(ဒေါ်အောင်ဆန်းစုကြည်ဂျပန်သို့ ခရီးမထွက်မီ
နာရီပိုင်းအလိုနုစ်သစ်ကြိုဆုတောင်း)
Sunday, July 22, 2012
သမ္မတဦးသိန်းစိန် စီးပွားရေးရာကိစ္စများ ဆွေးနွေးရန် ထိုင်းနိုင်ငံသို့ ရောက်ရှိ
ဘန်ကောက်၊ ဇူလိုင် - ၂၂
Bangkok Post/The Nation
မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ နိုင်ငံတော်အလည်အပတ်ခရီး ရောက်ရှိလာပြီး ၄င်း၏ခရီးစဉ်အတွင်း နှစ်နိုင်ငံကြား စီးပွားရေးရာကိစ္စများကို အဓိကထား ဆွေးနွေးဖွယ်ရှိသည်။
ထိုင်းနိုင်ငံ ခရီးစဉ်အား နှစ်ကြိမ်တိုင်တိုင် ရွှေ့ဆိုင်းခဲ့ပြီးနောက် သမ္မတ ဦးသိန်းစိန်သည် ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိခဲ့ပြီး၊ မြန်မာသမ္မတကို ထိုင်းက ကော်ဇောနီခင်း ကြိုဆိုခဲ့သည်။ ဦးသိန်းစိန်သည် ဇူလိုင်လ ၂၂ရက်နေ့တွင် လမ်ချာဆန်း ရေနက်ဆိပ်ကမ်းသို့ သွားရောက်မည်ဖြစ်ပြီး နောက်တစ်နေ့(ဇူလိုင် ၂၃)တွင် ထိုင်းဝန်ကြီးချုပ် ယင်လပ်ခ်ရှင်နာဝပ်နှင့် တွေ့ဆုံပြီး ယင်းတွေ့ဆုံပွဲအပြီးတွင် ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်မည်ဖြစ်သည်။

ကိုမင်းကိုနိုင်၏ပထမဆုံးလုံးချင်းဝတ္ထု နောက်ကြည့်မှန်စာအုပ်မိတ်ဆက်
ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကိုမျိုးအောင်နိုင်၊ မနီလာသိန်း၊ မမီးမီး၊ ကိုရဲလင်းတို့ ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ
နောက်ကြည့်မှန်စာအုပ်မိတ်ဆက
Friday, July 20, 2012
Sunday, July 15, 2012
၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း,,,,
ရဲဘော်တို့........
ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ
ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော်အသီသီး ဋ္ဌာနအသီးသီးမှာ ရာထူးအလုပ်ဝတ္တရားများရတာနဲ့
ပထမဆုံး ရဲဘော်တို့ကိုမှာချင်တာက ငါတို့ အခု ဗမာနိုင်ငံဟာ ကိုယ့်မင်းကိုယ့်ချင်းနိုင်
ဒီတပ်မတော်ဟာ လူတဦးတယောက်အတွက် တည်ထောင်ထားတာမဟုတ်။ တနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ် တယ်။ ဒီတပ်မတော်ဟာ တဖွဲ့တပါတီ လူတစုအတွက် တည်ထောင်ထား တာမဟုတ်။တနိုင်ငံလုံးတမျို
အစိုးရတပ်မှ ကလေးစစ်သား ၅ ဦး KIA ထိန်းသိမ်းထား
![]() |
အစိုးရစစ်တပ်မှ ကလေးစစ်သားတဦး (ဓာတ်ပုံ – ဧရာဝတီ)
|
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် မြန်မာအစိုးရ စစ်တပ်တို့ ၁ နှစ်ကျော်ကြာသည် အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့စဉ် ကလေးစစ်သား ၅ ဦးအပါအဝင် မြန်မာအစိုးရ တပ်သား ၃၄ ဦးကို KIA ဘက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရသည့် မြန်မာ့တပ်သားများနှင့် ကလေးစစ်သားများကို အစိုးရတပ်များဘက်သို့ အေးချမ်းစွာ ပြန်လည်ပို့ဆောင် ချင်ကြောင်း KIA ဒုတိယ စစ်ဦးစီးမှူး ဂွမ်မော်က ဧရာဝတီသို့ ပြောသည်။
“ဒီတပ်သားတွေ အားလုံးကို သူတို့တပ်ရင်း ပြန်ပို့ချင်တယ်။ အေးချမ်းစွာနဲ့ပေါ့။ အဲဒီအထဲမှာ ကလေးစစ်သား တွေလည်းပါ တယ်။ သူတို့ တပ်ကိုပြန်ရောက်အောင်၊ ဘာပြဿနာမှ မဖြစ်အောင်တော့ လုပ်ရမှာပေါ့။ ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့လည်း ဦးအောင်သောင်း တို့ကို စာပို့ထားပါတယ်။ ဒါပေမယ့် ဘာမှ အကြောင်းမပြန် သေးဘူး” ဟု သူက ဆိုသည်။

Wednesday, July 4, 2012
ဟောင်ကောင်မင်းသား Jackie Chan မြန်မာနိုင်ငံကို ရောက်ပြီ
ဒီကနေ့ မြန်မာနိုင်ငံကို ရောက်လာတဲ့ ကမ္ဘာကျော်ရုပ်ရှင်မင်းသား Jakie
Chan ဟာ မန္တလေးမြို့က မိဘမဲ့ ကလေးတွေကို စောင့်ရှောက်ထားတဲ့ ၅ စုတိုက်
ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို သွားခဲ့ပါတယ်။ သူ့ကို ဧည့်ခံကြိုဆိုဖို့
၅ စုတိုက်ကျောင်းမှာ အစီအစဉ်လုပ်ထားခဲ့ပေမဲ့ ခဏလေးပဲလာသွားခဲ့တာမို့
သူ့ကို တွေ့ဖို့ နာရီနဲ့ချီစောင့်ခဲ့ကြသူတွေက အားမရဘူးလို့ ပြောကြပါတယ်။
ကလေးငယ်တွေကို ရောင်း ချမှုတိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံမှာ ရောက်နေတဲ့ Jakie Chan ရဲ့ ခရီးစဉ်အကြောင်း စုံစမ်းထားတဲ့ မစုမြတ်မွန်က တင်ပြပေးထားပါတယ်။
ကုလကမဂ္ဂရဲ့ ကလေးများအရေးပေါ်ရန်ပုံငွေအဖွဲ့ UNICEF ရဲ့ အစီအစဉ်နဲ့ ၃ ရက်ခရီးနဲ့ ဒီကနေ့ ညနေ ပိုင်းမှာ မန္တလေးကို Jakie Chan ရောက်လာခဲ့တာဖြစ်ပါတယ်။ UNICEF အကျိုးဆောင် သံအမတ်ကြီး အဖြစ် Jakie Chan မန္တလေးမြို့ကို ရောက်ရောက်ချင်းမှာပဲ ချမ်းအေး သာဇံမြို့နယ်မှာရှိတဲ့ ၅ စုတိုက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို အရင်ဆုံးသွားခဲ့ပါတယ်။ အဲဒီမှာ သူ့ကို တွေ့ဆုံ နှုတ်ဆက်နိုင်ဖို့ ပရိတ်သတ်တွေ နာရီနဲ့ချီအောင် ဘုန်ကြီးကျောင်းရှေ့မှာ စောင့်နေခဲ့ကြပေမဲ့ ခဏလေးပဲတွေ့လိုက်ကြ ရတယ်လို့ မန္တလေးမြို့ခံ ကို ငြိမ်းချမ်းက ပြောပြပါတယ်။

Tuesday, July 3, 2012
ယနေ့လွှတ်ပေးမည့် အကျဉ်းသားများအနက် နိုင်/ကျဉ်းထဲမှ ကိုပြည့်ဖြိုးအောင်နှင့် ကိုသန်းဇော်တို့ပါဝင်ကြောင်း အတည်ပြု...
နံနက် ၉နာရီ၊ ဇူလိုင် ၃၊ ၂၀၁၂၊ YPI နိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့် ယနေ့လွှတ်ပေးမည့် မြန်မာနိုင်ငံသား အကျဉ်းသား ၄၆ ဦးအနက် နိုင်ငံရေး ပြစ်မှုဖြင့် ကျခံနေရသူများအနက်မှ ကိုသန်းဇော် နှင့် ကိုပြည့်ဖြိုးအောင်တို့ ပါဝင်ကြောင်း နိုင်/ကျဉ်း ဟောင်းများ အဖွဲ့မှ ကိုသက်ဦးက YPI အတည်ပြုပြောကြားသည်။
ကိုသန်းဇော်မှာ ၁၉၈၈ အရေးအခင်းပြီးနောက် ၁၉၈၉ ခုနှစ်တွင် သန်လျင်ဗုံးဖေါက်ခွဲမှုဖြင့် ဖမ်းဆီးသေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်ထဲတွင် ၂၃ နှစ်တာကျခံနေရပြီး ယခုအခါ သရက်အကျဉ်းထောင်မှ လွှတ်မြောက်လာမည် ဖြစ်၍ ကိုပြည့်ဖြိုးအောင်မှာ Generation Wave နှင့် ပတ်သက်၍ ဖမ်းဆီးခံထားရကာ ယခုလက်ရှိ ပြည်အကျဉ်းထောင်တွင် ကျခံနေရသူဖြစ်သည်။
လွတ်မြောက်သည့် အထဲတွင် အခြားမည်သည့် နိုင်ငံရေး အကျဉ်းသားပါဝင်ခြင်း ရှိမရှိကို စုံစမ်းမေးမြန်း နေဆဲဖြစ်သည်။ ။
(Yangon Press International)
ဘယ်သူတွေလွတ်မှန်းမသိ
အကျဉ်းထောင် အသီးသီးမှ နိုင်ငံသားနှင့် နိုင်ငံခြားသား အကျဉ်းသား
စုစုပေါင်း (၈ဝ) ဦးတို့ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်နှင့် ပြည်နှင်ဒဏ်ပေး
Tuesday, 03 July 2012 07:08 administrator
E-mail Print PDF
နေပြည်တော် ဇူလိုင် ၃
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတသည် နိုင်ငံတော်
တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် လည်းကောင်း၊
အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေးအတွက် လည်းကောင်း၊ နိုင်ငံရေး
လုပ်ငန်းစဉ်များတွင် အားလုံးပါဝင် နိုင်ခွင့်ရှိစေ ရေးအတွက်လည်းကောင်း၊
လူသားချင်း စာနာထောက်ထားမှုကို အလေး ပေးသောအားဖြင့် လည်းကောင်း၊
နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော်
တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေသည့် နိုင်ငံသားများ
အဖြစ်သို့ ပြုပြင်ပြောင်းလဲ စေရန်အတွက် လည်းကောင်း ရည်ရွယ်၍ နိုင်ငံတော်
ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၀၄ (က) နှင့်အညီ အကျဉ်းထောင် အသီးသီးမှ
နိုင်ငံသား အကျဉ်းသား ၃၇ ဦး၊ နိုင်ငံသား အကျဉ်းသူ ကိုးဦး စုစုပေါင်း ၄၆ ဦး
နှင့် နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နိုင်ငံအခြင်းခြင်း မိတ်ဝတ်မပျက် ဆက်ဆံရေး
တို့ကို ရှေ့ရှုသောအားဖြင့် လည်းကောင်း၊ လူမှုရေးအရ ငဲ့ညှာသောအားဖြင့်
လည်းကောင်း နိုင်ငံခြားသား အကျဉ်းသား ၃၄ ဦး စုစုပေါင်း ၈၀ ဦးတို့အား
ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁(၁) အရ မြန်မာ သက်ကရာဇ် ၁၃၇၄
ခုနှစ်၊ ပထမဝါဆို လပြည့်နေ့(ခရစ်နှစ် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့) မှစ၍
ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုခဲ့ကြောင်းနှင့် နိုင်ငံခြားသားများအား
ပြည်နှင်ဒဏ် ပေးခဲ့ကြောင်း သိရှိရသည်။
(သတင်းစဉ်)
Sunday, July 1, 2012
ဒေါ်အောင်ဆန်းစုကြည်ကို လူထု သောင်းသောင်းဖြဖြ ကြိုဆို
![]() |
| မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပအပြန် ခရီးကို ကြိုဆိုခဲ့ကြတဲ့ ရန်ကုန်မြို့က ပြည်သူတချို့။ (ဇွန်လ ၃၀၊ ၂၀၁၂) |
ဥရောပ ၅ နိုင်ငံခရီးကနေ ဒီကနေ့ ဇွန်လ ၃၀ ရက် စနေ့ မနက်က ရန်ကုန်မြို့ကို
ပြန်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို NLD ပါတီ အဖွဲ့ဝင်တွေအပြင် လူထုက
သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အခု ရန်ကုန်က
နေအိမ်မှာ ခဏနားနေပြီး ဇူလှိုင်လ ၄ ရက်နေ့ကျရင် နေပြည်တော်မှာ ကျင်းပမယ့်
လွှတ်တော် အစည်းအဝေးကို သွားတက်မှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့
ရန်ကုန်အပြန်ခရီးကို လူထုက ဘယ်လိုကြိုဆိုခဲ့ကြသလဲ ဆိုကိုတော့ မသင်းသီရိက
တင်ပြထားပါတယ်။
Subscribe to:
Posts (Atom)