ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ဗြိတိန်သံရုံး၏ ဖိတ်ကြားချက်အရ ၈၈မျိုးဆက်ကျောင်းသားများသည် ယနေ့ ( ဇန်န၀ါရီလ ၁၅ ရက် ) ညနေ ၃း ၃၀ နာရီက ဗြိတိန်သံအမတ်ကြီး Stephen Lillie အပါအ၀င် သံရုံးတာဝန်ရှိသူများဖြစ်ကြ သော Thomas Phipps နှင့် Steph Lysaght တို့နှင့် မနီလာမြို့ရှိ ဗြိတိန်သံရုံးတွင်
တစ်နာရီခွဲကြာ တွေ့ဆုံခဲ့ကြသည်။ ထိုသို့တွေ့ဆုံကြရာတွင်
ဗြိတိန်သံအမတ်ကြီးနှင့် သံရုံးတာဝန်ရှိသူများက နိုင်ငံတကာ
ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ဗြိတိန်နိုင်ငံ၏ ကူညီပံ့ပိုးပေးခဲ့မှုများကို ရှင်းလင်းပြောဆိုခဲ့ကြပြီး ၈၈မျိုးဆက်ကျောင်းသားများက သိလိုသည်များကို မေးမြန်းခဲ့ကြသည်။
ယနေ့ မွန်းလွဲပိုင်း ၁၂း၃၀ နာရီကလည်း (BMFI) Balay Mindanao Foundation မှ ဥက္ကဋ္ဌဖြစ်သူ Mr. Kaloy Manlupig နှင့် တွေ့ဆုံခဲ့ကြပြီး ဖိလစ်ပိုင်နိုင်ငံအတွင်း လက်နက်ကိုင်အဖွဲ့အစည်းများန