Monday, September 17, 2012

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံခရီးစဉ် စတင်ထွက်ခွာ

အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၁၆ ရက်နေ့မှ အောက်တိုဘာလ ၃ ရက်နေ့အထိ သွားရောက်မည့် အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်း Asia Society Global Vision Award ဆုကို လက်ခံရယူမှာဖြစ်ပြီး၊ အမေရိကန် ကွန်ဂရက်လွှတ်တော် ရွှေတံဆိပ်ဆုပေးပွဲ၊ NED မှ ချီးမြှင့်မည့် မြန်မာနိုင်ငံသား ငါးဦးအတွက် ဆုပေးပွဲ၊ နယူးယောက် မှာ ပြုလုပ်မည့် Atlantic Council Global Citizen Award ဆုပေးပွဲတို့ကို တက်ရောက်မှာ ဖြစ်ပါသည်။ အဲ့ဒီနောက် အမေရိကန်နိုင်ငံရဲ့ မြို့ကြီးများဖြစ်သည့် ၀ါရှင်တန် ဒီစီ၊ နယူးယောက်၊ ဖို့ဒ်ဝိန်း၊ ဆန်ဖရန်စစ္စကိုနှင့် လော့စ်အိန်ဂျလိမြို့များ ရှိ မြန်မာမိသားစုများနှင့် တွေ့ဆုံမှာ ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်အတွင်း ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးဖြိုးဇေယျာသော်၊ ဒေါက်တာငယ်ငယ်နှင့် ဦးဇော်မင်းဦးတို့ လိုက်ပါသွားခဲ့ပါသည်။ by: Burma VJ Media Network

No comments:

Post a Comment