Wednesday, September 26, 2012

သမ္မတဦးသိန်းစိန်ကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံ


ဒေါ်အောင်ဆန်းစုကြည် လာရောက် တွေ့ဆုံနှုတ်ဆက်တာကို ရိုးရိုးရှင်းရှင်း အသွင်သဏ္ဍာန်နဲ့ ရင်းရင်းနီးနီး ကြိုဆိုဖို့ ပြင်နေတဲ့ သမ္မတ ဦးသိန်းစိန် (သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဟာ ၁၅ မိနစ်ကြာ ရင်းနှီး နွေးထွေးစွာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး၊ေ   ဆွေးနွေးမှုအပြီး မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဘီဘီစီက တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး မေးကြည့်တော့ ``သမ္မတကြီးနဲ့ တွေ့ရတာ ၀မ်းသာပါတယ်`` လို့ပဲ ဒေါ်အောင်ဆန်းစုကြည်က တိုတိုတုတ် တုတ် ဖြေကြားသွားပါတယ်)။

သမ္မတဦးသိန်းစိန် တည်းခိုနေထိုင်ရာ နယူးယောက် The Mark ဟိုတယ်ကို ဒေါ်အောင်ဆန်း စုကြည် နယူးယောက်စံတော်ချိန် ည ၆ နာရီသာသာ (အမှန်တကယ်ချိန်းဆိုထားချိန်ထက် နာရီဝက်ခန့်စောပြီး) က ရောက်လာခဲ့ပါတာ ဖြစ်ပါတယ်။ ခေါင်းဆောင်နှစ်ဦးဟာ တကယ့်ကို မောင်ရင်းနှမပမာ ရင်းနှီးနွေးထွေးစွာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။



ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန်ကို လေယာဉ်အကြာကြီး စီးခဲ့ရလို့ ခရီးပန်းနေလား၊ အဆင်ပြေလားလို့ မေးမြန်းတော့ သမ္မတကြီးက နေ့/ည မှားနေလို့ အနားယူချင်နေကြောင်းကို ပြောပါတယ်။ သမ္မတကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ``မစု... ပိန်သွားတယ်`` လို့ ပြန်ပြောတဲ့ အကြောင်း သူတို့နှစ်ဦးကို ဓာတ်ပုံရိုက်ခွင့်ရခဲ့တဲ့ သမ္မတနဲ့ အတူ အမေရိက ခရီးစဉ်ကို လိုက်ပါလာတဲ့ မီဒီယာသမားတဦးက ဘီဘီစီကို ပြောပါတယ်။ (သတင်း - ဘီဘီစီ)



အမေရိက ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန် တည်းခိုနေထိုင်ရာ နယူးယောက်မြို့၊ ၇၇ လမ်းပေါ်က ကြယ်ငါးပွင့် အဆင့်ရှိ The Mark ဟိုတယ်၊ ၁၆ ထပ်ရှိတဲ့ ဟိုတယ်ကြီးထဲမှာ သမ္မတဟာ ငါးထပ်မြောက်မှာ နေထိုင်နေတယ်လို့ သိရပါတယ်။ ဒီဟိုတယ်ကို ၁၉၂၇ ခုနှစ်က စတင် တည်ဆောက်ခဲ့တာမို့ သက်တမ်း ၈၅ နှစ် ရှိပြီ ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် ထွက်ခွာသွားတာ ဖြစ်ပါတယ်။ အမေရိကန် ထောက်လှမ်းရေး လုံခြုံရေးအဖွဲ့ Secret Service ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အလွန် ဂရုစိုက်ပါတယ်။ သူတို့ လုပ်ထုံးလုပ်နည်းအတိုင်း တသွေမတိမ်း ဆောင်ရွ
က်ပါတယ်။ သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ဆင်းတွေ့၊ ကြိုဆိုဖို့ လုပ်တာကိုတောင် ခွင့်မပြုပါ ဘူး။ ဒေါ်အောင် ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ နာရီဝက်စောပြီး ဟိုတယ်ကို ရောက်လာတာမှာ ဒေါ်အောင် ဆန်းစုကြည်ကို အခန်းတခုထဲမှာ အနားယူနေစေပြီး သတ်မှတ်အချိန်ရောက်မှ သမ္မတအခန်းရှေ့ကို လုံခြုံရေး အထပ်ထပ် အသင့်ပြင်ပြီးမှ ခေါ်ယူလာပါတယ်၊ အပြန်မှာလည်း လုံခြုံရေး အဆင့်ဆင့်နဲ့ ခေါ်ထုတ် သွားပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့အတူ ပါလာတဲ့ ၀န်ကြီးတွေ၊ အရာရှိကြီးတွေ၊ လုံခြုံရေးအရာရှိကြီးတွေနဲ့ အမေရိကန် နိုင်ငံခြားရေးဌာနဘက်က တာဝန်ယူထားသူတွေကမှ မြန်မာမီဒီယာတွေကို ပိုပြီး ဖော်ရွေ ခင်မင်နေတာ တွေ့ရပါတယ်။

No comments:

Post a Comment