Thursday, July 15, 2010

ဇာဂနာဧ။်ဖခင် စာရေးဆရာကြီး နန်းညွန့်ဆွေ ကွယ်လွန်


စွယ်စုံအနုပညာရှင် ဇာဂနာဧ။်ဖခင် စာရေးဆရာကြီး နန်းညွန့်ဆွေ သည် ဇူလိုင်လ (၁၄)ရက်နေ့ညနေက ဆုံးပါးသွာပြီဖြစ်ကြောင်း မိသားစုဝင်တွေရဲ့ပြောကြားချက်အရ သိရပါတယ်။ ဆရာကြီးနန်းညွန့်ဆွေကို ပြည်ခရိုင်၊ ဆင်မြီးဆွဲမြို့၊ ရပ်သာရွာက အဘ ဦးထက် နှင့် အမိ ဒေါ်ရွှေဆိုင်တို့မှ မွေးဖွားခဲ့ပါတယ်။ အမည်ရင်းမှာ ဦးအောင်သိန်းဖြစ်ပါတယ်။ ဆရာကြီးဟာ ၁၉၄၈ မှ ၁၉၅၃ ခုနှစ်အထိ ပြန်ကြားရေးဌာန၊ ဗဟိုရုပ်ရှင်ဌာန နဲ့  ၁၉၅၃ ခုနှစ်မှာ ယဉ်ကျေးမှုဝန်ကြီးဌာနမှာ အမှုထမ်းခဲ့ပါတယ်။ ဆရာကြီးဟာ ဂီတနဲ့ပတ်သက်တဲ့ ဆောင်းပါး၊ ကဗျာ၊ အထ္ထုပတ္တိတွေကို ခေတ်ဟောင်းရော ခေတ်သစ်ပါ ရေးသားပြုစုခဲ့ပါတယ်။ ၁၉၅၅ ခုနှစ်မှာ သခင်မ ဒေါ်လှကြည် (ခ)စာရေးဆရာမကြီး ဒေါ်ကြည်ဦးနဲ့ လက်ထပ်ခဲ့ပြီး၊ ကိုသူရ (ခ) ကိုဇာဂနာအပါအ၀င် သားသုံးဦးထွန်းကားခဲ့ပါတယ်။ ဆရာကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၈၇)နှစ်ရှိပြီဖြစ်ပါတယ်။

No comments:

Post a Comment