Monday, August 8, 2011

နယူးဇီလန်နိုင်ငံ၊ အော်ကလန်မြို့တွင် ကျင်းပသော (၂၃)နှစ်မြောက် ၈၈၈၈ ရှစ်လေးလုံးနှစ်ပ​တ်လည်နေ့အခမ်းအနား


နယူးဇီလန်ရောက် မြန်မာမျိုးဆက်သစ် လူငယ်များမှ
(ကမ္ဘာမကြေဘူးသီချင်း) ကို သီဆိုကြစဉ်။

(၂၃) နှစ်မြောက် ရှစ်လေးလုံး နှစ်ပါတ်လည်နေ့ အခမ်းအနားကို နယူးဇီလန်နိုင်ငံ၊ အော်ကလန်မြို့တွင် ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို အလေးပြုခြင်း (၃) ရပ်နှင့် စတင်ခဲ့ပြီး၊ ဒီမိုကရေစီအရေးတော်ပုံ အတွင်း ကျဆုံးသွားကြသော ရဟန်း ရှင်လူ ကျောင်းသားပြည်သူများအတွက် ပန်းခွေချကာ၊ ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ရှစ်စက္ကန့် ငြိမ်ပြီး ဆုတောင်းခဲ့ကြပါတယ်။

ထို့ နောက် သာသနာ့ဥသျှောင်အဖွဲ့(နယူးဇီလန်) အထွေထွေအတွင်းရေးမှူး ဆရာတော် အရှင် သုမနသီရိက အမှာစကား ပြောကြားပါတယ်။ ထို့နောက် အခမ်းအနားသို့  ကြွရောက်လာသော နယူးဇီလန်ပါလီမန် အမတ်များ ဖြစ်ကြတဲ့
ဒေါက်တာ ဂျက်ကီဘလူး (Dr. Jackie Blew – National Party) ၊ ဒေးဗစ်ကလ်ဒွန် (David Caledon – Green party)၊ နယူးဇီလန်နိုင်ငံ ဒုက္ခသည်များဆိုင်ရာကောင်စီ (Refugee Council of New Zealand) ဥက္ကဋ္ဌ ဒေါက်တာ ရာစလင်းဂမ်မ် (Dr. Rasalingam) တို့က မိန့်ခွန်းများ ပြောကြားခဲ့ကြပါတယ်။ နယူးဇီလန်နိုင်ငံ ပါလီမန်အမတ် မာရမ် စထရိ (Maryan Street) ပေးပို့တဲ့ သ၀ဏ်လွှာကို ယင်းပါတီမှ အမတ် ကရိုးဗျူးမောက် (Carl Beaumont) က ဖတ်ကြားပေးခဲ့ပြီး၊ မိန့်ခွန်းလည်း ပြောကြားခဲ့ပါတယ်။ ထို့အပြင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (နယူးဇီလန်) အထွေထွေအတွင်းရေးမှူးချုပ် ပက်ထရစ်ဟုမ်း ကလည်း မိန့် ခွန်း ပြောကြားခဲ့ပါတယ်။


ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် နှင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေ
အခမ်းအနားအထူးအစီအစဉ်အဖြစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ အခမ်းအနားသို့ ပေးပို့သော မိန့်ခွန်း ဗွီဒီယိုကိုလည်း ပြသခဲ့ပါတယ်။ နယူးဇီလန်ရောက် မျိုးဆက်သစ် လူငယ်များမှ ရှစ်လေးလုံးတိုက်ပွဲဝင်သီချင်း (ကမ္ဘာမကြေဘူးသီချင်း) ကို သီဆိုပြီး၊ ကရင်နီတိုင်းရင်းသားများ ကလည်း ရှစ်လေးလုံး ဂုဏ်ပြုသီချင်း (ငြိမ်းချမ်းရေးသို့) ကို သီဆိုခဲ့ကြပါတယ်။
အခမ်းအနားကို နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ ဒီမိုကရေစီရရှိရေး စတဲ့ ကြွေးကြော်သံများ ဟစ်ကြွေးကာ ရုပ်သိမ်းခဲ့ကြပါတယ်။ (Yazawin News)

No comments:

Post a Comment