Monday, December 5, 2011

မြန်မာနိုင်ငံတွင် ရှစ်လအတွင်း နိုင်ငံရေးအပြောင်းအလဲများ

နေပြည်တော် - နှစ်ပေါင်း ၅၀ အတွင်း မြန်မာနိုင်ငံသို့ အဆင့်မြင့်ဆုံး အမေရိ ကန်အစိုးရအဖွဲ့ ပထမဦးဆုံးလာရောက်ရာတွင် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်သည် မြန်မာ့ခေါင်းဆောင်နှင့် ဒီဇင်ဘာလ ၁ ရက်နေ့ ၌ သမိုင်းဝင်ညှိနှိုင်းဆွေးနွေးပွဲတို ပြုလုပ်ခဲ့သည်။ 

နိုဝင်ဘာလ ရွေးကောက်ပွဲ ပြီးနောက်၊ ယခုနှစ် အစောပိုင်း၌ တက်လာ သည့် အစိုးရသစ်သို့ အာဏာလွှဲပေး ပြီးသည်မှစ၍ မြန်မာနိုင်ငံတွင် အဓိကဖြစ်ရပ်များကို အောက်ပါအတိုင်း ဖော်ပြပါသည်။

၂၀၁၁ ခုနှစ်မတ်လ ၃၀ ရက် - ဖော်ဖော်ရွေရွေ နေတတ်သော ၀န်ကြီး ချုပ်ဖြစ်သော ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်သည် သမ္မတအဖြစ် ကျမ်းကျိန်သည်။ ၁၉၉၂ ခုနှစ်ကတည်းက အာဏာရလာသော တပ်မတော်အစိုးရ ဖျက်သိမ်းပြီး နောက်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အငြိမ်းစားယူသည်။ အနောက်အုပ်စုက ထိုအပြောင်းအလဲများကို အပေါ်ယံ ရွှေမှုန်ကြဲသက်သက်သာ ဖြစ်သည်ဟု ပြင်းပြင်းထန် ထန် ၀ဖန်သည်။ 


ဇူလိုင်လ ၆ ရက် - ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလက နေအိမ်အကျယ်ချုပ် မှ လွတ်လာခဲ့ပြီးနောက်၊ ပုဂံမြို့သို့ ပထမဦးဆုံး သီးသန့် ခရီးထွက်လာသော ဒေါ်အောင်ဆန်းစုကြည်အား ရာပေါင်းများစွာသော ထောက်ခံသူများက ကြိုဆို ကြသည်။ 

ဇူလိုင်လ ၁၇ ရက် - ဖခင်ဗိုလ်ချုပ် အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည့် အထိမ်းအမှတ်အဖြစ် နှစ်စဉ်ကျင်းပသော အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည် ကိုးနှစ်အတွင်း ပထမအကြိမ်အနေဖြင့် ဖိတ်ကြားခံရသည်။
ဇူလိုင်လ ၂၅ ရက် - ဒေါ်အောင် ဆန်းစုကြည် ပထမအကြိမ်အနေနှင့် အမည်ခံအရပ်သား အစိုးရသစ်၏ ၀န်ကြီးတစ်ဦးနှင့်တွေ့ ဆုံသည်။ 

ဩဂုတ်လ ၁၄ ရက် - ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ ပထမဦးဆုံး ပေါ်ပေါ်ထင်ထင် နိုင်ငံရေးခရီးစဉ်တစ်ခုကို အဆီးအတားမဲ့ ထွက်လာရာ လမ်းခရီး၌ လူအုပ်ကြီးများက ကြိုဆို ကြသည်။ 

ဩဂုတ်လ ၁၅ ရက် - အတိုက်အခံ ခေါင်းဆောင်နှင့် အစိုးရသစ်ကြား ဆက်ဆံရေး ပျော့ပေါင်းလာမှုတစ်ခု၏ အရိပ်လက္ခာများ မြင့်တွေ့ရသဖြင့် အားတက်ရသည်ဟု အမေရိကန် ပြည်ထောင်စုက ပြောသည်။

ဩဂုတ်လ ၁၉ ရက် - သမ္မတ ဦးသိန်းစိန် ဒေါ်အောင်ဆန်းစုကြည်အား ပထမအကြိမ်အနေဖြင့် တွေ့ဆုံသည်။

စက်တင်ဘာလ ၆ ရက် - နှိပ်စက် ညှဉ်းပမ်းမှုများ ရှိသည်ဟူသော စွဲချက်များကို စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂ၏ မေတ္တာရပ်ခံချက် အရ၊ မြန်မာနိုင်ငံက အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းသည်။

စက်တင်ဘာလ ၉ ရက် - မြန်မာနိုင်ငံအပေါ် ထားရှိသော မူဝါဒအတွက် ပထမဦးဆုံး အမေရိကန်၏ ညှိနှိုင်းရေးမှူး ဒဲရက်မစ်ချယ် နေပြည်တော်သို့ လာရောက်လည်ပတ်သည်။ 

စက်တင်ဘာလ ၁၈ ရက် - အေအက်ဖ်ပီနှင့် အထူးသီးသန့်တွေ့ရာတွင် မြန်မာနိုင်ငံတွင် အပြုသဘော ဆောင်သည့် ဖြစ်ပေါ် တိုးတက်မှုများ ကိုမြင်ကြောင်း၊ သို့သော် လုပ်ဆောင်စရာများ အများကြီးရှိသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ 

စက်တင်ဘာလ ၂၉ ရက် - မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် မစ်ချယ်နှင့် ၀ါရှင်တန်တွင် တွေ့ဆုံ ဆွေးနွေးသည်။ 

စက်တင်ဘာလ ၃၀ ရက် - ကချင် ပြည်နယ်တွင် ပြုလုပ်မည့် အငြင်းပွားနေ သည့် မြစ်ဆုံရေကာတာစီမံကိန်းကို ပြည်သူများ၏ ဆန္ဒအား လိုက်လျော၍ မြန်မာနိုင်ငံအစိုးရက ရပ်ဆိုင်းထားလိုက်သည်။

အောက်တိုဘာလ ၁၀ ရက် - အရှေ့အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကင်းဘဲလ် က မြန်မာ နိုင်ငံတွင် 'သိသာထင်ရှားသော ဖြစ်ပေါ်တိုးတက် မှုများ ဆောင်ရွက်နေခြင်း'ကို ကြိုဆိုသည်။ 

အောက်တိုဘာ ၁၂ ရက် - အစုလိုက်အပြုံလိုက် လွတ်ငြိမ်းချမ်းသာခွင့်၏ တစ်စိတ်တစ်ပိုင်းအဖြစ် လွှတ်ပေးခံရသော အကျဉ်းသား ၂၀၀ ထဲတွင် လူရွှင်တော် ဇာဂနာသည် တစ်ယောက်အပါအ၀င်ဖြစ်သည်။

နိုဝင်ဘာလ ၁၇ ရက် - အရှေတောင်အာရှခေါင်းဆောင်များက မြန်မာနိုင်ငံ အား ၂၀၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက် ရန် သဘောတူသည်။ 

နိုဝင်ဘာလ ၁၈ ရက် - မြန်မာနိုင်ငံသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အား စေလွှတ်မည်ဟု အမေရိကန်သမ္မတ ဘာရက်အိုးဘား မားက ကြေညာသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် ပြန်ပြီး တရားဝင် မှတ်ပုံတင်ရန်နှင့် လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ပါဝင်ရန် မဲဖြင့်ဆန္ဒ ပြုကြသည်။ 

နိုဝင်ဘာလ ၃၀ ရက် - အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ ရောက်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည် က လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရမည်ဟု မျှော်လင့်ကြောင်း ပြောသည်။

ဒီဇင်ဘာလ ၁ ရက် - ခေါင်းဆောင်သစ်များနှင့် သမိုင်းဝင်ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ 'ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှု'များကြောင့် အမေရိကန်တို့ အားတက်ရသည်ဟု ကလင်တန်က မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်အား ပြောပြသည်။
(အေအက်ဖ်ပီ)
ညွန့်ညွန့်ဝင်း ဘာသာပြန်သည်။
အတွဲ ၂၈ ၊ အမှတ် ၅၄၆ ( ၂ - ၈ ၊ ၁၂ ၊ ၂၀၁၁)

No comments:

Post a Comment