Thursday, July 28, 2011

မြန်မာနိုင်ငံ၌ ဖြစ်ပျက်နေတဲ့ ခလေးစစ်သား ပြဿနာတွေကို ပိုမိုသိရှိလာဘို့ အတွက် အမေရိကန်ပြည်ထောင်စုလွှတ်တော်မှာတင်ပြမည်

 ခလေးစစ်သား ကိုဟိန်းမင်းအောင်

အမေရိကန်ပြည်ထောင်စုလွှတ်တော်မှာ မြန်မာနိုင်ငံ၌ ဖြစ်ပျက်နေတဲ့ခလေးစစ်သား ပြဿနာတွေကို ပိုမို သိရှိလာဘို့ အတွက် နယူးဇီလန်နိုင်ငံမှာ ရာက်ရှိအခြေချ နေထိုင်နေတဲ့ ကိုဟိန်းမင်းအောင် က သွားရောက်ကာ မြန်မာနိုင်ငံရှိ ခလေးစစ်သားများကိုယ်စား သက်သေ အဖြစ် တင်ပြမှာဖြစ်ပါသည်။

ဒီအစီအစဉ်ကို ၀ါရှင်တန် အခြေဆိုက် (Human Rights Action Centre)ကနေ ဦး
ဆာင်ပြီးတော့ အမေရိကန်နိုင်ငံ (Texas) တက်ကဆက်ပြည်နယ်ရဲ့ ကွန်ဂရက်စ် အမတ်ဖြစ်တဲ့ (Eddie Bernice Johnson) အယ်ဒီဘားနစ်စ်ဂျွန်ဆင်ကနေပြီးတော့ ဦးဆောင်ပြီး
ဒီအစီအစဉ် (Congressional Brefing on Burmese Child Soldier) ကိုဖြစ်မြောက်အောင် ပြုလုပ်ပေးခြင်းဖြစ်ပါတယ်။ ဒီအစီအစဉ် ဖြစ်မြောက် ရန်အတွက် (HREIB), (US Campaign for Burma), (Burma Campaign New Zealand)တို့ မှ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပါသည်။

ကိုဟိန်းမင်းအောင်သည် နယူးဇီလန်နိုင်ငံ၊ အော်ကလန်မြို့ ရှိနိုင်ငံတကာလေဆိပ်မှ ဇူလိုင်လ (၂၈)ရက် နံနက် (၇)နာရီ ၁၅မိနစ်တွင် ထွက်ခွာသွားပြီး၊ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီ ဒူးလီးစ် (Dulles)လေဆိပ်သို့  အမေရိကန်စံတော်ချိန် (၂၈)ရက် ည (၇)နာရီ (၅၅)မိနစ် တွင် Los Angeles မှ (Virgin American Airline - Flight 110)ဖြင့် ရောက်ရှိမည်ဖြစ်ပါသည်။ (Yazawin)

No comments:

Post a Comment