Sunday, September 30, 2012

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ကြောင်း ဦးသိန်းစိန်ပြောကြား


မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်က BBC ၏ Hardtalk အစီအစဉ် ဆွေးနွေးခန်းတွင် လူထုက မဲပေးရွေးချယ်မူ့ကြောင့် ဒေါ်အောင် ဆန်းစုကြည်သာ သမ္မတဖြစ်မည်ဆိုလျှင် သူလက်ခံကြောင်းပြောကြားသွားခဲ့ပါသည်။ လာမဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ မည်သူမဆို သူတို့ရွေးချယ်ချင်သူကို ရွေးချယ်နိုင်ပြီး လူထု ဆန္ဒကိုတော့ လေးစားရမည်ဖြစ်ကြောင်းကိုလည်း တိုက်တွန်းပြော ဆိုခဲ့ပါသည် ။ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး မဖြစ်ရေးသည် လူထုဆန္ဒအပေါ်တွင်သာတည်မှီပြီး တကယ်လို့ လူထုကသာ ရွေးချယ် ခဲ့မည်ဆိုလျှင် သူ့အနေနဲ့ လက်ခံပါကြောင်း နှင့် သူတို့ကြားမှာ ဘာပြသနာမှမရှိ အတူတကွပူးပေါင်းလုပ်ဆောင်နေကြောင်းများကို လဲပြောကြားသွားခဲ့ပါသည်သိုသော်တပ်မတော်အနေနဲကမူမြန်မာနိုင်ငံရေး၏ပါလီမာန်လွှတ်တော်တွင်ဆက်လက်တည်ရှိနေမည် ဖြစ်ကြောင်းကိုလည်း ထပ်မံပြောကြားခဲ့သည်။

ရည်ညွှန်းကိုးကား- BBC အင်္ဂလိပ်ပိုင်းအစီအစဉ်

ရခိုင်ပြည်နယ်ကိစ္စ OIC ကို ဘန်ကီမွန်းသတိပေး

မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်တွင်း မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ထိခိုက်စေနိုင်သလို ဒေသတွင်းကိုပါ ရိုက်ခတ်လာမှာ စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က သတိပေး လိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ဒေသခံ ရခိုင်လူမျိုးတွေနဲ့ မူစလင်တွေကြား လူပေါင်း ၈၈ ယောက်အထိ သေဆုံးပြီး ၇ သောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ မြန်မာသမ္မတ ဦးသိန်းစိန်၊ အစ္စလာမ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (OIC) အကြီးအကဲတို့နဲ့ သီးခြား တွေ့ဆုံချိန်မှာ အတွင်းရေးမှူးချုပ်က ပြောဆိုလိုက်တာပါ။


အဖွဲ့ဝင်နိုင်ငံပေါင်း ၅၇ နိုင်ငံ ပါဝင်တဲ့ OIC ရဲ့ အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu နဲ့ တွေ့ဆုံချိန်မှာတော့ ရခိုင်ပြည်နယ်မှာ ကြုံခဲ့ရတဲ့ ပြဿနာတွေကို ကူညီ ဖြေရှင်းရာမှာ သတိကြီးကြီးထား ကိုင်တွယ်ဖို့နဲ့ ဒီလိုမှ မဟုတ်ရင် သက်တမ်း နုနယ်သေးတဲ့ မြန်မာနိုင်ငံ က ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ထိခိုက်မယ့် အဖြစ်မျိုးတွေ ကြုံရနိုင်တယ်လို့ အတွင်းရေးမှူးချုပ်က သတိပေးခဲ့ပါတယ်။

Friday, September 28, 2012

သမ္မတဦးသိန်းစိန်ရဲ့ ကုလအထွေထွေ ညီလာခံ မိန့်ခွန်း ပြုပြင် ပြောင်းလဲ ရေး အလေးပေးပြော

သမ္မတဦးသိန်းစိန် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားနေစဉ်

ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအကြိမ်အဖြစ် သမ္မတဦးသိန်းစိန်ဟာ မြန်မာအစိုးရအကြီးအကဲတဦး အနေနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ အခု မကြာခင်အချိန်အတွင်းမှာ မိန့်ခွန်း စကား ပြောခဲ့ပါတယ်။ ဒီမိန့်ခွန်းထဲမှာ ဘယ်အချက်တွေ ဘယ်အကြောင်းအရာတွေကို အဓိကထား ပြောသွားသလဲ စောင့်ကြည့် သတင်းယူနေတဲ့ ကိုသားညွန့်ဦးက ပြောပြပေးထားပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ အခု ပြောသွားတဲ့မိန့်ခွန်းမှာ အားလုံးစောင့်မျှော် ယူဆထားတဲ့အတိုင်းပါပဲ လက်ရှိ မြန်မာအစိုးရအနေနဲ့ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို အဓိကဇောင်းပေးပြီး ပြောသွားတာပါ။ လက်ရှိ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေမှာ စိန်ခေါ်ချက်တွေရှိပြီး။ အောင်မြင်မှုတွေဟာ အခက်အခဲတွေကြားကရရှိခဲ့တာလို့ ပြောပါတယ်။ ဒါပေမယ့် အစီအစဉ်တွေကို နောက်မဆုတ်ပဲ ဆောင်ရွက်သွားမှာဖြစ်တယ်ဆိုပြီး သမ္မတဦးသိန်းစိန်က နိုင်ငံတကာကို ဂတိပေး ပြောဆိုခဲ့ပါတယ်။

Wednesday, September 26, 2012

သမ္မတဦးသိန်းစိန်ကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံ


ဒေါ်အောင်ဆန်းစုကြည် လာရောက် တွေ့ဆုံနှုတ်ဆက်တာကို ရိုးရိုးရှင်းရှင်း အသွင်သဏ္ဍာန်နဲ့ ရင်းရင်းနီးနီး ကြိုဆိုဖို့ ပြင်နေတဲ့ သမ္မတ ဦးသိန်းစိန် (သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဟာ ၁၅ မိနစ်ကြာ ရင်းနှီး နွေးထွေးစွာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး၊ေ   ဆွေးနွေးမှုအပြီး မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဘီဘီစီက တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး မေးကြည့်တော့ ``သမ္မတကြီးနဲ့ တွေ့ရတာ ၀မ်းသာပါတယ်`` လို့ပဲ ဒေါ်အောင်ဆန်းစုကြည်က တိုတိုတုတ် တုတ် ဖြေကြားသွားပါတယ်)။

သမ္မတဦးသိန်းစိန် တည်းခိုနေထိုင်ရာ နယူးယောက် The Mark ဟိုတယ်ကို ဒေါ်အောင်ဆန်း စုကြည် နယူးယောက်စံတော်ချိန် ည ၆ နာရီသာသာ (အမှန်တကယ်ချိန်းဆိုထားချိန်ထက် နာရီဝက်ခန့်စောပြီး) က ရောက်လာခဲ့ပါတာ ဖြစ်ပါတယ်။ ခေါင်းဆောင်နှစ်ဦးဟာ တကယ့်ကို မောင်ရင်းနှမပမာ ရင်းနှီးနွေးထွေးစွာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။


Tuesday, September 25, 2012

သမ္မတ ဦးသိန်းစိန် အမေရိကန်ခရီးစတင်


မြန်မာနိုင်ငံက သွင်းကုန်တွေအပေါ် ပိတ်ဆို့ကန့်သတ်ချက်တွေကို အမေရိကန်ပြည်ထောင်စုဘက်က အမြန်ဆုံး ရုပ်သိမ်းနိုင်လိမ့် မယ်လို့ သမ္မတ ဦးသိန်းစိန်က သူရဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်း မျှော်လင့်ထားကြောင်း သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

တစ်ချိန်တည်းမှာလည်း အမေရိကန်အစိုးရက အရင်က ပိတ်ပင်ထားခဲ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေး ချေးငွေဆိုင်ရာ ကိစ္စကိုလည်း အမေရိကန်လွှတ်တော်က ဥပဒေတစ်ရပ် ပြဋ္ဌာန်းပြီး ဖယ်ရှားပေးလိုက်ပြီလို့ သိရပါတယ်။

ဒါကြောင့် အမေရိကန်အစိုးရ အနေနဲ့ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) လိုမျိုး အဖွဲ့အစည်းတွေနဲ့ ပူးတွဲပြီး မြန်မာနိုင်ငံကို ချေးငွေဆိုင်ရာကိစ္စတွေ ပြန်လည် ကူညီနိုင်တော့မှာလို့ ရိုက်တာသတင်းက ရေးသားပါတယ်။

Sunday, September 23, 2012

NY ရောက်မြန်မာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ စနေနေ့က နယူးယောက်မြို့မှာ မြန်မာနိုင်ငံသားတွေ၊ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ၁၇ ရက်ကြာ အမေရိကန် ပြည်ထောင်စု ခရီးစဉ်ရဲ့ ဒုတိယ ခရီးတထောက် အဖြစ် နယူးယောက်မြို့ကို ရောက်နေစဉ်မှာ စက်တင်ဘာလ ၂၁ ရက်နေ့ကတော့ နယူးယောက်နဲ့ ရပ်ဝေး ရပ်နီးက မြန်မာနိုင်ငံဖွား တိုင်းရင်းသားတွေနဲ့ Queens College မှာ တွေ့ဆုံခဲ့ပါတယ်။ လူအင်အား သုံးထောင်လောက် တက်ရောက်ကြတဲ့ ဒီပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ကိုးကွယ်ကြသူတွေ နေထိုင်ရာနိုင်ငံ ဖြစ်တာကြောင့် ဒီလို မတူကွဲပြား ခြားနားမှုတွေကို အင်အားအဖြစ် ပေါင်းစည်းပြီး အားလုံး စည်းလုံးညီညွတ်ကြဖို့ နဲ့ နိုင်ငံ ပြန်လည် ထူထောင်ရေးမှာ ပြည်ပရောက် မြန်မာနိုင်ငံဖွား တိုင်းရင်းသားတွေ တတ်နိုင်တဲ့ ကဏ္ဍတွေကနေ ပါဝင် ကူညီဆောင်ရွက်ဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။ အပြည့်စုံကိုတော့ နယူးယောက်မြို့ကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ဦးရော်နီညိမ်းက တင်ပြထားပါတယ်။

Saturday, September 22, 2012

ဒေါ်အောင်ဆန်းစုကြည်အား ပေး အပ်သော Global Citizen Award ဆု

နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ (IMF)မန်နေဂျင်းဒါရိုက်တာ ခရစ္စတင်းလာဂတ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်အား ပေး အပ်သော Global Citizen Award ဆုကို စက်တင်ဘာ ၂၁ ရက်က နယူးယောက်မြို့တွင် ကျင်းပသော တတိယအကြိမ်မြောက် Global Citizen Award ဆုပေးပွဲနှင့် ညစာစားပွဲတွင် လက်ခံရယူစဉ် ။

တရားရုံးက ဦးဖြိုးမင်းသိန်းအားအနိုင်ပေးလိုက်

၂၀၁၂ခုနှစ်၊ဧပြီလကြားဖြတ်ရွေးကောက်ပွဲတွင်ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်မဲဆန္ဒ နယ်မှအနိုင်ရရှိခဲ့သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဖြိုးမင်းသိန်းအားယှဉ်ပြိုင်ဘက် ဖြစ်သော ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဒေါက် တာအောင်မြတ်သူကရွေးကောက်ပွဲတွင်တရားမဲ့ပြုကျင့်ပြီးမဲရရှိအောင်ပြုခဲ့ပါသည်ဟုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးသို့ဦးတိုက်လျှောက်ထားတရားစွဲခဲ့သည်။ယင်းအမှုကိုရွေးကောက်ပွဲကော်မရှင်တရားရုံးကလက်ခံစစ်ဆေးခဲ့သည်။ ဦးဖြိုးမင်းသိန်းဘက်ကသက်သေ(၁၇)ယောက်တင်ပြခဲ့ပြီး၊ဒေါက်တာအောင်မြတ်သူဘက်ကသက်သေ(၁၉)ယောက်တင်ပြခဲ့သည်။ရုံးချိန်း(၃၃)ကြိမ်စစ်ဆေးကြားနာပြီးနောက်စက်တင်ဘာလ(၂၀)ရက်ကတရားရုံးက ဦးဖြိုးမင်းသိန်းအားအနိုင်ပေးလိုက်သည်။

ဒေါ်စုနဲ့ ကုလအတွင်းရေးမှုးချုပ် တွေ့ဆုံ

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဟာ ကုလသမဂ္ဂဌာနချုပ်ရုံးမှာ သီးခြားတွေ့ဆုံခဲ့ပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်စံချိန် ဒီကနေ့မနက်ပိုင်းမှာ နယူးယောက်မြို့ ကမ္ဘာ့ကုလ သမဂ္ဂရုံးချုပ်ကို ရောက်ရှိနေပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းနဲ့ တွေ့ဆုံပြီး၊ ပူးတွဲ သတင်းစာရှင်းပွဲတခု လုပ်ခဲ့တဲ့ အကြောင်း ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဟာ အမေရိကန်စံချိန် ဒီကနေ့ မနက်ပိုင်း ၁၀နာရီလောက် မှာ ကုလသမဂ္ဂဌာနချုပ်ရုံးမှာပဲ သီးခြားတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ အတွင်းရေးမှုးချုပ်နဲ့ အတူ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ မစ္စတာဗီဂျေးနမ်ဗီးယား နောက် ကုလအတွင်းရေးမှုးချုပ်ရဲ့ ဇနီးဖြစ်သူလည်း ပါဝင်ပါတယ်။

Friday, September 21, 2012

စစ်ပွဲရပ်တန့်ရေး လမ်းလျောက်ဆန္ဒဖော်ထုတ်သူများ ရွှေဂုံတိုင်သို့ဦးတည်နေ

ပြည်တွင်းစစ်ပွဲ ရပ်တန့်ရေးအတွက်လမ်းလျှောက်ဆန္ဒဖော်ထုတ်နေသောအဖွဲ့သည် ယခု တာမွေမြို့နယ်ကျောက်မြောင်းအနီးေ ရာက်ရှိနေပြီဖြစ်ကာ ရွှေဂုံတိုင်သို့ဦး တည်သွားနေကြောင်းသတင်းရရှိသည်။

ပြည်တွင်းစစ်ပွဲ ရပ်တန့်ရေးအတွက် လူမှုရေး အဖွဲ့အစည်းပေါင်းစုံ လမ်းလျှောက်ဆန္ဒဖော်ထုတ်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်ခန့်က ဆူးလေမြို့တော်ခန်းမရှေ့စုရပ်မှ တီရှပ်အပြာရောင် ('တစ်နိုင်ငံလုံး စစ်ပွဲရပ်'ဆိုသော စာတမ်းပါ တီရှပ်)များ ၀တ်ထားကြသည်။

နံနက် ၁၀ နာရီခွဲမှစတင်ကာ ဆူးလေမှ စထွက်လာကာ 'Peace for Substainable' စာတမ်းပါ တီရှပ်များ ၀တ်ဆင်ထားသည့် လူ ၅၀၀ ခန့်သည် ဆူးလေမှ မဟာဗန္ဓုလလမ်းအတိုင်း ဗိုလ်တထောင်ဘုရားလမ်း၊ အထက်ပုဇွန်တောင်လမ်း၊ ဗညားဒလလမ်း၊အနောက်ရွှေဂုံတိုင်၊ အရှေ့ရွှေဂုံတိုင်၊ လင့်လမ်း၊ ဓမ္မစေတီလမ်းတို့သို့ လမ်းလျှောက်ပြီး ပြည်လမ်းအတိုင်း
အင်းလျားကန်ပေါင်အနီးရှိ တံတားဖြူမှတ်တိုင်သို့ ချီတက်ကြမည်ဖြစ်သည်။

မြန်မာ့အရေးလူပ်ရှားသူများ NED ဆုချီးမြှင့်

ED ရဲ့ ၂၀၁၂ခုနှစ် ဒီမိုကရေစီဆုပေးပွဲအခမ်းအနား၊ ဝါရှင်တန်ဒီစီ၊ အမေရိကန်။ (စက်တင်ဘာ ၂၀၊ ၂၀၁၂)
ဖိနှိပ်တဲ့ အာဏာရှင်အစိုးရတွေရဲ့ အုပ်ချုပ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ခံထားရတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး လှုပ်ရှား မှုက ပြည်သူတွေအတွက် စစ်မှန်တဲ့ မျှော်လင့်ချက်ကို ပေးခဲ့တယ်လို့ ကမ္ဘာတဝန်း ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို ပံ့ပိုး ထောက် ပံ့ပေးနေတဲ့ NED အဖွဲ့ဥက္ကဌက ပြောလိုက်ပါတယ်။

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို ကိုယ်စားပြုသူ ၅ ယောက်ကို NED ရဲ့ ၂၀၁၂ ခုနှစ် ဒီမိုကရေစီဆု ပေးပွဲမှာ အဖွဲ့ဥက္ကဌ Carl Gershman (ဂါရှ်မန်) က ပြောခဲ့တာဖြစ်ပါတယ်၊ Congress လွှတ်တော် အဆောက်အဦးအဆောက်အဦးမှာ ပြုလုပ်တဲ့ အခမ်းအနား ကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပြင်၊ အမေရိကန်နိုင်ငံရေးလောကမှာ သြဇာညောင်းတဲ့ လွှတ်တော် အမတ်ခေါင်းဆောင်တွေ၊ အမေရိကန်အစိုးရတာဝန်ရှိသူတွေလဲ တက်ရောက် မိန့်ခွန်းပြောခဲ့ကြပါတယ်။

Thursday, September 20, 2012

အရင်လိုမဟုတ်ပါဘူး

ယမန်နေ့က ကွန်ဂရက်လွှတ်တော် ရွှေတံဆိပ်ဆု လက်ခံယူနေသည့် ဒေါ်အောင်ဆန်းစုကြည်၊ ဓာတ်ပုံ- Global post.com
 
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆို အမေရိကန် ပြည်ထောင်စု ကို ရောက်နေပါတယ်။ ဒါဟာ နှစ်ပေါင်း ၂၄ နှစ်ကျော်မှာ တတိယမြောက် နိုင်ငံခြား ခရီးစဉ် ထွက်ခြင်း လည်းဖြစ်ပါတယ်။ 

 ပထမဆုံး နိုင်ငံခြား ခရီးစဉ်ကတော့ ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ စီးပွားရေး ဖိုရမ်တက်ခဲ့ဖို့ လာတဲ့ အိမ်နီးချင်း ထိုင်း ခရီးစဉ်ပါ။ နောက်တော့ နိုဗဲလ်ငြိမ်းချမ်းရေး ဆုကို နော်ဝေနိုင်ငံမှာ လက်ခံရရှိတဲ့ မိန့်ခွန်းပြောတာ၊ ဗြိတိသျှ လွှတ်တော် ၂ ရပ် ပေါင်း မှာ သမိုင်းဝင် မိန့်ခွန်းတွေ ပေးခဲ့တာ စသဖြင့် ပြီးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပခရီးစဉ် ၂ ခုလုံးဟာ နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ထိပ်တန်း သတင်းတွေအဖြစ် ဖော်ပြခဲ့စဉ် မြန်မာ့ သတင်းစာတွေမှာတော့ မဖော် ပြခဲ့ပါဘူး။ 

မြန်မာ သမ္မတဦးသိန်းစိန် အမေရိကန်ရဲ့တားမြစ် စာရင်းက ပယ်ဖျက်


ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်

အမေရိကန် ပြည်ထောင်စုကို ရှေ့သီတင်းပတ်ထဲ ရောက်လာဖို့ ရှိနေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရ တာဝန်ရှိသူ တချို့အပေါ် ပိတ်ပင် တားမြစ်ထားတာကို အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာန က ဖယ်ရှားပေးလိုက်ပါတယ်။

အစိုးရအဖွဲ့ အကြီးအကဲဖြစ်သူ သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့အပေါ် ကန့်သတ်ပိတ်ပင်ရမယ့် အထူး ပုဂ္ဂိုလ်တွေအဖြစ် စာရင်းသွင်းထားရာက ပယ်ဖျက်ပေးလိုက်တဲ့ အကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဌာနက ဗုဒ္ဓဟူးနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။


အမေရိကန် ပြည်ထောင် စု နယူးယောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ဖို့ သမ္မတ ဦးသိန်းစိန် ရောက် လာချိန်မှာပဲ ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အပြောင်းအလဲတွေအပေါ် တုံ့ပြန်တဲ့ အနေနဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို ဖယ်ရှားပေးဖို့ ကတိပြုထားတဲ့ အမေရိကန်ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာပဲ အမေရိကန် လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ မှုတွေ လုပ်ကိုင်ခွင့် ပြုခဲ့တာပါ။
ဗွီအိုအေ (မြန်မာဌာန)

ဒေါ်အောင်ဆန်းစုကြည် သမ္မတအိုဘားမားနဲ့တွေ့ဆုံ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်သမ္မတအိုဘားမားတို့ သမ္မတအိမ်ဖြူတော်မှာ တွေ့ဆုံစဉ်။ (၀၉-၁၉-၁၂။)
အမေရိကန်မှာ သီတင်းသုံးပတ်နီးပါးကြာ ရောက်နေတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဘရက်ခ် အိုဘားမားတို့ တွေ့ဆုံခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ သီတင်း ၃ ပတ်နီးပါးကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ဟာ ဗုဒ္ဓဟူးနေ့မှာတော့ သမ္မတ ဘရက်ခ် အိုဘားမားနဲ့ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံမှု အသေးစိတ်နဲ့ ပတ်သက်လို့တော့ တစုံတရာ ထုတ်ပြန်ခဲ့တာမျိုး မရှိပါဘူး။

အိမ်ဖြူတော် ပြောခွင့်ရသူ Jay Carney ကတော့ မြန်မာနိုင်ငံမှာ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ ဒီမိုကရေစီအစိုးရ တရပ် ပေါ်ထွန်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာလူထုရဲ့ လှုပ်ရှားမှုတွေ အပေါ် အမေရိကန် ပြည်ထောင်စုက နှစ်ပေါင်း များစွာ အားပေး ထောက်ခံမှုတွေကို ထပ်မံ အတည်ပြု ပေးနိုင်မယ့် အခွင့် အလမ်း တရပ်အဖြစ် ရည်ညွန်း ပြောဆိုသွားပါတယ်။

Wednesday, September 19, 2012

သတင်းတို

၈၈ မျိုးဆက် ခေါင်းဆောင် ၁၉ ဦး ပတ်စ်ပို့ ရပြီ 


၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ပထမအသုတ် နိုင်ငံကူး လက်မှတ် (ပတ်စ်ပို့)လျှောက်ထားခဲ့သူ ၁၉ ဦးစလုံး ယနေ့ နေ့လယ်ပိုင်းက ရရှိပြီဖြစ်ကြောင်း သတင်းရသည်။ မကြာသေးခင်က ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်သည် ပတ်စ်ပို့ ထုတ်ပေးရာတွင် မမျှမတ ဖြစ်သည့်အတွက် အမေရိကန် ခရီးစဉ်ကို ပယ်ဖျက်လိုက်သည်။ ထောင်ဒဏ် ၆၅ နှစ် ကျခံ ခဲ့ရသည့် လုပ်ဖော်ကိုင်ဖက် ၁၉ ဦး ညီတူညီမျှ ပတ်စ်ပို့ လျှောက်ထားခဲ့ရာတွင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး တို့ ၃ ဦးသာ ရရှိသည်ဟု အာဏာပိုင်များက အကြောင်းကြားခဲ့သည်။ ထို့ကြောင့် ညီတူညီမျှ ရရှိသည့်အချိန်မှသာ အားလုံး အတူ ထုတ်ယူ မည်ဟု ကိုမင်းကိုနိုင်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

Monday, September 17, 2012

မင်းကိုနိုင် အမေရိကန် ခရီးစဉ် ဘာကြောင့်ဖျက်

ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး တို့ ၃ ဦးကိုသာ နိုင်ငံကူးလက်မှတ်ထုတ်ပေးသော်လည်း ကျန်နိုင်ငံရေးအကျဉ်းသားဟောင်းများကို ခွဲခြားဆက်ဆံသောကြောင့် အမေရိကားကို ဆုသွားမယူ (ဓာတ်ပုံ- 88 Generation Students)
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် အမေရိကန် ပြည်ထောင်စုသို့ သွား၍ ၀ါရှင်တန်အခြေစိုက် National Endownment forDemocracy –NED က ယခုနှစ် အတွက် အခြား မြန်မာ ၄ ဦးနှင့် ဒီမိုကရေစီ ဆုလက်ခံရန် အစီအစဉ်ကို ပယ်ဖျက်လိုက်ကြောင်း လတ်တလော ကချင်ပြည်နယ်တွင် ရောက်နေသော ကိုမင်းကိုနိုင်က ပြောသည်။

“ခရီးစဉ်ကို ဖျက်လိုက်ရတာက ပါ့စ်ပို့ထုတ်ပေးတဲ့ကိစ္စ မမျှမတလုပ်လို့ပါ။ ကျနော်တို့ ၆၅ နှစ်ကျတဲ့သူတွေ အတူတူ တင်ထား ခဲ့ကြတယ်။ ကျန်တဲ့သူတွေ မပေးတာတော့ လက်မခံဘူး၊ ဒါပါဘဲ” ဟု ကိုမင်းကိုနိုင်က ဧရာဝတီကို ပြောသည်။

လွန်ခဲ့သည့် ၆ လခန့်က နိုင်ငံကူးလက်မှတ် လျှောက်ထားခဲ့သူ နိုင်ငံရေးအကျဉ်းသားများထဲမှ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး တို့ ၃ ဦးကိုသာ နိုင်ငံကူးလက်မှတ်ရပြီဖြစ်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်က ယခင်သတင်းတပတ်က အကြောင်းကြားလာခဲ့ကြောင်း၊ ထို့ကြောင့် နိုင်ငံကူးလက်မှတ် ခွဲခြားထုတ်ပေးခြင်းကို မဖြစ်သင့်ကြောင်း သမ္မတရုံး ၀န်ကြီးများကတဆင့် ပြန်လည်တင်ပြခဲ့ကြောင်း၊ အနည်းဆုံး ပထမဆုံး အသုတ်လျှောက်ထားခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ၁၉ ဦးကို တပြိုင်တည်းထုတ် မပေးသည့်အတွက် ကျန် ၃ ဦးက သွားရောက်ထုတ်ယူမှု မလုပ်ဟု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုသက်ဇော်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံခရီးစဉ် စတင်ထွက်ခွာ

အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၁၆ ရက်နေ့မှ အောက်တိုဘာလ ၃ ရက်နေ့အထိ သွားရောက်မည့် အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်း Asia Society Global Vision Award ဆုကို လက်ခံရယူမှာဖြစ်ပြီး၊ အမေရိကန် ကွန်ဂရက်လွှတ်တော် ရွှေတံဆိပ်ဆုပေးပွဲ၊ NED မှ ချီးမြှင့်မည့် မြန်မာနိုင်ငံသား ငါးဦးအတွက် ဆုပေးပွဲ၊ နယူးယောက် မှာ ပြုလုပ်မည့် Atlantic Council Global Citizen Award ဆုပေးပွဲတို့ကို တက်ရောက်မှာ ဖြစ်ပါသည်။ အဲ့ဒီနောက် အမေရိကန်နိုင်ငံရဲ့ မြို့ကြီးများဖြစ်သည့် ၀ါရှင်တန် ဒီစီ၊ နယူးယောက်၊ ဖို့ဒ်ဝိန်း၊ ဆန်ဖရန်စစ္စကိုနှင့် လော့စ်အိန်ဂျလိမြို့များ ရှိ မြန်မာမိသားစုများနှင့် တွေ့ဆုံမှာ ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်အတွင်း ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးဖြိုးဇေယျာသော်၊ ဒေါက်တာငယ်ငယ်နှင့် ဦးဇော်မင်းဦးတို့ လိုက်ပါသွားခဲ့ပါသည်။ by: Burma VJ Media Network

Sunday, September 16, 2012

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုးတောင်းဆို

နိုင်ငံရေးအကျဉ်းသား ၃၉၀ ကျော် အကျဉ်းထောင်များအတွင်း ကျန်ရှိနေသေး (ဓာတ်ပုံ- Reuters)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေးတောင်းဆို သည့် လက်မှတ်ထိုးလှုပ်ရှားမှုတွင် ပါဝင်လက်မှတ်ရေးထိုးကာ ထောင်အတွင်းကျန်ရှိနေသည့် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန် တောင်းဆိုလိုက်သည်။

ဧရာဝတီတိုင်း ပုသိမ်မြို့သို့ ယခုလဆန်းပိုင်းက လာရောက်ခဲ့သည့် ခရီးစဉ်တွင် NLD ပါတီ ဥက္ကဋ္ဌက ပါဝင်လက်မှတ်ထိုးခဲ့ခြင်းဖြစ် သည်။

Friday, September 14, 2012

သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အမေရိကန် သို့ သမိုင်းဝင်ခရီး သွားရောက်မည်

နိုင်ငံတော် သမ္မတ ဦးသိန်စိန်နှင့် ဒေါ်အောင်ဆန်း စုကြည်တို့ အမေရိကန် ပြည်ထောင်စုသို့ သမိုင်းဝင်ခရီး သွားရောက် မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး နှင့် အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ် ထံမှ စုံစမ်း သိရသည်။

စက်တင်ဘာလ ၂၀ ရက်နေ့ မှာ နယူးယောက်မြို့မှာကျင်းပမယ့် ကုလသမဂ္ဂ ညီလာခံအမီ သွား ရောက်ပါမယ်။ သုံးရက်လောက် ကြာပါမယ်။ အသေးစိတ်ထုတ်ပြန် ပေးဖို့လည်း ရှိပါတယ်" ဟု နိုင်ငံ တော်သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေး က ပြောသည်။

အမေရိကန် ပြည်ထောင်စု ဘက်မှ ဒုလက်ထောက်နိုင်ငံခြား ရေးဝန်ကြီး မစ္စတာ ဂျိုးဇက်ယွန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံ အမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲလ် တို့က သမ္မတကြီး၏ အမေရိကန် ခရီးစဉ်အတွက် လိုအပ်သောကိစ္စ ရပ်များကို မြန်မာနိုင်ငံခြားရေးဝန် ကြီးဌာနနှင့် တိုင်ပင်လျက် ရှိကြောင်း နိုင်ငံတော်သမ္မတရုံးထံမှ စုံစမ်းသိ ရသည်။

Wednesday, September 12, 2012

သမ္မတနှင့်ဒေါ်အောင်ဆန်းစုကြည် ထံ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ တောင်းဆိုစာပေးပို့

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၁ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ 
စားသောက်ဆိုင်တွင် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ 
RFA
မြန်မာနိုင်ငံတ၀ှမ်းက အကျဉ်းထောင် ၄၀ ကျော်မှာ ကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသား သုံးရာကျော်ကို အမြန်ဆုံး လွှတ်ပေးရေး၊ ကျန်ရှိနေသေးတဲ့ ပြည်ပရောက် ဒီမိုကရေစီ အင်အားစုတွေ ပြည်တွင်းကို သိက္ခာရှိရှိ လုံလုံခြုံခြုံ မြန်မာနိုင်ငံကို ပြန် လာနိုင်ေ ရး တောင်းဆိုထားတဲ့ စာတစ်စောင်ကို သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ထံ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ဒီကနေ့ မနက်က ပေးပို့လိုက်ကြောင်း ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ပြောကြားပါတယ်။

ဒီစာရေးသားလိုက်တဲ့အတွက် မကြာမီ အမေရိကန် ပြည်ထောင်စုကို သွားရောက်တော့မယ် သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင် ဆန်းစုကြည်တို့ရဲ့ ခရီးစဉ်တွေ မတိုင်ခင်မှာ အပြုသဘောဆောင်တဲ့ ရလဒ်ကောင်းတွေ ထွက်ပေါ်လာဖို့ မျှော်လင့်ထား တယ်လို့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ကော်မတီက ကိုဘိုဘိုဦးက RFA ကိုပြောပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးဆုအား သမ္မတဦးသိန်းစိန်နှင့် အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့အားပေးအပ်ရန် ဦးဥာဏ်ဝင်းနှင့်ဆွေးနွေး

ဟားဗတ်တက္ကသိုလ်(Schlor)များဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် Tran Nhan Tong Academy မှကိုယ်စားလှယ် Mr.Dam Duc Anh သည် ၁၀.၉.၂၀၁၂ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုညီလာခံကျင်းပရေးကော်မရှင်အတွင်းရေးမှူး ဦးဥာဏ်ဝင်းအား လာရောက်တွေ့ဆုံပြီး Tran Nhan Tong Reconciliation prize,2012 အား သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်း စုကြည်တို့အား ပေးအပ်မည့်အကြောင်း လာရောက်ဆွေးနွေးခဲ့သည်။

Mr.Dam Duc Anh က ယခုပေးအပ်မည့်ဆုသည် နိုဘယ်(လ်)ငြိမ်းချမ်းရေးဆုနှင့် ကွာခြားကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုသည်မှာ တစ်ဦးတစ်ယောက်တည်းလုပ်၍ မရနိုင်ကြောင်း၊ ထို့ကြောင့် ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦးအား အဆိုပါဆုကို ပေးအပ်ရန် ဆုံးဖြတ်ချက်ချလိုက်ကြောင်း ရှင်းပြခဲ့သည်။

NLDအမတ်ဒေါ်ဖြူဖြူသင်း ရွေးကောက်ပွဲ အမူ အနိုင်ရ

ပြီးခဲ့တဲ့ ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲအတွင်း ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ် မဲဆန္ဒနယ်မြေကနေ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဒေါ်ဖြူဖြူသင်းက ၀င်ရောက် ယှဉ်ပြိုင် အနိုင်ရခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်နဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်ဖြူဖြူသင်း အနိုင်ရရှိသွားခဲ့တဲ့ အပေါ်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဘက်က ကိုယ်စားလှယ်က ကန့်ကွက်လွှာ တင်သွင်းခဲ့တာနဲ့ ပတ်သက်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ခုံရုံးမှာ နောက်ဆုံးအမိန့် ချမှတ်လိုက်ပါပြီ။ ဒီကနေ့ ခုံရုံးက ဘယ်လို ဆုံးဖြတ်ချက် ချမှတ်လိုက်လဲ ဆိုတာ အပြည့်စုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ မခင်ဖြူထွေးက ပြောပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲမှာ မင်္ဂလာတောင်ညွှန့် မြို့နယ် ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ပြီး အရွေးခံခဲ့ရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းဟာ ရွေးကောက်ပွဲတွင်း တရားမဲ့ ပြုကျင့်မှုတွေကြောင့် အနိုင်ရခဲ့တာ ဖြစ်တယ်လို့ ဆိုပြီး ကြားဖြတ် ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဘက်က ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ဒေါ်လဲလဲ့အေးက ကန့်ကွက်လွှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။

Tuesday, September 11, 2012

ဒေါ်အောင်ဆန်းစုကြည် NLD ဗဟိုအလုပ်အမှုဆောင်များနှင့် တွေ့ဆုံဆွေးနွေး

၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်က တိုင်းရင်းသားပါတီ လွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်များအား ဒေါ်အောင်ဆန်းစုကြည် စကားပြောကြားနေစဉ်။RFA
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ရန်ကုန် ရွှေဂုံတိုင်လမ်း အဖွဲ့ချုပ်ရုံးမှာ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဒီကနေ့ အစည်းအဝေးမှာ ၂ လကျော် ကြာမြင့်ခဲ့တဲ့ ပထမအကြိမ် စတုတ္ထပုံမှန် လွှတ်တော်အစည်းအဝေးတွေအတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေရဲ့ ဆောင်ရွက်ချက်တွေ၊ အတွေ့အကြုံတွေကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောပါတယ်။
"နေပြည်တော်က လွှတ်တော် အတွေ့အကြုံတွေ၊ အဲဒီလွှတ်တော်ထဲမှာ ဆွေးနွေးကြတာတွေ၊ အဲတာတွေ သူရှင်းပြပါတယ်။ နောက်တစ်ခု ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ သူပြင်ဆင်ရမှာ ဖြစ်တဲ့အတွက် သူနောက်ထပ် စာတမ်းပြုစုဖို့ အချိန်ပေးပါလို့ သူခွင့်တောင်းတယ်။ တစ်ပြည်လုံး အတိုင်းအတာနဲ့ ညီလာခံကိစ္စတွေ၊ ညီလာခံတွေမှာ ဖြစ်ပေါ်နေတဲ့ ပြဿ နာတွေနဲ့ ပတ်သက်ပြီးတော့ တချို့ကိစ္စတွေနဲ့ ပတ်သက်ပြီး သူသဘောထားတွေ ပေးပါတယ်"

Monday, September 10, 2012

ကိုဝေဠု အား ပုဒ်မ ၂၉၅။ ၂၉၅(က) ၁၁၇ တို့ ဖြင့် ဆာလင်းကြီးရဲစခန်းမှ ရဲမှုးလှငွေ မှတရားလိုအဖြစ် အမှုဖွင့်

ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ယက်´မှ ကိုဝေဠု
လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းကြောင့် လယ်ယာမြေများသိမ်းခံရသောတောင်သူများနှင့်အတူ မြေသိမ်းတိုက်ပွဲ ကိုကူညီေ ပးနေသော `ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ယက်´မှ ကိုဝေဠု အာ3း1.8.2012 ရက်နေ့ က ဖမ်းဆီးထားခဲ့ပါသည်။လယ်သားများ ကိုပြန်လွှတ်ပေးလိုက်သောလည်း ကိုဝေဠု အား ပုဒ်မ ၂၉၅။ ၂၉၅(က) ၁၁၇ တို့ ဖြင့် ဆာလင်းကြီးရဲစခန်းမှ ရဲမှုးလှငွေ မှတရားလိုအဖြစ် အမှုဖွင့်ထားကြောင်း သိရပါသည်။ ယခုလို့ ပြည့်အကျိုးကိုဆောင်ရွက်ပေးနေ သော ကိုဝေဠုအားဖမ်းဆီးထားပြီး ကျန်၇ ဦး အား ၀ရန်ထုတ်ထားခြင်းသည်၊ ပြည်သူ့ အခွန်ဖြင့်ဖွဲ့ စည်းထားသော ပြည်သူ့ ဝန်ထမ်းများမှ ပြည်သူ လူထုအား ဆောကားလိုက်ခြင်းဖြစ်သည်။ ထိုကြောင့် အဖမ်းဆီးခံကိုဝေဠုအား ချွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေး၊နောက်ပြီး ကျန်၇ ဦးကိုလဲ ချက်ချင်း ၀ရန်ပြန်သိမ်းပေး၇န်တောင်းဆိုပါသည်။

ကိုဝေဠုမိသားစု များနှင့်ဆက်သွယ်လို ပါက..........
0973210688
0973042289
ကိုဝေဠုအား တရားလိုအဖြစ်တရားစွဲထားသော ရဲမှုး ဦးလှငွေ ဖုန်းနံပါတ်
09421042105
ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ယက်ကိုဆက်သ
ွယ်မေးမြန်းလို ပါက
09450046551
 

ဒေါ်စု အမေရိကန်ခရီးစဉ် စက်တင်ဘာ ၁၆ စမည်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပဲရစ်မြို့ Sorbonne တက္ကသိုလ်ကို ရောက်ရှိခဲ့စဉ်က။ (ဇွန်လ ၂၈ ရက်၊ ၂၀၁၂)။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလာမယ့် တနင်္ဂနွေနေ့ စက်တင်ဘာလ ၁၆ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုကို သွားရောက်မယ်လို့ အမျိုးသား ဒ်ီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက အေအက်ပီ သတင်းဌာနကို ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ အရပ်ဘက်ဆိုင်ရာ အမြင့်ဆုံးဆု ဖြစ်တဲ့ ကွန်ဂရက်စ် ရဲ့ ၂၀၀၈ ခုနှစ် Gold Medal ဆုကို အခုခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူမှာ ဖြစ်ပါတယ်။ အခု ခရီးစဉ်ဟာ နေအိမ် အကျယ်ချုပ် ကနေ လွတ်မြောက်လာပြီး နောက်ပိုင်း အမေရိကန်ပြည်ထောင်စုကို ပထမဆုံးအကြိမ် လာရောက်မယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ မြန်မာပြည် သွားရောက်စဉ် ကတည်း က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီး အမေရိကန်ပြည်ထောင်စုကို လာရောက်ဖို့ ဖိတ်ကြားထားတာပါ။ အမေရိကန်ပြည်ထောင် စုမှာ ရှိစဉ်တော့ အမေရိကန် အစိုးရဘက်က ထိပ်တန်း တာဝန်ရှိသူတွေကိုရော၊ လွှတ်တော်က နိုင်ငံရေး ခေါင်းဆောင်တွေ ကိုပါ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။ နယူးယောက် ကုလသမဂ္ဂရုံး ကိုလည်း သွားရောက်ဖို့ ရှိတယ်လို့ သိရပါတယ်။

Sunday, September 9, 2012

လက်ပတောင်းတောင်အား ထိန်းသိမ်းစောင့်ရှောက်ရန် လယ်တီ ဝိပဿနာ အဖွဲ့က မေတ္တာရပ်ခံ

ဆားလင်းကြီးမြို့နယ် လက်ပတောင်း တောင်ပေါ်တွင် တည်ရှိသည့် မဟာ လယ်တီ ဆရာတော် ဘုရားကြီး သီတင်းသုံး တရားအားထုတ်ခဲ့သည့် နေရာအား လက်ရှိ အစိုးရ တာဝန် ယူထားသူများနှင့် ရဟန်းရှင်လူ အပေါင်းတို့ အနေဖြင့် ထိန်းသိမ်းပေးရန် မေတ္တာ ရပ်ခံသည့် စာအား လယ်တီ ဒီပနီ ထွန်းကား ပြန့်ပွားရေး အဖွဲ့၊ လယ်တီ နိကာယ သံဃာေ
တ်ာများနှုင့် လယ်တီ ဝိပဿနာအဖွဲ့ သံဃာတော်များမှ ထုတ်ပြန် ခဲ့သည်။

ယင်းနေရာသည် ကျေးဇူးရှင် ပထမ လယ်တီ ဆရာတော် ဘုရားကြီး၏ အထုပတ္တိနှင့် စပ်ယှဉ်၍ လည်းကောင်း၊ ဆရာတော်ကြီး သာသနာပြု လုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း၊ မြို့ကြီးပြကြီး တို့တွင် သာမွေ့လျော်လိုကြသော နှောင်းခတ် သာသနာ့ ဝန်ထမ်း ရှင်ရဟန်းတို့အတွက် တောမှီ ရဟန်းအဖြစ်ဖြင့် စံနမူနာပြ ကျန်ရစ်စေရန် လည်းကောင်း၊ မပျောက်မပျက် သမိုင်းဝင်သည့် နေရာ ဖြစ်ခြင်းကြောင့် ထိန်းသိမ်း စေချင်ကြောင်း ယင်းစာတွင် ဖော်ပြထားသည်။

လွှတ်တော်ကော်မတီနဲ့ ဥပဒေပညာရှင်တွေ တွေ့ဆုံ

ပြည်သူ့လွှတ်တော်ရဲ့တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးကော်မတီနဲ့ ဥပဒေ ပညာရှင်များ တွေ့ဆုံနေစဉ်။ (စက်တင်ဘာလ ၈ ရက် ၂၀၁၂)
တရားဥပဒေစိုးမိုးဖို့ဆိုရင် တရားဥပဒေတွေအပေါ်မှာ လူထုရဲ့ ယုံကြည်လက်ခံမှု ရှိဖို့ လိုအပ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းေ ဆာင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ ပြည်သူ့လွှတ်တော်ရဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်ရေး ကော်မတီက ဥပဒေပညာရှင်တွေနဲ့ ဒီကနေ့ ရန်ကုန်တိုင်းဒေသ လွှတ်တော်အဆောက် အဦးမှာ တွေ့ဆုံခဲ့ပါတယ်။ ဒီအကြောင်း သွားရောက် သတင်းယူခဲ့တဲ့ ရန်ကုန်က ဗွီအိုအေ သတင်းထောက် ကိုသူရစိုးက သတင်းပေးပို့ထားပါတယ်။

ပြည်သူ့လွှတ်တော်ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်းရေး ကော်မတီအနေနဲ့ မြန်မာနိုင်ငံက တရားသူကြီးဟောင်းတွေ၊ ရှေ့နေတွေ ဥပဒေပညာရှင်တွေကို ဖိတ်ခေါ်ပြီး တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်မှုနဲ့ ပတ်သက်လို့ ဆွေးနွေး ညှိနှိုင်းခဲ့ကြတာ ဖြစ်ပါတယ် ။ ကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ကတော့ တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်တဲ့နေရာမှာ ပြည်သူလူထုက ပိုပြီး အရေးပါတာကို ထောက်ပြပြောဆိုသွားပါတယ်။

Saturday, September 8, 2012

ဝန်ကြီးအသစ်များ ကျမ်းသစ္စာကျိန်

အစိုးရသစ် လက်ထက် ကျင်းပနေတဲ့ လွှတ်တော် မြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)
ကာကွယ်ရေး ၀န်ကြီးအသစ် ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် အပါအ၀င် တခြားသောလစ်လပ်နေသည့် ၀န်ကြီးဌာန ၀န်ကြီး ၁၁ ဦးနှင့် အသစ်ခန့်အပ်သည့် ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးသိန်းထိုက်တို့ ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် ကျမ်းသစ္စာ ကျိန်ဆိုသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်မှာ အငြိမ်းစားယူသွားသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သူဟု လူသိများပြီး နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။ လွန်ခဲ့သည့် ၂၀၁၀ ပြည့်နှစ်က ပြုလုပ်ခဲ့သည့် စစ်တပ်ရာထူး အပြောင်းအလဲ တွင် စစ်ထောက်ချုပ် ဖြစ်လာခဲ့သူ ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လက ရန်ကုန်တိုင်းဒေသကြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာပြီးနောက် ရန်ကုန်တိုင်း ဒေသ ကြီး ၀န်ကြီးချုပ် ဖြစ်လာနိုင်သူဟု တစ်ပေးခြင်းခံရသူလည်း ဖြစ်သည်။

Friday, September 7, 2012

KIA ယောင်ဆောင်ပြီး ငွေလိုက်တောင်းသူများကိုဖမ်းမိ


စက်တင်ဘာ ၆ ရက် by jinghpawkasa

KIA အယောင်ဆောင်ပြီး ငွေလိုက်တောင်းနေသူ ၃ ဦးအား နမ့်မှော်တွင် ပြည်သူလူထု၏ သတင်းပေးချက်အရ သြဂုတ်လ ၁၄ ရက်နေ့တွင်ဖမ်းဆီးရမိပါသည်။ နှစ်ဦးမှာ မူးယစ်ဆေးဝါးသုံးစွဲသူဖြစ်ပြီး၊ အခြားတစ်ဦးမှာ မသင်္ကာသူဖြစ်ကြောင်း တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း(၆)မှ အရာရှိတစ်ဦးက ဆိုပါ သည်။ မူးယစ်ဆေးဝါး သုံးစွဲသူနှစ်ဦးမှာ ငွေလိုသဖြင့် လုပ်မိလုပ်ရာလု
ပ်မိကြောင်းထွက်ဆိုသဖြင့် တစ်ပတ်ခန့် ထိန်းသိမ်းထားပြီး ဆုံးမပြီး ပြန်လွှတ်ပေးခဲ့ကြောင်း၊ အခြားတစ်ဦးမှာ စစ်တပ်နှင့် ပတ်သက်သူ ဖြစ်နိုင်ကြောင်း၊ စစ်သား တစ်ဦး၏ မထင်မရှားဓါတ်ပုံ တစ်ပုံနှင့် ရဲစခန်းမှ အရာရှိများနှင့် စစ်တပ်မှ အရာရှိများ၏ ဖုန်းနံပါတ် ပါသော စာအုပ်ငယ်တစ်အုပ်လည်း သိမ်းဆည်းရမိကြောင်း၊ ထိုသူအား အရေးယူနိုင်ရန် ဆက်လက် ထိန်းသိမ်းထား ကြောင်း၊ ၎င်းကဆက်လက်ပြောပြပါသည်။

ဖွဲ့စည်းပုံခုံရုံး ဥက္ကဌနဲ့အဖွဲ့ဝင်များ နုတ်ထွက်

နိုင်ငံတော် ဖွဲ့စည်းပုံဆိုင်ရာခုံရုံးရဲ့ ဥက္ကဌနဲ့ ခုံရုံးအဖွဲ့ဝင်များရဲ့ မှတ်တမ်းဓာတ်ပုံများကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး ဝက်ဘ်ဆိုက် http://www.myanmarconstitutionaltribunal.org.mm မှ ကူးယူဖော်ပြပါသည်။
အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ နိုင်ငံတော ဖွဲ့စည်းပုံဆိုင်ရာခုံရုံးရဲ့ ဥက္ကဌနဲ့ ခုံရုံးအဖွဲ့ဝင်တွေကို တာဝန်တွေကနေ နူတ်ထွက် ခွင့်ပြုတယ်လို့ သမ္မတ ဦးသိန်းစိန်ရဲ့အမိန့်နဲ့ အခုညမှာပဲ သမ္မတရုံးကနေ ထုတ်ပြန်ကြေညာသွားပါတယ်။ ဖွဲ့စည်းပုံခုံရုံးဥက္ကဌနဲ့ ခုံရုံးအဖွဲ့ဝင်တွေကို ရာထူးကနေ ဖယ်ရှားဖို့ လွှတ်တော် နှစ်ရပ်ကနေ ဆုံးဖြတ်လိုက်တဲ့ ဒီကနေ့မှာပဲ အချိန်မဆိုင်းဘဲ သမ္မတရဲ့ ခွင့်ပြုမိန့် ကြေညာချက် ဒီညပိုင်းမှာ ထွက်လာတာဖြစ်ပါတယ်။ ဒီအကြောင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

Thursday, September 6, 2012

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ရွှေတိဂုံဘုရား နောက်ဆုံးဖူးရန် ဆန္ဒရှိ

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော
တရုတ်နိုင်ငံတွင် နိုင်ငံရေးခိုလှုံနေရသော အသက် ၉၃ နှစ်ရှိ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကူမင်းမြို့ ဆေးရုံကြီး တွင် အရေးပေါ် ဆေးကုသနေရပြီး နောက်ဆုံးအနေဖြင့် ရွှေတိဂုံဘုရားကို ဖူးမျှော်ရန် ဆန္ဒရှိနေကြောင်း သိရသည်။

နောက်ဆုံးလက်ကျန် ရဲဘော်သုံးကျိပ်ဝင် နှစ်ဦးအနက်မှ တဦးဖြစ်သည့် ဗိုလ်မှူးချုပ် ကျော်ဇော၏ ကျန်းမာရေးမှာ စိုးရိမ်စရာရှိနေပြီ ဖြစ်ကြောင်း၊ ဆေးရုံကြီး၏ အသက်ကယ်ဆောင်တွင် ထားရှိ၍ ကုသနေရပြီး အောက်ဆီဂျင်ဘူး အကူအညီဖြင့် အသက်ရှုနေရ ကြောင်း၊ အစာကိုလည်း ပိုက်ဖြင့် သွင်းနေရကြောင်း သားဖြစ်သူ ဦးအောင်ကျော်ဇော က ပြောသည်။

“မီးစာကုန်ဆီခမ်းတဲ့ အရွယ်ပါ၊ စိတ်မကောင်းတာက စစ်သားပဲကွာ သေဆိုလည်း သေရမှာပေါ့၊ ဒါပေမယ့် ဖေဖေ နောက်ဆုံး အကြိမ် ရွှေတိဂုံဘုရားကို ဖူးချင်တယ်လို့ ပြောတာကိုပါ”ဟု ၎င်းက ဆိုသည်။

Wednesday, September 5, 2012

မန္တလေးမြို့မှာ သံဃာတော်များ ဆက်လက်ဆန္ဒပြ

၀၁၂ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့က မန္တလေးမြို့တွင် သံဃာတော် အပါး ၃၀၀ တတိယမြောက်နေ့ ဆန္ဒပြပွဲပြုလုပ်နေစဉ်။

သံဃာတော် အပါး ၃၀၀ လောက်ဟာ မန္တလေးမြို့ မြတောင်ကျောင်းတိုက်ရှေ့မှာ ဒီကနေ့ မနက်ပိုင်းက စတင်စုဝေးပြီး နေ့လည် ၁၂ နာရီလောက်မှာ ၈၄ လမ်းအတိုင်း ဈေးချိုတော်ဘက်ကို စီတန်းလမ်းလျှောက် ဆန္ဒပြပြီး အခုလို ကြွေးကြော်ခဲ့ကြပါတယ်။

"အမိမြန်မာပြည်ကို-ကာကွယ်ပါ"။      "ရခိုင်ပြည်ကို-ကာကွယ်ပါ"။       "ဒါဘယ်သူ့မြေ-တို့မြေ"။       "ဒါဘယ်သူ့အရပ်-တို့အရပ်"။

မန္တလေးမြို့ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာရကျောင်း နာယကဆရာတော် နိုင်ငံရေး အကျဉ်သားဟောင်း ဦးဝီရသူ စီစဉ်ခဲ့တဲ့ ရခိုင်အရေး သမ္မတရဲ့ ရပ်တည်ချက်အပေါ် ထောက်ခံ ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေက ပိတ်ပင်လိုက်တာကို မသိရှိကြတဲ့ သံဃာတော်တွေဟာ မနေ့ကလည်း မန္တလေးမြို့မှာ မနေ့ကလည်း ဆန္ဒပြခဲ့ကြပါတယ်။

Tuesday, September 4, 2012

ထိုင်း-မြန်မာနယ်စပ်ရှိ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)ဥက္ကဋ္ဌ ကိုအောင်မိုးဇော် မြန်မာနိုင်ငံသို့ရောက်ရှိ


ထိုင်း-မြန်မာနယ်စပ်ရှိ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)ဥက္ကဋ္ဌ ကိုအောင်မိုးဇော်
အား ရန်ကုန်လေဆိပ်တွင် လူ့ဘောင်သစ်(ပြည်တွင်း) စုစည်းရေးကော်မတီမှ ရဲဘော်များက အမဖြစ်သူနှင့်အတူ ကြိုဆိုလာစဉ် (၃၊ ၉၊ ၂၀၁၂။)

Monday, September 3, 2012

လူ့ဘောင်သစ်ပါတီ ဥက္ကဋ္ဌ မြန်မာပြည်ခရီးစဉ်စမည်


ပြည်တွင်းနိုင်ငံရေးအပြောင်းအလဲတွေနဲ့ပတ်သက်လို့ ပြည်ပ အတိုက်အခံခေါင်းဆောင်တချို့ကို ကိုယ်တိုင်လာရောက်လေ့လာခွင့် ပေးတဲ့ သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ အစီအစဉ်အရ ထိုင်းမြန်မာနယ်စပ် အခြေစိုက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ဟာ မနက်ဖြန်မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။
ခရီးစဉ်အတွင်း သက်ဆိုင်ရာ နိုင်ငံရေး၊ ပါတီ၊ လူထုအခြေပြု အဖွဲ့အစည်းတွေ နဲ့တွေ့ဆုံမယ့်အပြင် ပြည်တွင်းမှာ ပါတီ တရားဝင်
ပြန်လည် ရပ်တည်ရေး ကိစ္စလည်းကြိုးစားဆောင်ရွက်မှာဖြစ်တယ်လို့ ဦးအောင်မိုးဇော်က ပြောပါတယ်။

သမ္မတကြီး၏ ရပ်တည်ချက်အား ထောက်ခံပြီး မဟာအောင်မြေမြို့နယ်က စတင်ဆန္ဒပြ


၂ စက်တင်ဘာ ၂၀၁၂။ ရခိုင်အရေးအခင်းနှင့်ပတ်သက်၍ သမ္မတကြီး၏ ရပ်တည်ချက်အား ထောက်ခံပြီး ကုလသမဂ္ဂ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနား ကို ကန့်ကွက်ရှုတ်ချသည့် ဆန္ဒပြပွဲအား မန္တလေးမြို့တွင် နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော် ဦးဝီရသူ ဦးဆောင်ကာ စက်တင်ဘာ လ ၂ ရက် မနက်ပိုင်းက စတင်ပြီး မဟာအောင်မြေမြို့နယ်က စတင်ဆန္ဒပြလျက်ရှိသည်။။ စက်တင်ဘာလ ၂၊ ၃၊ ၄ ရက်နေ့များတွင် မန္တလေး ၆ မြို့နယ်တွင် ဆန္ဒပြမည်ဖြစ်သည်။ (Photos: Chit Ko)

ပြည်တွင်းပြည်ပ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ပြန်လည်တွေ့ဆုံ

ရန်ကုန်မြို့ရှိ ၈၈ မျိုးဆက်ကျောင်းသားများ၏ ရုံးခန်းသို့ ရောက်ရှိလာသည့် ကိုမိုးသီးဇွန် အပါအဝင် ပြည်ပမှ ခေတ္တ ပြန်လည်ရောက်လာကြသော ယခင်က လုပ်ဖော်ကိုင်ဖက် မိတ်ဆွေများအား ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များက ကြိုဆိုနှုတ်ဆက် တွေ့ဆုံနေစဉ်။
Photo courtesy of 88 Generation Students Group Facebook
နှစ်ပေါင်း ၂၄ နှစ်ကြာဝေးကွာနေတဲ့ ပြည်တွင်းပြည်ပ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေရဲ့ အမှတ်တရ ပြန်လည် ဆုံစည်းပွဲကို ဒီကနေ့ ရန်ကုန်မြို့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ရုံးခန်းမှာ ကျင်းပခဲ့ပါတယ်။

နိုင်ငံရေးအရတွေ့ဆုံတာမျိုး မဟုတ်ဘဲ မိတ်ဆွေ အပေါင်းအသင်းတွေ ပြန်ပြီး ဆုံတွေ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံကို ပြန်လည်ေ ရာက်ရှိနေတဲ့ ကိုမိုးသီးဇွန်က ပြောပါတယ်။

ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ပြည်တွင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေနဲ့ မြန်မာနိုင်ငံကို လေးပတ် ကြာရောက်နေတဲ့ ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ပြန်ပြီး ဆုံတွေ့ကြတာ ဖြစ်ပါတယ်။
ကိုမိုးသီးဇွန်တို့ ခရီးစဉ်ဟာ လက်ရှိ နိုင်ငံရေး အပြောင်းအလဲမှာ ပြည်ပရောက် အတိုက်အခံ အင်အားစုတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခန်းကဏ္ဍတွေ အတွက် သမ္မတဦးသိန်းစိန်ရဲ့ ခွင့်ပြုချက်နဲ့ လာရောက်လေ့လာတာ ဖြစ်ပါတယ်။ (RFA)

Sunday, September 2, 2012

ဂစ်တာလေလံပွဲတွင် Sky Netမှ ငွေကျပ်၅၈၈သိန်းဖြင့် လေလံဆွဲယူ


၈၈ မျိုးဆက် စေတနာဝသန် ဂီတရန်ပုံငွေပွဲမှာ ၈၈ မျိုးဆက်ကျောင်းသားများဖြစ်သော ကိုမင်းကိုနိုင်၊ ကိုပြုံးချိုနှင့် ကိုဌေးကြွယ်တို့ ပန်းချီရေးဆွဲထားသော ဂစ်တာကို လေလံဆွဲယူတာ ဖြစ်ပါတယ်။ အခုအခါ အဆိုပါ ဂစ်တာကို လေလံစတင်နေပြီးဖြစ်ပြီး ၈ သိန်း ၈ သောင်းနဲ့ လေလံစတင်ကာ (၁) သိန်း ၂၀ (၂) သိန်း ၅၀ (၃) သိန်း (၄) ၈၈ သိန်း (၅) ကိုဝင်းနိုင်မှ သိန်း ၁၀၀ (၆) ကိုဇော်စိုးအောင် ၁၀၈ သိန်း ၈ သောင်း ၈ ထောင် (၇) ၁၈၈ သိန်း ၈ သောင်း ၈ ထောင် (၈) ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် ၂၀၈ သိန်း (၉) Sky Net (ရွှေသံလွင် မိသားစု)မှ ၂၈၈ သိန်း ၈ သောင်း ၈ ထောင် (၁၀) ဦးဇော်ဇော်မှ သိန်း ၃၀၀ တိတိ (၁၁) ၃၈၈ သိန်း ၈ ထောင် (၁၂) ဦးဇော်ဇော်မှ သိန်း ၄၀၈ သိန်း (၁၃) Sky Net ရုပ်သံမှ ၄၈၈ သိန်း (၁၄) ဦးဇော်ဇော်မှ သိန်း ၅၀၀ (၁၅) SKY Net မှ သိန်း ၅၈၈ (စာရင်းပိတ်) ရယူသွားခဲ့ပါသည်။ အခု ရရှိတဲ့ လေလံငွေထဲမှ သိန်းတရာကို ကချင်ဒေသ စစ်ဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းတဲ့အပြင် နောက်ထပ် သိန်း ၁၀၀ ကိုပါ ချမ်းအေးလှတဲ့ ရာသီမှာ ဒုက္ခခံနေရရှာတဲ့ ကလေးငယ်တွေအတွက် လှူဒါန်းတဲ့အတွက် စုစုပေါင်း သိန်း ၂၀၀ တိတိကို ကချင်ဒေသအတွက် လှူပါတယ်၊ ရခိုင်ဒေသအတွက် သိန်း ၁၀၀ ထပ်မံ လှူဒါန်းပါသည်။(BVJ)

ဒေါ်အောင်ဆန်းစုကြည် ပုသိမ်ရေဘေး သွားရောက်ကူညီ

ဧရာဝတီတိုင်း ပုသိမ်မြို့ ရေဘေးဒုက္ခသည်များကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က သွားရောက်တွေ့ဆုံနေစဉ်။

မြန်မာနိုင်ငံမှာ နှစ်စဉ် ကြုံတွေ့နေရတဲ့ ရေဘေးဒုက္ခ ရဲ့အကြောင်းရင်းတွေကို ရှာဖွေပြီး ရေတိုရေရှည် အစီအစဉ်တွေ ဆောင်ရွက်ဖို့ လိုကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ဟာ ဧရာဝတီတိုင်း ပုသိမ်မြို့ကို ဒီကနေ့ သွားရောက်ပြီး ရေဘေးသင့်ပြည်သူတွေနဲ့ တွေ့ဆုံရာမှာ အခုလို ပြောကြားခဲ့တာပါ။

"ဒီနေ့ အဓိက လာရတဲ့အကြောင်းရင်းကတော့ ရေဘေးကြောင့်ထိခိုက်သွားတဲ့ ရပ်ကွက်တွေ အခြေအနေကို လာပြီးတော့ လေ့လာဖို့ပါ။ ၁၁ ရပ်ကွက်တောင်မှ ရေကြီးတဲ့ဒဏ်ကို ခံရတယ်လို့ ပြောပါတယ်။ နံပတ်တစ်ကတော့ ဘာဖြစ်လို့ ဒီလို ရေခဏခဏကြီးလဲပေါ့။ မိုးတွင်းတိုင်း ရေကြီးတဲ့ ရပ်ကွက်တွေမှာ အခြေခံ ပြဿနာရှိတယ်။ ဥပမာ ရေကြည်ဦး ရပ်ကွက်ကိုရောက်တဲ့အခါမှာဆိုရင် တာတွေက ကောင်းကောင်း မပံ့ပိုးထားလို့ နှစ်တိုင်းနှစ်တိုင်း ရေတက်တယ်လို့ ကြားရတယ်။ အဲဒီလိုပေါ့။ ရပ်ကွက်အလိုက် ဘာကြောင့်နှစ်တိုင်းနှစ်တိုင်း ဘာကြောင့် ရေကြီးတာလဲဆိုပြီးတော့ ရေရှည်အတွက် လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ဖို့ ကျွန်မတို့ ကြိုးစားစီစဉ်သွားပါမယ်။"

Saturday, September 1, 2012

မိုးသီးဇွန် ခေါင်းဆောင်သည့် ၁၁ဦးအဖွဲ့ သည် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ရန်ကုန် လေဆိပ်သို့ ယနေ့ ရောက်ရှိ

စက်တင် ဘာ(၁)ရက်နေ့ နံနက်ပိုင်းက ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ လာသော မိုးသီးဇွန်ကို ကြိုဆိုကြ သူများအား တွေ့ရစဉ် (ဓါတ်ပုံ-Popular Myanmar News Journal)

မိုးသီးဇွန် ခေါင်းဆောင်သည့် ၁၁ဦးအဖွဲ့ သည် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ရန်ကုန် လေဆိပ်သို့ ယနေ့ နံနက် ၈ နာကျော်က ရောက်ရှိလာသည်။

၎င်းတို့အဖွဲ့ကို လူဘောင်သစ် ပါတီအဖွဲ့ အပါအ၀င် နိုင်ငံရေး လှုပ်ရှားသူ အများစု လေဆိပ်သို့ လာရောက်ကြို ဆိုခဲ့ကြသည်။ ပြည်တွင်း၌ နေထိုင်ခွင့် ဘယ်လောက် ရသလဲ ၎င်းတို့ မသိရသေးကြောင်း ခန့်မှန်းချေ နေထိုင်ခွင့် တလခန့့် ရမည်ဟု အဖွဲ့တွင်း ပါလာသူ တစ်ဦးကပြောသည်။ မြန်မာပြည် ရောက်ချိန်တွင် ၎င်းတို့အနေဖြင့် ကချင်ဒေသကို လည်းသွားရောက် မည်ဖြစ်ပြီး ပြည်တွင်း၌ လက်ရှိ နိုင်ငံရေး လှုပ်ရှားနေသည့် ဒေသများ အဖွဲ့အစည်း များထံကို သွားရောက် တွေ့ဆုံမည်ဟု သိရသည်။ ယနေ့ ရန်ကုန်သို့ ရောက်ရောက်ခြင်းေ၇ွှတိဂုံဘုရားနှင့် အင်းယားကန်သို့ သွားရောက် မည်ဖြစ်သည်။ ယခုလ ၃ ရက်နေ့တွင် မြန်မာနိုင်ငံကို လာရောက်သည့် ကိစ္စနှင့် ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲကို ယုဇနဟိုတယ်တွင် ပြုလုပ်မည်ဟုသိရသည်။