Sunday, June 20, 2010

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့  (၆၅)နှစ်ပြည့် မွေးနေ့ အခမ်းအနား (နယူးဇီလန်)

ဇွန်လ(၁၉)ရက်နေ့ညနေက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဧ။် (၆၅)နှစ်ပြည့် မွေးနေ့အခမ်းအနား ကို နယူးဇီလန်နိုင်ငံ၊ အော်ကလန်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ထိုအခမ်းအနားကို (Amnesty International ) နှင့် (Burma Campaign New Zealand)တို့မှ တာဝန်ယူကျင်းပ ပြီး၊ နယူးဇီလန် ပါလီမန်အမတ်များ၊ ဒေါ်အောင်ဆန်းစုကြည် ကို လေးစားချစ်ခင်ကြသော ယူး ဇီလန်နိုင်ငံသားများနှင့် နယူးဇီ လန်ရှိ မြန်မာ နိုင်ငံသားများ တက် ရောက်ခဲ့ကြပါတယ်။
အခမ်းအနားမှာ တက်ရောက်လာတဲ့ နယူးဇီလန်နိုင်ငံ ဧ။် ပါလီမန်အမတ်များနှင့် (Amnesty International )မှ ကိုယ်စားလှယ်တို့မှ ဒေါ်အောင်ဆန်း စုကြည်အတွက် အမှတ်တရစကားများ ပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံသားများ ကိုယ်စား (Burma Campaign New Zealand)မှ ကိုနိုင်ကိုကိုက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပါတယ်။
ထို့ နောက် မီးထွန်းညှိထားသော ဒေါ်အောင်ဆန်စုကြည်မွေးနေ့  ကိတ်ကိုမီးမှုတ်ကာ ဒေါ်အောင်ဆန်းစုကြည် အသက်ရာကျော် ရှည်စေကြောင်း ဆုတောင်းခဲ့ကြပါတယ်။ ယင်းနောက် မြန်မာဘုန်းတော်ကြီး အရှင်သုမနသီရိမှ မေတ္တာသုတ်ကိုရွတ် ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ မြန်မာနိုင်ငံအတွင်း ယုံကြည်ချက်ကြောင့် အကျဉ်ကျခံနေရသူ ၂၂၀၀ အတွက် စတင်ဆီးမီးထွန်းညှိပေးခဲ့ပါတယ်။ အခမ်းအနားသို့တက်ရောက် လာသူများကလည်း ဆီမီးထွန်းညှိ ဆုတောင်းကာ အခမ်းအနား ကို ရုပ်သိမ်းခဲ့ပါတယ်။
(Yazawon)

No comments:

Post a Comment