Wednesday, August 31, 2011

နိုင်ငံရေး အလုပ်ရုံဆွေးနွေးပွဲ နေပြည်တော်တွင် ကျင်းပရန် အစီအစဉ်ရှိ

နေပြည်တော်ရှိ သမ္မတအိမ်တော် (ဓာတ်ပုံ - ဧရာဝတီ)
 မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ထွန်းကားရေး ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်နိုင် ရန် အတွက် ပြည်တွင်း ပြည်ပမှ ကျွမ်းကျင်သူများ ပါဝင်မည့် နိုင်ငံရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ တရပ်ကို နေပြည်တော်တွင် ကျင်းပရန် သမ္မတရုံးမှ စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ 

“နိုင်ငံရေးဖိုရမ်နဲ့ ပတ်သက်လို့ မူအားဖြင့်တော့ ဆက်တိုက်လုပ်သွားဖို့ ရှိတယ်လို့ သိရပေမယ့် ဘယ်တော့၊ ဘယ်လို ကျင်းပမယ်ဆိုတာတော့ မသိပါဘူး” ဟု သမ္မတ အကြံပေးအဖွဲ့ဝင် တဦးဖြစ်သူ ဒေါက်တာ နေဇင်လတ်က ဧရာဝတီကို ပြောသည်။

အဆိုပါ နိုင်ငံရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအတွက် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာ့နိုင်ငံရေးတွင် ပါဝင် ပတ်သက်နေကြသူများနှင့် ပြည်ပသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသော နိုင်ငံရေး လှုပ်ရှားသူများကိုပါ ကျယ်ကျယ်ပြန့်ပြန့် ဖိတ်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်နေပြီး လာမည့် နိုဝင်ဘာလတွင် ကျင်းပနိုင်ရန် ပြင်ဆင် နေသည်ဟု နေပြည်တော် သမ္မတရုံးနှင့် နီးစပ်သူ တဦးက ပြောသည်။

Tuesday, August 30, 2011

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် မျှော်လင့်ချက် နည်းနေသေး


ကျင်းပနေသည့် လွှတ်တော်
အစည်းအဝေး မြင်ကွင်း တခု
(ဓာတ်ပုံ - ဧရာဝတီ)
အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်သော အဆိုတခုအား လွှတ်တော်တွင် အတည်ပြု ဆွေးနွေးခဲ့သော်လည်း သမ္မတ ဦးသိန်းစိန်မှတဆင့် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၌ ထပ်မံဆွေးနွေးမည့် ကိစ္စအပေါ် မျှော်လင့်ချက် နည်းပါးကြောင်း ကိုယ်စားလှယ်တချို့က ပြောကြသည်။

“လွှတ်တော် ဥက္ကဋ္ဌက သမ္မတဆီကို တင်ပေးဖို့အတွက် လက်ခံတာက ပြည်တွင်း ပြည်ပ က ဖိအားတွေ၊ တောင်းဆိုမှုတွေ ဆက်တိုက် လုပ်နေကြတာကြောင့်လို့ ထင်ပါ တယ်။ နိုင်ငံရေး အကျဉ်းသားတွေကို တကယ် ပြန်လွှတ်ဖို့ ကာလတခုကြာ ဦးမယ်လို့ ထင်တယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးက ဆိုသည်။

Saturday, August 27, 2011

နိုင်ငံရေး အကျဉ်းသားများအား လွှတ်မပေးနိုင်သေး

ကုလသမဂ္ဂလူ့အခွင့်အရေးအရာရှိ 
မစ္စတာ သောမတ်စ်အိုဟေးကင်တားနား
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက် မပြုကြောင်း သေချာသည့် အချိန်ကျမှသာ နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးမည်ဟု အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကုလသမဂ္ဂ လူ့အခွင့် အရေးအရာရှိ မစ္စတာ သောမတ်စ်အိုဟေးကင်တားနားနှင့် နေပြည်တော် ၌ တွေ့ဆုံစဉ် ပြော ဆိုလိုက်သည်။
ယခုအစိုးရသည် သဘောထားပျော့ပြောင်းကြောင်း၊ နိုင် ငံတော် ၏ လုပ်အားစုများကို အဆုံးအရှုံးခံပြီး အကျဉ်းထောင် ထဲ ထည့်ထားခြင်းမျိုးအား မည်သည့်အစိုးရက မျှ ပြုလုပ်လို မည် မဟုတ်ကြောင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို အနှောင့် အယှက် မပြုကြောင်း သေချာသည့် အချိန်တွင် အကျဉ်းသားများ အား ပြန်လည် လွှတ်ပေးမည် ဖြစ်ကြောင်း မစ္စတာကင်တားနား၏ တောင်းဆိုချက်ကို ဦးခင်အောင်မြင့်က ဖြေကြားသည်ဟု ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။

Thursday, August 25, 2011

ဦးသိန်းစိန် အပြောင်းအလဲ တကယ် မြင်ချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ယူဆ

သမ္မတဦးသိန်းစိန်ဟာ တကယ် အပြုသဘော ဆောင်ပြီး အပြောင်းအလဲတွေကို မြင်ချင်နေတယ်လို့ ယူဆကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားတို့ ဒီကနေ့ သြဂုတ်လ ၂၄ ရက် နေ့ ညနေမှာ တွေ့ဆုံ ဆွေးနွေးပြီး သတင်းထောက်တွေရဲ့ အမေးကို ဖြေဆိုခဲ့ရာမှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

Sunday, August 21, 2011

အစိုးရအဖွဲ့နှင့် တွေ့ဆုံမှု ဒေါ်အောင်ဆန်းစုကြည် အားရကျေနပ်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်အပါအ၀င် အစိုးရအဖွဲ့ဝင် ၀န် ကြီးများအား တွေ့ဆုံမှုနှင့် ပတ်သက်၍ ကျေနပ်အားရမှုရှိကြောင်း ပြောဆိုသည်ဟု လုံခြုံရေး တာဝန်ယူထား သည့် ဦးခွန်သာမြင့်က ပြောသည်။

ဒ်ါအောင်ဆန်းစုကြည်သည် ယနေ့နံနက် ၁၁ နာရီခန့်တွင် ရန်ကုန်မြို့ သို့ ပြန်လည် ထွက်ခွာသွားပြီဖြစ်ရာ မထွက်ခွာမီ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲသို့ သွားရောက်ခဲ့သည်။

Saturday, August 20, 2011

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန် တွေ့ပြီ

နေပြည်တော်တွင် ရောက်ရှိနေသည့် ဒီမိုကရေစီခါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ ယနေ့ တွေ့ဆုံခဲ့ကြောင်း သတင်း ရရှိသည်။

ယနေ့ နေ့လယ်က နေပြည်တော်သို့ ဆိုက်ရောက်လာေ သာ ဒေါ်အောင် ဆန်းစုကြည်ကို သမ္မတဦးသိန်းစိန်က စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင် ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ မတက်ရောက်ခင် ခေတ္တ တွေ့ဆုံ ပြီးနောက်တွင် သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည် အား နေပြည်တော်အတွင်း လှည့်လည် ကြည်ရှုရန် တိုက်တွန်းကြောင်း သိရသည်။

Thursday, August 18, 2011

အမေရိကန်အရာရှိက ဒေါ်အောင်ဆန်းစုကြည်ကို ဦးအောင်ကြည်နဲ့ တွေ့ဆုံပွဲအကြောင်း မေးမြန်း

အမေရိကန် အထက်လွှတ်တော် အမတ် John Kerry ရဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာလက်ထောက်အရာရှိ Mr. Atman Trivedi နဲ့ ရန်ကုန်မြို့ အမေရိကန်သံရုံး ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းေ ဆာင် ဒေါ်အောင်ဆန်း စုကြည် ကို တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ဒီကနေ့ မွန်းလွဲပိုင်း က သွားရောက်တွေ့ဆုံ ပါတယ်။

Monday, August 15, 2011

ဒေါ်အောင်ဆန်းစုကြည်ကို ပဲခူးတွင် တခဲနက်ကြို

ပဲခူး၊ သနပ်ပင် တို့တွင် ဒေသခံအများအပြားက
ဒေါ်အောင်ဆန်းစုကြည်ကို တွေ့မြင်ရသဖြင့်
ကျေနပ် အားရနေကြသည် (ဓာတ်ပုံ - ဧရာဝတီ)



အကျယ်ချုပ်မှလွတ်မြောက်ပြီး ပထမဦးဆုံး နိုင်ငံရေးခရီးစဉ် အဖစ်ပဲခူးမြို့သို့ ရောက်ရှိသွားသော မြန်မာ့ဒီမိုကရေစီခေါင်းေ ဆာင် ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံအများအပြားက လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်း ဖြတ်သွား မည့် နေရာ များ၊ စာဖတ်ခန်းဖွင့်ပွဲ အခမ်းအနားများတွင် ဒေသခံတို့ က စောင်ဆိုင်းနေခဲ့ကြသည်။

ပြည်သူလူထု၏ ထောက်ခံမှုကို မြင်ရသည့်အတွက် အလွန် ၀မ်းသာသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

Sunday, August 14, 2011

Generation Wave (မျိုးဆက်သစ် လူငယ်များ အစည်းအရုံး) အင်အားစုများ စုပေါင်း၍ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှု ပြုလုပ်


Generation Wave (မျိုးဆက်သစ် လူငယ်များ အစည်းအရုံး) နှင့် အခြား နိုင်ငံရေး တက်ကြွသော လူငယ် အင်အားစုများ စုပေါင်း၍ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုကို ရန်ကုန်မြို့ နှင့် အခြား နယ်မြို့များတွင် ဒီကနေ့ (12-AUG-2011) တွင် ပြုလုပ်ခဲ့ပါသည်။ ၆ပ ၄ပ ရှိသော ဗီနိုင်းများ အခုရေ (၁၅၀) ကို ကားမှတ်တိုင်များ၊ အခြား လူစည်ကားသော နေရာများ နှင့် နံရံများတွင် ချိတ်ဆွဲ ခဲ့ပါသည်။

ကျနော်တို့Generation Wave (မျိုးဆက်သစ် လူငယ်များ အစည်းအရုံး) သည် တရားမျှတမှုနှင့် ငိမ်းချမ်းရေးအတွက် နိုင်ငံရေး အကျဥ်းသားများ အားလုံးကို လွတ်ပေးဖို့ လိုကြောင်း နှင့် အကျဉ်းကျနေသူတွေကို ပြည် သူတွေက အမှတ်တရ ရှိနေကြကြောင်း လက်ရှိ အစိုးရကို အသိပေးခြင်း ဖြစ်ပါသည်။ (Generation Wave
)

Saturday, August 13, 2011

ဧရာဝတီအရေး ဒေါ်အောင်ဆန်းစုကြည် ပြောပြီ

ဒေါ်အောင်ဆန်းစုကြည်
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ အသက်သွေးကြော ဧရာဝတီမြစ်ကြီး အန္တရာယ်နှင့် ရင်ဆိုင်နေရ သဖြင့်  ပူးပေါင်း ဖြေရှင်းရန် လိုအပ်ကြောင်း ပန်ကြားချက်တစောင်ကို ကြာသပတေးနေ့တွင် ရေးသား ထုတ်ပြန်လိုက်သည်။

ဧရာဝတီမြစ်တွင် ပြဿာနာပေါင်းစုံ ဖြစ်ပေါ်လာရခြင်းမှာ စနစ်ကျသည့် စီမံကိန်းများ မရှိခြင်း၊ ထိမ်းသိမ်းမှုဆိုင်ရာ ဥပဒေများကို မလိုက်နာခြင်း၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အသိပညာနှင့် ဗဟုသုတ အားနည်းခြင်း တို့ကြောင့်  ဖြစ်သည်ဟု အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် ထုတ်ပြန်သည့် ပန်ကြားချက်တွင် ဒေါ်အောင်ဆန်း စုကြည်က ထောက်ပြထားသည်။

Thursday, August 11, 2011

မြန်မာ့အရေး ဖိအားပေးဖို့ ကလင်တန်အား အထက်လွှတ်တော် အမျိုးသမီးများ တိုက်တွန်း

အမေရိကန် ကွန်ဂရက် လွှတ်တော် 
အဆောက်အအုံ
မြန်မာစစ်တပ်က တိုင်းရင်းသူ အမျိုးသမီးတွေ အပေါ် အတင်း အဓမ္မပြုကျင့်တာတွေ ရပ်တန့်သွားအောင် အမေရိကန် ပြည်ထောင်စု အနေနဲ့ ဖိအားပေး ဖို့ နိုင်ငံခြားရေး ၀န်ကြီး မစ္စစ် ဟီလာရီ ကလင်တန် ဆီကို အမေရိကန် အထက် လွှတ်တော် အမျိုးသမီး (၁၃) ဦးက သြဂုတ်လ ၁၀ ရက်နေ့က အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုလိုက်ပါ တယ်။

အဓမ္မပြုကျင့်တာကို မြန်မာအစိုးရက စစ်လက်နက်သဖွယ် အသုံးချနေ တာကြောင့် နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး ကော်မရှင် မြန်မာနိုင်ငံကို စေလွှတ်ရေးအတွက် အမြန်ဆုံး အကောင်အထည် ဖေါ်အော င်  ဆောင်ရွက်ပေး ဖို့ စာထဲမှာ တိုက်တွန်းထား ပါတယ်။

Tuesday, August 9, 2011

ဗိုလ်ချုပ်မှုးကြီး ဟောင်း သန်းရွှေ သတိလစ် မေ့မျော

ယခု ထက်တိုင် နိုင်ငံ တော် အာဏာ ကို ချုပ် ကိုင် ထား ဆဲ လို့  ယူဆရတဲ့ မြန်မာ့ စစ်အာဏာရှင် ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ဟာ ပြီး ခဲ့ တဲ့ တနင်္ဂနွေ နေ့ ညနေ က  မြန်မာ ရုပ်ရှင် ဇာတ်ကားတစ်ခု ကို  မြေးဖြစ် သူ နေရွှေသွေးအောင် အပါအ၀င် မိသားစုနဲ့  အတူ ကြည့်ရှုအပြီးမှာ သတိလစ် မေ့ မျော သွား ခဲ့ ပြီး တန င်္လာ နေ့  ညနေမှာ သတိ ပြန်လည်လာ က နော က်နေ့  တွေ မှာတော့ သတိမရ တစ်ချက် ရတစ် ချက် ဖြစ် နေပြီး အခု ထက်ထိ အိပ်ရာ ထက် လဲ နေဆဲ ရှိကြောင်း သူ့  မိသား စု နဲ့  နီးစပ် သူ တစ်ဦး က FNG ကို အတည် ပြု ပြောကြား ပါတယ်။

Monday, August 8, 2011

နယူးဇီလန်နိုင်ငံ၊ အော်ကလန်မြို့တွင် ကျင်းပသော (၂၃)နှစ်မြောက် ၈၈၈၈ ရှစ်လေးလုံးနှစ်ပ​တ်လည်နေ့အခမ်းအနား


နယူးဇီလန်ရောက် မြန်မာမျိုးဆက်သစ် လူငယ်များမှ
(ကမ္ဘာမကြေဘူးသီချင်း) ကို သီဆိုကြစဉ်။

(၂၃) နှစ်မြောက် ရှစ်လေးလုံး နှစ်ပါတ်လည်နေ့ အခမ်းအနားကို နယူးဇီလန်နိုင်ငံ၊ အော်ကလန်မြို့တွင် ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို အလေးပြုခြင်း (၃) ရပ်နှင့် စတင်ခဲ့ပြီး၊ ဒီမိုကရေစီအရေးတော်ပုံ အတွင်း ကျဆုံးသွားကြသော ရဟန်း ရှင်လူ ကျောင်းသားပြည်သူများအတွက် ပန်းခွေချကာ၊ ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ရှစ်စက္ကန့် ငြိမ်ပြီး ဆုတောင်းခဲ့ကြပါတယ်။

ထို့ နောက် သာသနာ့ဥသျှောင်အဖွဲ့(နယူးဇီလန်) အထွေထွေအတွင်းရေးမှူး ဆရာတော် အရှင် သုမနသီရိက အမှာစကား ပြောကြားပါတယ်။ ထို့နောက် အခမ်းအနားသို့  ကြွရောက်လာသော နယူးဇီလန်ပါလီမန် အမတ်များ ဖြစ်ကြတဲ့

Wednesday, August 3, 2011

NLD ဦးဆောင်၍ လှူဒါန်းမှုများ တိုးမြှင့် လုပ်ဆောင်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင်ပြီး ချိတ်ဆက်ထားသည့် အဖွဲ့များက ရန်ကုန်တိုင်းအတွင်းရှိ လိုအပ်နေသူများ အတွက် အာဟာရ ကျွေးမွေးရေးနှင့် အ၀တ်အထည်ဝေမျှရေး လုပ်ငန်းများကို လုပ်ဆောင် နေကြောင်း သိရသည်။

“ကျမတို့ ဒီနေ့တော့ ဖောင်ကြီးမှာရှိတဲ့ အရေပြားရောဂါ ဝေဒနာ သည်တွေဆီကို သွားလှူတာပါ။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ အစီအစဉ်နဲ့ တနင်္လာနေ့ကနေ စနေနေ့အထိ အဖွဲ့အသီးသီးက တရက်စီ တာဝန်ယူပြီး လိုအပ်တဲ့ သူတွေကို လှူဒါန်းနေတာပါ” ဟု NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သူ ဒေါက်တာ ဒေါ်မေ၀င်းမြင့်က ဧရာဝတီကို ပြောသည်။