Saturday, September 22, 2012

တရားရုံးက ဦးဖြိုးမင်းသိန်းအားအနိုင်ပေးလိုက်

၂၀၁၂ခုနှစ်၊ဧပြီလကြားဖြတ်ရွေးကောက်ပွဲတွင်ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်မဲဆန္ဒ နယ်မှအနိုင်ရရှိခဲ့သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဖြိုးမင်းသိန်းအားယှဉ်ပြိုင်ဘက် ဖြစ်သော ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဒေါက် တာအောင်မြတ်သူကရွေးကောက်ပွဲတွင်တရားမဲ့ပြုကျင့်ပြီးမဲရရှိအောင်ပြုခဲ့ပါသည်ဟုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးသို့ဦးတိုက်လျှောက်ထားတရားစွဲခဲ့သည်။ယင်းအမှုကိုရွေးကောက်ပွဲကော်မရှင်တရားရုံးကလက်ခံစစ်ဆေးခဲ့သည်။ ဦးဖြိုးမင်းသိန်းဘက်ကသက်သေ(၁၇)ယောက်တင်ပြခဲ့ပြီး၊ဒေါက်တာအောင်မြတ်သူဘက်ကသက်သေ(၁၉)ယောက်တင်ပြခဲ့သည်။ရုံးချိန်း(၃၃)ကြိမ်စစ်ဆေးကြားနာပြီးနောက်စက်တင်ဘာလ(၂၀)ရက်ကတရားရုံးက ဦးဖြိုးမင်းသိန်းအားအနိုင်ပေးလိုက်သည်။

No comments:

Post a Comment