Saturday, July 30, 2011

ကိုဇာဂနာ အကြောင်း မှတ်တမ်းရုပ်ရှင် နယူးဇီလန်မှာ အောင်မြင်

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (Amnesty International) က မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသား ကိုဇာဂနာ အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ကို နယူးဇီလန်နိုင်ငံက မြို့ ကြီးတွေမှာ လိုက်လံ ပြသနေရာမှာ စိတ်ဝင်စားသူ များပြားပြီး အောင်မြင်မှု ရနေတယ်လို့  နယူးဇီလန်ရောက် မြန်မာ့အရေး လှုပ်ရှားသူတွေ က ပြောပါတယ်။ 

အနုပညာရှင် ဟာသ သရုပ်ဆောင် ကိုဇာဂနာရဲ့ အကြောင်း ရိုက်ကူးထားတဲ့ "This Prison Where I live" "ကျနော်နေတဲ့ ဒီအကျဉ်းထောင်" ရုပ်ရှင်ကို

Friday, July 29, 2011

အမျိုးသား ရင်ကြားစေ့ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အိတ်ဖွင့်ပေးစာပို့

အမျိုးသားရင်ကြားစေ့ရေးကို စစ်ရေးနည်းတွေနဲ့ တည်ဆောက်လို့မရ နိုင်ဘဲ နိုင်ငံရေးနည်းလမ်းဖြစ် တဲ့ ဆွေးနွေးညှိနှိုင်းဖြေရှင်းခြင်းနဲ့ တည်ဆောက်သွား ကြရပါမယ်လို့ မြန်မာ့ဒီမိုကရေ စီခေါင်းဆောင် ဒေါ် အာင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်နဲ့ လက်နက် ကိုင်တိုင်းရင်း သားလေးဖွဲ့ထံလိပ်မူပြီး ဒီနေ့ရက်စွဲနဲ့ေ ပးပို့တဲ့အိတ်ဖွင့်ပေးစာ မှာ ရေး သားထားပါတယ်။

Thursday, July 28, 2011

မြန်မာနိုင်ငံ၌ ဖြစ်ပျက်နေတဲ့ ခလေးစစ်သား ပြဿနာတွေကို ပိုမိုသိရှိလာဘို့ အတွက် အမေရိကန်ပြည်ထောင်စုလွှတ်တော်မှာတင်ပြမည်

 ခလေးစစ်သား ကိုဟိန်းမင်းအောင်

အမေရိကန်ပြည်ထောင်စုလွှတ်တော်မှာ မြန်မာနိုင်ငံ၌ ဖြစ်ပျက်နေတဲ့ခလေးစစ်သား ပြဿနာတွေကို ပိုမို သိရှိလာဘို့ အတွက် နယူးဇီလန်နိုင်ငံမှာ ရာက်ရှိအခြေချ နေထိုင်နေတဲ့ ကိုဟိန်းမင်းအောင် က သွားရောက်ကာ မြန်မာနိုင်ငံရှိ ခလေးစစ်သားများကိုယ်စား သက်သေ အဖြစ် တင်ပြမှာဖြစ်ပါသည်။

ဒီအစီအစဉ်ကို ၀ါရှင်တန် အခြေဆိုက် (Human Rights Action Centre)ကနေ ဦး
ဆာင်ပြီးတော့ အမေရိကန်နိုင်ငံ (Texas) တက်ကဆက်ပြည်နယ်ရဲ့ ကွန်ဂရက်စ် အမတ်ဖြစ်တဲ့ (Eddie Bernice Johnson) အယ်ဒီဘားနစ်စ်ဂျွန်ဆင်ကနေပြီးတော့ ဦးဆောင်ပြီး

Tuesday, July 26, 2011

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် ပူးတွဲကြေညာချက်ထုတ်

ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာ ချထားရေး ဝန်ကြီးဌာန နှစ်ဌာန ၀န်ကြီး ဦးအောင်ကြည်နှင့် ယနေ့နေ့လည် ၁ နာရီခန့်က စိမ်းလဲ့ကန်သာ အစိုးရဧည်ဂေဟာတွင် ၁ နာရီကျော်ကြာ တွေ့ဆုံသည်။

အဆိုပါ ကြေညာချက်ကို ၀န်ကြီး ဦးအောင်ကြည်က ဖတ်ပြခဲ့ရာ ဆွေးနွေးပွဲကို နှစ်ဘက်စလုံးက အပြုသဘောရှုမြင်ပြီး အားရကျေနပ်ကြောင်း၊ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေး အတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေး ကြကြောင်း၊ တရားဥပဒေ စိုးမိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေးကိစ္စ၊ အများပြည်သူ အကျိုးဖြစ် ထွန်းရေး ကိစ္စများလည်းပါ ၀င်သည်ဟု သိရသည်။

Sunday, July 24, 2011

သခင်ကိုယ်တော်မှိုင်း နှစ်လည် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

ဆရာကြီး သခင်ကိုယ်တော်မှိုင်း
 ငြိမ်းချမ်းရေးဗိသုကာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၇ နှစ်ပြည့် နှစ်လည် အခမ်းအနားကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး ဆရာကြီး ရဲ့ ‘သူမသာ ကိုယ်မနာ’ငြိမ်းချမ်းရေးလမ်းစဉ် ကို ထောက်ခံကြောင်း ပြော ဆိုခဲ့တယ်လို့ သိရပါတယ်။

ဒီအခမ်းအနားကို ဒီကနေ့မနက်ပိုင်းက ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ကျွန်းတောဘုန်းကြီးကျောင်း ဓမ္မာရုံမှာ ကျင်းပခဲ့တာပါ။

အခမ်းအနားကို ဦးဆောင်စီစဉ်ခဲ့တဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ မိသားစုဝင် စာရေးဆရာသန်းစိုးနိုင်က

နိုင်ငံရေးသိပ္ပံ သင်တန်းဖွင့်​ပွဲ အခမ်းအနား NLD ဌာနချုပ်တွင် ကျင်းပပြုလုပ်

နိုင်ငံရေးသိပ္ပံသင်တန်း ဖွင့်​ပွဲအခမ်းအနားကို ဒီနေ့ ဇူလိုင်လ(၂၂)ရက် နံနက်(၈)နာရီခွဲက ဌါနချုပ် ဗဟိုအစည်းအဝေးခမ်းမမှာ ကျင်းပခဲ့ပါ တယ်။ 

အခမ်းအနား သဘာပတိအဖြစ် ဒုတိယဥက္ကဌ ဦးတင်ဦးကဆောင်ရွ​က်ပြီး၊ အခမ်းအနားမှူးအဖြစ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် မအေးအေးငြိမ်း ကဆောင် ရွက်ပါတ​ယ်။


ပြည်နယ်တိုင်းအသီးသီးက သင်တန်းသားတွေ၊ မိတ်ဖက်နိုင်ငံရေးပါတီများက သင်တန်း သားတွေ၊ ဗေဒါ အခမဲ့ပညာဒါနကျောင်းက သင်တန်းသားတွေ၊ အဖွဲ့ချုပ်ဗဟိုလုပ်ငန်းအဖွဲ့​တွေက သင်တန်း သားတွေ စုစုပေါင်း(၇၈)ဦး သင်တန်းကို တက်ရောက်ပါတယ်။

Thursday, July 21, 2011

ဦးခင်ညွန့် ပြန်လွတ်တော့မည်လော

စနေနေ့တွင် နေအိမ်အကျယ်ချုပ်သက်တမ်း ၆ နှစ် ပြည့်တော့ မည့် စစ်ထောက်လှမ်းရေး ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ အမှုအား အစိုးရသစ်က မည်သို့ ဆက်လက် ကိုင်တွယ်မည် ကို နိုင်ငံရေးလေ့လာသူများက စိတ်ဝင်စားနေကြသည်။  

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကို ယခင် စစ်အစိုးရက နိုင်ငံတော် အာဏာ အလွဲသုံးစားမှု၊ အဂတိလိုက်စားမှု တို့ဖြင့် ထောင်ဒဏ် ၄၄ နှစ် ဆိုင်းငံ့ပြစ်ဒဏ်ချခဲ့ပြီးနောက် နေအိမ် အကျယ်ချုပ် ချမှတ်ထားခဲ့ခြင်း ဖြစ်သည်။

“ဆိုင်းငံ့ပြစ်ဒဏ်ဆိုတာက အပြင်မှာထားလည်း ရတယ်။ ပုဒ်မ ၁၀ (ခ) သဘောအရ ပြည်ထဲရေး ဗဟိုအဖွဲ့ ကနေ ၆ လ တကြိမ် သက်တမ်းတိုးလို့ရတယ် ဆိုတာ ရှိတယ်။ ဗိုလ်ချုပ်ခင်ညွန့်ကိုတော့ အစိုးရက သူတို့ လွှတ်ပေးချင်ရင် ပုဒ်မ ၄၀၁ အရလည်း လွှတ်ပေးနိုင်တယ်”ဟု ရန်ကုန်မြို့မှ ရှေ့နေကြီး ဦးအောင်သိန်းက ဧရာဝတီကို ပြောသည်။

Wednesday, July 20, 2011

မြန်မာ အစိုးရမှာ ဘဏ္ဍာရေးပြဿနာ ပေါ်နေပြီ လို့ NCUB က ထောက်ပြ

နေပြည်တော် ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ သုံးလ အတွင်း လူနှစ်သောင်းကျော် အလုပ် လက်မဲ့ ဖြစ်သွားရတာဟာ မြန်မာနိုင်ငံမှာ ဘဏ္ဍာရေးပဿနာ ပေါ်ပေါက်နေပြီ ဆိုတာ ညွှန်ပြနေ တာ  ဖြစ်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ NCUB က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဘဏ္ဍာရေး ပြဿနာကြောင့် ငွေကြေး ဖေါင်းပွမှုနဲ့အတူ ဈေးကွက် ထိခိုက်မှုတွေ ပေါ်ပေါက်လြာ့ပီး လစာနည်း အစိုးရ၀န်ထမ်းတွေ၊ တပ်မတော်သားတွေ၊ ရဲဝန်ထမ်းတွေ အပါအ၀င် ပြည်သူအများ စားဝတ်နေရေး ဒုက္ခတွေ ပိုမို ဖိစီးလာနိုင်ကြောင်း၊ စစ်တပ်တွင်းမှာလည်း လစာမပေးနိုင်တဲ့ ပြဿနာတွေ ပေါ်ပေါက်နေတယ် ဆိုတာ ကြားသိနေရကြောင်း NCUB အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင် က အာအက်အေ ကိုပြောပါတယ်။

Tuesday, July 19, 2011

ဒေါ်စုတို့ အေးချမ်းစွာ ဂါရဝပြုနိုင်ခဲ့ကြ

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ရုံးချုပ်မှ အာဇာနည်ဗိမာန်သို့ သွားရောက် အလေးပြုကြသည့် အစီအစဉ် အေးချမ်းစွာ ပြီးသွားသည်။

နေ့လည် ၁၂ နာရီမှ စတင်ထွက်ခွာ၍ ဂါရဝပြုပြီး ၁၂ နာရီခွဲကျော်တွင် ပြန်လည် ထွက်ခွာသွားခြင်း ဖြစ်သည်။

“အခုပဲ ဒေါ်အောင်ဆန်းစုကြည်တို့ကားတွေ ပြန်လည် ထွက်ခွာသွားကြပါပြီ။ ကျန်တဲ့ လူထုက ၄ ယောက် တတန်း၊ စနစ်တကျ တန်းစီ ဝင်နေပါပြီ။ တာဝန်ရှိတဲ့သူတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။ ဘာမှ အနှောက်အယှက်၊ အတားအဆီး မရှိပါဘူး။

Friday, July 15, 2011

အန်အယ်လ်ဒီပါတီ ရပ်တည်ရေး ကုလသမဂ္ဂ တင်ပြမယ်

အန်အယ်လ်ဒီပါတီ ရပ်တည်ရေး ကိစ္စကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ လာမည့် သြဂုတ်လ ပထမပတ် အတွင်း တိုင်တန်း တင်ပြသွားမယ်လို့ ပါတီရဲ့ ရှေ့နေ ဦးဥာဏ်ဝင်းက RFA ကို ဒီကနေ့ ပြောပါတယ်။

"သြဂုတ်လဆန်းလောက် နောက်ဆုံးပါဘဲ။ ကျနော်တို့ တင်ဖြစ်မှာပါ။ လူ့အခွင့်အရေး ကောင်စီရဲ့ လုပ်ထုံးလုပ်နည်းများ အရ ပြည်တွင်းမှာ လမ်းဆုံးလို့ ရှိရင် အဲဒီမှာ သက်သာခွင့် လျှောက်ထားခွင့် ရှိတယ်ပေါ့ဗျာ။ အဲဒါကို တင်ဖို့ပါ။" 

Wednesday, July 13, 2011

NLD ဆက်လက် ရပ်တည်ရေး စိုးရိမ်နေရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအပေါ် ဖိအားပေးခြိမ်းခြောက်မှုများကို အစိုးရက ဆက်တိုက် ပြုလုပ်လာ သည့်အတွက် ပါတီ ဆက်လက် ရပ်တည်ရေးအတွက် စိုးရိမ်မှု မြင့်မားနေသည်ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

“NLD ပါတီ ဆက်လက်ရပ်တည်ရေးအတွက် အလွန်သိမ်မွေ့တဲ့ အခြေအနေပါ” ဟု ၎င်းက ဆိုသည်။

မကြာသေးမီက မြန်မာအစိုးရသစ်၏ ပြည်ထဲရေးဝန်ကြီး လက်မှတ်ဖြင့် NLD ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် အထွေ ထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ထံ သတိပေးစာ ၁ စောင် ပေးပို့ထားပြီး NLD ပါတီအနေဖြင့် တရားမ၀င် တော့ကြောင်း ၎င်းစာတွင် ထောက်ပြထားသည်။

Friday, July 8, 2011

ညောင်ဦးတွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို သောင်းသောင်းဖြဖြ ကြို


ညောင်ဦးမြို့ခံတဦး ဒေါ်အောင်ဆန်းစုကြည်ကို နမ်း၍ နှုတ်ဆက်စဉ် (ဓာတ်ပုံ - ဧရာဝတီ)

ဒေါ်အောင်ဆန်းစုကြည်၏ ပုဂံခရီးစဉ် နောက်ဆုံးနေ့ဖြစ်သော ယနေ့ ညနေပိုင်းတွင် ညောင်ဦးမြို့လယ် မဏိစည်သူဈေးသို့ သွားရောက်လည်ပတ်ခဲ့ရာ မြို့ခံရာပေါင်းများစွာ ၀ိုင်းဝန်းကြိုဆို နှုတ်ဆက် ကြသောကြောင့် ကားလမ်းမပေါ်၊ ဈေးရုံအတွင်းနှင့် ဈေးအရှေ့တွင် လူများနှင့် ပြည့်နှက်သွားခဲ့သည်။

ညနေ ၄ နာရီ ၁၀ မိနစ်တွင် မဏိစည်သူဈေးသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာရာ ရပ်ကွက် အတွင်းမှ ပြည်သူများ၊ ဈေးသူဈေးသားများ၊ တခြားရပ်ကွက်များမှ မြို့ခံများစွာ စုပြုံရောက်ရှိလာ ပြီး နှုတ်ဆက်ကြခြင်း ဖြစ်သည်။

Sunday, July 3, 2011

လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်အတွက် ဒေါ်အောင်ဆန်းစုကြည် Kevin Rudd ကို ပန်ကြား

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက မြန်မာနိုင်ငံအပေါ် ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကို မြန်မာအစိုးရ လိုက်နာရေးအတွက် သြစတြေလျ နိုင်ငံက ဝိုင်းဝန်းကူညီဖို့ ဒေါ်အောင်ဆန်းစုကြည် က သြစတြေလျ နိုင်ငံခြားရေးဝန်ကြီး Mr. Kevin Rudd ကို ဒီကနေ့ ပန်ကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ Mr. Rudd ဒီကနေ့ မွန်းလွဲပိုင်းက တွေ့ဆုံစဉ်မှာ အခုလို ပြောလိုက်တာပါ။ တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး NLD ပါတီ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က …

Friday, July 1, 2011

NLD ကို အစိုးရသတိပေးချက် အပေါ် ကုလသမဂ္ဂနဲ့ အမေရိကန်တို့ တုံ့ပြန်

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရပ်တည်မှုနဲ့ ပတ်သက်လို့ မြန်မာ အစိုးရက သတိပေးလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သက်ဆိုင်သူ အားလုံး ပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးရေးကို အကောင်အထည်ဖေါ်ဖို့ ကုလသမဂ္ဂက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ဇွန်လဆန်းပိုင်းက ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မိတ်ဆွေနိုင်ငံများ အဖွဲ့အစည်းအဝေးက ဆုံးဖြတ်ချက်အတိုင်း ဆက်လက်ရပ်တည် ဆောင်ရွက်သွား မှာ ဖြစ်တယ်လို့ အတွင်းရေးမှုးချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ဖာရင်ဟတ်က အာအက်ဖ်အေကို ပြောပါတယ်။
ဒီလ အစပိုင်းမှာ မြန်မာအစိုးရကို တိုက်တွန်းထားတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး ချွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ကို ထောက်ခံသူတွေ ပါဝင်တဲ့ တွေ့ ဆုံ ဆွေးနွေးရေး လုပ်ဖို့ အစိုးရသစ် အနေနဲ့ လိုအပ်နေတယ် ဆိုတဲ့ အချက်ပေါ်မှာ ကုလသမဂ္ဂက ထပ်ပြီး အလေးထား ပြောလိုပါတယ်လို့ သူက ပြောသွားပါတယ်။