Wednesday, September 14, 2011

ဘာသာရေးဖိနှိပ်မှု အများဆုံးနိုင်ငံများမှာ မြန်မာနိုင်ငံ ဆက်လက်ပါဝင်နေ

ရွှေဝါရောင် သံဃာနှင့် လူထု လှုပ်ရှားမှုကို စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းဖြိုခွဲခဲ့သည့် တနှစ်မြောက် နှစ်ပတ်လည် ၂၀၀၈ စက်တင်ဘာ ၂၇ရက်နေ့က လုံခြုံရေး ထူထပ်စွာ ချထားသော ရန်ကုန်မြို့တွင် သံဆူးကြိုး အရံအတားများ ကြားမှ ဆွမ်းခြွံကနေသော သံဃာတပါး ဖြစ်ပါသည်။ (Photo: AFP)
အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဌာနက ထုတ်ပြန်တဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှု အစီရင်ခံစာမှာ မြန်မာ အပါအ၀င် နိုင်ငံ (၈) နိုင်ငံ ကို နာမည်ပျက် စာရင်း သွင်းခဲ့ပါတယ်။

၂၀၁၀ ခုနှစ် ပထမနှစ်ဝက် အတွက် ထုတ်ပြန်တဲ့ အဲဒီအစီရင်ခံစာမှာ တရုတ်၊ ဆော်ဒီအာရေဗျ၊ မြန်မာ၊ မြောက်ကိုရီးယား၊ အီရီထရီးယား၊ အီရန်၊ ဆူဒန် နဲ့ ဥဇဘက်စတန် နိုင်ငံတွေကို ၂၀၀၉ ခုနှစ်ကစပြီး ဘာသာရေး လွတ်လပ်ခွင့်အတွက် ဘာအပြောင်းအလဲမှ မရှိတဲ့၊ အထူးစိုးရိမ်ဖွယ် နိုင်ငံတွေ အဖြစ် သတ်မှတ် ဖေါ်ပြထား ပါတယ်။ 


ဘာသာရေးဆိုင်ရာ အခွင့်အရေးတွေကို ကာကွယ် စောင့်ရှောက်ပေးဖို့ ပျက်ကွက်တဲ့ နိုင်ငံ (၁၀) နိုင်ငံစာရင်းထဲမှတော့ - အာဖဂန်နစ္စတန်၊ အီဂျစ်၊ အီရတ်၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ရုရှ၊ တာဂျစ်ကစ္စတန်၊ တာ့မင်စတန်၊ ဗင်နီဇွဲလား နဲ့ ဗီယက်နမ် နိုင်ငံတွေ ပါဝင်ကြပါတယ်။ 

အစိုးရတွေရဲ့ ဘာသာရေး ဖိနှိပ်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ တားဆီး ချုပ်ချယ်မှုတွေကို အစီရင်ခံစာမှာ အသေးစိတ် တင်ပြထားပါတယ်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်က ဘာသာရေးလွတ်လပ်မှုအတွက် ကာကွယ် စောင့်ရှောက်မှုတွေ တိုးမြှင့် ဆောင် ရွက်ကြဖို့ နိုင်ငံတကာ အစိုးရတွေကို မနေ့က တိုက်တွန်း ပြောဆိုလိုက် ပါတယ်။ 

ဥပမာ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ ရဟန်းတော်တွေ အကျဉ်းထောင်တွေထဲမှာ ရှိနေကြပါတယ်၊ အလားတူ ရိုဟင်ဂျာ ဒုက္ခသည်တွေ ရဲ့ ပြဿနာလည်း မပြေလည်သေးပါဘူး၊ အခု စာရင်းမှာ ပါဝင်ကြတဲ့ နိုင်ငံအများမှာလည်း ဘာသာရေး လွတ်လပ်ခွင့်တွေကို ချိုးဖေါက်နေကြတာ နှစ်ကာလ ကြာရှည်ခဲ့ပြီ ဖြစ်ပါတယ်၊ အဲဒီ ချိုးဖေါက်မှုတွေ အကြောင်း ဒီအစီရင်ခံစာမှာ အသေးစိတ် ဖေါ်ပြ ထားပါတယ်လို့ ပြောဆိုခဲ့ပါတယ်။ တူရကီ နိုင်ငံကိုတော့ ဘာသာရေး လွတ်လပ်ခွင့် အတွက် အလေးထား ဆောင်ရွက်ခဲ့တဲ့ နိုင်ငံအဖြစ် ဟီလာရီ ကလင်တန်က ချီးကျူးလိုက် ပါတယ်။ တူရကီမှာ (၇၅) နှစ်ကြာ ပိတ်ပင်ထားခဲ့တဲ့ မူဆလင် မဟုတ်တဲ့ ဘာသာရေး အဆောက်အဦးတွေကို အစိုးရက ခွင့်ပြုခဲ့ပါတယ်။(RFA)

No comments:

Post a Comment