Tuesday, December 20, 2011

ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို မှတ်ပုံတင်မယ့် NLD ပါတီခေါင်းဆောင်တွေ အဖြစ် ရွေးချယ်

ပြန်လည် မှတ်ပုံတင်မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ရဲ့ခေါင်းဆောင်နဲ့ ဒုတိယ ခေါင်းဆောင်တွေအဖြစ် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို NLD ဗဟို အလုပ်အ မှုဆောင် ကော်မတီက ရွေးကောက် တင်မြှောက်လိုက်ပါတယ်။

ဒီကနေ့ မနက် ၁၀ နာရီက ကျင်းပတဲ့ NLD ပါတီ ပြန်မှတ်ပုံတင် ဖို့ ရွေးကောက်ပွဲ ကော်မရှင်ကို အဆိုပြု လျှောက်ထားခဲ့သူ ၂၁ ဦးရဲ့ အစည်းအဝေးမှာ ခေါင်းဆောင် ၂ ဦးကို အခုလို ရွေးချယ် တင်မြှောက် ခဲ့တာလို့ ပြန်ကြားရေး တာဝန်ခံ ဦးအုံးကြိုင်က ပြောဆိုပါတယ်။


ပါတီ ခေါင်းဆောင်နဲ့ ဒုတိယ ခေါင်းဆောင်တွေ ဆိုတာဟာ ဥပဒေအရ လိုအပ်တဲ့ ပါတီ မှတ်ပုံတင်ဖို့ ဆန္ဒပြုသူ ၂၁ ဦးရဲ့ခေါင်းဆောင်တွေ ဖြစ်တယ်လို့သာ အဓိပ္ပာယ်ရပြီး ပါတီ ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌ ရာထူးတွေ ကိုတော့ မှတ်ပုံတင်ပြီး မှ ရွေးမယ် လို့လည်း ဦးအုံးကြိုင်က ပြောပါတယ်။ အဲဒီအစည်းအဝေးမှာပဲ ပါတီ စာအုပ်စာတမ်းနဲ့ စာစောင်တွေ ထုတ်ဝေနိုင်အောင် ထုတ်ဝေခွင့် မှတ်ပုံတင် နံပါတ် လျှောက်ထားဖို့လည်း ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ (RFA)

No comments:

Post a Comment