Tuesday, July 19, 2011

ဒေါ်စုတို့ အေးချမ်းစွာ ဂါရဝပြုနိုင်ခဲ့ကြ

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ရုံးချုပ်မှ အာဇာနည်ဗိမာန်သို့ သွားရောက် အလေးပြုကြသည့် အစီအစဉ် အေးချမ်းစွာ ပြီးသွားသည်။

နေ့လည် ၁၂ နာရီမှ စတင်ထွက်ခွာ၍ ဂါရဝပြုပြီး ၁၂ နာရီခွဲကျော်တွင် ပြန်လည် ထွက်ခွာသွားခြင်း ဖြစ်သည်။

“အခုပဲ ဒေါ်အောင်ဆန်းစုကြည်တို့ကားတွေ ပြန်လည် ထွက်ခွာသွားကြပါပြီ။ ကျန်တဲ့ လူထုက ၄ ယောက် တတန်း၊ စနစ်တကျ တန်းစီ ဝင်နေပါပြီ။ တာဝန်ရှိတဲ့သူတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။ ဘာမှ အနှောက်အယှက်၊ အတားအဆီး မရှိပါဘူး။
အာဏာပိုင်တွေက သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း ရှာတာဖွေတာတော့ ရှိတာပေါ့၊ လုံခြုံရေးအရ။ အားလုံးကို ဝင်ခွင့်ပေးနေပါတယ်။လူက လေးထောင် ငါးထောင် ကျော်တယ်။ အခု တဝက်ကျိုးပါပြီ”
ဟု လုံခြုံရေးတာဝန်ကျ ပါတီလူငယ်တဦးက ပြောသည်။

ကျန်ရှိနေသောသူများ ၄ တယာက်တတန်းစီ တန်း၍ အာဇာနည်ဗိမာန်သို့ ဂါရဝပြုရန် လမ်းလျှောက်သွားလျက် ရှိနေကြပြီး ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ်သို့ ချောမောစွာ ပြန်လည်ရောက်ရှိသွားကြောင်း သိရသည်။ (မဇ္ဈိမသတင်းဌာန)

No comments:

Post a Comment