Tuesday, December 20, 2011

ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို မှတ်ပုံတင်မယ့် NLD ပါတီခေါင်းဆောင်တွေ အဖြစ် ရွေးချယ်

ပြန်လည် မှတ်ပုံတင်မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ရဲ့ခေါင်းဆောင်နဲ့ ဒုတိယ ခေါင်းဆောင်တွေအဖြစ် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို NLD ဗဟို အလုပ်အ မှုဆောင် ကော်မတီက ရွေးကောက် တင်မြှောက်လိုက်ပါတယ်။

ဒီကနေ့ မနက် ၁၀ နာရီက ကျင်းပတဲ့ NLD ပါတီ ပြန်မှတ်ပုံတင် ဖို့ ရွေးကောက်ပွဲ ကော်မရှင်ကို အဆိုပြု လျှောက်ထားခဲ့သူ ၂၁ ဦးရဲ့ အစည်းအဝေးမှာ ခေါင်းဆောင် ၂ ဦးကို အခုလို ရွေးချယ် တင်မြှောက် ခဲ့တာလို့ ပြန်ကြားရေး တာဝန်ခံ ဦးအုံးကြိုင်က ပြောဆိုပါတယ်။

Sunday, December 18, 2011

ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ ထိုင်း​ဝန်ကြီး​ချုပ်​တွေ့​မည်

မြန်မာနိုင်ငံမှာ လက်ခံကျင်း​ပမယ့်​ စတုတ္ထအကြိမ် မဟာမဲ​ခေါင် ​ဒေသခွဲ ထိပ်သီး​ အစည်း​အ​ဝေး​ တက်ဖို့​ရှိတဲ့​ ထိုင်း​ဝန်ကြီး​ချုပ် ယင်လပ်ခ့်​ ရှင်နာဝပ်ဟာ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ​တွေ့​ဆုံမယ်လို့​ ​သိရပါတယ်။
 
ထိုင်း​ ဝန်ကြီး​ချုပ် ယင့်​လပ်ခ့်​ဟာ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အင်္ဂါ​နေ့​ ည​နေပိုင်း​မှာ ​တွေ့​ဖို့​ရှိတဲ့​အ​ကြောင်း​ ထိုင်း​ဝန်ကြီး​ချုပ်ရုံး​ ​ပြောခွင့်​ရက ​ပြောပါတယ်။

ဒီသတင်း​နဲ့​ ပတ်သက်လို့​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်က​နေ ထုတ်ပြန်တာမျိုး​ မရှိ​သေး​ပေမယ့်​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်ဝင် ဦး​ခွန်သာမြင့်​က​တော့​ ထိုင်း​ဝန်ကြီး​ချုပ်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည် ​တွေ့​ဆုံဖို့​ရှိတယ်လို့​ အတည်ပြု​ပြောပါတယ်။

Saturday, December 17, 2011

ကိုဇာဂနာနဲ့ အဖွဲ့ ထိုင်းနိုင်ငံ ရောက်နေ

၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က ထိုင်းနိုင်ငံသို့ လေ့လာရေးခရီး ထွက်ခွာရန် ရန်ကုန်လေဆိပ်တွင် စောင့်ဆိုင်းနေသည့် ဟာသသရုပ်ဆောင် ကိုဇာဂနာနှင့်အဖွဲ့။
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရိုက်ကူးရာမှာ အထောက်အကူ ပြုနိုင်ဖို့် သုံးရက်ကြာ လေ့လာရေးခရီးအဖြစ် ဟာသသရုပ်ဆောင် ကိုဇာဂနာနဲ့ အဖွဲ့ဟာ ထိုင်းနိုင်ငံကို ဒီကနေ့ ရောက်လာပါတယ်။

ဒီဇင်ဘာ ၁၇ ရက်က ၁၉ ရက်အထိ ဘန်ကောက်မြို့မှာ ရှိတဲ့ ရုပ်ရှင် စတူဒီယိုတွေနဲ့ ရုပ်သံသတင်းဌာနက အသုံးပြုနေတဲ့ စတူဒီယိုတွေကို လှည့်လည် လေ့လာမယ့်အကြောင်း၊ ရုပ်ရှင် ဒါရိုက်တာတွေနဲ့လည်း တွေ့ဖို့ရှိကြောင်း ကိုဇာဂနာက အာရ်အက်ဖ်အေကို ပြောပါတယ်။

Wednesday, December 14, 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်ဖို့ ပြင်ဆင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီဇင်္ဘာ ၁၂ ရက်စွဲနဲ့ မှတ်ပုံတင်ခွင့် ပြုလိုက်တာကြောင့် ရက်ပေါင်း သုံးဆယ်အတွင်း မှတ်ပုံတင်နိုင်ဖို့ ပြင်ဆင်နေတယ် လို့ အင်န်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အာရ်အက်ဖ်အေကိုပြောပါတယ်။

“နေပြည်တော် မှတ်ပုံတင် သွားလျှောက်ဖို့ ကျနော်တို့ ပြင်ဆင်နေပါတယ်။ ပါတီရဲ့ ဖွဲ့စည်းပုံရော၊ မူဝါဒရော၊ အဲဒီ ၂၁ ဦးကနေ ရွေးချယ်တဲ့ ပါတီခေါင်းဆောင်၊ ဒု-ခေါင်းဆောင် အဲဒါတွေ လုပ်နေရပါတယ်။ အဲဒါပြီးတာနဲ့ ကျနော်တို့ သွားတင်မှာပါ”

Monday, December 12, 2011

အဖွဲ့ချုပ် သင်္ကေတ ပြောင်းပြီ – ခမောက်မှ ‘ခွပ်ဒေါင်း-ကြယ်’သို့

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပါတီသင်္ကေတ အမှတ်အသားကို ခမောက်တံဆိပ်ကနေ ‘ခွပ်ဒေါင်း-ကြယ်’အဖြစ် ပြောင်းလဲကြောင်း တရားဝင် ကြေညာလိုက်ပါပြီ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ပြည့်နှစ်​ ​ရွေးကောက်ပွဲဝင်တုန်းက​ သုံးခဲ့တဲ့ ခမောက် သင်္ကေတကို မသုံးတော့ဘဲ သင်္ကေတအသစ်ကို သုံးတော့မယ့်အကြောင်း တနင်္ဂနွေနေ့ထုတ် ကြေးမုံသတင်းစာမှာ ထုတ်​ဖော်ကြေညာလိုက်တာ​ ​ဖြစ်ပါတယ်။
အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်ကို ဆက်သွယ်​ ​မေးမြန်းတဲ့အခါ ခုလို ရှင်းပြပါတယ်။ 

Monday, December 5, 2011

မြန်မာနိုင်ငံတွင် ရှစ်လအတွင်း နိုင်ငံရေးအပြောင်းအလဲများ

နေပြည်တော် - နှစ်ပေါင်း ၅၀ အတွင်း မြန်မာနိုင်ငံသို့ အဆင့်မြင့်ဆုံး အမေရိ ကန်အစိုးရအဖွဲ့ ပထမဦးဆုံးလာရောက်ရာတွင် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်သည် မြန်မာ့ခေါင်းဆောင်နှင့် ဒီဇင်ဘာလ ၁ ရက်နေ့ ၌ သမိုင်းဝင်ညှိနှိုင်းဆွေးနွေးပွဲတို ပြုလုပ်ခဲ့သည်။ 

နိုဝင်ဘာလ ရွေးကောက်ပွဲ ပြီးနောက်၊ ယခုနှစ် အစောပိုင်း၌ တက်လာ သည့် အစိုးရသစ်သို့ အာဏာလွှဲပေး ပြီးသည်မှစ၍ မြန်မာနိုင်ငံတွင် အဓိကဖြစ်ရပ်များကို အောက်ပါအတိုင်း ဖော်ပြပါသည်။

၂၀၁၁ ခုနှစ်မတ်လ ၃၀ ရက် - ဖော်ဖော်ရွေရွေ နေတတ်သော ၀န်ကြီး ချုပ်ဖြစ်သော ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်သည် သမ္မတအဖြစ် ကျမ်းကျိန်သည်။ ၁၉၉၂ ခုနှစ်ကတည်းက အာဏာရလာသော တပ်မတော်အစိုးရ ဖျက်သိမ်းပြီး နောက်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အငြိမ်းစားယူသည်။ အနောက်အုပ်စုက ထိုအပြောင်းအလဲများကို အပေါ်ယံ ရွှေမှုန်ကြဲသက်သက်သာ ဖြစ်သည်ဟု ပြင်းပြင်းထန် ထန် ၀ဖန်သည်။ 

ဒေါ်အောင်ဆန်းစုကြည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ် မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားနေကြောင်း သိရ

လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အနေဖြင့် ဒေါ်အောင်ဆန်း စုကြည် ၀င်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားလျက်ရှိနေကြောင်း အဖွဲ့ချုပ်၏ ဗဟိုအလုပ် အမှုဆောင်များက ပြောကြားခဲ့ပါသည်။

"လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ၀င်ရောက် ယှဉ်ပြိုင်တဲ့အခါ ဆင်းရဲနွမ်းတဲ့ ပြည်သူတွေကို ကူညီဖို့အတွက် စဉ်းစားခဲ့ပါတယ်။ ဒီလိုစဉ်းစားပြီးနောက် ရန်ကုန်တိုင်းဒေသကြီးမှာ လွတ်လပ်နေတဲ့ မဲဆန္ဒ နယ် ခြောက်နေရာအနက် ကော့မှူးမြို့နယ်ကို စဉ်းစားထားပါတယ်။ ဒါပေမဲ့လို့ အတည်ပြု မဆုံးဖြတ်ရ သေးပါဘူး။ နောက်ပြီး ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ကလည်း လာမယ့် ကြားဖြတ် ရွေးကောက်ပွဲအတွက် ကျင်းပသွားမည့် လစ်လပ်မဲဆန္ဒနယ်များကို တရားဝင်ထုတ်ဖော် ကြေညာခြင်း မရှိသေးပါဘူး" အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က Eleven Media Group သို့ ယနေ့နံနက်ပိုင်းတွင် ပြောကြားခဲ့ပါသည်။

Sunday, December 4, 2011

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူးရေး ပဏာမညှိနှိုင်း

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင်
အနုပညာရှင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံနေစဉ်။ 
(ဒီဇင်ဘာလ ၃၊ ၂၀၁၁) ဓာတ်ပုံ ASSOCIATED PRESS 
မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားရိုက်နိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က နံမည်ကြီး ရုပ်ရှင် သရုပ်ဆောင်တွေ၊ ဂီတပညာရှင်တွေနဲ့ ဒီကနေ့ နေအိမ်မှာ တွေ့ဆုံခဲ့ပါတယ်။ ဒီနေ့တွေ့ဆုံမှုဟာ ပဏာမ တွေ့ဆုံမှုသာဖြစ်ပြီး ကော်မီတီတရပ် ဖွဲ့စည်း လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာ့လွတ်လပ်ရေးဖခင်၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရေးရာဇ၀င်အကြောင်း ရုပ်ရှင်ရိုက်လိုတဲ့ ဆန္ဒရှိတာကြောင့် နံမည်ကြီး အနုပညာရှင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ သူမ နေအိမ်မှာ ခေါ်ယူ တိုင်ပင်ခဲ့တာပါ။
သရုပ်ဆောင်တွေဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည် ဖြစ်ချင်တဲ့ဆန္ဒကို ဖြည့်ဆည်းပေးလိုတဲ့ဆန္ဒနဲ့ ဒီကနေ့ သွားရောက် တွေ့ဆုံခဲ့တာ ဖြစ်တဲ့အကြောင်း ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ကိုနေတိုးက ပြောပါတယ်။

Friday, December 2, 2011

ဒေါ်အောင်ဆန်းစုကြည်နှင့် ဟီလာရီ တွေ့ဆုံ

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်တို့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က အမေရိကန်သံရုံး တာဝန်ခံနေအိမ်မှာ အတူ ညစာစားရင်း တွေ့ဆုံနေစဉ်။

နိုဝင်ဘာလ ၃၀ ရက်နေ့က မြန်မာနိုင်ငံ ပထမဆုံး ခရီးစဉ် အဖြစ် ရောက်ရှိလာတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ဒီဇင်ဘာလ ၁ ရက်နေ့ မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့် တွေ့ဆုံခဲ့ပါတယ်။ 

ရန်ကုန်မြို့က အမေရိကန်သံရုံး တာဝန်ခံနေအိမ်မှာ တွေ့ဆုံခဲ့တာ ဖြစ်ပြီး အဲဒီမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟီလာရီ ကလင်တန်တို့ သီးသန့် ညစာစားရင်း စကားပြောဆိုခဲ့ကြပါတယ်။ 

အခုလို တွေ့ဆုံချိန်မှာပဲ အမေရိကန် သမ္မတ အိုဘားမားရဲ့ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့လိုက်တဲ့စာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့ပါတယ်။ 

ဒီစာမှာ သမ္မတ အိုဘားမားက အမေရိကန်နိုင်ငံဟာ ဒေါ်အောင်ဆန်းစုကြည်ဘက်က အခုအချိန်မှာသာမက အမြဲတစေ ရပ်တည်လျှက် ရှိနေပါကြောင်း ရေးသားထားပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရချိန် တလျှောက်လုံးမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် တစိုက်မတ်မတ် ပြောဆို လှုံ့ဆော်ခဲ့သူလည်း ဖြစ်ပါတယ်။(RFA - Burmese)

Thursday, November 24, 2011

NLD ပါတီသစ်၏ ဦးဆောင်အဖွဲ့ဝင် ၂၀ ကို ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြမည်

NLD ၏ ပညာရေးကွန်ရက် ၁ နှစ်ပြည့် အခန်းအနားမစမီ ဤသို့ တွေ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ပြန်လည်မှတ်ပုံတင်ခြင်းမဟုတ်ဘဲ နိုင်ငံရေးပါတီ အသစ်အဖြစ် တရားဝင် လျှောက်ထားမည်ဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်တို့အပါအဝင် ပြည်နယ်နှင့် တိုင်း ၁၄ ခုမှ တိုင်းရင်းသားနှင့် လူငယ် စုစုပေါင်း ၂၀ ကို ရွေးကောက်ပွဲကော်မရှင်သို့ ပါတီဦးဆောင်အဖွဲ့အဖြစ် တင်ပြမည်ဟု သိရသည်။

NLD ကို ပါတီသစ်အဖြစ် မှတ်ပုံတင်ရန် လာမည့် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်ထံသို့ တရားဝင် သွားရောက် လျှောက်ထားမည်ဖြစ်ကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

Friday, November 18, 2011

မြန်မာကို အာဆီယံ​ အလှည့်ကျဥက္ကဋ္ဌ တာဝန်ပေးရန် သဘောတူ

photo-reuters
ဒီကနေ့ ပြုလုပ်တဲ့ ၁၉ ကြိမ်မြောက် အာဆီယံ ထိပ်သီး​ အစည်းအဝေး ပထမနေ့မှာ ခုလို သဘောတူညီချက် ရလိုက်တာပါ။

မြန်မာ​ အာဆီယံဥက္ကဋ္ဌလုပ်ဖို့ သဘောတူလိုက်ပြီးတဲ့နောက်​ ​မြန်မာအစိုးရ ပြောခွင့်ရ ဦးကျော်ဆန်းက အနာဂတ်မြန်မာနိုင်ငံဟာ ပိုမိုပွင့်လင်းတဲ့ နိုင်ငံဖြစ်လာပြီး နိုင်ငံတကာနဲ့ရော​ ​ဒေသတွင်း နိုင်ငံတွေနဲ့ပါ ပိုမိုပူးပေါင်း ကူးသန်းဆောင်ရွက်တဲ့​ နိုင်ငံတနိုင်ငံ​အနေနဲ့​ ​မြင်ရတော့မယ်လို့ သတင်းထောက်တွေကို ထုတ်ဖော်​ ပြောကြားလိုက်တယ်လို့ ဘာလီ​ ထိပ်သီးစည်းဝေးပွဲမှာ တက်ရောက်​ သတင်းယူနေတဲ့ ရန်ကုန်တိုင်းမ် မီဒီယာဂရုပ်ဖ်ရဲ့ ဦးကိုကို (စက်မှု) က ပြောပါတယ်။

Thursday, November 17, 2011

အာဆီယံဥက္ကဋ္ဌ မြန်မာဖြစ်ရေး အသေအချာစဉ်းစားဖို့ အမေရိကန်တိုက်တွန်း

ဓာတ်ပုံ AP
မြန်မာနိုင်ငံကို အာဆီယံအလှည့်ကျဥက္ကဋ္ဌနေရာ ပေးရေး မပေးရေးဟာ အာဆီယံ အသင်းဝင်နိုင်ငံတွေကပဲ ဆုံးဖြတ်ရမှာဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောလိုက်ပါတယ်။ ဒါပေမယ့်လည်း မြန်မာကို အာဆီယံဥက္ကဋ္ဌနေရာ ထားခြင်းအားဖြင့် အာဆီယံအသင်းကြီးရဲ့ မျှော်မှန်းချက်တွေ ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ပါ့မလားဆိုတာကိုတော့ အာဆီယံနိုင်ငံတွေ အလေးထားစဉ်းစားဖို့ အမေရိကန်ပြည်ထောင်စုက အာဆီယံကို တိုက်တွန်း လိုက်ပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြပေးပါမယ်။

မြန်မာနိုင်ငံကို လာမယ့် ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ပေးရေးကို မကြာခင် အာဆီယံ ထိပ်သီးအစည်းအဝေးကနေ ဆုံးဖြတ်တော့မှာဖြစ်ပါတယ်။ အာဆီယံအစည်းအဝေးတွေနဲ့ နောက်ဆက်တွဲ အစည်းအဝေးတွေကို တက်ရောက်ဖို့အတွက် အမေရိကန်သမ္မတအိုဘားမား အပါအ၀င် အမေရိကန် ထိပ်တန်းအရာရှိတွေလည်း အင်ဒိုနီးရှား ဘာလီအစည်းအဝေးကို မကြာခင် ရောက်မှာဖြစ်ပါတယ်။

Monday, November 14, 2011

ဦးဝင်းတင်အား မကွေးဆရာတော်မှ သူရသတ္တိဆု တံဆိပ်ကို ပေးအပ်ခဲ့

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အ မှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်ရဲ့ အတ္ထုပ္ပတ္တိ အကျဉ်းကို ဗကသအဖွဲ့ဝင်ဟောင်း ကိုဟန်ဝင်းအောင်မှ ဖတ်ကြားခဲ့ပါတယ်။ အဲဒီနောက်မှာ အစီ အစဉ်(၆)အရ ဦးဝင်းတင်အား မကွေးဆရာတော်မှ အလေးချိန် တစ်ကျပ်သား (ကာလတန်ဖိုး ၇၅ဝ,ဝဝဝ ကျပ်) ရှိ သူရသတ္တိဆု တံဆိပ်ကို ပေးအပ်ခဲ့ပါတယ်။ (Ko Thaung)

Saturday, November 5, 2011

စီးပွားရေးဖွံ့ဖြိုးမှု ရန်ကုန် ညီလာခံ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

စီးပွားရေးဖွံ့ဖြိုးမှု ညီလာခံသို့ တက်ရောက်လာသည့်
 ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာဦးမြင့်တို့အား
ဤသို့တွေ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)




မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်အဖြစ် ကျင်းပသော သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အစိမ်းရောင် စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာနိုင်ငံတကာ ညီလာခံ သို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ယနေ့မနက်ပိုင်းက တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်နှင့် ရန်ကုန်မြို့တွင် နိုဝင်ဘာလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်သော ယင်းအစည်းအဝေး သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ရန် ဖိတ်ကြားခဲ့သော်လည်း အစည်းအဝေး၏ နောက်ဆုံးနေ့တွင်မှ ရန်ကုန်တွင် ကျင်းပသည့် အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်က လာရောက်ခဲ့ခြင်းဖြစ် သည်ဟု သိရသည်။

“ဒေါ်အောင်ဆန်းစုကြည် လာတက်တော့ တအားပေါ့။ အားလုံးက တက်တက်ကြွကြွ ရှိကြတယ်။ အရင်နေ့က အစည်းအဝေးမှာ လူသိပ်မရှိဘူး။ ဒီနေ့တော့ သတင်းထောက်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ စုံစုံညီညီ စည်စည်ကားကား ရှိတယ်” ဟု အစည်းအဝေး ပုံမှန် တက်ရောက်နေသော ပြည်တွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့တဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

Monday, October 31, 2011

အင်ဒိုနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်စုတွေ့ဆုံ

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး R.M. Marty M. Natalegawa (ယာ)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံအပြီး 
သတင်းထောက်များနှင့် တွေ့ဆုံနေစဉ် (အောက်တိုဘာလ ၂၉၊ ၂၀၁၁)
ဓာတ်ပုံ ASSOCIATED PRESS 
မြန်မာနိုင်ငံကို အလည်အပတ်သွားရောက်တဲ့ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ ဟာ စနေနေ့ညပိုင်း သူ့ရဲ့ ခရီးစဉ် အဆုံးမသတ်ခင်မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။
နှစ်ရက်ကြာ မြန်မာပြည်မှာနေထိုင်ခဲ့တဲ့ သူ့ရဲ့ခရီးစဉ်အတွင်း မစ္စတာ မာတီနာတာလီဂါဝါ ဟာ နေပြည်တော်ကို သွားရောက်ပြီး သမ္မတကြီး ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့် အပါအ၀င် ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တိုင်းရင်းသားအရေးနှင့် လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စ ဆွေးနွေး

အမျိုးသားဒီမိုကရေစီ​ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင် ဆန်းစုကြည်နဲ့ အစိုးရကိုယ်စားလှယ် ဦးအောင်ကြည်တို့ ဒီနေ့ တွေ့ဆုံ ရာမှာ တိုင်းရင်းသား​ လက်နက်ကိုင်အဖွဲ့တွေနဲ့ ထာဝရ ငြိမ်းချမ်းရေး ရရှိဖို့ ကိစ္စနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်သူများကိစ္စကို ဆွေးနွေးခဲ့ကြ တယ်လို့ ပူးတွဲထုတ်ပြန်ပါတယ်။

တခြား အသေးစိတ်အချက်အလက်တော့ ထုတ်ပြန်ချက်မှာ မပါပါဘူး။

ရိုဟင်ဂျာ၊ ကိုးကန့်  နှင့် ဒီအေဘီ ပေါ်လစီ


by Moethee Zun on Saturday, October 29, 2011 at 8:38am
ကျနော်တို့  ဒီအေဘီတွင်တာဝန်ယူစဉ်က  ရိုဟင်ဂျာနှင့်ကိုးကန် ကိစ္စကိုဆွေးနွေးခဲ့ရပါတယ်။ တပ်ပေါင်းစုမှချမှတ်ထားသောပေါ်လစီကို နောက်မျိုးဆက်များသိနိင်ရင် ပြန်ဖေါ်ပြပေးလိုပါတယ်။

ရိုဟင်ဂျာရောကိုကိုးကန့် ပါမြန်မာနိင်ငံများဖြစ်ခွင့်ရှိတယ်။လူအခွင့်အရေးအပြည့်အ၀ရရှိစေရမှာဖြစ်ပါတယ်။ လွတ်လပ်စွာစီးပွား ရှာခွင့်၊ကိုးကွယ်ခွင့်နှင့် ရွေးကောက်ခံပိုင်ခွင့်များရှိကြောင်း အသိမှတ်ပြုထားပါတယ်။နိင်ငံသားအခွင့်အရေးတွေရရှိဖို့လည်း ကျနော်တို့  ထောက်ခံပါတယ်။

၂- ဒါပေမဲ့ သူတို့ ကို မြန်မာ ရဲ့  တိုင်းရင်းသား တမျိုး (  Ethnic)  အဖြစ်အသိမှတ်မပြုပါ။ ရိုဟင်ဂျာဟာ  ရခိုင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားတမျိုးအဖြစ်လည်းအသိမှတ်မပြုကြောင်း ဒီအေဘီမှ ဆုံးဖြတ်ထားပါတယ်။

Friday, October 28, 2011

Oxi Day Foundation က ဒေါ်အောင်ဆန်းစုကြည် ကို သတ္တိရှင် အဖြစ် ဂုဏ်ပြု

Oxi Day Foundation ဂရိ-အမေရိကန် အဖွဲ့ကြီးက ကျင်းပသည့် သတ္တိရှင် ဂုဏ်ပြုဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် Battle of Crete သတ္တိရှင်ဆုဖြင့် ဂုဏ်ပြု ချီးမြင့်ခံရသည့် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုဖြင့်ပေးပို့သော နှုတ်ခွန်းဆက်စကားကို တက်ရောက်လာသည့် ပရိသတ်များ နားထောင်နေစဉ်။ ဓါတ်ပုံ - RFA
အမေရိကန် နိုင်ငံရေး လောကမှာ မူဝါဒတွေ ပြောင်းလဲစေဖို့ တိုက်တွန်း စည်းရုံးနေတဲ့ နာမည်ကြီး ဂရိ- အမေရိကန် အဖွဲ့ကြီးဖြစ်တဲ့ Oxi Day Foundation က ကျင်းပတဲ့ သတ္တိရှင် ဂုဏ်ပြုဆု ချီးမြှင့်ပွဲ အခမ်းအနားကို ၀ါရှင်တန်ဒီစီမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်း စုကြည် ကို နိုင်ငံတကာ အမျိုးသမီး သတ္တိရှင် အဖြစ် Battle of Crete ဆုကို ဂုဏ်ပြုချီးမြှင့်တာ ဖြစ်ပါတယ်။ 

Wednesday, October 26, 2011

အရှင်ဂမ္ဘီရကျန်းမာရေး AHRC စိုးရိမ်

ရွှေဝါရောင်သံဃာလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်လို့ ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ အရှင်ဂမ္ဘီရရဲ့ ကျန်းမာရေး အခြေအနေဆိုးဝါးနေတာကြောင့်ဆိုပြီး အရှင်ဂမ္ဘီရကို ဖမ်းဆီးထားမှုနဲ့ပတ်သက်လို့ လူသားချင်း စာနာမှုထား စဉ်းစားပေးဖို့ AHRC အာရှလူ့အခွင့်အရေးကော်မရှင်က မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်ထံ လိပ်မူစာပေးပို့လိုက်ပါတယ်။ အရှင်ဂမ္ဘီရဟာ ပြီးခဲ့တဲ့ကာလက ရိုက်နှက်ခံခဲ့ရတဲ့ ဒဏ်ရာ ဒဏ်ချက်တွေကြောင့် ရာသီဥတုကြမ်းတဲ့ ကလေးထောင်မှာ စိတ်ရော ကိုယ်ပါ ချို့တဲ့ဆင်းရဲမှု ဖြစ်နေတယ်လို့ AHRC ရဲ့စာမှာ ဖော်ပြတာကိုတော့ ဒေါ်မေငြိမ်းက တင်ပြထားပါတယ်။

ကိုဇာဂနာ နိင်ငံရေးအကျဉ်းသားတွေကို ထောက်ပံ မှုများ လုပ်ဆောင်ပေးနေခြင်း

 

သာယာဝတီ.ထောင်ပိုင်ကြီး နဲ့ တွေ့ ပြီး.ပါဆယ်၊ ပိုက်ဆံ နဲ့ ဂျာနယ်တွေ..အပ်တာပါ..။ အရမ်အဆင်ပြေပြီး..အရမ်းဖော်ရွေလို့ ..အထူးကျေးဇူးတင်ပါတယ်..။နိုင်ငံရေးအကျဉ်းသား (၃၄)ယောက်အတွက်..ပိုက်ဆံ ၃သိန်း ၄သောင်း နှင့် ဂျာနယ်(၈၁)ေ စာင်၊ အထွေထွေ စာအုပ်(၃၄)အုပ်လှူခဲ့ပါတယ်..။သာဓုခေါ်ကြပါခင်မျာ..။ (ဇာဂနာ)

Sunday, October 23, 2011

ငွေကြေး အရှုပ်တော်ပုံကြောင့် DVB ဒါရိုက်တာ ဟန်ညောင်ဝေ လက်နက်ချပြီတဲ့ လား

ဦးဟန်ညောင်ဝေ
နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် နိုင်ငံရေးအဖွဲ့ အစည်းများကို စုပေါင်းပြီး ဗမာလူမျိုးများနှင့် အဓိက ရန်တိုက်ပေးခဲ့ သူ ဦးဟန်ညောင်ဝေမှာ ENC အဖွဲ့ ကို တည်ထောင်ခဲ့ သူဖြစ်ပြီး ယခုအခါ ရန်ကုန်မြို့ သို့  ပြန်သွားပြီဖြစ်ကြောင်း သိရသည် ။ DVB အသံလွှင့်ဌါနတွင် ငွေကြေးအရှုပ်တော်ပုံ သိန်းသုံးထောင်ကျော် ကိစ္စနှင့် ပတ်သက်ပြီး ဘာမျှ မပတ်သက်သလို နေပြသော်လည်း ဦးဟန်ညောင်ဝေမှာ နောက်ကွယ်က အဓိက ပတ်သက်ပါဝင်သူဟု လူတွေက ခန့် မှန်းထားကြသည်။ 
 
လွန်ခဲ့ သော နှစ်က ကာဇစ်စတန်နိုင်ငံတွင် ဘင်္ဂလီမူဆလင် လူမျိုးများက ရိုဟင်ဂျာလူမျိုး ညီလာခံ ပြုလုပ်ရာတွင် သဘာပတိအဖြစ် ကိုယ်စားလှယ်တဦးအနေနှင့် တက်ရောက်ကာ သဘာပတိအဖြစ် တက်ရောက်ခဲ့ ရာ ရခိုင်လူမျိုးများက လူမျိုးရေးရန်သူအဖြစ် အသိအမှတ် ပြုထားခံရသူဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသား ညွန့် ပေါင်းအစိုးရတွင် နိုင်ငံခြားရေးဝန်ကြီး ဆောင်ရွက်ခဲ့ သူ ဦးပီတာလင်းပင်မှာ လက်နက်ချ သွားခဲ့ သည်။ နောက် သင့်ဘ၀မဂ္ဂဇင်းအယ်ဒီတာ လုပ်ခဲ့ သူ VOA သတင်းဋ္ဌါနတွင် သတင်းစီစဉ်လွှင့်ခဲ့ သူ ဦးတင်မောင်သန်း ပြည်တော်ပြန်ပြီးနောက် ယခု ဦးဟန်ညောင်ဝေ ပြန်သွားခြင်းဖြစ်သည်။ ပြည်ပတော်လှန်ရေးအင်အားစုများနှင့် ဒီမိုကရေစီအတိုက်အခံများကြားတွင် မြန်မာ နိုင်ငံသို့  ပြန်သွားသူများကို ရန်သူထံတွင် လက်နက်ချသူအဖြစ် သတ်မှတ်ထားရာ ယခုလည်း ဦးဟန်ညောင်ဝေ ပြန်သွားခြင်းမှာ လက်နက်ချခြင်းမှတပါး အခြားမရှိဟု ပြောဆိုနေကြသည်။

Tuesday, October 18, 2011

ကိုမင်းကိုနိုင်၏ ၄၉နှစ်ပြည့် မွေးနေ့အခမ်းအနားကို ရန်ကုန်မြို့ သမိုင်းမြို့မ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေသော ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ၄၉နှစ်ပြည့် မွေးနေ့ အခမ်းအနားကို အောက်တိုဘာလ ၁၈ရက်နေ့တွင် ရန်ကုန်မြို့ရှိ သမိုင်းမြို့မဘုန်းတော်ကြီး ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ မွေးနေ့ပွဲ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးသူရ(ခေါ်) ဇာဂနာအပါအ၀င် ၀ါရင့်နိုင်ငံရေးသမားများ၊ တိုင်းရင်းသားကိုယ်စားလှယ်၊ ၈၈မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူများ၊ သတင်းစာဆရာများနှင့်အတူ ရဟန်းရှင်လူ ပြည်သူ အများအပြားတက်ရောက်ခဲ့ကြပါသည်။

Saturday, October 15, 2011

လုပ်​ဖော်ကိုင်ဖက် နိုင်ငံ​ရေး​အကျဉ်း​သူ အကျဉ်း​သား​တွေကို စိုး​ရိမ်တယ်

ခန္တီး​ထောင်က​နေ ပြန်လွတ်လာတဲ့
နိုင်ငံ​ရေး​အကျဉ်း​သူ မစုစု​နွေး
စစ်ကိုင်း​ တိုင်း​ ခန္တီး​ထောင်က​နေ ပြန်လွတ်လာတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သူ မစုစု​နွေး​ဟာ သူပြန်လွတ်လာ​ပေမယ့်​ ​ထောင်တွင်း​ကျန်​နေသူ​တွေအတွက် စိုး​ရိမ်ရတယ်လို့​ ​ပြောပါတယ်။
 
ခန္တီး​ ထောင်မှာ သူ့​ကို သီး​သန့်​တဦး​တည်း​ ချုပ်​နှောင်ထား​ပြီး​ တခြား​အ​ဆောင်သူ အ​ဆောင်သား​တွေနဲ့​လည်း​ ဆက်သွယ်ခွင့်​မပြုခဲ့​ဘူး​လို့​ မစုစု​နွေး​က ​ပြောပါတယ်။

သတင်း​ စာဂျာနယ်နဲ့​ စာအုပ်​တွေကို​တော့​ ဖတ်ခွင့်​ပေး​တယ်လို့​ ​ပြောပါတယ်။ ဒါ​ကြောင့်​ သူလွတ်တာကို ​ထောင်အာဏာပိုင်​တွေက လာ​ပြော​ပေမယ့်​ ပြစ်ဒဏ်​ကြွေး​ ကျန်ရှိ​ကြောင်း​ ခံဝန်ချက်လက်မှတ် ထိုး​ခိုင်း​ခဲ့​ပေမယ့်​ သူ့​အ​နေနဲ့​ မထိုး​ခဲ့​ဘဲ ငြင်း​ဆိုခဲ့​ပါတယ်။

နောက်ဆုံး​ မနက် ၉ နာရီခွဲ​လောက်မှ လက်မှတ်မထိုး​လည်း​ လွှတ်​ပေး​မယ်လို့​ ​ပြောပြီး​ လွှတ်​ပေး​ခဲ့​တာလို့​ ဆိုပါတယ်။ပြန်လည်လွတ်​မြောက်လာတဲ့​ မစုစု​နွေး​ကို ​မေး​မြန်း​ထား​ပါတယ်။

အခု ပြန်လွတ်လာလာချင်း​ ပထမဆုံး​ ဘာများ​ပြောချင်လဲ။
“ကျန်​နေခဲ့​တဲ့​ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေ အား​လုံး​ကို အမြန်ဆုံး​ လွတ်​မြောက်​စေချင်ပါတယ်။ ပထမဆုံး​ အဲဒါ​ပြောချင်ပါတယ်။”

Wednesday, October 12, 2011

ဇာဂနာလွတ်ပြီ

မြစ်ကြီးနားအကျဉ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နာမည်ကျော် လူရွှင်တော် ဇာဂနာကို မြန်မာအစိုးရက အောက်တိုဘာ လ ၁၂ ရက်နေ့မှာ လွှတ်ပေး လိုက်ပါတယ်။

မြစ်ကြီးနားအကျဉ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နာ မည်ကျော် လူရွှင်တော်ဇာဂနာကို မြန်မာအစိုးရက အောက်တိုဘာလ ၁၂ ရက်နေ့မှာ လွှတ်ပေး လိုက်ပြီ ဖြစ်တဲ့အကြောင်း မိသားစုဝင်တွေက အတည်ပြုပြောဆိုပါတယ်။

လူရွှင်တော်ဇာဂနာဟာ ၂၀၀၈ ခုနှစ် ဇွန်လအတွင်းက နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်စဉ် ဖမ်းဆီးခံခဲ့ရ တာဖြစ်ပြီး ထောင်ဒဏ် ၅၉  နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ အကျဉ်းထောင်ထဲမှာ ၃ နှစ်နဲ့ ၄ လ လောက် ချုပ်နှောင်ခံခဲ့ရပြီး အခုလို ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။

Monday, October 10, 2011

အမျိုး​သမီး​ သုံး​ဦး​ နိုဘယ်လ်ဆုချီး​မြှင့်​ခံရ

အလ်လန်ဂျွန်ဆင် ဆာလစ်ဖ်၊ တာဝါကူးခါမန်း၊ လေးမန်ဘိုဗင်း
၂၀၁၁ ခုနှစ်အတွက် ငြိမ်း​ချမ်း​ရေး​နိုဘယ်လ်ဆုကို လိုက်​ဘေး​ရီး​ယား​နိုင်ငံက အမျိုး​သမီး​နှစ်ဦး​ နဲ့​ယီမင်နိုင်ငံက အမျိုး​သမီး​ တဦး​ကို ​နော်​ဝေ နိုဘယ်လ်ဆု ​ရွေး​ချယ်​ရေး​ကော်မတီက ပူး​တွဲ ​ရွေး​ချယ်ဆုချီး​မြှင့်​လိုက်ပါတယ်။

နော်​ ဝေနိုင်ငံ နိုဘယ်လ်ဆု​ရွေး​ချယ်​ရေး​ကော်မတီက လိုက်​ဘေး​ရီး​ယား​ အမျိုး​သမီး​သမ္မတ အလ်လန်ဂျွန်ဆင် ဆာလစ်ဖ် Ellen Johnson-Sirleaf နဲ့​ တနိုင်ငံတည်း​သား​ ပြည်တွင်း​စစ်ရပ်စဲ​ရေး​စည်း​ရုံး​လှုပ်ရှား​သူ Leymah Gbowee ​လေး​မန်ဘိုဗင်း​ နဲ့​ ယီမင်နိုင်ငံက အမျိုး​သမီး​အခွင့်​အ​ရေး​နဲ့​ ဒီမိုက​ရေစီ​ရေး​ တက်ကြွလှုပ်ရှား​သူ တာဝါကူး​ခါမန်း​ Tawakkul Karman တို့​ကို ညီတူမျှတူ ခွဲ​ဝေ ​ပေး​အပ်လိုက်တဲ့​အ​ကြောင်း​ ဒီက​နေ့​ ထုတ်ပြန်​ကြေညာသွား​ခဲ့​ပါတယ်။

အင်းစိန်ထောင် နိုင်ငံရေးအကျဉ်းသားများက လွတ်ငြိမ်းချမ်းသာခွင့် တောင်းဆို

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့အနီးရှိ နာမည်ဆိုးဖြင့် 
ကမႝာကျော်သော အင်းစိန်ထောင်
(Photo:RFA/Tyler Chapman)
အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြည်တွင်း ငြိမ်းချမ်းရေး မရှိပဲ စစ်မှန်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး မရရှိနိုင်ဘူးလို့ အင်းစိန် အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေက မနေ့က ပြောဆိုလိုက်ပါတယ်။

ထောင်တွင်းကနေ အစိုးရဆီကို အောက်တိုဘာ (၈) ရက်နေ့ နေ့စွဲနဲ့ ပေးပို့ခဲ့တဲ့ လက်ရှိနိုင်ငံရေးအပေါ်သဘောထား အိတ်ဖွင့်ပေးစာမှာ ဖေါ်ပြထားတာ ဖြစ်ပါ တယ်။ 

စစ်မှန်တဲ့ အပြောင်းအလဲ ဖြစ်ပေါ်လာဖို့ နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြော က်ရေးကို အားလုံးက မျှော်လင့်နေတယ် လို့ ပြည်တွင်း နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ကွန်ယက်အဖွဲ့ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ကိုစိုးအောင်က ပြောပါတယ်။ 

အဆိုတော်ကြီး ဒေါ်မာမာအေး ပြည်တော်မပြန်သေး

နယူးဇီလန်နိုင်ငံ၌ ရောက်ရှိနေသည့် ဒေါ်မာမာအေး
(Photo-ရာဇ၀င်)

အမေရိကန်နိုင်ငံတွင် နေထိုင်နေသည့် အဆိုတော်ကြီး ဒေါ်မာမာအေးက မကြာမီ မြန် မာနိုင်ငံသို့ ပြန်မည်ဆိုသည့် သတင်းများ ထွက်ပေါ်နေခြင်းနှင့် ပတ်သက်၍ မဟုတ် မှန်ကြောင်း ငြင်းဆိုလိုက်သည်။

အမေရိကန်နိုင်ငံတွင်နေထိုင်နေသည့် အဆိုတော်ကြီး ဒေါ်မာမာအေးကမကြာ မီ မြန် မာနိုင်ငံသို့ ပြန်မည်ဆိုသည့် သတင်းများထွက်ပေါ်နေခြင်းနှင့် ပတ်သက်၍ မဟုတ် မှန်ကြောင်း ငြင်းဆိုလိုက်သည်။
ဒေါ်မာမာအေး မကြာမီ မြန်မာနိုင်ငံသို့ ပြန်တော့မည်ဖြစ်ကြောင်း၊ အဆိုတော် ဇော်ဝင်းထွဋ်နှင့် လျှပ်တပြက်ဂျာနယ် ထုတ်ဝေသူ ဦးမြတ်ခိုင်တို့ စီစဉ်သည့် ဂီတဖျော်ဖြေပွဲတွင် ၀င်ရောက်သီဆို ရန်ဖြစ်ကြောင်း ပြည်တွင်းစာနယ်ဇင်း အသိုင်းအ၀န်း၌ သတင်းများ ထွက်ပေါ်နေသည်။

Friday, September 30, 2011

ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို နိုင်ငံတော်သမ္မတရပ်ဆိုင်း

ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို နိုင်ငံတော်သမ္မတရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်းသိရ သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်က ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံ ကိန်းကိုရပ်ဆိုင်းလိုက်သည့် အကြာင်း ပါဝင်သည့်စာလွှာကို စက်တင်ဘာ ၃၀ရက်တွင်ကျင်းပသော ပထမအ ကြိမ်လွှတ်တော် ဒုတိယပုံမှန်အစည်း အဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဖတ်ကြားခဲ့သည်။

မိမိတို့အစိုးရသည် ပြည်သူများ ကရွေးကောက်တင်မြှောက်ထားသော ပြည်သူ့အစိုးရဖြစ်သည့် အတွက် ပြည်သူများမလုပ်စေ ချင်သော ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ကို မိမိတို့အစိုးရ သက်တမ်းတွင် လုပ် ကိုင်တော့မည်မဟုတ်ကြောင်းသူရ ဦးရွှေမန်းက ပြည်သူ့လွှတ်တော်တွင် ဖတ်ကြားခဲ့သည်။

Monday, September 26, 2011

နိုင်ငံ​ရေး​အကျဉ်း​သား​လွတ်​မြောက်​ရေး​ ဆု​တောင်း​မည့်​သူများ​ကို ရဲကတား​ဆီး

ဆုတောင်းရန် သွားသူများ နဝဒေး
ရုပ်ရှင်ရုံအနီး တားဆီးခံနေရစဉ်
အ၀ါရောင်ဝတ်များ ဆူးလေဘက်တွေ စောင့်နေ
ရန်ကုန်မြို့တော်ခန်းမအနီးမှာ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲလုပ်ဖို့ သွားသူ ၄၀၀ ကျော် ကို ရဲတပ်ဖွဲ့က လမ်းမှာတားဆီးလိုက် တယ်လို့ ဆုတောင်းပွဲကိုဦးဆောင်သူ တဦးဖြစ်တဲ့ နော်အုန်းလှက ပြောပါ တယ်။

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ကွန်ရက်အဖွဲ့ဝင် ၄၀၀ ကျော် စီးနင်းလိုက်ပါလာတဲ့ ဘီအမ်ဟီးနိုးကား ၃ စီးကို ရဲတပ်ဖွဲ့ဝင်တွေက မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနရုံးချုပ်ရှေ့နားမှာ တားဆီးတာဖြစ်ပြီး အတားခံရတဲ့နေရာမှာပဲ ဆုတောင်းပွဲလုပ်မယ် လို့ အဖွဲ့ဝင်တဦးက မွန်းလွဲတနာရီခွဲ ဆက်သွယ်မေးမြန်းစဉ် ပြောကြားပါတယ်။

Saturday, September 24, 2011

ဗြိတိန် Chatham House ၂၀၁၁ ဆု ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာရေးရာတွေမှာ ထင်ရှားတဲ့ အသင်းကြီးတခုဖြစ်တဲ့ ဗြိတိန်နိုင်ငံက Chatham House က ဂုဏ်ထူးဆောင်ဆု ချီးမြှင့်လိုက်ပါတယ်။ နိုင်ငံခြားဆက်ဆံရေး ကျွမ်းကျင်သူ ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းရဲ့အဖွဲ့ဝင်တွေက နိုင်ငံတကာဆက်ဆံရေးမှာ သိသိသာသာ တိုးတက်အောင် ကြိုးပမ်းနိုင်သူတွေကို နှစ်စဉ် ရွေးချယ် ချီးမြှင့်နေတဲ့ ဂုဏ်ထူးဆောင်ဆုကို ဒီနှစ် ၂၀၁၁ ခုနှစ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်လိုက်တဲ့အကြောင်း ဒီကနေ့ပဲ ကြေညာလိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဖိနှိပ်မှုတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တွန်းလှန်ရင်း ဒီမိုကရေစီရေး ကြိုးပမ်းနေတဲ့ နိုင်ငံတကာမှာ ထင်ရှားသူတဦး ဖြစ်သလို မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရှိဖို့ ကြိုးပမ်းရင်း လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်း အချိန်အတော်များများကို ဖမ်းဆီးခံရရင်းနဲ့ ကုန်ဆုံးခဲ့ရသူ ဖြစ်တယ်လို့လည်း Chatham House ရဲ့ ကြေညာချက်က ဖော်ပြပါတယ်။

Wednesday, September 21, 2011

ဒေါ်အောင်ဆန်းစုကြည် မှ နယူးဇီလန် နိုင်ငံသား လူ့အခွင့်အရေးလှုပ်ရှားသူ မစ္စတာ ခရစ်ကာလ်း တွေ့ဆုံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည် ဟာ စက်တင်ဘာ ၂၀ ရက်နေ့က အဖွဲ့ချုပ် ဌာနချုပ်ရုံး သူမရဲ့ ရုံးခန်းမှာ ပြည်ပသတင်းဌာန များမှ သတင်းစာဆရာများ ၊ ပြည်တွင်းထုတ်ဂျာနယ်များမှ သတင်းစာဆရာများနဲ့ တဖွဲ့ချင်းစီ လက်ခံတွေ့ဆုံဆွေးနွေးပါတယ်။ နံနက်ပိုင်းမှာ ဗီးနပ် ဂျာနယ်၊ သစ္စာဂျာနယ်၊ ၂၄/၇ ဂျာနယ်၊ ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာ အဖွဲ့တွေနဲ့တွေ့ဆုံပြီး ၊ မွန်းလွဲပိုင်းမှာ မိုင်နီချီ့ သတင်းစာ အာရှဗျူရို အကြီးအကဲ ဟီဒေးယူ့ကီနီရှီယို နဲ့အဖွဲ့ ၊ နယူးဇီလန် နိုင်ငံသား လူ့အခွင့်အရေးလှုပ်ရှားသူ မစ္စတာ ခရစ်ကာလ်း၊ ကျိုတို သတင်းဌာနမှ ဘန်ကောက်ဗျုရို အကြီးအကဲ တိုရှီမိဆုဆာဝိုင်း တို့ကို တွေ့ဆုံခဲ့ပါတယ်။ (By: NLD)

Saturday, September 17, 2011

အပြည်ပြည်ဆိုင်ရာ ဒီမိုက​ရေစီ​နေ့​ (​ဒေါ်​အောင်ဆန်း​စုကြည်မိန့်​ခွန်း​ ​ကောက်နုတ်ချက်)

ဒီ​နေ့​ အပြည်ပြည်ဆိုင်ရာဒီမိုက​ရေစီ​နေ့​ အခမ်း​အနား​ကို ရန်ကုန် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရုံး​မှာ ကျင်း​ပပါတယ်။ ဒီအခမ်း​အနား​မှာ အဖွဲ့​ချုပ် အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည် ​ပြောကြား​သွား​တဲ့​ မိန့်​ခွန်း​ကို ​ကောက်နုတ်​ဖော်ပြအပ်ပါတယ်။
 
ဒီမိုက​ရေစီ​တော်လှန်​ရေး​ဆိုတာ တကယ်​တော့​ စိတ်ဓာတ်​တော်လှန်​ရေး​ဖြစ်တယ်။
“ကျမတို့​ရဲ့​ ဒီမိုက​ရေစီ​တော်လှန်​ရေး​ဆိုတာ တကယ်​တော့​ စိတ်ဓာတ်​တော်လှန်​ရေး​ပဲ ဖြစ်တယ်။ ဒီမိုက​ရေစီ ခိုင်မာ​အောင် လုပ်ဖို့​ဆိုလို့​ရှိရင် ကိုယ့်​စိတ်​တွေက တကယ့်​ကို ဒီမိုက​ရေစီနဲ့​ ဆီ​လျော်တဲ့​စိတ်​တွေ ဖြစ်ရမယ်။ ဒီမိုက​ရေစီနဲ့​ဆီ​လျော်တဲ့​ စိတ်ဓာတ်​တွေကို ကျမတို့​မွေး​မြူရမယ်။ ကျမတို့​ပါး​စပ်က​နေပြီး​တော့​ ဘယ်လိုပဲ​ပြော​နေ​ပြော​နေ စိတ်က​နေ ပြီး​တော့​ မပါလို့​ ရှိရင် ကျမတို့​ ​အောင်မြင်​အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး​။ ကျမတို့​ စိတ်ဓာတ်​တော်လှန်​ရေး​ဆိုတာ စိတ်ကို​ပြောင်း​လဲ ခြင်း​ပဲ။ ​တော်လှန်​ရေး​ဆိုတာဟာ အ​ခြေအ​နေတခုကို သိသိသာသာ တခါတည်း​ ​ပြောင်း​လဲပစ်လိုက်တာ ပဲ။ ထင်သာမြင်သာဖြစ်​အောင်လို့​ အ​ပြောင်း​အလဲ အကြီး​ကြီး​ ဖြစ်​အောင်လို့​ လုပ်လိုက်တာပဲ။”

Wednesday, September 14, 2011

ဘာသာရေးဖိနှိပ်မှု အများဆုံးနိုင်ငံများမှာ မြန်မာနိုင်ငံ ဆက်လက်ပါဝင်နေ

ရွှေဝါရောင် သံဃာနှင့် လူထု လှုပ်ရှားမှုကို စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းဖြိုခွဲခဲ့သည့် တနှစ်မြောက် နှစ်ပတ်လည် ၂၀၀၈ စက်တင်ဘာ ၂၇ရက်နေ့က လုံခြုံရေး ထူထပ်စွာ ချထားသော ရန်ကုန်မြို့တွင် သံဆူးကြိုး အရံအတားများ ကြားမှ ဆွမ်းခြွံကနေသော သံဃာတပါး ဖြစ်ပါသည်။ (Photo: AFP)
အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဌာနက ထုတ်ပြန်တဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှု အစီရင်ခံစာမှာ မြန်မာ အပါအ၀င် နိုင်ငံ (၈) နိုင်ငံ ကို နာမည်ပျက် စာရင်း သွင်းခဲ့ပါတယ်။

၂၀၁၀ ခုနှစ် ပထမနှစ်ဝက် အတွက် ထုတ်ပြန်တဲ့ အဲဒီအစီရင်ခံစာမှာ တရုတ်၊ ဆော်ဒီအာရေဗျ၊ မြန်မာ၊ မြောက်ကိုရီးယား၊ အီရီထရီးယား၊ အီရန်၊ ဆူဒန် နဲ့ ဥဇဘက်စတန် နိုင်ငံတွေကို ၂၀၀၉ ခုနှစ်ကစပြီး ဘာသာရေး လွတ်လပ်ခွင့်အတွက် ဘာအပြောင်းအလဲမှ မရှိတဲ့၊ အထူးစိုးရိမ်ဖွယ် နိုင်ငံတွေ အဖြစ် သတ်မှတ် ဖေါ်ပြထား ပါတယ်။ 

Tuesday, September 13, 2011

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် ကိုယ်စားလှယ်တို့ ဖွံ့ဖြိုးမှုအကူအညီပေးရေး ဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အစိုးရ အထူးကိုယ်စားလှယ် တို့ တွေ့ဆုံပြီးနောက် သတင်းထောက်များနှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ - ဧရာဝတီ)























































































































မန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ ဒဲရက် မစ်ချယ်တို့ မြန်မာ့ပညာရေးနှင့် လူမှုရေးကဏ္ဍများတွင် ကူညီပေးရေး ဆွေးနွေးကြသည်။ 

ယနေ့နံနက် ၁၀ နာရီခွဲက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် မိနစ် ၄၀ ခန့်ကြာ တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်ပြီး ဆွေးနွေးသည့် အကြောင်းအရာ အသေးစိတ်ကိုမူ ထုတ်ပြန်ခြင်းမရှိပေ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က “ဒု ဥက္ကဋ္ဌ ဦးတင်ဦးက လူငယ်ကွန်ရက်တွေတဆင့် အခမဲ့ပညာသင်ကြားမှု၊ ဥပဒေပိုင်းဆိုင်ရာ အကာအကွယ်ပေးနေတာတွေကို ဆွေးနွေးတယ်” ဟု ပြောသည်။

Monday, September 12, 2011

မြန်မာ့ဒီမိုကရေစီခေါင်းဆော င် ဒေါ်အောင်ဆန်းစုကြည် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ နေအိမ်သို့ သွားရောက်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နေ့လည် ၁၂း၁၅ မိနစ်တွင် ကျိုင်းတုံထောင်တွင် ထောင်ဒဏ် ၆၅ နှစ် နှင့် ၆ လ အကျဉ်းချထားခြင်းခံနေရသော ၈၈မျိုးဆက်ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင်၏ နေအိမ်သို့ သွားရောက်ကာ မိသားစုဝင်များနှင့် တွေ့ဆုံ၊ နှုတ်ဆက်၊ အားပေးစကားများ ပြောကြားခဲ့ပါသည်....

ခွန်ထွန်းဦးလွတ်မြောက်ရေး မွေးနေ့တွင် လှုံ့ဆော်

ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ခွန်ထွန်းဦး
ရှမ်းတိင်းရင်းသား ခေါင်းဆောင် ခွန်ထွန်းဦး အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီ အရေး လှုပ်ရှားသူများက ယမန်နေ့က ကျရောက်သည့် ခွန်ထွန်းဦး၏ ၆၈ နှစ်မြောက်မွေးနေ့တွင် တောင်းဆိုလိုက်ကြသည်။ 

ထောင်ဒဏ် ၉၃ နှစ် ချမှတ်ခံထားရပြီး ကချင်ပြည်နယ် ပူတာအိုထောင်တွင် ရောက်ရှိ သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ ဥက္ကဋ္ဌ ခွန်ထွန်းဦး မွေးနေ့ အဖြစ် ယမန်နေ့က ရန်ကုန်မြို့ အောင်မြေဘုံသာ ၉မိုင် ရှမ်းဘုန်းကြီးကျောင်းရှိ သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းပွဲသို့  တက်ရောက်သူများက အကျဉ်းသားများ လွတ်မြောက်ရေးအတွက် လက်မှတ်ရေး ထိုး တောင်းဆိုခဲ့ကြသည်။

Monday, September 5, 2011

ဒေါ်အောင်ဆန်းစုကြည်ဆောင်းပါး ပထမဆုံးဖော်ပြခွင့်ရ

ပြည်သူ့ခေတ်ဂျာနယ်
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရေးသားထားသော ခရီးသွား ဆောင်းပါးကို ပြည်သူ့ခေတ် ဂျာနယ်တွင် ပထမဆုံး အကြိမ်အဖြစ် ဖော်ပြ ခွင့်ပြုလိုက် သောကြောင့် ကြိုတင်မှာယူမှုများ ရှိနေသည့်အပြင် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံမေးမြန်းခန်းကို ၂၃ နှစ်အတွင်း ပထမဆုံးအဖြစ် Messenger ဂျာနယ်တွင် ခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။ 


၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ပြည်တွင်း သတင်းမီဒီယာများ အားလုံးက ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံမေးမြန်းခန်းများ ပြုလုပ်ခဲ့ကြကြောင်း၊ သို့ရာတွင် အဆိုပါ တွေ့ ဆုံမေးမြန်းခန်းများကို စာပေစိစစ်ရေးက ဖော်ပြခွင့်မပြုခဲ့ဘဲ စက်တင်ဘာလ ၄ ရက်နေ့ထုတ် Messenger ဂျာနယ်တွင် စိစစ် ဖြတ်တောက်၍ ဖော်ပြခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ ဂျာနယ်မှ တာဝန်ရှိသူတဦးက ပြောသည်။

Wednesday, August 31, 2011

နိုင်ငံရေး အလုပ်ရုံဆွေးနွေးပွဲ နေပြည်တော်တွင် ကျင်းပရန် အစီအစဉ်ရှိ

နေပြည်တော်ရှိ သမ္မတအိမ်တော် (ဓာတ်ပုံ - ဧရာဝတီ)
 မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ထွန်းကားရေး ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်နိုင် ရန် အတွက် ပြည်တွင်း ပြည်ပမှ ကျွမ်းကျင်သူများ ပါဝင်မည့် နိုင်ငံရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ တရပ်ကို နေပြည်တော်တွင် ကျင်းပရန် သမ္မတရုံးမှ စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ 

“နိုင်ငံရေးဖိုရမ်နဲ့ ပတ်သက်လို့ မူအားဖြင့်တော့ ဆက်တိုက်လုပ်သွားဖို့ ရှိတယ်လို့ သိရပေမယ့် ဘယ်တော့၊ ဘယ်လို ကျင်းပမယ်ဆိုတာတော့ မသိပါဘူး” ဟု သမ္မတ အကြံပေးအဖွဲ့ဝင် တဦးဖြစ်သူ ဒေါက်တာ နေဇင်လတ်က ဧရာဝတီကို ပြောသည်။

အဆိုပါ နိုင်ငံရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအတွက် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာ့နိုင်ငံရေးတွင် ပါဝင် ပတ်သက်နေကြသူများနှင့် ပြည်ပသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသော နိုင်ငံရေး လှုပ်ရှားသူများကိုပါ ကျယ်ကျယ်ပြန့်ပြန့် ဖိတ်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်နေပြီး လာမည့် နိုဝင်ဘာလတွင် ကျင်းပနိုင်ရန် ပြင်ဆင် နေသည်ဟု နေပြည်တော် သမ္မတရုံးနှင့် နီးစပ်သူ တဦးက ပြောသည်။

Tuesday, August 30, 2011

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် မျှော်လင့်ချက် နည်းနေသေး


ကျင်းပနေသည့် လွှတ်တော်
အစည်းအဝေး မြင်ကွင်း တခု
(ဓာတ်ပုံ - ဧရာဝတီ)
အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်သော အဆိုတခုအား လွှတ်တော်တွင် အတည်ပြု ဆွေးနွေးခဲ့သော်လည်း သမ္မတ ဦးသိန်းစိန်မှတဆင့် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၌ ထပ်မံဆွေးနွေးမည့် ကိစ္စအပေါ် မျှော်လင့်ချက် နည်းပါးကြောင်း ကိုယ်စားလှယ်တချို့က ပြောကြသည်။

“လွှတ်တော် ဥက္ကဋ္ဌက သမ္မတဆီကို တင်ပေးဖို့အတွက် လက်ခံတာက ပြည်တွင်း ပြည်ပ က ဖိအားတွေ၊ တောင်းဆိုမှုတွေ ဆက်တိုက် လုပ်နေကြတာကြောင့်လို့ ထင်ပါ တယ်။ နိုင်ငံရေး အကျဉ်းသားတွေကို တကယ် ပြန်လွှတ်ဖို့ ကာလတခုကြာ ဦးမယ်လို့ ထင်တယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးက ဆိုသည်။

Saturday, August 27, 2011

နိုင်ငံရေး အကျဉ်းသားများအား လွှတ်မပေးနိုင်သေး

ကုလသမဂ္ဂလူ့အခွင့်အရေးအရာရှိ 
မစ္စတာ သောမတ်စ်အိုဟေးကင်တားနား
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက် မပြုကြောင်း သေချာသည့် အချိန်ကျမှသာ နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးမည်ဟု အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကုလသမဂ္ဂ လူ့အခွင့် အရေးအရာရှိ မစ္စတာ သောမတ်စ်အိုဟေးကင်တားနားနှင့် နေပြည်တော် ၌ တွေ့ဆုံစဉ် ပြော ဆိုလိုက်သည်။
ယခုအစိုးရသည် သဘောထားပျော့ပြောင်းကြောင်း၊ နိုင် ငံတော် ၏ လုပ်အားစုများကို အဆုံးအရှုံးခံပြီး အကျဉ်းထောင် ထဲ ထည့်ထားခြင်းမျိုးအား မည်သည့်အစိုးရက မျှ ပြုလုပ်လို မည် မဟုတ်ကြောင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို အနှောင့် အယှက် မပြုကြောင်း သေချာသည့် အချိန်တွင် အကျဉ်းသားများ အား ပြန်လည် လွှတ်ပေးမည် ဖြစ်ကြောင်း မစ္စတာကင်တားနား၏ တောင်းဆိုချက်ကို ဦးခင်အောင်မြင့်က ဖြေကြားသည်ဟု ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။

Thursday, August 25, 2011

ဦးသိန်းစိန် အပြောင်းအလဲ တကယ် မြင်ချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ယူဆ

သမ္မတဦးသိန်းစိန်ဟာ တကယ် အပြုသဘော ဆောင်ပြီး အပြောင်းအလဲတွေကို မြင်ချင်နေတယ်လို့ ယူဆကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားတို့ ဒီကနေ့ သြဂုတ်လ ၂၄ ရက် နေ့ ညနေမှာ တွေ့ဆုံ ဆွေးနွေးပြီး သတင်းထောက်တွေရဲ့ အမေးကို ဖြေဆိုခဲ့ရာမှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။