Saturday, September 17, 2011

အပြည်ပြည်ဆိုင်ရာ ဒီမိုက​ရေစီ​နေ့​ (​ဒေါ်​အောင်ဆန်း​စုကြည်မိန့်​ခွန်း​ ​ကောက်နုတ်ချက်)

ဒီ​နေ့​ အပြည်ပြည်ဆိုင်ရာဒီမိုက​ရေစီ​နေ့​ အခမ်း​အနား​ကို ရန်ကုန် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရုံး​မှာ ကျင်း​ပပါတယ်။ ဒီအခမ်း​အနား​မှာ အဖွဲ့​ချုပ် အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည် ​ပြောကြား​သွား​တဲ့​ မိန့်​ခွန်း​ကို ​ကောက်နုတ်​ဖော်ပြအပ်ပါတယ်။
 
ဒီမိုက​ရေစီ​တော်လှန်​ရေး​ဆိုတာ တကယ်​တော့​ စိတ်ဓာတ်​တော်လှန်​ရေး​ဖြစ်တယ်။
“ကျမတို့​ရဲ့​ ဒီမိုက​ရေစီ​တော်လှန်​ရေး​ဆိုတာ တကယ်​တော့​ စိတ်ဓာတ်​တော်လှန်​ရေး​ပဲ ဖြစ်တယ်။ ဒီမိုက​ရေစီ ခိုင်မာ​အောင် လုပ်ဖို့​ဆိုလို့​ရှိရင် ကိုယ့်​စိတ်​တွေက တကယ့်​ကို ဒီမိုက​ရေစီနဲ့​ ဆီ​လျော်တဲ့​စိတ်​တွေ ဖြစ်ရမယ်။ ဒီမိုက​ရေစီနဲ့​ဆီ​လျော်တဲ့​ စိတ်ဓာတ်​တွေကို ကျမတို့​မွေး​မြူရမယ်။ ကျမတို့​ပါး​စပ်က​နေပြီး​တော့​ ဘယ်လိုပဲ​ပြော​နေ​ပြော​နေ စိတ်က​နေ ပြီး​တော့​ မပါလို့​ ရှိရင် ကျမတို့​ ​အောင်မြင်​အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး​။ ကျမတို့​ စိတ်ဓာတ်​တော်လှန်​ရေး​ဆိုတာ စိတ်ကို​ပြောင်း​လဲ ခြင်း​ပဲ။ ​တော်လှန်​ရေး​ဆိုတာဟာ အ​ခြေအ​နေတခုကို သိသိသာသာ တခါတည်း​ ​ပြောင်း​လဲပစ်လိုက်တာ ပဲ။ ထင်သာမြင်သာဖြစ်​အောင်လို့​ အ​ပြောင်း​အလဲ အကြီး​ကြီး​ ဖြစ်​အောင်လို့​ လုပ်လိုက်တာပဲ။”


ဒီမိုက​ရေစီနဲ့​ ထိုက်တန်တဲ့​ စိတ်ဓာတ်​တွေကို ​မွေး​မြူရမယ်။
“ကျမတို့​ ဒီမိုက​ရေစီ ရချင်တယ်ဆိုရင်၊​ ဒီမိုက​ရေစီ ခိုင်မြဲချင်တယ်ဆိုရင် ကျမတို့​ရဲ့​စိတ်​တွေကို ဒီမိုက​ရေစီနဲ့​ထိုက်တန်​အောင်လို့​ လုပ်ရမယ်။ ဒီမိုက​ရေစီနဲ့​ မသင့်​လျော်တဲ့​ စိတ်​တွေ၊​ ဒီမိုက​ရေစီနဲ့​ မသင့်​လျော်တဲ့​ အမြင့်​တွေကို ကျမတို့​ က​ပြောင်း​ကပြန်ကို ဖြစ်​အောင်လုပ်ပြီး​တော့​ ပြန်လှန်ပြီး​တော့​ ​တော်လှန်ပစ်လိုက်ရမယ်။ ​တော်လှန်ပြီး​တော့​မှ ဒီမိုက​ရေစီနဲ့​ထိုက်တန်တဲ့​ စိတ်ဓာတ်​တွေကို ကျမတို့​ ​မွေး​မြူရမယ်။”

ဒီမိုက​ရေစီအ​ပြောင်း​အလဲကို တခြား​နိုင်ငံက စနစ်​တွေထက် ပို​ကောင်း​တဲ့​ စနစ်မျိုး​ ဖြစ်​စေချင်တယ်။
“​မေတ္တာတရား​အ ​ပေါ်မှာ တည်ရှိရမယ်။ ဒါဟာ​တော့​ ကျမတို့​ မြန်မာနိုင်ငံရဲ့​ ဒီမိုက​ရေစီစနစ်ရဲ့​ အထူး​လက္ခဏာအခုအ​နေနဲ့​တောင် ကျမဖြစ်​စေချင်တယ်။ ဒီမိုက​ရေစီစနစ်ဆိုတာ ​မေတ္တာတရား​ ပါရမယ် လို့​ တကယ်​တော့​ မရှိကြပါဘူး​။ ဒါ​ပေမယ့်​ ကျမတို့​က တခြား​ဒီမိုက​ရေစီ အခွင့်​အ​ရေး​တွေ၊​ ဒီမိုက​ရေစီ ကျင့်​သုံး​ကျင့်​နည်း​တွေ၊​ ဒီမိုက​ရေစီတာဝန်​တွေအပြင် ​မေတ္တာတရား​ပါ ထည့်​နိုင်မယ်ဆိုလို့​ရှိရင် အခု လက်ရှိ အခြား​ဒီမိုက​ရေစီစနစ်​တွေထက်သာတဲ့​ ဒီမိုက​ရေစီစနစ်တခုကို ထူ​ထောင်နိုင်မယ်လို့​ ကျမ ဒီလိုပဲ ယုံကြည်ပါတယ်။”

နိုင်ငံ​ရေး​အ​ပြောင်း​အလဲ​တွေမှာ တိုင်း​ပြည်မနာဖို့​၊​ ပြည်သူ​တွေ မနာတဲ့​ အ​ပြောင်း​အလဲမျိုး​ဖြစ်ဖို့​ လိုတယ်။
“ဒီမိုက​ ရေစီစနစ်ရဲ့​ အ​ရေး​အကြီး​ဆုံး​ လက္ခဏာတခုက ဘာလဲဆိုတာ ဒီမိုက​ရေစီစနစ်​အောက်မှာ ဆိုလို့​ရှိရင် အစိုး​ရအ​ပြောင်း​အလဲများ​ လုပ်တဲ့​နေရာမှာ တိုင်း​ပြည်လည်း​ မနာဘူး​၊​ ပြည်သူလည်း​ မနာဘူး​၊​ အား​လုံး​အေး​အေး​ချမ်း​ချမ်း​ သိက္ခာရှိရှိနဲ့​ လုပ်သွား​နိုင်တာ ဖြစ်ပါတယ်။ အစိုး​ရများ​ဆိုတာ သူ့​အချိန်နဲ့​သူ ဆိုလို့​ရှိရင် ​ပြောင်း​လဲကြရမယ်။ ဘာဖြစ်လို့​လဲဆို​တော့​ ဒီလူ​တွေ ဒီလူ​တွေပဲ အုပ်စိုး​နေတယ်ဆိုတာ​တော့​ ဒီမိုက​ရေစီ မဟုတ်​တော့​ဘူး​။ ဒီမိုက​ရေစီစနစ်ကို လက်ခံတယ်ဆိုလို့​ရှိရင် အစိုး​ရ အ​ပြောင်း​အလဲ​တွေကို လည်း​ လက်ခံရမယ်။ အဲဒီ​တော့​ ဒီအ​ပြောင်း​အလဲ​တွေဟာ ညင်သာရမယ်၊​ ငြိမ်း​ချမ်း​ရမယ်၊​ သိက္ခာရှိရ မယ်၊​ ပြည်သူကို မထိရဘူး​၊​ နိုင်ငံကို မထိရဘူး​။ ဆင်း​သွား​တဲ့​ အစိုး​ရကိုလည်း​ မထိရဘူး​။ တက်သွား​တဲ့​ အစိုး​ရကိုလည်း​ မလိုလား​အပ်တဲ့​ အခွင့်​အ​ရေး​တွေ မ​ပေး​ရဘူး​။ အာလုံး​ဟာ မျှတတဲ့​ အ​ခြေခံအ​ပေါ်မှာ တည်ရှိရယ်။”

ဒီမိုက​ရေစီနစ်မှာ အ​ရေး​ကြီး​တဲ့​ တာဝန်နဲ့​ အခွင့်​အ​ရေး​ ချိန်ခွင်လျှာညီမျှဖို့​ လိုတယ်။
“ဘယ်လိုကိစ္စမျိုး ​မှာမဆို ​အောင်မြင်ခြင်း​ကို လိုချင်တယ်ဆိုရင် တာဝန်နဲ့​အခွင့်​အ​ရေး​ဟာ ချိန်ခွင်လျှာညီမျှရမယ်။ အခွင့်​အ​ရေး​ချည်း​ပဲ လိုချင်လို့​မဖြစ်ဘူး​။ အခွင့်​အ​ရေး​ လိုချင်တယ်ဆိုရင် တာဝန်ကို ​ကျေပွန်ရမယ်။ ပြီး​တော့​ တချို့​က တာဝန်အရ လုပ်ပါတယ်ဆိုပြီး​ တာဝန်ဆိုတာ ဘာမှန်း​ ​တောင်မှ မသိတာ​တွေရှိတယ်။ အဲဒီ​တော့​ တကယ်ပဲ ပါး​စပ်က တာဝန်အရလုပ်ပါတယ်ဆိုရင် တာဝန်ဆို တာ ဘာလဲဆိုတာ သိရဲ့​လား။ အဲဒီ​တော့​ ဆင်ခြင်တုံတရား​နဲ့​ အများ​ကြီး​ဆိုင်တယ်။ လူတ​ယောက်ရဲ့​ တာဝန်ဆိုတာ တချိန်နဲ့​တချိန်မှာ မတူဘူး​။ ”

အဖွဲ့​ချုပ်ဝင်​တွေကို အမှာစကား​။
“အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်ဝင်​တွေဟာ အနှစ် ၂၀ ​ကျော်​ကျော် ဒီမိုက​ရေစီအတွက် လုပ်​နေပါ တယ်၊​ လုပ်လာပါတယ်လို့​ ​ပြောပြီး​မှ အခုလိုအချိန်​ရောက်တဲ့​အခါမှာ ကိုယ့်​ရဲ့​တာဝန်ဟာ ဘာလဲ၊​ ကိုယ်ဘယ်လို ဆက်ပြီး​တော့​ လုပ်သွား​ရမယ်ဆိုတာကို ကိုယ်ပိုင်ဉာဏ်နဲ့​ သိ​အောင်လို့​ ကြိုး​စား​ကြပါ။ လူများ​ပြောတိုင်း​လည်း​ နား​ထောင်ဖို့​မလိုပါဘူး​။ ကျမ​ပြောတိုင်း​လည်း​ ယုံစရာမဟုတ်ပါဘူး​။ ကိုယ့်​ဘာသာကိုယ် ​သေ​သေချာချာ​လေ့​လာပါ။ ​လေ့​လာပြီး​တော့​ ကိုယ်ယုံကြည်သ​ရွေ့​ ယုံကြည်သည့်​အ​လျောက် ဆက်ပြီး​တော့​ ခိုင်ခိုင်မာမာနဲ့​ ​လျှောက်လှမ်း​သွား​ကြပါလို့​ ကျမတိုက်တွန်း​ချင်ပါတယ်။”(DVB)

No comments:

Post a Comment