Sunday, July 24, 2011

နိုင်ငံရေးသိပ္ပံ သင်တန်းဖွင့်​ပွဲ အခမ်းအနား NLD ဌာနချုပ်တွင် ကျင်းပပြုလုပ်

နိုင်ငံရေးသိပ္ပံသင်တန်း ဖွင့်​ပွဲအခမ်းအနားကို ဒီနေ့ ဇူလိုင်လ(၂၂)ရက် နံနက်(၈)နာရီခွဲက ဌါနချုပ် ဗဟိုအစည်းအဝေးခမ်းမမှာ ကျင်းပခဲ့ပါ တယ်။ 

အခမ်းအနား သဘာပတိအဖြစ် ဒုတိယဥက္ကဌ ဦးတင်ဦးကဆောင်ရွ​က်ပြီး၊ အခမ်းအနားမှူးအဖြစ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် မအေးအေးငြိမ်း ကဆောင် ရွက်ပါတ​ယ်။


ပြည်နယ်တိုင်းအသီးသီးက သင်တန်းသားတွေ၊ မိတ်ဖက်နိုင်ငံရေးပါတီများက သင်တန်း သားတွေ၊ ဗေဒါ အခမဲ့ပညာဒါနကျောင်းက သင်တန်းသားတွေ၊ အဖွဲ့ချုပ်ဗဟိုလုပ်ငန်းအဖွဲ့​တွေက သင်တန်း သားတွေ စုစုပေါင်း(၇၈)ဦး သင်တန်းကို တက်ရောက်ပါတယ်။


သင်တန်းကို တောင်ကိုးရီးယားနိုင်ငံက နိုင်ငံရေးသိပ္ပံ ပါမောက္ခ ဖြစ်ကြတဲ့ ဒေါက်တာဘရန်ဒန်ဟိုဝဲလ်နဲ့ ဒါက်တာမက်သီရပ်စ်မားစ်တို့က​ ပို့ချပေးကြပါတယ်။ သင်တန်းကာလက ဇူလိုင်(၂၂)ရက်မှ ဇူလိုင်(၂၈)ရက်နေ့ အထိဖြစ်ပြီး ပို့ချမယ့် ဘာသာရပ်တွေကတော့ လူသားမျိုးနွယ် လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်လုံခြုံရေး၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေးနည်းပညာနှင့် နိုင်ငံတကာဆက်ဆံရေး နိဒါန်းတို့ဖြစ်ကြပါတယ်။


No comments:

Post a Comment