နှစ်ပေါင်း ၂၄ နှစ်ကြာဝေးကွာနေတဲ့ ပြည်တွင်းပြည်ပ ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင်တွေရဲ့ အမှတ်တရ ပြန်လည် ဆုံစည်းပွဲကို ဒီကနေ့
ရန်ကုန်မြို့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ရုံးခန်းမှာ ကျင်းပခဲ့ပါတယ်။
နိုင်ငံရေးအရတွေ့ဆုံတာမျိုး မဟုတ်ဘဲ မိတ်ဆွေ အပေါင်းအသင်းတွေ ပြန်ပြီး
ဆုံတွေ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံကို ပြန်လည်ေ ရာက်ရှိနေတဲ့
ကိုမိုးသီးဇွန်က ပြောပါတယ်။
ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ပြည်တွင်း ၈၈
မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေနဲ့ မြန်မာနိုင်ငံကို
လေးပတ် ကြာရောက်နေတဲ့ ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ
ပြန်ပြီး ဆုံတွေ့ကြတာ ဖြစ်ပါတယ်။
ကိုမိုးသီးဇွန်တို့ ခရီးစဉ်ဟာ လက်ရှိ
နိုင်ငံရေး အပြောင်းအလဲမှာ ပြည်ပရောက် အတိုက်အခံ အင်အားစုတွေအနေနဲ့
ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခန်းကဏ္ဍတွေ အတွက် သမ္မတဦးသိန်းစိန်ရဲ့
ခွင့်ပြုချက်နဲ့ လာရောက်လေ့လာတာ ဖြစ်ပါတယ်။ (RFA)
No comments:
Post a Comment