတ်လပ်ရေးနေ့ အကြို ရန်ပုံငွေ ဈေးရောင်းပွဲကို
ဒေါ်အောင်ဆန်းစုကြည် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးနေပုံ။
(Photo: AFP)
နိုင်ငံရေးအကျဉ်းသားများ ကူညီထောက်ပံ့ရေးနဲ့ လူမှု အထောက်အကူပြုရေး ရန်ပုံငွေအဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ စတင် ကျင်းပတဲ့ လွတ်လပ်ရေးနေ့အကြို ရန်ပုံငွေ ဈေးရောင်းပွဲကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။

ရန်ကုန်တိုင်း ရွှေဂုံတိုင်လမ်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ ဒီကနေ့ ဈေးရောင်းပွဲမှာ ရန်ပုံငွေ အမြောက်အမြား ရခဲ့ကြောင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။

“မြို့နယ်အသီးသီးနဲ့ ပြည်နယ် စည်းရုံးရေးကော်မတီတွေက လာဖွင့်တဲ့ ကောင်တာပေါင်း ၁၈ ခု မနေ့ကတည်းက လျာထားပါတယ်။